< ၁ ရာဇဝင်ချုပ် 17 >
1 ၁ ဒါဝိဒ် မင်းသည် နန်းတော် ၌ ငြိမ်ဝပ်စွာနေ ရသောအခါ ၊ ပရောဖက် နာသန် ကိုခေါ်၍ကြည့်ရှု လော့။ ငါ သည် အာရဇ် သစ်သားအိမ် နှင့် နေ ၏။ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်မူကား ကုလားကာ ဖြင့်သာ ကွယ်ကာလျက် နေရသည်ဟုဆို သော်၊
၁ယခုအခါဒါဝိဒ်မင်းသည် မိမိနန်းတော်တွင် စံမြန်းလျက်နေတော်မူလေပြီ။ တစ်နေ့သ၌ သူသည်ပရောဖက်နာသန်အားခေါ်ပြီးလျှင်``ငါ သည်အာရစ်သားနှင့်တည်ဆောက်သောနန်းတော် တွင်စံနေရ၏။ ဘုရားသခင်၏ပဋိညာဉ် သေတ္တာတော်မူကား တဲတော်၌ပင်ရှိနေပေ သည်'' ဟုမိန့်တော်မူ၏။
2 ၂ နာသန် ကအကြံ တော်ရှိသမျှ အတိုင်း ပြု တော်မူ ပါ။ ဘုရားသခင် သည် ကိုယ်တော် နှင့်အတူ ရှိတော်မူသည် ဟု ပြန်လျှောက် ၏။
၂နာသန်က``အကြံအစည်တော်ရှိသည့်အတိုင်း ပြုတော်မူပါ။ ဘုရားသခင်သည်အရှင်မင်း ကြီးနှင့်အတူရှိတော်မူပါ၏'' ဟုလျှောက်၏။
3 ၃ ထို ညဉ့် တွင် ဘုရားသခင် ၏နှုတ်ကပတ် တော် သည် ပရောဖက်နာသန် သို့ ရောက် ၍၊
၃သို့ရာတွင်ထိုည၌ဘုရားသခင်သည်နာသန် အား၊
4 ၄ ငါ့ ကျွန် ဒါဝိဒ် ထံသို့ သွား လော့။ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် သည် ငါ နေ စရာဘို့အိမ် ကို မ ဆောက် ရ။
၄``ငါ၏အစေခံဒါဝိဒ်ထံသို့သွား၍သူသည် ငါကျိန်းဝပ်ရန်ဗိမာန်တော်ကိုတည်ဆောက် ရမည့်သူမဟုတ်ကြောင်းပြောကြားလော့။-
5 ၅ ဣသရေလ အမျိုးကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် သော နေ့ ကစ၍ ယနေ့ တိုင်အောင် အိမ် နှင့်ငါမ နေ။ တဲ တခုမှ တခုသို့ ပြောင်း၍ တဲ များတို့နှင့် နေပြီ။
၅ဣသရေလအမျိုးသားတို့ကိုအီဂျစ်ပြည်မှ ထုတ်ဆောင်လာချိန်မှအစပြု၍ ငါသည်အဘယ် အခါမျှဗိမာန်တော်တွင်မကျိန်းမဝပ်ခဲ့။ တဲ တော်များတွင်သာလျှင်ကျိန်းဝပ်၍ တစ်နေရာ မှတစ်နေရာသို့ပြောင်းရွှေ့ခဲ့၏။-
6 ၆ ဣသရေလ အမျိုးအပေါင်း နှင့် ငါလှည့်လည် ရာအရပ် တို့၌ ငါ ၏လူမျိုး ကို ကျွေးမွေး စေခြင်းငှါ ၊ ငါစေခိုင်း သော ဣသရေလ တရားသူကြီး တစုံတယောက် အား ၊ သင်သည် ငါ့ အဘို့ အာရဇ် သစ်သားအိမ် ကို အဘယ်ကြောင့် မ ဆောက် သနည်းဟု ငါဆို ဘူးသလော။
