< ၃ ဓမ္မရာဇဝင် 22 >

1 ရှုရိ ပြည်နှင့် ဣသရေလ ပြည်သည် စစ် မ တိုက် ဘဲ သုံး နှစ် နေ ပြီးမှ၊
וַיֵּשְׁבוּ שָׁלֹשׁ שָׁנִים אֵין מִלְחָמָה בֵּין אֲרָם וּבֵין יִשְׂרָאֵֽל׃
2 တတိယ နှစ် တွင် ၊ ယုဒ ရှင်ဘုရင် ယောရှဖတ် သည် ဣသရေလ ရှင်ဘုရင် ထံ သို့လာ ၏။
וַיְהִי בַּשָּׁנָה הַשְּׁלִישִׁית וַיֵּרֶד יְהוֹשָׁפָט מֶלֶךְ־יְהוּדָה אֶל־מֶלֶךְ יִשְׂרָאֵֽל׃
3 ဣသရေလ ရှင် ဘုရင်ကလည်း၊ ဂိလဒ် ပြည် ရာမုတ်မြို့သည် ငါ တို့ နိုင်ငံအဝင်ဖြစ်သည်ကို သင်တို့မသိ လော။ ငါ တို့သည် ရှုရိ ရှင်ဘုရင် လက် မှ မနှုတ် မယူဘဲ ငြိမ်သက် စွာ နေကြပြီတကားဟု မိမိ ကျွန် တို့အား ဆို ၏။
וַיֹּאמֶר מֶֽלֶךְ־יִשְׂרָאֵל אֶל־עֲבָדָיו הַיְדַעְתֶּם כִּי־לָנוּ רָמֹת גִּלְעָד וַאֲנַחְנוּ מַחְשִׁים מִקַּחַת אֹתָהּ מִיַּד מֶלֶךְ אֲרָֽם׃
4 ယောရှဖတ် မင်းအား လည်း၊ ဂိလဒ် ပြည် ရာမုတ်မြို့သို့ ငါ နှင့်အတူ စစ် ချီ မည်လောဟုမေး လျှင် ၊ ယောရှဖတ် က၊ ငါ သည်မင်းကြီး ကဲ့သို့ ဖြစ်၏။ ငါ့ လူ တို့သည် မင်းကြီး ၏လူ ကဲ့သို့ ၎င်း၊ ငါ့ မြင်း တို့သည် မင်းကြီး ၏ မြင်း ကဲ့သို့ ၎င်း ဖြစ်ကြသည်ဟု ဣသရေလ ရှင်ဘုရင် အား ပြန်ပြော ၏။
וַיֹּאמֶר אֶל־יְהוֹשָׁפָט הֲתֵלֵךְ אִתִּי לַמִּלְחָמָה רָמֹת גִּלְעָד וַיֹּאמֶר יְהֽוֹשָׁפָט אֶל־מֶלֶךְ יִשְׂרָאֵל כָּמוֹנִי כָמוֹךָ כְּעַמִּי כְעַמֶּךָ כְּסוּסַי כְּסוּסֶֽיךָ׃
5 တဖန် ယောရှဖတ် က၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ယနေ့ မေးမြန်း ပါလော့ဟု ဣသရေလ ရှင်ဘုရင် အား ဆို သော်၊
וַיֹּאמֶר יְהוֹשָׁפָט אֶל־מֶלֶךְ יִשְׂרָאֵל דְּרׇשׁ־נָא כַיּוֹם אֶת־דְּבַר יְהֹוָֽה׃
6 ဣသရေလ ရှင် ဘုရင်သည် ပရောဖက် လေး ရာ တို့ကို စုဝေး စေပြီးလျှင် ၊ ငါသည်ဂိလဒ် ပြည် ရာမုတ်မြို့သို့ စစ် ချီ ကောင်းသလော။ မချီဘဲ နေကောင်းသလောဟုမေး သော်၊ သူတို့ကချီ တော်မူပါ။ ထာဝရ ဘုရားသည် အရှင်မင်းကြီး ၏လက် တော်သို့ အပ် တော်မူမည်ဟု လျှောက် ကြ၏။
וַיִּקְבֹּץ מֶלֶךְ־יִשְׂרָאֵל אֶֽת־הַנְּבִיאִים כְּאַרְבַּע מֵאוֹת אִישׁ וַיֹּאמֶר אֲלֵהֶם הַאֵלֵךְ עַל־רָמֹת גִּלְעָד לַמִּלְחָמָה אִם־אֶחְדָּל וַיֹּאמְרוּ עֲלֵה וְיִתֵּן אֲדֹנָי בְּיַד הַמֶּֽלֶךְ׃
7 ယောရှဖတ် ကလည်း၊ ငါတို့မေးမြန်း စရာ ထာဝရဘုရား ၏ ပရောဖက် တစုံတပါးမျှမ ရှိသလောဟု မေး သော်၊
וַיֹּאמֶר יְהוֹשָׁפָט הַאֵין פֹּה נָבִיא לַֽיהֹוָה עוֹד וְנִדְרְשָׁה מֵאֹתֽוֹ׃
