< ၁ ရာဇဝင်ချုပ် 26 >
1 ၁ အသီးအသီး သင်းဖွဲ့သော တံခါးစောင့် များဟူမူကား။ ကောရဟိ အမျိုးဧဗျာသပ်အနွှယ်၊ ကောရ သား မေရှလေမိ၊
Pour les divisions des portiers: parmi les Koréites, Meschélémia, fils de Koré, d'entre les fils d'Asaph.
2 ၂ မေရှလေမိ ၏သားဦး ဇာခရိ ၊ ဒုတိယ သား ယေဒျေလ ၊ တတိယ သားဇေဗဒိ ၊ စတုတ္ထ သား ယာသနေလ ၊
Meschélémia eut des fils: Zacharie, premier-né, Jediaël, deuxième, Zebadia, troisième, Jathniel, quatrième,
3 ၃ ပဉ္စမ သားဧလံ ၊ ဆဋ္ဌမ သားယောဟနန် ၊ သတ္တမ သားဧလဲဩနဲ တည်း။
Elam, cinquième, Jehohanan, sixième, et Eliehœnaï, septième.
4 ၄ ဩဗဒေဒုံ ၏သားဦး ရှေမာယ ၊ ဒုတိယ သား ယောဇဗပ် ၊ တတိယ သားယောအာ ၊ စတုတ္ထ သားစာကာ ၊ ပဉ္စမ သားနာသနေလ၊
Obed-Edom eut des fils: Schemaeja, le premier-né, Jehozabad, le deuxième, Joach, le troisième, Sacar, le quatrième, Nethanel, le cinquième,
5 ၅ ဆဋ္ဌမ သားအမျေလ ၊ သတ္တမ သားဣသခါ ၊ အဌမ သားပုလသဲ တည်း။ ဩဗဒေဒုံ ကို ဘုရားသခင် သည် ကောင်းကြီး ပေးတော်မူ၏။
Ammiel, le sixième, Issachar, le septième, et Peullethai, le huitième; car Dieu l'a béni.
Des fils naquirent aussi à Schemaeja, son fils, qui régnèrent sur la maison de leur père; car ils étaient des hommes vaillants.
7 ၇ သားဦးရှေမာယ ၏သား ဩသနိ ၊ ရေဖေလ ၊ ဩဗက် ၊ ဧလာဇာဗဒ် နှင့် ခွန်အား ကြီးသော ညီဧလိဟု ၊ သေမခိ တို့သည် ခွန်အား ကြီးသောသူရဲ၊ မိမိ တို့အဆွေအမျိုး ၌ အစိုးရ သောသူဖြစ်ကြ၏။
Fils de Schemaeja: Othni, Rephaël, Obed et Elzabad, dont les parents étaient des hommes vaillants, Elihu et Semachia.
8 ၈ အမှု တော်ကို ဆောင်ရွက်ခြင်းငှါ တတ်စွမ်း နိုင် အောင်ခွန်အား ကြီးသောဩဗဒေဒုံ အမျိုးသား ချင်း ယောက်ျား ပေါင်း ကား ခြောက် ကျိပ်နှစ် ယောက်တည်း။
Tous ceux-là étaient des fils d'Obed-Edom, avec leurs fils et leurs frères, des hommes vaillants pour le service: soixante-deux d'Obed-Edom.
9 ၉ ခွန်အား ကြီးသော မေရှလေမိ သား ညီ ယောက်ျား ပေါင်းကား တကျိပ် ရှစ် ယောက်တည်း။
Meshelemia avait des fils et des frères, dix-huit hommes vaillants.
10 ၁၀ မေရာရိ အမျိုး ၊ ဟောသ ၏သား တို့တွင် ရှိမရိ သည် သားဦး မ ဟုတ် သော်လည်း ၊ အဘ ခန့်ထား သောကြောင့် သားအကြီး ဖြစ်သတည်း။
Hosa, des fils de Merari, avait aussi des fils: Shimri, le chef (car, bien qu'il ne fût pas le premier-né, son père l'avait établi chef),
11 ၁၁ ဒုတိယ သားကားဟိလခိ ၊ တတိယ သားတေဗလိ ၊ စတုတ္ထ သား ဇာခရိ အစရှိသော ဟေဝသ သား ညီ ပေါင်း ကား တကျိပ် သုံး ယောက်တည်း။
Hilkija, le second, Tebalia, le troisième, et Zacharie, le quatrième. Tous les fils et frères de Hosah étaient au nombre de treize.
12 ၁၂ ဤရွေ့ကား ထာဝရဘုရား ၏ အိမ် တော်၌ အလှည့်လှည့်စောင့် ခြင်းငှါ သင်းဖွဲ့ သော တံခါးစောင့် အကြီးအကဲ ဖြစ်သတည်း။
Voici les divisions des portiers, des chefs, qui avaient des fonctions comme leurs frères, pour faire le service dans la maison de l'Éternel.