၆ဣသရေလပြည်သားတို့နှင့်အတူလှည့်လည် သွားလာလေသမျှသောအရပ်တို့တွင် ငါသည် မိမိခန့်ထားသောမည်သည့်ခေါင်းဆောင်ကို မျှ`သင်တို့သည်ငါ၏အတွက်အာရစ်သား ဗိမာန်တော်ကို အဘယ်ကြောင့်မတည်မဆောက် သနည်း' ဟုမေးမြန်းခဲ့ဖူးသည်မရှိ။''
7 ၇ ယခု မှာ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သိုးထိန်းရာသိုးခြံ ထဲက သင့် ကို ငါ နှုတ်ယူ ၍၊ ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို အုပ်စိုးသော မင်း အရာ၌ ငါခန့်ထားပြီ။
၇``သို့ဖြစ်၍ငါ၏အစေခံဒါဝိဒ်အား၊ အနန္တ တန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူသည် ကား`ငါသည်သင့်အားသိုးတို့ကိုထိန်းကျောင်း ရာမှခေါ်ယူ၍ ငါ၏လူမျိုးတော်ဣသရေလ အမျိုးသားတို့၏ဘုရင်အဖြစ်ဖြင့်ချီး မြှောက်တော်မူခဲ့၏။-
8 ၈ သင်သွား လေရာရာ ၌ ငါလိုက် ၍ ၊ သင် ၏ရန်သူ အပေါင်း တို့ကို သင့် ရှေ့ မှာ ပယ်ရှား သဖြင့် ၊ မြေကြီး သား လူကြီး ဂုဏ် အသရေကဲ့သို့ သင် ၌ ဂုဏ် အသရေကို ငါပေး ပြီ။
၈သင်သွားလေရာရာသို့သင်နှင့်အတူငါရှိ ခဲ့၏။ သင်၏လမ်းမှရန်သူအပေါင်းတို့ကို သုတ်သင်ဖျက်ဆီးခဲ့၏။ ကမ္ဘာမြေပေါ်တွင် အကြီးမြတ်ဆုံးသူများနည်းတူသင့်ကို ငါထင်ပေါ်ကျော်ကြားစေမည်။-
9 ၉ ထိုမှတပါး ၊ ငါ ၏လူ ဣသရေလ အမျိုးနေရာ အရပ်ကို ငါပြင်ဆင် ပြီ။ သူတို့သည်နောက် တဖန်မ ပြောင်း မလဲ၊ မိမိတို့နေရာ၌ နေ စေခြင်းငှါ ငါမြဲမြံ စေမည်။ မတရား သောသူတို့ သည် ရှေး ကာလ၌ ၎င်း၊
၉ငါသည်မိမိ၏လူမျိုးတော်ဖြစ်သောဣသရေလ အမျိုးသားတို့နေထိုင်ရန်အရပ်ကိုရွေးချယ်၍ သူ တို့အားနေရာချထားပေးခဲ့၏။ သူတို့သည်နောင် အဘယ်အခါ၌မျှဖိစီးနှိပ်စက်မှုကိုခံရ ကြလိမ့်မည်မဟုတ်။ ဤပြည်သို့ဝင်ရောက်လာ ချိန်မှအစပြု၍အကြမ်းဖက်သမားတို့၏ တိုက်ခိုက်မှုကိုခံခဲ့ရသော်လည်း နောင်အဘယ် အခါ၌မျှခံရကြတော့မည်မဟုတ်။ ငါ သည်သင်၏ရန်သူအပေါင်းကိုနှိမ်နင်းမည်၊ သင်၏အမျိုးအနွယ်ကိုလည်းတည်မြဲစေ မည်ဟူ၍ကတိပြု၏။-
10 ၁၀ ငါ ၏လူ ဣသရေလ အမျိုး တရားသူကြီး တို့ကို ခန့်ထား သော ကာလ ၌၎င်း၊ ညှဉ်းဆဲသကဲ့သို့ နောက် တဖန် မ ညှဉ်းဆဲရ။ သင့် ကိုလည်း ရန်သူ အပေါင်း တို့ လက်မှ ကယ်လွှတ်၍ ချမ်းသာပေးပြီ။ သင်၏အမျိုးအနွယ် ကိုလည်း ငါတည် စေမည်ဟု ထာဝရဘုရား မိန့် တော်မူပြီ။