8 ဣသရေလ ရှင် ဘုရင်က၊ ထာဝရဘုရား ကို မေးမြန်း ရသောသူ တယောက် ဣမလ သား မိက္ခါ ရှိသေး ၏။ သို့ရာတွင် ထိုသူ ကို ငါ မုန်း ၏။ ငါ ၌ မင်္ဂလာ စကားကို မ ဟော။ အမင်္ဂလာ စကားကိုသာ ဟောတတ်သည်ဟု ယောရှဖတ် အား ဆို လျှင် ၊ ယောရှဖတ် က ထိုသို့ မင်းကြီး မ ပြော ပါနှင့်ဟု ပြန်ဆို ၏။
וַיֹּאמֶר מֶלֶךְ־יִשְׂרָאֵל ׀ אֶֽל־יְהוֹשָׁפָט עוֹד אִישׁ־אֶחָד לִדְרֹשׁ אֶת־יְהֹוָה מֵאֹתוֹ וַאֲנִי שְׂנֵאתִיו כִּי לֹא־יִתְנַבֵּא עָלַי טוֹב כִּי אִם־רָע מִיכָיְהוּ בֶּן־יִמְלָה וַיֹּאמֶר יְהוֹשָׁפָט אַל־יֹאמַר הַמֶּלֶךְ כֵּֽן׃
9 ထိုအခါ ဣသရေလ ရှင် ဘုရင်သည် အရာရှိ တယောက် ကိုခေါ် ၍ ၊ ဣမလ သား မိက္ခါ ကို အလျင်အမြန် ခေါ်ခဲ့ဟုမိန့် တော်မူ၏။
וַיִּקְרָא מֶלֶךְ יִשְׂרָאֵל אֶל־סָרִיס אֶחָד וַיֹּאמֶר מַהֲרָה מִיכָיְהוּ בֶן־יִמְלָֽה׃
10 ၁၀ ဣသရေလ ရှင်ဘုရင် နှင့် ယုဒ ရှင်ဘုရင် ယောရှဖတ် တို့သည် မင်းမြောက် တန်ဆာကို ဝတ်ဆင် လျက် ရှမာရိ မြို့တံခါးဝ ရှေ့၊ ဟင်းလင်း သော အရပ်၌ ရာဇပလ္လင် တို့အပေါ် မှာထိုင် ၍ ၊ ပရောဖက် အပေါင်း တို့သည် ရှေ့ တော်၌ ဟောပြော ကြ၏။
וּמֶלֶךְ יִשְׂרָאֵל וִיהוֹשָׁפָט מֶלֶךְ־יְהוּדָה יֹשְׁבִים אִישׁ עַל־כִּסְאוֹ מְלֻבָּשִׁים בְּגָדִים בְּגֹרֶן פֶּתַח שַׁעַר שֹׁמְרוֹן וְכׇל־הַנְּבִיאִים מִֽתְנַבְּאִים לִפְנֵיהֶֽם׃
11 ၁၁ ခေနာနာ သား ဇေဒကိ သည် သံ ဦးချို တို့ကို လုပ် ၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ကိုယ်တော်သည် ရှုရိ လူတို့ကို မ ဖျက်ဆီး မှီ တိုင်အောင်ဤ ဦးချိုတို့နှင့် တိုး ရမည်ဟုမိန့် တော်မူကြောင်းကို ဆင့်ဆို၏။
וַיַּעַשׂ לוֹ צִדְקִיָּה בֶֽן־כְּנַעֲנָה קַרְנֵי בַרְזֶל וַיֹּאמֶר כֹּה־אָמַר יְהֹוָה בְּאֵלֶּה תְּנַגַּח אֶת־אֲרָם עַד־כַּלֹּתָֽם׃
12 ၁၂ ပရောဖက် အပေါင်း တို့ကလည်း ၊ ဂိလဒ် ပြည် ရာမုတ်မြို့သို့ စစ်ချီ ၍ အောင် တော်မူပါ။ ထာဝရဘုရား သည် အရှင်မင်းကြီး ၏ လက် တော်သို့ အပ် တော်မူမည်ဟု ပရောဖက် ပြု၍ ဟော ကြ၏။
וְכׇל־הַנְּבִאִים נִבְּאִים כֵּן לֵאמֹר עֲלֵה רָמֹת גִּלְעָד וְהַצְלַח וְנָתַן יְהֹוָה בְּיַד הַמֶּֽלֶךְ׃
13 ၁၃ မိက္ခါ ကိုခေါ် သော တမန် က၊ ပရောဖက် အပေါင်းတို့သည် မင်္ဂလာ စကား ကိုသာ ရှင်ဘုရင် အား တညီတညွတ် တည်းဟောကြ၏။ ကိုယ်တော် လည်း သူ တို့ ဟောကြသည်နည်းတူ မင်္ဂလာ စကားကိုသာ ဟော တော်မူပါဟုဆို လျှင်၊
