< ရုသ 2 >
1 ၁ နောမိတွင်ဗောဇဆိုသူ ဆွေမျိုးတစ်ဦးရှိ ၏။ သူသည်နောမိ၏ခင်ပွန်းဧလိမလက်၏ သားချင်းစုဝင်၊ ချမ်းသာကြွယ်ဝ၍ သြဇာ ရှိသူတစ်ဦးဖြစ်ပေသည်။-
Noemi imaše rođaka po mužu, čovjeka vrlo imućna, iz porodice Elimelekove: zvao se Boaz.
2 ၂ ရုသကနောမိအား``ကောက်ရိတ်သူတို့ချန် ထားခဲ့သည့်ကောက်သင်းကိုကောက်ရန် ကျွန်မ အားလယ်ကွင်းများသို့သွားခွင့်ပြုပါ။ ကျွန် မသည်ဤသို့ကောက်ခွင့်ပြုမည့်တစ်စုံတစ် ယောက်ကိုတွေ့ပါလိမ့်မည်'' ဟုဆိုလျှင်၊ နောမိကလည်း``ငါ့သမီး၊ သွားလေတော့'' ဟုပြန်ပြော၏။
Tada Ruta Moapka reče Noemi: “Htjela bih ići u polje pabirčiti klasje za onim u koga nađem milost.” Ona joj odgovori: “Hajde, kćeri moja!”
3 ၃ သို့ဖြစ်၍ရုသသည်လယ်ကွင်းများသို့သွား ပြီးလျှင် ကောက်ရိတ်သမားများ၏နောက်မှ လိုက်၍ သူတို့ချန်ထားခဲ့သည့်ကောက်သင်း ကိုကောက်၏။ သူသွားရောက်မိသည့်လယ်ကွင်း မှာဗောဇပိုင်သောလယ်ကွင်းဖြစ်နေသည်။
I ode, dođe u polje te poče pabirčiti za žeteocima. A sreća je dovede u polje koje pripadaše Boazu, iz roda Elimelekova.
4 ၄ အချိန်အနည်းငယ်ကြာသောအခါ ဗောဇ ကိုယ်တိုင်ပင်ဗက်လင်မြို့မှရောက်ရှိလာလျက် မိမိ၏အလုပ်သမားများအား``ထာဝရ ဘုရားသည်သင်တို့နှင့်အတူရှိတော်မူ ပါစေသော'' ဟုဆို၍နှုတ်ဆက်၏။ ကောက်ရိတ်သမားများက``ထာဝရဘုရား သည် အရှင့်အားကောင်းချီးပေးတော်မူပါစေ သော'' ဟုပြန်ပြောကြ၏။
I gle, dođe Boaz iz Betlehema. “Jahve bio s vama!” - pozdravi on žeteoce. A oni mu odgovoriše: “Jahve te blagoslovio!”
5 ၅ ဗောဇသည်အလုပ်သမားခေါင်းဆောင် အား``ထိုသူငယ်မသည်အဘယ်သူဖြစ် ပါသနည်း'' ဟုမေး၏။
Boaz će nato momku koji je nadzirao žeteoce: “Čija je ona mlada žena?”
6 ၆ အလုပ်သမားခေါင်းဆောင်က``ထိုသူငယ်မ သည် မောဘပြည်မှနောမိနှင့်အတူလိုက်လာ သည့်မောဘအမျိုးသမီးဖြစ်ပါသည်။-
A momak koji bijaše nad žeteocima odgovori: “Ono je mlada Moapka što je došla prateći Noemi s Moapskih poljana.
7 ၇ သူသည်ကောက်ရိတ်သမားများ၏နောက်မှ လိုက်၍ ကောက်သင်းကောက်ခွင့်ကိုကျွန်တော် ၏ထံတွင်တောင်းခံကာ နံနက်စောစောမှစ ၍ကောက်သင်းကောက်လျက်နေခဲ့ပါ၏။ ယခု မှသာလျှင်လယ်တဲတွင်ခေတ္တနားနေပါသည်'' ဟုပြန်လည်ဖြေကြား၏။
Pitala je: 'Smijem li pabirčiti i kupiti klasje između snopova za žeteocima?' I došla je, eto, i ostala od ranog jutra sve dosad; i samo je malo ušla u kuću.”
8 ၈ ထိုအခါဗောဇကရုသအား``နားထောင်ပါ ငါ့သမီး၊ ဤလယ်ကွင်းမှတစ်ပါးအခြား လယ်ကွင်းများသို့သွား၍ ကောက်သင်းမကောက် ပါနှင့်။ ဤလယ်ကွင်းတွင်နေ၍အမျိုးသမီး များနှင့်အတူလုပ်ဆောင်ပါလော့။-
Onda Boaz reče Ruti: “Čuj me, kćeri moja, ne idi pabirčiti u drugoga nego se drži mojih njiva i mojih poslenika.