၁၀
11 ၁၁ သင် သည် အသက် ကာလစေ့ ၍ ဘိုးဘေး နေရာ သို့ သွား ရသောအခါ ၊ သင် မှ ဆင်းသက်သော သားစု တွင်၊ သားတယောက်ကို ငါချီးမြှောက် ၍ သူ ၏နိုင်ငံ ကို တည်ထောင် မည်။
၁၁သင်သည်ကွယ်လွန်၍ဘိုးဘေးတို့၏သင်္ချိုင်း များအနီးတွင်သင်္ဂြိုဟ်ခြင်းကိုခံရသော အခါ ငါသည်သင့်သားတစ်ယောက်ကိုဘုရင် အဖြစ်ချီးမြှင့်၍သူ၏နိုင်ငံကိုတည်တံ့ ခိုင်မြဲစေမည်။-
12 ၁၂ ထိုသား သည်ငါ့ အဘို့ အိမ် ကိုဆောက် လိမ့်မည်။ သူ ထိုင်သော ရာဇပလ္လင် ကိုအစဉ်အမြဲ ငါတည် စေမည်။
၁၂သူသည်ငါ၏အတွက်ဗိမာန်တော်တစ်ဆောင် ကိုတည်ဆောက်လိမ့်မည်။ ငါသည်လည်းသူ၏ မင်းဆက်ကိုထာဝစဉ်တည်မြဲစေမည်။-
13 ၁၃ ငါ သည်သူ ၏ အဘ ဖြစ် မည်။ သူ သည်လည်း ငါ ၏သား ဖြစ် လိမ့်မည်။ သင့် ရှေ့ မှာရှိ သော သူ ၌ ငါ ၏ ကရုဏာ ကို နှုတ် သကဲ့သို့ သင်၏သား၌ ငါမ နှုတ်။
၁၃ငါသည်သူ၏အဖဖြစ်လိမ့်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။ ငါသည်သင့်အားဘုရင် အဖြစ်ဖြင့်ချီးမြှောက်နိုင်ရန်ရှောလုကိုဖယ် ရှား၍ ငါ၏အထောက်အကူကိုသူ့ထံမှ ရုတ်သိမ်းသကဲ့သို့ သင်၏သားထံမှရုတ်သိမ်း လိမ့်မည်မဟုတ်။-
14 ၁၄ ထိုသားကိုငါ့ အိမ် ၊ ငါ့ နိုင်ငံ ၌ အစဉ်အမြဲ နေရာ ချမည်။ သူ ၏ ရာဇပလ္လင် သည်လည်း အစဉ်အမြဲ တည် ရ လိမ့်မည်ဟု ငါ့ ကျွန် ဒါဝိဒ် အား ပြော လော့ဟု မိန့် တော်မူ ၏။
၁၄ငါ၏လူမျိုးတော်နှင့်ငါ့နိုင်ငံတော်ကိုထာဝ စဉ်စောင့်ရှောက်ရန် သူ့ကိုတာဝန်ပေးအပ်မည်။ သူ၏မင်းဆက်သည်အဘယ်အခါ၌မျှ ပြတ်ရလိမ့်မည်မဟုတ်' ဟုပြောကြားလော့'' ဟူ၍နာသန်အားမိန့်တော်မူ၏။
15 ၁၅ ထို ဗျာဒိတ် တော်စကား အလုံးစုံ တို့ကို နာသန် သည် ဒါဝိဒ် အား ပြန်ပြော လေ၏။
၁၅နာသန်သည်ဘုရားသခင်ဖွင့်ပြတော်မူသော ဗျာဒိတ်တော်မှန်သမျှကို ဒါဝိဒ်အားပြန် ကြားလျှောက်ထားလေ၏။
16 ၁၆ ထိုအခါ ဒါဝိဒ် မင်းကြီး သည် အထဲသို့ဝင် ၍ ထာဝရဘုရား ရှေ့ တော်၌ထိုင် လျက် ၊ အိုထာဝရ အရှင် ဘုရားသခင် ၊ အကျွန်ုပ် ကို ဤမျှလောက် ချီးမြှောက်တော်မူ မည်အကြောင်း အကျွန်ုပ် သည် အဘယ်သို့ သောသူဖြစ် ပါသနည်း။ အကျွန်ုပ် အမျိုး သည် အဘယ်သို့ သော အမျိုးဖြစ်ပါသနည်း။