וְהַמַּלְאָךְ אֲשֶׁר־הָלַךְ ׀ לִקְרֹא מִיכָיְהוּ דִּבֶּר אֵלָיו לֵאמֹר הִנֵּה־נָא דִּבְרֵי הַנְּבִיאִים פֶּה־אֶחָד טוֹב אֶל־הַמֶּלֶךְ יְהִי־נָא (דבריך) [דְבָרְךָ] כִּדְבַר אַחַד מֵהֶם וְדִבַּרְתָּ טּֽוֹב׃
14 ၁၄ မိက္ခါ က၊ ထာဝရဘုရား အသက် ရှင်တော်မူသည် အတိုင်း ထာဝရဘုရား မိန့် တော်မူသော စကားကိုသာ ငါပြန် ပြောရမည်ဟုဆို ၏။
וַיֹּאמֶר מִיכָיְהוּ חַי־יְהֹוָה כִּי אֶת־אֲשֶׁר יֹאמַר יְהֹוָה אֵלַי אֹתוֹ אֲדַבֵּֽר׃
15 ၁၅ ရှင်ဘုရင် ထံသို့ ရောက် သောအခါ ရှင် ဘုရင်က၊ အချင်းမိက္ခါ ၊ ငါတို့သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ကောင်းသလော။ မ ချီဘဲနေကောင်းသလောဟုမေး လျှင် ၊ မိက္ခါက၊ စစ်ချီ ၍ အောင် တော်မူပါ။ ထာဝရဘုရား သည် အရှင်မင်းကြီး ၏ လက် တော်သို့ အပ် တော်မူမည်ဟု ပြန်လျှောက် ၏။
וַיָּבוֹא אֶל־הַמֶּלֶךְ וַיֹּאמֶר הַמֶּלֶךְ אֵלָיו מִיכָיְהוּ הֲנֵלֵךְ אֶל־רָמֹת גִּלְעָד לַמִּלְחָמָה אִם־נֶחְדָּל וַיֹּאמֶר אֵלָיו עֲלֵה וְהַצְלַח וְנָתַן יְהֹוָה בְּיַד הַמֶּֽלֶךְ׃
16 ၁၆ ရှင် ဘုရင်ကလည်း ၊ မှန် သောစကားမှတပါး အခြားသောစကားကို ထာဝရဘုရား အခွင့်နှင့် သင်သည် ငါ့ အား မ ဟော မည်အကြောင်း ၊ ငါ သည် ဘယ်နှစ်ကြိမ် တိုင်အောင်သင့် အား အကျိန် ပေးရမည်နည်းဟုမေး သော်၊
וַיֹּאמֶר אֵלָיו הַמֶּלֶךְ עַד־כַּמֶּה פְעָמִים אֲנִי מַשְׁבִּיעֶךָ אֲשֶׁר לֹֽא־תְדַבֵּר אֵלַי רַק־אֱמֶת בְּשֵׁם יְהֹוָֽה׃
17 ၁၇ မိက္ခါက၊ ဣသရေလ အမျိုးသားအပေါင်း တို့ သည် သိုးထိန်း မ ရှိ သော သိုး ကဲ့သို့ ၊ တောင် များအပေါ် မှာ အရပ်ရပ် ကွဲပြားလျက် ရှိကြသည်ကို ငါမြင် ပြီ။ ထာဝရဘုရား ကလည်း၊ ဤသူအပေါင်းတို့သည် အရှင်မရှိသောကြောင့် အသီးအသီးကိုယ်နေရာသို့ ပြန်ကြပါလေစေဟု မိန့်တော်မူကြောင်းကို လျှောက်ဆို၏။
וַיֹּאמֶר רָאִיתִי אֶת־כׇּל־יִשְׂרָאֵל נְפֹצִים אֶל־הֶהָרִים כַּצֹּאן אֲשֶׁר אֵין־לָהֶם רֹעֶה וַיֹּאמֶר יְהֹוָה לֹֽא־אֲדֹנִים לָאֵלֶּה יָשׁוּבוּ אִישׁ־לְבֵיתוֹ בְּשָׁלֽוֹם׃
18 ၁၈ ဣသရေလ ရှင် ဘုရင်ကလည်း ၊ သူသည်ငါ ၌ မင်္ဂလာ စကားကိုမ ဟော ၊ အမင်္ဂလာ စကားကိုသာ ဟောတတ်သည်ဟု မင်းကြီး အား ငါမ ပြော သလောဟု ယောရှဖတ် အား ဆို ၏။
וַיֹּאמֶר מֶלֶךְ־יִשְׂרָאֵל אֶל־יְהוֹשָׁפָט הֲלוֹא אָמַרְתִּי אֵלֶיךָ לוֹא־יִתְנַבֵּא עָלַי טוֹב כִּי אִם־רָֽע׃