9 ၉ သူတို့အဘယ်နေရာတွင်ကောက်ရိတ်ကြသည် ကိုစောင့်၍ ကြည့်ကာသူတို့နှင့်အတူလိုက်သွား ပါလော့။ သင့်အားအနှောင့်အယှက်မပေးရန် ငါ၏အလုပ်သမားများကိုမှာထားပြီ။ သင် ရေငတ်သည့်အခါအိုးထားရာသို့သွား၍ သူ တို့ခပ်ထားသည်ရေကိုသောက်ပါလော့'' ဟု ဆို၏။
Pazi na kojoj njivi oni žanju, pa idi za njima. A naredio sam momcima da te nitko ne dira. Kad ožedniš, idi k posudama i pij što moje sluge zahitaju.”
10 ၁၀ ရုသသည်မြေသို့တိုင်အောင်ဦးညွှတ်ပျပ်ဝပ် လျက် ဗောဇအား``အရှင်သည်အဘယ်ကြောင့် ကျွန်မကဲ့သို့နိုင်ငံခြားသူတစ်ဦးကို ဤမျှ ဂရုတစိုက်ပြု၍သနားကြင်နာပါသနည်း'' ဟုဆိုလျှင်၊
Ona tada pade ničice, pokloni se do zemlje i reče: “Čime sam stekla toliku milost u očima tvojim da mi posvećuješ pažnju kad sam tuđinka?”
11 ၁၁ ဗောဇက``သင်သည်ခင်ပွန်းကွယ်လွန်ချိန်မှစ ၍ မိမိ၏ယောက္ခမအားအဘယ်သို့ပြုစုခဲ့ သည်ကိုငါကြားသိပြီးပါပြီ။ သင်သည် အဘယ်သို့မိမိ၏မိဘများနှင့်တိုင်းပြည် ကိုစွန့်ခွာလျက် ယခင်အဘယ်အခါကမျှ မတွေ့မမြင်ဘူးသည့်အမျိုးသားတို့နှင့် အတူနေထိုင်ရန်လာရောက်ခဲ့ကြောင်းကို လည်းငါသိပါ၏။-
Boaz joj odgovori: “Čuo sam što si sve učinila za svoju svekrvu poslije smrti svoga muža; kako si ostavila oca svoga, majku svoju i zavičaj svoj te došla u narod kojega do jučer ili prekjučer nisi poznavala.
12 ၁၂ ထာဝရဘုရားသည်ယင်းသို့သင်ပြုသည့် အတွက် သင့်အားဆုကျေးဇူးတော်ကိုချ ပေးတော်မူပါစေသော။ သင်ခိုလှုံချဉ်းကပ် သည့်ဣသရေလအမျိုးသားတို့၏ဘုရား သခင်ထာဝရဘုရားသည် သင့်အားဆု ကျေးဇူးတော်ကိုအပြည့်အဝချပေး တော်မူပါစေသော'' ဟုဆိုလေ၏။
Neka ti Jahve plati sve što si učinila i neka ti udijeli pravu nagradu Jahve, Bog Izraelov, kad si došla da se pod krila njegova skloniš!”
13 ၁၃ ရုသကလည်း``အရှင်၊ အရှင်သည်ကျွန်မ အပေါ်တွင်များစွာကရုဏာထားပါပြီ။ ကျွန်မသည်အရှင့်အစေခံများ၏အဆင့် အတန်းကိုမီသူပင်မဟုတ်သော်လည်း အရှင် သည်ချိုသာစွာပြောဆိုခြင်းအားဖြင့်ကျွန်မ ကိုအားတက်စေပါ၏'' ဟုပြန်ပြော၏။
Ona preuze: “Kad bih mogla uvijek nalaziti milost u tvojim očima, gospodaru, jer si me utješio i milostivo progovorio sluškinji svojoj, ako i nisam kao jedna od tvojih sluškinja.”
14 ၁၄ ထမင်းစားချိန်ရောက်သောအခါ၌ ဗောဇ သည်ရုသအား``လာ၍မုန့်သုံးဆောင်လော့။ မုန့်ကိုအချဉ်ရည်တွင်နှစ်၍စားလော့'' ဟု ဆို၏။ သို့ဖြစ်၍ရုသသည် အလုပ်သမား များနှင့်အတူထိုင်လေသည်။ ထိုအခါဗောဇ သည်သူ့အားပေါက်ပေါက်အနည်းငယ်ကို လှမ်း၍ပေး၏။ ရုသသည်ဝအောင်စားပြီး နောက်မုန့်ကျန်သေး၏။-
Kad bijaše vrijeme ručku, Boaz joj reče: “Hodi ovamo, jedi ovog kruha i umoči svoj zalogaj u ocat!” Ona sjede pokraj žetelaca, a on stavi pred nju prženih zrna. Jela je i nasitila se i još joj preteče.
15 ၁၅ ထိုနောက်သူသည်ကောက်သင်းကောက်ရန်ထ ၍သွားသောအခါ ဗောဇသည်အလုပ်သမား များအား``သူ့အားကောက်လှိုင်းစီးများချ ထားရာအရပ်၌ပင် ကောက်သင်းကောက်ခွင့် ပြုကြလော့။ သူ့အားမဟန့်တားကြနှင့်။-
Kad je ustala da pabirči dalje, Boaz zapovjedi svojim slugama: “I među snopljem neka ona pabirči, a vi joj nemojte zanovijetati.
