< ဆာလံ 55 >

1 အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​ကြား​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ပန်​ကြား​သော​အ​ခါ မျက်​နှာ​လွှဲ​တော်​မ​မူ​ပါ​နှင့်။
達味訓誨歌,交與槳官。 天主,求你側耳傾聽我的祈禱,求你不要迴避我的哀告。
2 ကျွန်​တော်​မျိုး​တောင်း​လျှောက်​သည်​ကို နား​ထောင်​တော်​မူ​၍​ထူး​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​စိုး​ရိမ်​ပူ​ပန်​မှု​များ​ဖြင့် အား​အင်​ကုန်​ခန်း​လျက်​နေ​ပါ​၏။
求你俯視我,並垂允我,我痛苦憂傷,嘆息悲號:
3 ရန်​သူ​များ​၏​ခြိမ်း​ခြောက်​မှု​ကြောင့်​ကျွန်​တော်​မျိုး ကြောက်​လန့်​ပါ​၏။ သူ​ယုတ်​မာ​တို့​၏​နှိပ်​စက်​ညှဉ်း​ဆဲ​မှု​ကြောင့် ကျွန်​တော်​မျိုး​စိတ်​ပျက်​အား​လျော့​ပါ​၏။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​ဆင်း​ရဲ​ဒုက္ခ ရောက်​စေ​ကြ​ပါ​၏။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​အ​မျက်​ထွက်​၍ မုန်း​ကြ​ပါ​၏။
由於仇敵的叫囂,並因惡人的吵鬧,因加於我的災禍,怒中給我的騷擾,
4 ကျွန်​တော်​မျိုး​၏​စိတ်​နှ​လုံး​သည်​ကြောက်​လန့်​လျက် နေ​ပါ​၏။ သေ​ဘေး​ကို​လွန်​စွာ​ထိတ်​လန့်​လျက်​ရှိ​ပါ​၏။
我的心在我胸內焦灼,死亡的恐怖籠罩了我,
5 ကြောက်​လန့်​တုန်​လှုပ်​လျက်၊လွန်​စွာ​တုန်​လှုပ် ချောက်​ချား​လျက်​ရှိ​ပါ​၏။
驚懼與戰慄侵襲了我,恐怖與煩惱淹沒了我。
6 အ​ကယ်​၍​ချိုး​ငှက်​ကဲ့​သို့​ငါ့​မှာ​အ​တောင်​များ ရှိ​ခဲ့​ပါ​မူ​ငါ​သည်​အ​ဝေး​သို့​ပျံ​သွား​ကာ နား​နေ​စ​ရာ​အ​ရပ်​ကို​ရှာ​မည်။
我於是說:但願我有鴿子般的翅膀,為能飛翔而去,棲身安藏!
7 ငါ​သည်​အ​လွန်​ဝေး​ရာ​အ​ရပ်​သို့​ပျံ​သွား​လျက် တော​ကန္တာ​ရ​တွင်​နေ​ထိုင်​ပါ​မည်။
看,我必要逃往遠處,在荒涼的地方暫住;
8 ငါ​သည်​လျင်​မြန်​စွာ​သွား​၍​လေ​ပြင်း​နှင့် မိုး​သက်​မုန်​တိုင်း​တို့​မှ​အ​ကာ​အ​ကွယ်​ကို​ရှာ​မည်။
從速尋找一個避難所,避過這一場風狂雨暴。
9 အို ဘု​ရား​ရှင်၊ ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​ပြော​ဆို​သည့် စ​ကား​များ​ကို​ရှုပ်​ထွေး​စေ​တော်​မူ​ပါ။ မြို့​တွင်း​၌​အ​ကြမ်း​ဖက်​မှု​နှင့်​လု​ယက်​မှု​တို့​ကို ကျွန်​တော်​မျိုး​မြင်​ပါ​၏။