19 ၁၉ မိက္ခါကလည်း၊ သို့ဖြစ်၍ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ပါ။ ထာဝရဘုရား သည် ပလ္လင် တော်ပေါ် မှာ ထိုင် တော်မူသည်ကို၎င်း ၊ ကောင်းကင် ဗိုလ်ခြေ အပေါင်း တို့သည် လက်ျာ တော်ဘက် လက်ဝဲ တော်ဘက် ၌ ရပ် နေကြသည်ကို၎င်းငါမြင် ပြီ။
וַיֹּאמֶר לָכֵן שְׁמַע דְּבַר־יְהֹוָה רָאִיתִי אֶת־יְהֹוָה יֹשֵׁב עַל־כִּסְאוֹ וְכׇל־צְבָא הַשָּׁמַיִם עֹמֵד עָלָיו מִֽימִינוֹ וּמִשְּׂמֹאלֽוֹ׃
20 ၂၀ ထာဝရဘုရား ကလည်း ၊ အာဟပ် သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ၍ ဆုံး စေခြင်းငှါ အဘယ်သူ သွေးဆောင် မည်နည်းဟုမေး တော်မူလျှင် ၊ အခြံအရံတော်တို့သည် တယောက်တနည်းစီ ပြန်လျှောက် ကြ၏။
וַיֹּאמֶר יְהֹוָה מִי יְפַתֶּה אֶת־אַחְאָב וְיַעַל וְיִפֹּל בְּרָמֹת גִּלְעָד וַיֹּאמֶר זֶה בְּכֹה וְזֶה אֹמֵר בְּכֹֽה׃
21 ၂၁ တဖန် ဝိညာဉ် တပါးသည် လာ ၍ ထာဝရဘုရား ရှေ့ တော်၌ ရပ် လျက် ၊ အကျွန်ုပ် သွေးဆောင် ပါမည်ဟု လျှောက် လျှင်၊
וַיֵּצֵא הָרוּחַ וַֽיַּעֲמֹד לִפְנֵי יְהֹוָה וַיֹּאמֶר אֲנִי אֲפַתֶּנּוּ וַיֹּאמֶר יְהֹוָה אֵלָיו בַּמָּֽה׃
22 ၂၂ ထာဝရဘုရား က အဘယ်သို့ သွေးဆောင်မည်နည်းဟုမေး တော်မူသော်၊ အကျွန်ုပ်သွား ၍ ထိုမင်းကြီး၏ ပရောဖက် အပေါင်း တို့အထဲမှာ မုသာ စကားကို ပြောတတ် သောစိတ် ဝိညာဉ်ဖြစ် ပါမည်ဟု ပြန်လျှောက် သော် ၊ သင်သည် သွေးဆောင် ၍ နိုင် လိမ့်မည်။ ထိုသို့သွား ၍ ပြု လော့ဟု မိန့် တော်မူ၏။
וַיֹּאמֶר אֵצֵא וְהָיִיתִי רוּחַ שֶׁקֶר בְּפִי כׇּל־נְבִיאָיו וַיֹּאמֶר תְּפַתֶּה וְגַם־תּוּכָל צֵא וַעֲשֵׂה־כֵֽן׃
23 ၂၃ သို့ဖြစ်၍ ထာဝရဘုရား သည် မုသာ စကားကို ပြောတတ်သောစိတ် ဝိညာဉ်ကို မင်းကြီး၏ ပရောဖက် အပေါင်း တို့၌ သွင်း တော်မူပြီ။ မင်းကြီး၏အမှုမှာ အမင်္ဂလာ စကားကို ပြော တော်မူပြီဟု ဟောလေ၏။
וְעַתָּה הִנֵּה נָתַן יְהֹוָה רוּחַ שֶׁקֶר בְּפִי כׇּל־נְבִיאֶיךָ אֵלֶּה וַֽיהֹוָה דִּבֶּר עָלֶיךָ רָעָֽה׃
24 ၂၄ ထိုအခါ ခေနာနာ ၏ သား ဇေဒကိ သည် ချဉ်း လာ ၍ မိက္ခါ ၏ ပါး ကို ပုတ် လျက် ၊ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် သင် နှင့်နှုတ်ဆက် ခြင်းငှါ အဘယ် လမ်းဖြင့် ငါ မှ ထွက် တော်မူသနည်းဟုမေး လျှင်၊
וַיִּגַּשׁ צִדְקִיָּהוּ בֶֽן־כְּנַעֲנָה וַיַּכֶּה אֶת־מִיכָיְהוּ עַל־הַלֶּחִי וַיֹּאמֶר אֵי־זֶה עָבַר רֽוּחַ־יְהֹוָה מֵאִתִּי לְדַבֵּר אוֹתָֽךְ׃
25 ၂၅ မိက္ခါ က၊ သင်သည် ပုန်းရှောင် ၍ နေခြင်းငှါ အတွင်း ခန်းထဲသို့ ဝင် သော နေ့ ၌ သင် မြင် လိမ့်မည်ဟု ဆို ၏။
