< ဇာခရိ 4 >

1 ငါ​နှင့်​စ​ကား​ပြော​ဆို​နေ​ခဲ့​သည့်​ကောင်း​ကင် တ​မန်​သည် တစ်​ဖန်​လာ​၍​အိပ်​ပျော်​သူ​ကို နှိုး​သ​ကဲ့​သို့​ငါ့​ကို​နှိုး​ပြီး​လျှင်၊-
And the angel that talked with me came again, and waked me, as a man that is wakened out of his sleep.
2 ``အ​ဘယ်​အ​ရာ​ကို​သင်​မြင်​ပါ​သ​နည်း'' ဟု​မေး​၏။ ငါ​က​လည်း``ရွှေ​မီး​တင်​ခုံ​တစ်​ခု ကို​မြင်​ပါ​သည်။ မီး​တင်​ခုံ​တိုင်​ထိပ်​တွင်​ဆီ ခွက်​တစ်​ခု​ရှိ​ပါ​သည်။ မီး​တင်​ခုံ​ပေါ်​တွင် မီး​စာ​ခု​နစ်​စ​စီ​ရှိ​သော​မီး​ခွက်​ခု​နစ်​လုံး ရှိ​ပါ​သည်။-
And he said unto me, What seest thou? And I said, I see, and behold, a lamp-stand all of gold, with a bowl upon the top of it, and its seven lamps thereon, seven [lamps] and seven pipes to the lamps, which are upon the top thereof;
3 မီး​တင်​ခုံ​၏​နံ​ဘေး​တစ်​ဖက်​တစ်​ချက်​တွင် သံ​လွင်​ပင်​တစ်​ပင်​စီ​ရှိ​ပါ​သည်'' ဟု​ဖြေ ကြား​လိုက်​လေ​သည်။-
and two olive-trees beside it, one on the right of the bowl, and the other on the left of it.
4 ထို​နောက်​ငါ​သည်​ကောင်း​ကင်​တ​မန်​အား၊ အ​ရှင် ဤ​အ​ရာ​တို့​သည်​အ​ဘယ်​အ​ဖြစ်​အ​ပျက် များ​ကို​သ​ရုပ်​ဆောင်​ပါ​သ​နည်း'' ဟု​မေး​၏။
And I answered and spoke to the angel that talked with me, saying, What are these, my lord?
5 ကောင်း​ကင်​တ​မန်​က``သင်​မ​သိ​ပါ​သ​လော'' ဟု​ဆို​လျှင် ငါ​က​လည်း``အ​ရှင်​အ​ကျွန်ုပ်​မ သိ​ပါ'' ဟု​ပြန်​လည်​ဖြေ​ကြား​လိုက်​၏။
And the angel that talked with me answered and said unto me, Knowest thou not what these are? And I said, No, my lord.
6 ကောင်း​ကင်​တ​မန်​က​ငါ့​အား``သင်​သည်​ဇေ​ရု​ဗ ဗေ​လ​သို့​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သည့်​ဤ ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား​လော့။ ကိုယ်​တော်​က သူ့​အား`သင်​သည်​မိ​မိ​၏​တန်​ခိုး​စွမ်း​ရည်​အား ဖြင့်​သော်​လည်း​ကောင်း၊ စစ်​သည်​ဗိုလ်​ခြေ​အင်​အား အား​ဖြင့်​သော်​လည်း​ကောင်း​ဤ​အ​မှု​ကို​ပြု လိမ့်​မည်​မ​ဟုတ်။ ငါ​၏​ဝိ​ညာဉ်​တော်​တန်​ခိုး တော်​အား​ဖြင့်​သာ​လျှင်​ပြု​နိုင်​လိမ့်​မည်'' ဟု အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​၏။-
And he answered and spoke unto me, saying, This is the word of Jehovah unto Zerubbabel, saying, Not by might, nor by power, but by my Spirit, saith Jehovah of hosts.
7 တောင်​များ​သ​ဖွယ်​ကြီး​မား​သည့်​အ​ခက် အ​ခဲ​တို့​သည်​သင်​၏​ရှေ့​မှ​ကွယ်​ပျောက်​သွား လိမ့်​မည်။ သင်​သည်​ဗိ​မာန်​တော်​ကို​ပြန်​လည် တည်​ဆောက်​ရ​လိမ့်​မည်။ တိုက်​ထောင့်​အ​ထွတ် ကျောက်​ကို​အ​ပြီး​သတ်​တပ်​ဆင်​လိုက်​သော အ​ခါ ပြည်​သူ​တို့​က`တင့်​တယ်​လှ​ပါ​ပေ​သည်၊ တင့်​တယ်​လှ​ပါ​ပေ​သည်' ဟု​ကြွေး​ကြော် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။''
Who art thou, O great mountain? before Zerubbabel [thou dost become] a plain; and he shall bring forth the head-stone with shoutings: Grace, grace unto it!