我主,求你分散擾亂他們的語言,因我在城中只見到鬥爭與紛亂:
10 ၁၀ ထို​သူ​တို့​သည်​မြို့​ကို​နေ့​ည​မ​ပြတ်​ဝိုင်း​ရံ​ထား ကြ​ပါ​၏။ မြို့​ထဲ​တွင်​ရာ​ဇ​ဝတ်​မှု၊နှောင့်​ယှက်​မှု​များ​နှင့် ပြည့်​နှက်​လျက်​ရှိ​ပါ​၏။
他們日夜在城牆上巡行,邪惡與欺壓在城中叢生。
11 ၁၁ နေ​ရာ​တ​ကာ​တွင်​အ​ပျက်​အ​စီး​များ​ရှိ​နေ​ပါ​၏။ လမ်း​များ​၌​နှိပ်​စက်​ညှဉ်း​ဆဲ​မှု၊လိမ်​လည် လှည့်​စား​မှု​များ​နှင့်​ပြည့်​နှက်​လျက်​ရှိ​ပါ​၏။
城池中已滿布詭計,霸道欺詐橫行街市。
12 ၁၂ အ​ကယ်​၍​ငါ့​အား​ပြောင်​လှောင်​သူ​သည် ငါ​၏​ရန်​သူ​ဖြစ်​ခဲ့​သော်​ငါ​သည်​သည်း​ခံ​နိုင် ပါ​၏။ ငါ့​ကို​အ​ကြောင်း​ပြု​၍​ကြွား​ဝါ​သော​ရန်​ဘက် ဖြစ်​ခဲ့​သော် ငါ​သည်​သူ့​ကို​ရှောင်​ရှား​နိုင်​၏။
若是我的仇人辱罵我,我還可容忍;若是惱恨我者欺凌我,我尚可退隱;
13 ၁၃ သို့​ရာ​တွင်​ယင်း​သို့​ပြု​သူ​မှာ​ငါ​၏​အ​ပေါင်း​အ​ဖော်၊ လုပ်​ဖော်​ဆောင်​ဘက်၊ ရင်း​နှီး​သည့်​မိတ်​ဆွေ​ဖြစ်​သူ​ပင်​ဖြစ်​ပါ​သည်​တ​ကား။
可惜是你,我的同僚,我的伙伴,我的友好;
14 ၁၄ သင်​နှင့်​ငါ​သည်​ရင်း​နှီး​စွာ​ဆွေး​နွေး​တိုင်​ပင်​ခဲ့​ကြ​၏။ ဗိ​မာန်​တော်​တွင်​လည်း​အ​တူ​တူ ကိုး​ကွယ်​ဝတ်​ပြု​ခဲ့​ကြ​၏။
我們曾經推心置腹,無所諱言,在人群中走進了天主的聖殿。
15 ၁၅ ငါ​၏​ရန်​သူ​များ​သည်​သေ​နေ့​မ​စေ့​မီ သေ​ရ​ကြ​ပါ​စေ​သော။ အ​ရှင်​လတ်​လတ်​သေ​ရွာ​သို့​သွား​ရ​ကြ​ပါ​စေ​သော။ သူ​တို့​၏​နေ​အိမ်​များ​သည်​ဆိုး​ညစ်​မှု​ကြီး​စိုး​ရာ ဌာ​န​များ​ဖြစ်​ကြ​၏။ သူ​တို့​၏​စိတ်​နှ​လုံး​သည်​ဆိုး​ညစ်​မှု​နှင့် ပြည့်​နှက်​လျက်​ရှိ​၏။ (Sheol h7585)
願死亡突襲他們,活活的墜入陰府!因為他們的居處和內心滿是惡毒。 (Sheol h7585)
16 ၁၆ ငါ​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​သို့ ကူ​မ​တော်​မူ​ရန်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ ကိုယ်​တော်​သည်​ငါ့​ကို​ကယ်​တော်​မူ​လိမ့်​မည်။
但我卻要呼號天主,上主必定予我救助。
17 ၁၇ ငါ​၏​ညည်း​တွား​မြည်​တမ်း​သံ​များ​သည်​နံ​နက်​ချိန်၊ မွန်း​တည့်​ချိန်၊ညဥ့်​အ​ချိန်​တို့​၌ အ​ထံ​တော်​သို့​ရောက်​သ​ဖြင့်​ကိုယ်​တော်​သည် ကြား​တော်​မူ​လိမ့်​မည်။