וַיֹּאמֶר מִיכָיְהוּ הִנְּךָ רֹאֶה בַּיּוֹם הַהוּא אֲשֶׁר תָּבֹא חֶדֶר בְּחֶדֶר לְהֵחָבֵֽה׃
26 ၂၆ ဣသရေလ ရှင် ဘုရင်က၊ မိက္ခါ ကို မြို့ဝန်မင်း အာမုန် ထံ ၊ သား တော်ယောရှ ထံသို့ ယူသွား ၍၊
וַיֹּאמֶר מֶלֶךְ יִשְׂרָאֵל קַח אֶת־מִיכָיְהוּ וַהֲשִׁיבֵהוּ אֶל־אָמֹן שַׂר־הָעִיר וְאֶל־יוֹאָשׁ בֶּן־הַמֶּֽלֶךְ׃
27 ၂၇ ဤ သူကိုထောင် ထဲမှာလှောင် ထားကြ။ ငါသည် ငြိမ်ဝပ် စွာ ပြန် ၍ မ လာမှီတိုင်အောင်ဆင်းရဲ စွာ စား သောက် စေဟု အမိန့် တော်ရှိကြောင်းကို ဆင့်ဆို လော့ဟု စီရင် ၏။
וְאָמַרְתָּ כֹּה אָמַר הַמֶּלֶךְ שִׂימוּ אֶת־זֶה בֵּית הַכֶּלֶא וְהַאֲכִלֻהוּ לֶחֶם לַחַץ וּמַיִם לַחַץ עַד בֹּאִי בְשָׁלֽוֹם׃
28 ၂၈ မိက္ခါ ကလည်း၊ မင်းကြီးသည် ငြိမ်ဝပ် စွာ ပြန် လာရလျှင် ထာဝရဘုရား သည်ငါ့ အားဖြင့် မိန့် တော် မ မူ၊ အိုလူ များအပေါင်း တို့၊ နားထောင် ကြလော့ဟုဆို ၏။
וַיֹּאמֶר מִיכָיְהוּ אִם־שׁוֹב תָּשׁוּב בְּשָׁלוֹם לֹא־דִבֶּר יְהֹוָה בִּי וַיֹּאמֶר שִׁמְעוּ עַמִּים כֻּלָּֽם׃
29 ၂၉ ထိုသို့ ဣသရေလ ရှင်ဘုရင် နှင့် ယုဒ ရှင်ဘုရင် ယောရှဖတ် တို့သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ကြ၏။
וַיַּעַל מֶלֶךְ־יִשְׂרָאֵל וִיהוֹשָׁפָט מֶלֶךְ־יְהוּדָה רָמֹת גִּלְעָֽד׃
30 ၃၀ ဣသရေလ ရှင် ဘုရင်က၊ ငါသည်ခြားနားသော အယောင် ကို ဆောင်၍ စစ်ပွဲ ထဲသို့ ဝင် မည်။ မင်းကြီး မူကား မင်းမြောက် တန်ဆာကို ဝတ်ဆင် ပါလော့ဟု ယောရှဖတ် အား ဆို ပြီးမှ ၊ ဣသရေလ ရှင် ဘုရင်သည် ခြားနားသော အယောင် ကို ဆောင်လျက် စစ်ပွဲ ထဲသို့ ဝင် ၏။
וַיֹּאמֶר מֶלֶךְ יִשְׂרָאֵל אֶל־יְהוֹשָׁפָט הִתְחַפֵּשׂ וָבֹא בַמִּלְחָמָה וְאַתָּה לְבַשׁ בְּגָדֶיךָ וַיִּתְחַפֵּשׂ מֶלֶךְ יִשְׂרָאֵל וַיָּבוֹא בַּמִּלְחָמָֽה׃
31 ၃၁ ရှုရိ ရှင် ဘုရင်က၊ ဣသရေလ ရှင်ဘုရင် မှတပါး အခြားသော လူကြီး လူငယ် ကို မ တိုက် နှင့်ဟု ရထားစီး သူရဲများကို အုပ်သော ဗိုလ်သုံးကျိပ် နှစ် ယောက်တို့ကိုမှာ ထားနှင့်သောကြောင့်၊
וּמֶלֶךְ אֲרָם צִוָּה אֶת־שָׂרֵי הָרֶכֶב אֲשֶׁר־לוֹ שְׁלֹשִׁים וּשְׁנַיִם לֵאמֹר לֹא תִּלָּחֲמוּ אֶת־קָטֹן וְאֶת־גָּדוֹל כִּי אִֽם־אֶת־מֶלֶךְ יִשְׂרָאֵל לְבַדּֽוֹ׃
32 ၃၂ ရထားစီး သူရဲအုပ်ဗိုလ်မင်းတို့သည် ယောရှဖတ် ကိုမြင် သောအခါ ၊ အကယ် စင်စစ်ထိုသူသည် ဣသရေလ ရှင်ဘုရင် ဖြစ် လိမ့်မည်ဟု ဆို လျက် သူ့ ကို တိုက် အံ့သောငှါ လမ်းလွှဲ ကြ၍ ၊ ယောရှဖတ် လည်း ကြွေးကြော် လေ၏။