၁၆ဒါဝိဒ်မင်းသည်တဲတော်ထဲသို့ဝင်၍ထာဝရ ဘုရား၏ရှေ့တော်၌ထိုင်ပြီးလျှင်``အို ထာဝရ အရှင်ဘုရားသခင်၊ ကျွန်တော်မျိုးနှင့်ကျွန် တော်မျိုး၏အိမ်ထောင်စုသည် ကိုယ်တော်ရှင် ပြုတော်မူသောကျေးဇူးတော်အပေါင်းနှင့် မထိုက်တန်ပါ။-
17 ၁၇ သို့ရာတွင် အိုဘုရားသခင်၊ ထိုကျေးဇူးတော်ကို သာမညကျေးဇူးဟု ထင်မှတ်တော်မူသောကြောင့်၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ်ကို ကြာမြင့်စွာသော ကာလနှင့်ယှဉ်လျက် မိန့်တော်မူပါသည်တကား။ အို ထာဝရအရှင်ဘုရားသခင်၊ အကျွန်ုပ်ကို ဘုန်းကြီးသော သူကဲ့သို့မှတ်တော်မူပါသည်တကား။
၁၇သို့ရာတွင်ကိုယ်တော်ရှင်သည်ဤထက်မက ပို၍ပင် ကျေးဇူးပြုတော်မူလျက်ရှိပါ၏။ နောင်လာလတ္တံ့သောနှစ်များတွင်ကျွန်တော်မျိုး ၏သားမြေးတို့အတွက် မည်သို့ပြုတော်မူမည် ကိုကတိထားတော်မူပါပြီ။ အို ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော် မျိုးအားကြီးမြတ်သူတစ်ဦးအဖြစ်ကြို တင်၍သိမှတ်တော်မူပါပြီ။-
18 ၁၈ ကိုယ်တော် ကျွန် ဒါဝိဒ် သည် ကိုယ်ဘုန်း ကြီးစေခြင်းငှါ ၊ အဘယ်သို့ တိုးတက် ၍ လျှောက်ရပါမည်နည်း။ ကိုယ်တော် သည် ကိုယ်တော် ကျွန် ကို သိ တော်မူ၏။
၁၈ဤထက်ပို၍မည်သို့လျှောက်ထားရပါမည် နည်း။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ အကြောင်းကိုကောင်းစွာသိတော်မူသော်လည်း ကိုယ်တော်ရှင်၏အစေခံကျွန်တော်မျိုးအား ချီးမြှင့်မြှောက်စားတော်မူပါ၏။-
19 ၁၉ အိုထာဝရဘုရား ၊ ကိုယ်တော် ကျွန် အကျိုးကိုထောက်၍ အလို တော်ရှိသည်အတိုင်း ဤ ကြီးစွာ သော အမှုအလုံးစုံ တို့ကို ထင်ရှား စေခြင်းငှါ အလုံးစုံ တို့ကို ပြု တော်မူပြီ။
၁၉အနာဂတ်ကာလ၌ကျွန်တော်မျိုးကြီးမြတ် လာမည်ကိုဖော်ပြရန် ကျွန်တော်မျိုးအတွက် အလိုတော်နှင့်အကြံအစည်တော်အရ ဤ သို့ပြုတော်မူခြင်းပင်ဖြစ်ပါ၏။-
20 ၂၀ သို့ဖြစ်၍အိုထာဝရဘုရား ၊ အကျွန်ုပ်တို့ ကြား သမျှ အတိုင်း ကိုယ်တော် နှင့်တူ သောဘုရား၊ ကိုယ်တော် မှတပါး အခြားသော ဘုရား မည်မျှမ ရှိပါ။
၂၀အို ထာဝရဘုရား၊ ကိုယ်တော်ရှင်နှင့်အဘယ် သူမျှမတူပါ။ ကျွန်တော်မျိုးတို့အစဉ်သိ မြင်သည်အတိုင်း ကိုယ်တော်ရှင်သာလျှင် ဘုရားသခင်ဖြစ်တော်မူပါ၏။-