16 ၁၆ ကောက်လှိုင်းစည်းများမှစပါးနှံအနည်း ငယ်ကိုဆွဲထုတ်၍ သူ၏အတွက်ချထား ပေးကြလော့'' ဟုမှာကြားလေ၏။
Nego navlaš ispuštajte klasove iz svojih rukoveti i ostavljajte joj neka kÓupi i nemojte je koriti!”
17 ၁၇ သို့ဖြစ်၍ရုသသည် လယ်ကွင်းထဲတွင်ညနေ စောင်းသည်တိုင်အောင် ကောက်သင်းကောက်ပြီး နောက်ကောက်နှံများကို နယ်လိုက်သောအခါ မုယောစပါးတင်းဝက်ခန့်ရရှိလေသည်။-
I tako je pabirčila sve do večeri, pa onda ovrše ono što je napabirčila: bijaše otprilike jedna efa ječma.
18 ၁၈ သူသည်ထိုစပါးကိုယူ၍မြို့သို့ပြန်ပြီး လျှင် မိမိ၏ယောက္ခမအားပြ၏။ မိမိချန် ထားသည့်အစားအစာကိုလည်းပေး၏။-
Uze ona svoje i dođe u grad, a svekrva vidje koliko je napabirčila. Tada Ruta izvadi i dade joj što joj bijaše preteklo pošto se nasitila.
19 ၁၉ နောမိက``သင်သည်ယနေ့အဘယ်မှာကောက် သင်းကောက်ခဲ့ပါသနည်း။ မည်သူ့လယ်တွင် ကောက်ခဲ့ပါသနည်း။ ဘုရားသခင်သည် သင့် ကိုကြည့်ရှုသူအားကောင်းချီးပေးတော် မူပါစေသော'' ဟုဆို၏။ သို့ဖြစ်၍ရုသသည်ဗောဇအမည်ရှိသူလူ တစ်ဦး၏လယ်တွင် မိမိကောက်သင်းကောက်ခဲ့ ကြောင်းကိုနောမိအားပြောပြလေသည်။
Svekrva je upita: “Gdje si pabirčila danas? Gdje si radila? Neka je blagoslovljen onaj koji je pogledao na te!” Onda ona pripovjedi svekrvi kod koga je radila i reče: “Čovjek u koga sam danas radila zove se Boaz.”
20 ၂၀ နောမိကလည်း``ထာဝရဘုရားသည် ဗောဇ အားကောင်းချီးပေးတော်မူပါစေသော။ ထာဝရ ဘုရားသည်အသက်ရှင်သူ၊ သေသူတို့အား မိမိထားရှိသည့်ကတိတော်တို့ကိုအစဉ် အမြဲတည်စေတော်မူပါ၏'' ဟုဆိုပြီးလျှင် ဆက်လက်၍``ဤသူသည်ငါတို့နှင့်ဆွေမျိုး ရင်းချာတော်စပ်၍ ငါတို့အားကြည့်ရှုစောင့် ရှောက်ရန်အတွက်တာဝန်ရှိသူတစ်ဦးဖြစ် သည်'' ဟုဆို၏။
Tada će Noemi svojoj snasi: “Neka Jahve blagoslovi onoga koji ne uskraćuje dobrote svoje ni živima ni mrtvima!” I dometnu Noemi: “Taj je čovjek naš rod; jedan od naših skrbnika.”
21 ၂၁ ထိုအခါရုသက``မုယောစပါးကိုအလုပ် သမားတို့ရိတ်သိမ်းကာလမကုန်မချင်း ကောက်သင်းလာ၍ ကောက်ရန်ကျွန်မအားသူ မှာကြားလိုက်ပါသည်'' ဟုပြော၏။
Ruta Moapka pripovjedi dalje: “Još mi reče: 'Drži se mojih poslenika dokle ne požanju sve moje!'”
22 ၂၂ နောမိသည်ရုသအား``ငါ့သမီး၊ သင်သည် အခြားသူတစ်ဦးတစ်ယောက်၏လယ်သို့ သွားခဲ့သော် အနှောင့်အယှက်ခံကောင်းခံ ရပေလိမ့်မည်။-''
Noemi nato reče Ruti, snasi svojoj: “Dobro je, kćeri moja, idi za njegovim poslenicima da ti ne bude neprilike na kojoj drugoj njivi.”
23 ၂၃ သို့ဖြစ်၍ရုသသည်ဗောဇ၏လယ်၌ပင် အမျိုးသမီးများနှင့်အတူလုပ်ဆောင်ကာ မုယောစပါးနှင့်ဂျုံစပါးများရိတ်သိမ်းပြီး သည်တိုင်အောင် ကောက်သင်းကောက်လျက်နေ၏။ သူသည်မိမိ၏ယောက္ခမနှင့်အတူဆက် လက်၍နေထိုင်လေသည်။
I tako se držala poslenika Boazovih i pabirčila dokle ne požeše i ječam i pšenicu. I živjela je kod svekrve svoje.