וַיְהִי כִּרְאוֹת שָׂרֵי הָרֶכֶב אֶת־יְהוֹשָׁפָט וְהֵמָּה אָֽמְרוּ אַךְ מֶלֶךְ־יִשְׂרָאֵל הוּא וַיָּסֻרוּ עָלָיו לְהִלָּחֵם וַיִּזְעַק יְהוֹשָׁפָֽט׃
33 ၃၃ ဣသရေလ ရှင်ဘုရင် မ ဟုတ်ကြောင်း ကို ရထားစီး သူရဲအုပ်ဗိုလ်မင်းတို့သည် ရိပ်မိ သောအခါ ၊ မလိုက်ဘဲ အခြားသို့ ရှောင် သွားကြ၏။
וַיְהִי כִּרְאוֹת שָׂרֵי הָרֶכֶב כִּי־לֹא־מֶלֶךְ יִשְׂרָאֵל הוּא וַיָּשׁוּבוּ מֵאַחֲרָֽיו׃
34 ၃၄ လူ တယောက်သည် မရွယ်ဘဲလေး နှင့်ပစ်၍၊ ဣသရေလ ရှင် ဘုရင်ကို သံချပ် အင်္ကျီအဆစ် ကြား မှာ မှန် လေသော် ၊ ငါ့ ကိုစစ်ပွဲ ထဲက လှည့် ၍ ထုတ်ဆောင် လော့။ ငါနာ သည်ဟု မိမိ ရထား တော်ထိန်းကို ဆို ၏။
וְאִישׁ מָשַׁךְ בַּקֶּשֶׁת לְתֻמּוֹ וַיַּכֶּה אֶת־מֶלֶךְ יִשְׂרָאֵל בֵּין הַדְּבָקִים וּבֵין הַשִּׁרְיָן וַיֹּאמֶר לְרַכָּבוֹ הֲפֹךְ יָדְךָ וְהוֹצִיאֵנִי מִן־הַֽמַּחֲנֶה כִּי הׇחֳלֵֽיתִי׃
35 ၃၅ ထို နေ့ ၌ တိုး၍ တိုက် ကြ၏။ ရှင် ဘုရင်သည် ရှုရိ လူတဘက် တချက်၌ရထား တော်ထဲမှာ လူကိုမှီ ၍ ထိုင်နေ၏။ ညဦးယံ ၌ အသက် တော်ကုန်၏။ ထိခိုက်ရာ အနာ မှ အသွေး သည်ရထား ထဲသို့ ယို ၏။
וַתַּעֲלֶה הַמִּלְחָמָה בַּיּוֹם הַהוּא וְהַמֶּלֶךְ הָיָה מׇעֳמָד בַּמֶּרְכָּבָה נֹכַח אֲרָם וַיָּמׇת בָּעֶרֶב וַיִּצֶק דַּֽם־הַמַּכָּה אֶל־חֵיק הָרָֽכֶב׃
36 ၃၆ လူအပေါင်းတို့၊ ကိုယ် နေသောမြို့ ပြည် သို့ ပြန်သွားကြဟု နေ ဝင် သောအခါ တတပ်လုံး ကို ကြွေးကြော် လေ၏။
וַיַּעֲבֹר הָֽרִנָּה בַּֽמַּחֲנֶה כְּבֹא הַשֶּׁמֶשׁ לֵאמֹר אִישׁ אֶל־עִירוֹ וְאִישׁ אֶל־אַרְצֽוֹ׃
37 ၃၇ ထိုသို့ ရှင်ဘုရင် သေ ၍ ရှမာရိ မြို့သို့ ရောက် သဖြင့် သင်္ဂြိုဟ် ခြင်းကို ခံရ၏။
וַיָּמׇת הַמֶּלֶךְ וַיָּבוֹא שֹׁמְרוֹן וַיִּקְבְּרוּ אֶת־הַמֶּלֶךְ בְּשֹׁמְרֽוֹן׃
38 ၃၈ ရထား တော်နှင့် လက်နက် တော်ကို ရှမာရိ မြို့ ရေကန် ၌ ဆေး သဖြင့် ၊ ထာဝရဘုရား မိန့် တော်မူသော စကား နှင့်အညီ ခွေး တို့သည် အသွေး ကို လျက် ကြ၏။
וַיִּשְׁטֹף אֶת־הָרֶכֶב עַל ׀ בְּרֵכַת שֹׁמְרוֹן וַיָּלֹקּוּ הַכְּלָבִים אֶת־דָּמוֹ וְהַזֹּנוֹת רָחָצוּ כִּדְבַר יְהֹוָה אֲשֶׁר דִּבֵּֽר׃
39 ၃၉ အာဟပ် ပြုမူ သော အမှုအရာ ကြွင်း လေသမျှ တို့နှင့် တည်ဆောက် သော ဆင်စွယ် နန်း ၊ ပြုစု သော မြို့ တို့ သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏။