21 ၂၁ အဲဂုတ္တု ပြည်မှ ရွေးနှုတ် တော်မူသော ကိုယ်တော် ၏ လူမျိုး ရှေ့ မှလူအမျိုးမျိုးတို့ကို နှင်ထုတ် သဖြင့်၊ ကြီးမြတ် ၍ ကြောက်မက် ဘွယ်သော နာမ တော်ကို ကိုယ်တော် အဘို့ ထင်ရှား စေခြင်းငှါ ၊ ဘုရားသခင် ကြွ ၍ ကိုယ်တော် အဘို့ ရွေးနှုတ် တော်မူသော ကိုယ်တော် ၏လူ ဣသရေလ အမျိုး နှင့်တူ သော လူမျိုး တစုံတမျိုး သည် မြေကြီး ပေါ် မှာ ရှိပါသလော။
၂၁ကမ္ဘာမြေကြီးပေါ်တွင်ဣသရေလလူမျိုးနှင့် တူသောလူမျိုးမရှိပါ။ သူတို့အားကိုယ်တော် ရှင်သည်မိမိပိုင်တော်မူသောလူမျိုးတော်ဖြစ် လာစေရန် ကျွန်ဘဝမှကယ်ဆယ်တော်မူခဲ့ ပါ၏။ သူတို့အတွက်ကိုယ်တော်ပြုတော်မူ သောကြီးမြတ်၍အံ့သြဖွယ်ကောင်းသည့် အမှုများကြောင့် ဂုဏ်သတင်းတော်သည်ကမ္ဘာ သို့ပျံ့နှံ့ပါ၏။ ကိုယ်တော်ရှင်သည်မိမိ၏ လူစုတော်အားအီဂျစ်ပြည်မှကယ်ဆယ် တော်မူခဲ့ပြီးလျှင် သူတို့ချီတက်လာကြ သောအခါအခြားလူမျိုးအပေါင်းတို့ ကိုနှင်ထုတ်တော်မူပါ၏။-
22 ၂၂ အကြောင်း မူကား၊ ကိုယ်တော် ၏လူ ဣသရေလ အမျိုးသည် အစဉ်အမြဲ ကိုယ်တော် ၏လူ ဖြစ်စေခြင်းငှါ ပြု ၍၊ ကိုယ်တော် ထာဝရဘုရား သည်သူ တို့ဘုရားသခင် ဖြစ် တော်မူ၏။
၂၂ဣသရေလအမျိုးသားတို့အား ကိုယ်တော်ရှင် ထာဝစဉ်ပိုင်တော်မူသောလူမျိုးတော်ဖြစ်စေ တော်မူပါပြီ။ အို ထာဝရဘုရား၊ ကိုယ်တော် ရှင်သည်သူတို့၏ဘုရားသခင်ဖြစ်လာတော် မူပါပြီ။
23 ၂၃ ယခု မှာအိုထာဝရဘုရား ၊ ကိုယ်တော် ကျွန် ၌ ၎င်း ၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ် ၌ ၎င်း၊ မိန့် တော်မူသော စကား တော် အစဉ်အမြဲ တည် ပါစေသော။ မိန့် တော်မူသည် အတိုင်း ပြု တော်မူပါ။
၂၃``သို့ဖြစ်၍ထာဝရဘုရား၊ ကျွန်တော်မျိုး နှင့်သားမြေးတို့အတွက်ကိုယ်တော်ရှင်ပြု တော်မူသောကတိတော်ကို ယခုပင်အကောင် အထည်ပေါ်စေတော်မူပါ။ ကိုယ်တော်ရှင်ပြု တော်မူမည်ဟုအမိန့်တော်ရှိသည်အတိုင်း အစဉ်ပင်ပြုတော်မူပါ။-
24 ၂၄ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ဣသရေလ အမျိုး၏ဘုရားသခင် ဖြစ်တော်မူသည်ဟူ၍နာမ တော်သည် အစဉ်အမြဲ ချီးမြှောက် ခြင်းရှိမည် အကြောင်း၊ အမိန့်တော်သည် အစဉ်အမြဲတည် ပါစေသော။ ကိုယ်တော် ကျွန် ဒါဝိဒ် ၏ အမျိုးအနွယ် သည် ရှေ့ တော်၌ တည် ပါစေသော။