8 ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​အ​ခြား​နှုတ် က​ပတ်​တော်​တစ်​ပါး​သည် ငါ​၏​ထံ​တော် သို့​ရောက်​ရှိ​လာ​ပြန်​၏။-
And the word of Jehovah came unto me, saying,
9 ကိုယ်​တော်​က၊``ဇေ​ရု​ဗ​ဗေ​လ​သည်​ဗိ​မာန် တော်​အုတ်​မြစ်​ကို​ချ​ထား​ပြီး​လေ​ပြီ။ သူ သည်​ထို​အ​ဆောက်​အ​ဦး​ကို​လက်​စ​သတ် ရ​ပေ​လိမ့်​မည်။ ယင်း​သို့​လက်​စ​သတ်​သော အ​ခါ​၌​ငါ​၏​လူ​မျိုး​တော်​သည် မိ​မိ​တို့ ထံ​သို့​သင့်​ကို​စေ​လွှတ်​ခဲ့​သူ​မှာ အ​နန္တ​တန်​ခိုး ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​ကြောင်း​သိ​ရှိ ကြ​လိမ့်​မည်။-
The hands of Zerubbabel have laid the foundation of this house; and his hands shall finish it: and thou shalt know that Jehovah of hosts hath sent me unto you.
10 ၁၀ သူ​သည်​ဗိ​မာန်​တော်​ဆောက်​လုပ်​ရာ​တွင် တိုး တက်​မှု​နှေး​ကွေး​သည့်​အ​တွက်​စိတ်​ပျက်​ကြ သော်​လည်း ဗိ​မာန်​တော်​ကို​ဇေ​ရု​ဗ​ဗေ​လ​သည် ချိန်​ကြိုး​ကိုင်​လျက် ဆက်​လက်​တည်​ဆောက်​လျက် နေ​ကြောင်း​ကို​တွေ့​မြင်​ရ​သော​အ​ခါ​၌​မူ ဝမ်း​မြောက်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ကောင်း​ကင်​တ​မန်​က​ငါ့​အား``မီး​ခွက်​ခု​နစ် ခု​သည်​ကမ္ဘာ​မြေ​ကြီး​တစ်​ခု​လုံး​ကို​တွေ့ မြင်​နိုင်​သော ထာ​ဝ​ရ​ဘု​ရား​၏​မျက်​စိ ခု​နစ်​လုံး​ဖြစ်​၏'' ဟု​ပြော​၏။
For who hath despised the day of small things? Yea, they shall rejoice [even] those seven — and shall see the plummet in the hand of Zerubbabel: these are the eyes of Jehovah, which run to and fro in the whole earth.
11 ၁၁ ထို​အ​ခါ​ငါ​သည်​သူ့​အား``မီး​တင်​ခုံ​၏ တစ်​ဖက်​တစ်​ချက်​တွင်​ရှိ​သော​သံ​လွင်​ပင် နှစ်​ပင်​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကား​အ​ဘယ် သို့​နည်း။-
And I answered and said unto him, What are these two olive-trees on the right of the lamp-stand and on its left?
12 ၁၂ သံ​လွင်​ဆီ​များ​ကျ​ဆင်း​ရာ​ရွှေ​ပြွန်​နှစ်​လုံး ၏​နံ​ဘေး​တွင်​ရှိ​သော​သံ​လွင်​ခက်​နှစ်​ခု​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​မှာ​လည်း​အ​ဘယ်​နည်း'' ဟု မေး​၏။
And I answered the second time and said unto him, What are the two olive-branches which are beside the two golden tubes that empty the gold out of themselves?
13 ၁၃ သူ​က​ငါ့​အား``သင်​မ​သိ​ပါ​သ​လော'' ဟု ဆို​လျှင်၊ ငါ​က​လည်း`အ​ရှင်​အ​ကျွန်ုပ်​မ​သိ​ပါ' ဟု ပြန်​လည်​ဖြေ​ကြား​လိုက်​၏။
And he spoke to me, saying, Knowest thou not what these are? And I said, No, my lord.
14 ၁၄ ထို​အ​ခါ​ကောင်း​ကင်​တ​မန်​က``ဤ​အ​ရာ တို့​သည်​ကမ္ဘာ​မြေ​ပြင်​တစ်​ခု​လုံး​ကို​အ​စိုး ရ​သော​အ​ရှင်၊ ဘု​ရား​သ​ခင်​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​ရန်​ကိုယ်​တော်​ရွေး​ချယ်​ဘိ​သိက် ပေး​တော်​မူ​သော​သူ​နှစ်​ဦး​ဖြစ်​၏'' ဟု​ဆို လေ​သည်။
And he said, These are the two sons of oil, that stand before the Lord of the whole earth.

< ဇာခရိ 4 >