וְיֶתֶר דִּבְרֵי אַחְאָב וְכׇל־אֲשֶׁר עָשָׂה וּבֵית הַשֵּׁן אֲשֶׁר בָּנָה וְכׇל־הֶעָרִים אֲשֶׁר בָּנָה הֲלוֹא־הֵם כְּתוּבִים עַל־סֵפֶר דִּבְרֵי הַיָּמִים לְמַלְכֵי יִשְׂרָאֵֽל׃
40 ၄၀ အာဟပ် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သား တော်အာခဇိ သည် ခမည်းတော်အရာ ၌ နန်း ထိုင်၏။
וַיִּשְׁכַּב אַחְאָב עִם־אֲבֹתָיו וַיִּמְלֹךְ אֲחַזְיָהוּ בְנוֹ תַּחְתָּֽיו׃
41 ၄၁ ဣသရေလ ရှင်ဘုရင် အာဟပ် နန်းစံလေး နှစ် တွင် အာသ သား ယောရှဖတ် သည် အသက်သုံး ဆယ် ငါး နှစ် ရှိသော်ယုဒ နိုင်ငံကို အစိုးရ ၍၊
וִיהֽוֹשָׁפָט בֶּן־אָסָא מָלַךְ עַל־יְהוּדָה בִּשְׁנַת אַרְבַּע לְאַחְאָב מֶלֶךְ יִשְׂרָאֵֽל׃
42 ၄၂ ယေရုရှလင် မြို့၌ နှစ် ဆယ်ငါး နှစ် စိုးစံ လေ၏။ မယ်တော် ကား ရှိလဟိ သမီး အဇုဘ အမည် ရှိ၏။
יְהוֹשָׁפָט בֶּן־שְׁלֹשִׁים וְחָמֵשׁ שָׁנָה בְּמׇלְכוֹ וְעֶשְׂרִים וְחָמֵשׁ שָׁנָה מָלַךְ בִּירֽוּשָׁלָ͏ִם וְשֵׁם אִמּוֹ עֲזוּבָה בַּת־שִׁלְחִֽי׃
43 ၄၃ ထိုမင်းသည်ခမည်းတော် အာသ လိုက်သော လမ်း ကိုမ လွှဲ ၊ အကုန်အစင် လိုက် ၍ ထာဝရဘုရား ရှေ့ တော်၌ ဖြောင့်မတ် သောအကျင့် ကိုသာ ကျင့် ၏။ သို့ရာတွင် မြင့် သောအရပ်တို့ကို မ ပယ်ရှား သောကြောင့်၊ လူ တို့သည် ထိုအရပ် တို့၌ ယဇ် ပူဇော်၍ နံ့သာပေါင်း ကို မီးရှို့ကြ၏။
וַיֵּלֶךְ בְּכׇל־דֶּרֶךְ אָסָא אָבִיו לֹא־סָר מִמֶּנּוּ לַעֲשׂוֹת הַיָּשָׁר בְּעֵינֵי יְהֹוָֽה׃ אַךְ הַבָּמוֹת לֹא־סָרוּ עוֹד הָעָם מְזַבְּחִים וּֽמְקַטְּרִים בַּבָּמֽוֹת׃
44 ၄၄ ယောရှဖတ် မင်းသည် ဣသရေလ ရှင်ဘုရင် နှင့် စစ်မတိုက် မိဿဟာယ ဖွဲ့လေ၏။
וַיַּשְׁלֵם יְהוֹשָׁפָט עִם־מֶלֶךְ יִשְׂרָאֵֽל׃
45 ၄၅ ယောရှဖတ် ပြုမူ သော အမှုအရာ ကြွင်း လေသမျှ တို့နှင့် တန်ခိုး ကြီးခြင်း၊ စစ်တိုက် ခြင်းအရာတို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက် ရှိ၏။
וְיֶתֶר דִּבְרֵי יְהוֹשָׁפָט וּגְבוּרָתוֹ אֲשֶׁר־עָשָׂה וַאֲשֶׁר נִלְחָם הֲלֹא־הֵם כְּתוּבִים עַל־סֵפֶר דִּבְרֵי הַיָּמִים לְמַלְכֵי יְהוּדָֽה׃
46 ၄၆ ခမည်းတော် အာသ လက်ထက် ၌ ကျန်ကြွင်း သေး သော ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာ တို့ကို ပြည် တော်မှ သုတ်သင် ပယ်ရှင်းလေ၏။
וְיֶתֶר הַקָּדֵשׁ אֲשֶׁר נִשְׁאַר בִּימֵי אָסָא אָבִיו בִּעֵר מִן־הָאָֽרֶץ׃