၂၄ကိုယ်တော်ရှင်၏သတင်းတော်သည်ထင်ပေါ် ကျော်ကြားပါလိမ့်မည်။ လူတို့ကလည်း`အနန္တ တန်ခိုးရှင်ထာဝရဘုရားသည် ဣသရေလ အမျိုးသားအပေါင်းတို့၏ဘုရားဖြစ်တော် မူ၏' ဟုအစဉ်အမြဲမြွက်ဆိုကြပါလိမ့် မည်။ ကျွန်တော်မျိုး၏ရာဇပလ္လင်ကိုလည်း ထာဝစဉ်တည်စေတော်မူပါလိမ့်မည်။-
25 ၂၅ အကြောင်း မူကား၊ အိုကျွန်ုပ် ၏ဘုရားသခင် ၊ ကိုယ်တော်က သင်၏အမျိုးအနွယ် ကို ငါတည် စေမည်ဟု ကိုယ်တော် ကျွန် အား ဗျာဒိတ် ပေးတော်မူသောကြောင့်၊ ကိုယ်တော်ကျွန်သည် ရှေ့ တော်၌ ပဌနာ ပြုချင်သောစိတ် ရှိ ပါ၏။
၂၅ကိုယ်တော်ရှင်သည်မိမိ၏အစေခံကျွန်တော် မျိုးအား ဤအမှုအရာအလုံးစုံကိုဖွင့်ပြ တော်မူသောကြောင့်လည်းကောင်း၊ ကျွန်တော် မျိုး၏သားမြေးတို့အားဘုရင်အဖြစ်ဖြင့် ချီးမြှင့်မြှောက်စားတော်မူမည်ဟုမိန့်တော် မူသောကြောင့်လည်းကောင်းကျွန်တော်မျိုး သည် ဤဆုတောင်းပတ္ထနာကိုကျွန်တော်မျိုး ၏ဘုရားထံတော်သို့တင်လျှောက်ဝံ့ခြင်း ဖြစ်ပါ၏။-
26 ၂၆ ယခု လည်း အိုထာဝရဘုရား ၊ ကိုယ်တော် သည် ဘုရားသခင် မှန်တော်မူ၏။ ဤ ကျေးဇူး ကို ကိုယ်တော် ကျွန် ၌ ဂတိ ထားတော်မူပြီ။
၂၆အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဘုရားသခင်ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအား ဤအံ့သြဖွယ်သောကတိတော်ကိုပေး တော်မူပါပြီ။-
27 ၂၇ သို့ဖြစ်၍ ကိုယ်တော် ကျွန် ၏ အမျိုးအနွယ် သည် ရှေ့ တော်၌ အစဉ်အမြဲ တည် ပါမည်အကြောင်းကောင်းကြီး ပေးခြင်းငှါ နူးညွတ် သောစိတ် ရှိတော်မူပါ။ အိုထာဝရ ဘုရား ကိုယ်တော် သည်ကောင်းကြီး ပေးတော်မူလျှင်၊ ကောင်းကြီး မင်္ဂလာကို အစဉ်အမြဲ ခံရပါလိမ့်မည်ဟု ဆုတောင်းသတည်း။
၂၇ကျွန်တော်မျိုး၏သားမြေးတို့သည်ကိုယ်တော် ရှင်၏ရှေ့တော်၌ဆက်လက်၍မျက်နှာရကြ စေရန် သူတို့အားကောင်းချီးပေးတော်မူပါ ဟုပန်ကြားလျှောက်ထားပါ၏။ အို ထာဝရ ဘုရား၊ ကိုယ်တော်ရှင်သည်သူတို့အားကောင်း ချီးပေးတော်မူပါပြီ။ သူတို့သည်ကိုယ်တော် ရှင်၏ကောင်းချီးမင်္ဂလာကိုအစဉ်အမြဲ ခံစားရကြပါစေသော'' ဟုဆုတောင်း သတည်း။