13 ၁၃ ထိုသူအကြီး အငယ် တို့သည်၊ မိမိ တို့အဆွေအမျိုး အလိုက် တံခါးအသီးအသီးစောင့်စေခြင်းငှါစာရေးတံ ပြုကြ၍၊
Ils tirèrent au sort, pour chaque porte, les petits et les grands, selon les maisons de leurs pères.
14 ၁၄ အရှေ့ မျက်နှာကို ရှေလမိ ရ၏။ ရှေလမိ သား ပညာရှိ ဇာခရိ သည် စာရေးတံ အားဖြင့်မြောက် မျက်နှာကို ရ၏။
Le lot de l'est échut à Shemiah. On tira au sort pour Zacharie, son fils, conseiller avisé, et son lot sortit au nord.
15 ၁၅ ဩဗဒေဒုံ သည် တောင် မျက်နှာကို၎င်း ၊ သူ ၏ သား တို့သည် အသုပိမ် အိမ် ကို၎င်းရ၏။
A Obed-Edom, au sud; et à ses fils, l'entrepôt.
16 ၁၆ ရှုပိန် နှင့် ဟောသ သည် အနောက် မျက်နှာနှင့် ဗိမာန်တော်သို့ တက် ရာလမ်းဝ ၌ ရှလ္လေခက် တံခါး ကိုရ၍ တဘက်တချက် ၌ စောင့် ရ၏။
A Shuppim et à Hosa, à l'occident, près de la porte de Schallécheth, sur la chaussée qui monte, sentinelle en face de sentinelle.
17 ၁၇ နေ့ရက် အစဉ်အတိုင်းအရှေ့ မျက်နှာ၌ လေဝိ သားခြောက် ယောက်၊ မြောက် မျက်နှာ၌ လေး ယောက်၊ တောင် မျက်နှာ၌ လေး ယောက်၊ အသုပိမ် ဘက် မှာနှစ် ယောက်၊ တန်တိုင်း တော်ပြင်မှာနှစ် ယောက်၊
A l'est, il y avait six Lévites, au nord quatre par jour, au sud quatre par jour, et pour le magasin deux et deux.
18 ၁၈ အနောက် မျက်နှာလမ်းဝ မှာ လေး ယောက်၊ တန်တိုင်း တော်ပြင်မှာ နှစ် ယောက်စောင့် ရကြ၏။
Pour Parbar, à l'ouest, quatre à la chaussée, et deux à Parbar.
19 ၁၉ ဤရွေ့ကား ၊ တံခါးစောင့်အရာရှိသော ကောရ အမျိုးသား နှင့် မေရရိ အမျိုးသား ဖွဲ့သော အသင်းအသီးအသီး ပေတည်း။
Telles étaient les divisions des portiers, des fils des Koréites et des fils de Merari.
20 ၂၀ လေဝိ သားတို့တွင်၊ အဟိယ သည် ဘုရားသခင် ၏ အိမ် တော်ဘဏ္ဍာ နှင့် ပူဇော် သောဘဏ္ဍာ များကို အုပ်ရ၏။
Parmi les Lévites, Achija était responsable des trésors de la maison de Dieu et des trésors des objets consacrés.
21 ၂၁ အဆွေအမျိုး သူကြီးဖြစ်သော ဂေရရှုံ အမျိုး လာဒန် သား တို့တွင် ယေဟေလိ နှင့်၊
Les fils de Ladan, les fils des Gershonites appartenant à Ladan, les chefs de famille appartenant à Ladan, le Gershonite: Jehieli.
22 ၂၂ သူ၏သား ဇေသံ ယောလ တို့သည်လည်း ဘုရားသခင် ၏ အိမ် တော်ဘဏ္ဍာ ကိုအုပ်ရ၏။
Fils de Jehieli: Zetham et Joël, son frère, sur les trésors de la maison de Yahvé.
23 ၂၃ အာမရံ အမျိုး၊ ဣဇဟာ အမျိုး၊ ဟေဗြုန် အမျိုး၊ ဩဇေလ အမျိုးသားအချို့ပါကြ၏။
Des Amramites, des Jitseharites, des Hébronites, des Uzzielites:
24 ၂၄ မောရှေ သား ဂေရရှုံ ၏သား ရှေဗွေလ သည် လည်း ဘဏ္ဍာ တော်တို့ကို အုပ် ရ၏။
Shebuel, fils de Gershom, fils de Moïse, était chef des trésors.
25 ၂၅ ဂေရရှုံ ညီ ဧလျေဇာ ၊ ဧလျေဇာ သား ရေဟဗိ ၊ သူ ၏သား ယေရှာယ ၊ သူ ၏သား ယောရံ ၊ သူ ၏သား ဇိခရိ ၊ သူ ၏သား ရှေလောမိတ် တည်း။
Ses frères: d'Éliézer, Rehabia, son fils, et Jeshaiah, son fils, et Joram, son fils, et Zichri, son fils, et Shelomoth, son fils.