不論在黃昏在清晨或在中午,我哀聲悲嘆,祂必聽我的苦訴。
18 ၁၈ ဤ​မျှ​များ​လှ​သော​ရန်​သူ​တို့​နှင့် တိုက်​ခိုက်​ရာ​စစ်​ပွဲ​များ​မှ​ငါ့​အား​ဘေး​မဲ့​လုံ​ခြုံ​စွာ ပြန်​လာ​စေ​တော်​မူ​လိမ့်​မည်။
祂必從迫害我的人中,救我然脫險,因為那些反對我的人,實在眾多難算。
19 ၁၉ ရှေး​ကမ္ဘာ​အ​ဆက်​ဆက်​မှ​စ​၍ လူ​သတ္တ​ဝါ​အ​ပေါင်း​တို့​အား ပိုင်​သ​အုပ်​စိုး​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ငါ​၏​ပတ္ထနာ​စ​ကား​ကို​ကြား​၍​ရန်​သူ​တို့​အား အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​စိတ်​နှ​လုံး ပြောင်း​လဲ​မှု​မ​ရှိ​ကြ။ ကိုယ်​တော်​ကို​လည်း​မ​ကြောက်​ရွံ့​ကြ​သော​ကြောင့် ဖြစ်​၏။
永遠為王的天主必要俯聽我,而把他們趕走,因為他們不知回心轉意,又不知敬愛天主。
20 ၂၀ ငါ​၏​မိတ်​ဆွေ​ဟောင်း​သည်​မိ​မိ​၏​မိတ်​ဆွေ​များ​ကို တိုက်​ခိုက်​၍​မိ​မိ​၏​က​တိ​ကို​လည်း​ဖျက်​၏။
他們伸手攻擊自己的友好,他們任意訂立違背的盟約。
21 ၂၁ သူ​၏​စ​ကား​တို့​သည်​ထော​ပတ်​ထက်​ပင် ချော​မွတ်​သော်​လည်း သူ​၏​စိတ်​နှ​လုံး​ထဲ​၌​မူ​ကား မုန်း​တီး​တတ်​သော​သ​ဘော​ရှိ​၏။ သူ​၏​စ​ကား​တို့​သည်​ဆီ​ကဲ့​သို့​ပျော့​ပျောင်း သော်​လည်း ထက်​သော​ဋ္ဌား​ကဲ့​သို့​ထိ​ခိုက်​နာ​ကြင်​စေ​တတ်​၏။
他們的容貌比奶油更光滑,心卻是好戰;他們的言語比脂粉還柔和,但口蜜腹劍。
22 ၂၂ သင်​၏​ဝန်​ကို​ထာ​ဝ​ရ​ဘု​ရား​အား​လွှဲ​အပ်​လော့။ ကိုယ်​တော်​သည်​သင့်​ကို​ကွယ်​ကာ​စောင့်​ရှောက် တော်​မူ​လိမ့်​မည်။ သူ​တော်​ကောင်း​တို့​ကို​အ​ဘယ်​အ​ခါ​၌ အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။
將你的重擔卸交上主,祂必扶持你,祂決對不會讓義人永遠動搖不止。
23 ၂၃ သို့​ရာ​တွင် အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​သည် လူ​သတ်​သ​မား​များ​နှင့်​လူ​လိမ်​များ​အား သူ​တို့​သက်​တမ်း​ထက်​ဝက်​မ​ကျိုး​မီ​သင်္ချိုင်း တွင်း​သို့ သက်​ဆင်း​စေ​တော်​မူ​မည်။ ကျွန်​တော်​မျိုး​မူ​ကား​ကိုယ်​တော်​ရှင်​ကို​ကိုး​စား ပါ​မည်။
天主,求你使他們墮入滅亡的深穴!兇手和奸詐的歹徒必定中年夭折。上主,但我卻要時常一心唯你是賴。

< ဆာလံ 55 >