47 ၄၇ ထိုကာလ၊ ဧဒုံ ပြည်၌ ရှင်ဘုရင် မ ရှိ။ ယုဒ ရှင်ဘုရင်ခန့်ထား သော မြို့ဝန်မင်း စီရင်ရ၏။
וּמֶלֶךְ אֵין בֶּאֱדוֹם נִצָּב מֶֽלֶךְ׃
48 ၄၈ ယောရှဖတ် သည် ဩဖိရ ပြည်သို့ စေလွှတ်၍၊ ရွှေ ကို ယူစေခြင်းငှါ တာရှု သင်္ဘော တို့ကို ဧဇယုန်ဂါဗာမြို့ မှာ တည် ၏။
יְהוֹשָׁפָט (עשר) [עָשָׂה] אֳנִיּוֹת תַּרְשִׁישׁ לָלֶכֶת אֹפִירָה לַזָּהָב וְלֹא הָלָךְ כִּֽי־[נִשְׁבְּרוּ] (נשברה) אֳנִיּוֹת בְּעֶצְיוֹן גָּֽבֶר׃
49 ၄၉ အာဟပ် သား အာခဇိ က၊ ငါ့ ကျွန် တို့သည် မင်းကြီး ကျွန် တို့နှင့် သင်္ဘော စီးပါစေဟု ယောရှဖတ်၌ အခွင့်တောင်း၍ ယောရှဖတ်သည် အခွင့်ပေး၏။ သို့သော်လည်းသင်္ဘော တို့သည် ဧဇယုန်ဂါဗာ မြို့မှာ ကျိုးပဲ့ သောကြောင့် ၊ ဩဖိရမြို့သို့ မသွားရ။
אָז אָמַר אֲחַזְיָהוּ בֶן־אַחְאָב אֶל־יְהוֹשָׁפָט יֵלְכוּ עֲבָדַי עִם־עֲבָדֶיךָ בׇּאֳנִיּוֹת וְלֹא אָבָה יְהוֹשָׁפָֽט׃
50 ၅၀ ယောရှဖတ် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ သူတို့နှင့်အတူ အဘ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံလေ၏။ သား တော်ယဟောရံ သည် ခမည်းတော်အရာ ၌ နန်း ထိုင် ၏။
וַיִּשְׁכַּב יְהוֹשָׁפָט עִם־אֲבֹתָיו וַיִּקָּבֵר עִם־אֲבֹתָיו בְּעִיר דָּוִד אָבִיו וַיִּמְלֹךְ יְהוֹרָם בְּנוֹ תַּחְתָּֽיו׃
51 ၅၁ ယုဒ ရှင်ဘုရင် ယောရှဖတ် နန်းစံဆယ် ခုနစ် နှစ် တွင် ၊ အာဟပ် သား အာခဇိ သည် ရှမာရိ မြို့၌ မင်းပြု ၍ ဣသရေလ နိုင်ငံကို နှစ် နှစ်စိုးစံ ၏။
אֲחַזְיָהוּ בֶן־אַחְאָב מָלַךְ עַל־יִשְׂרָאֵל בְּשֹׁמְרוֹן בִּשְׁנַת שְׁבַע עֶשְׂרֵה לִיהוֹשָׁפָט מֶלֶךְ יְהוּדָה וַיִּמְלֹךְ עַל־יִשְׂרָאֵל שְׁנָתָֽיִם׃
52 ၅၂ ထိုမင်းသည်ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၍ ၊ မိ ဘ လိုက်သောလမ်း ၊ ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် ၏သား ယေရောဗောင် လိုက်သောလမ်း သို့ လိုက် လေ၏။
וַיַּעַשׂ הָרַע בְּעֵינֵי יְהֹוָה וַיֵּלֶךְ בְּדֶרֶךְ אָבִיו וּבְדֶרֶךְ אִמּוֹ וּבְדֶרֶךְ יָרׇבְעָם בֶּן־נְבָט אֲשֶׁר הֶחֱטִיא אֶת־יִשְׂרָאֵֽל׃
53 ၅၃ ဗာလ ဘုရားကို ဝတ်ပြု ကိုးကွယ် ၍ ၊ အဘ ကျင့် လေသမျှ အတိုင်း ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်သတည်း။
וַֽיַּעֲבֹד אֶת־הַבַּעַל וַיִּֽשְׁתַּחֲוֶה לוֹ וַיַּכְעֵס אֶת־יְהֹוָה אֱלֹהֵי יִשְׂרָאֵל כְּכֹל אֲשֶׁר־עָשָׂה אָבִֽיו׃

< ၃ ဓမ္မရာဇဝင် 22 >