26 ၂၆ ထိုရှေလောမိတ် နှင့် သူ ၏ညီ တို့သည် ဒါဝိဒ် မင်းကြီး ၊ အဆွေအမျိုး သူကြီး၊ လူတထောင် အုပ် ၊ တရာ အုပ်၊ ဗိုလ် မင်းပူဇော် သော ဘဏ္ဍာ ရှိသမျှ ကို အုပ်ရ၏။
Ce Shelomoth et ses frères étaient responsables de tous les trésors des objets consacrés, que le roi David, les chefs de famille, les chefs de milliers et de centaines, et les chefs de l'armée avaient consacrés.
27 ၂၇ ထိုမင်းတို့သည် စစ် တိုက် ၍ရသောဥစ္စာတို့ကို မသိမ်း၊ ထာဝရဘုရား ၏ အိမ် တော်ကို ပြုစု ခြင်းငှါ ပူဇော် တတ်ကြ၏။
Ils consacrèrent une partie du butin gagné dans les batailles pour réparer la maison de Yahvé.
28 ၂၈ ပရောဖက် ရှမွေလ ၊ ကိရှ သား ရှောလု ၊ နေရ သား အာဗနာ ၊ ဇေရုယာ သား ယွာဘ မှစ၍အခြားသောသူ ပူဇော် သမျှ တို့ကို၊ ရှေလောမိတ် နှင့် သူ ၏ညီ တို့သည် ကြည့်ရှုအုပ်စိုးရကြ၏။
Tout ce que Samuel le voyant, Saül, fils de Kish, Abner, fils de Ner, et Joab, fils de Tseruja, avaient consacré, quiconque avait consacré quelque chose, était sous la main de Shelomoth et de ses frères.
29 ၂၉ ဣဇဟာ အမျိုးခေနနိ နှင့် သူ ၏သား တို့သည် မင်း အရာရှိ၊ တရားသူကြီး ဖြစ်၍၊ ဣသရေလ နိုင်ငံတွင် ပြင် အမှု ကို စောင့်ရကြ၏။
D'entre les Jizharites, Chenania et ses fils furent chargés des affaires extérieures d'Israël, comme officiers et comme juges.
30 ၃၀ ဟေဗြုန် အမျိုးဖြစ်သော သူရဲကြီးဟာရှဘိ နှင့် သူ ၏ညီ တထောင် ခုနစ် ရာ တို့သည်၊ ယော်ဒန် မြစ် အနောက် ဘက်မှာ နေသောဣသရေလ လူတို့တွင် မင်းအရာရှိ ဖြစ်၍၊ ထာဝရဘုရား ၏အမှု တော်နှင့် ရှင်ဘုရင် အမှု အမျိုးမျိုး တို့ကို စောင့်ရကြ၏။
Parmi les Hébronites, Haschabia et ses frères, mille sept cents hommes vaillants, avaient la surveillance d'Israël au-delà du Jourdain, à l'ouest, pour toutes les affaires de l'Éternel et pour le service du roi.
31 ၃၁ ဟေဗြုန် အမျိုးသားတို့တွင်၊ အဆွေအမျိုး အလိုက် ယေရိယ သည် အကြီးအကဲ ဖြစ်၏။ ဒါဝိဒ် မင်းနန်းစံ လေး ဆယ်တွင် ၊ ထိုအမျိုးသားတို့ကို စာရင်း ယူ၍ ဂိလဒ် ပြည်ယာဇာ မြို့၌ ခွန်အား ကြီးသော သူရဲတို့ကို တွေ့ ၏။
Parmi les Hébronites, Jerijah était le chef des Hébronites, selon leurs générations par maisons de pères. On les rechercha la quarantième année du règne de David, et l'on trouva parmi eux des hommes vaillants à Jazer de Galaad.
32 ၃၂ ယေရိယ၏ပေါက်ဘော် တည်းဟူသောသူရဲ ကြီး၊ အဆွေအမျိုး သူကြီးနှစ်ထောင် ခုနစ် ရာ တို့သည် ဒါဝိဒ် မင်းကြီး ခန့်ထား သည်အတိုင်း၊ ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် ကို အုပ်စိုး၍ ဘုရားသခင် ၏ အမှု တော်နှင့် ရှင်ဘုရင် အမှု အမျိုးမျိုး တို့ကို စောင့်ရကြ၏။
Ses parents, hommes vaillants, étaient au nombre de deux mille sept cents, chefs de famille, que le roi David établit comme surveillants des Rubénites, des Gadites et de la demi-tribu des Manassites, pour tout ce qui concernait Dieu et les affaires du roi.