< ဆာလံ 145 >

1 ကျွန်​တော်​မျိုး​၏​ဘု​ရား၊ကျွန်​တော်​မျိုး​၏​ဘု​ရင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် ကြီး​မြတ်​တော်​မူ​ပုံ​ကို​ထုတ်​ဖော်​ကြေ​ညာ​ပါ​မည်။ ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို​ကာ​လ​အစဉ် အ​ဆက် ချီး​မွမ်း​ပါ​မည်။
Nitakutukuza wewe, Mungu wangu, Mfalme; nitalihimidi jina lako milele na milele.
2 နေ့​စဉ်​နေ့​တိုင်း​ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပါ​မည်။ ကာ​လ​အ​စဉ်​အ​ဆက်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​မည်။
Kila siku nitakuhimidi; nitalisifu jina lako milele na milele.
3 ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ်​တော်​မူ​၍ ထော​မ​နာ​ပြု​ခြင်း​ကို​အ​လွန်​ခံ​ထိုက်​တော်​မူ​၏။ ကြီး​မြတ်​တော်​မူ​ပုံ​ကို​ဆင်​ခြင်​တိုင်း​ထွာ​၍ မ​ရ​နိုင်။
Yahwe ndiye mkuu na wakusifiwa sana; ukuu wake hauchunguziki.
4 ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တော်​ကို လူ​တို့​သည်​သား​စဉ်​မြေး​ဆက်​ထော​မ​နာ​ပြု ပါ​လိမ့်​မည်။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​အံ့​သြ​ဖွယ်​ကောင်း​သော မ​ဟာ​အ​မှု​တော်​တို့​ကို​ထုတ်​ဖော်​ကြေ​ညာ ကြ​ပါ​လိမ့်​မည်။
Kizazi kimoja kitayasifu matendo yako kwa kizazi kijacho na kitatangaza matendo yako makuu.
5 သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​ဘုန်း​အ​သ​ရေ တော်​နှင့် အာ​နု​ဘော်​တော်​ကို​ပြော​ကြား​ကြ​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော အံ့​သြ​ဖွယ်​အ​မှု​တော်​တို့​ကို​စဉ်း​စား​ဆင်​ခြင် ပါ​မည်။
Nitaitafakari fahari ya utukufu wa adhama yako na matendo yako ajabu.
6 လူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​အံ့​သြ​ဖွယ်​ကောင်း​သော မ​ဟာ​အ​မှု​တော်​တို့​ကို​ကြား​ပြော​ကြ​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​သည်​လည်း​ကိုယ်​တော်​ရှင်​၏ ကြီး​မြတ်​တော်​မူ​ပုံ​ကို​ထုတ်​ဖော်​ကြေညာ​ပါ​မည်။
Watanena juu ya nguvu ya kazi zako za kutisha, nami nitatangaza ukuu wako.
7 သူ​တို့​သည်​ကိုယ်​တော်​ကောင်း​မြတ်​တော်​မူ​ကြောင်း​ကို မြွက်​ဆို​၍​ကိုယ်​တော်​ကောင်း​မြတ်​တော်​မူ​ကြောင်း သီ​ချင်း​ဆို​ကြ​ပါ​လိမ့်​မည်။
Nao watatangaza wingi wa wema wako, na wataimba kuhusu haki yako.
8 ထာ​ဝ​ရ​ဘု​ရား​သည်​ချစ်​တတ်​သော​သ​ဘော၊ သည်း​ခံ​တတ်​သော​သ​ဘော​ရှိ​တော်​မူ​၍ ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့်​ကြွယ်​ဝ​တော် မူ​၏။
Yahwe ni wa neema na huruma, si mwepesi wa hasira na mwingi katika uaminifu wa agano lake.
9 ကိုယ်​တော်​သည်​လူ​တိုင်း​ကို​ကျေး​ဇူး​ပြု​တော် မူ​၍ မိ​မိ​ဖန်​ဆင်း​တော်​မူ​သ​မျှ​သော​သတ္တ​ဝါ​တို့ အား က​ရု​ဏာ​ထား​တော်​မူ​၏။
Yahwe ni mwema kwa wote; huruma zake zi juu ya kazi zake zote.
10 ၁၀ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ဖန်​ဆင်း​တော်​မူ​သ​မျှ​သော သတ္တ​ဝါ​တို့​သည်​ကိုယ်​တော်​ရှင်​အား​ထော​မ​နာ ပြု​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​သည်​ကျေး​ဇူး တော်​ကို ချီး​မွမ်း​ကြ​ပါ​လိမ့်​မည်။
Vyote ulivyo viumba vitakushukuru wewe, Yahwe; waaminifu wako watakutukuza wewe.
11 ၁၁ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​ဘုန်း​အ​သ​ရေ တော်​နှင့် အာ​နု​ဘော်​တော်​အကြောင်း​ကို​ပြော​ကြား ပါ​လိမ့်​မည်။
Waaminifu wako watanena juu ya utukufu wa ufalme wako, na watahubiri juu ya nguvu zako.
12 ၁၂ ဤ​နည်း​အား​ဖြင့်​လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော် ရှင်​၏ မ​ဟာ​အ​မှု​တော်​တို့​ကို​လည်း​ကောင်း၊ နိုင်​ငံ​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​လည်း ကောင်း သိ​ရှိ​ကြ​ပါ​လိမ့်​မည်။
Watayafanya matendo makuu ya Mungu ya julikane na wanadamu na utukufu wa fahari ya ufalme wake.
13 ၁၃ ကိုယ်​တော်​ရှင်​၏​နိုင်​ငံ​တော်​သည်​နိစ္စ​ထာ​ဝ​ရ တည်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​လည်း​ထာ​ဝ​ရ​ဘု​ရင် ဖြစ်​တော်​မူ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​က​တိ​တော်​တို့​ကို တည်​စေ​တော်​မူ​၍ ပြု​တော်​မူ​သ​မျှ​သော​အ​မှု​တို့​တွင်​မေတ္တာ​တော်​ကို ဖော်​ပြ​တော်​မူ​၏။
Ufalme wako ni wa milele, na mamlaka yako ya dumu kizazi hata kizazi.
14 ၁၄ ကိုယ်​တော်​သည်​ဒုက္ခ​ရောက်​သူ​အ​ပေါင်း​ကို ကူ​မ​တော်​မူ​၏။ လဲ​ကျ​နေ​သူ​အ​ပေါင်း​ကို​ကူ​မ​တော်​မူ​၏။
Yahwe huwategemeza wote waangukao na huwainua wote walioinama chini.
15 ၁၅ သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို မျှော်​ကြည့်​ကြ​၏။ ကိုယ်​တော်​သည်​သူ​တို့​ကို​အ​ချိန်​တန်​လျှင် ကျွေး​မွေး​တော်​မူ​၏။
Macho ya wote yanakungoja wewe; nawe huwapa chakula chao kwa wakati sahihi.
16 ၁၆ ကိုယ်​တော်​သည်​သူ​တို့​၏​လို​အင်​များ​ကို လုံ​လောက်​စွာ ဖြည့်​တင်း​ပေး​ကာ​သူ​တို့​ကို​ရောင့်​ရဲ​စေ​တော်​မူ​၏။
Huufungua mkono wako na hukidhi haja ya kila kiumbe hai.
17 ၁၇ ထာ​ဝ​ရ​ဘု​ရား​သည်​ပြု​လေ​သ​မျှ​သော အ​မှု​တို့​တွင်​ဖြောင့်​မတ်​ခြင်း​နှင့်​က​ရု​ဏာ တော်​ကို ဖော်ပြ​တော်​မူ​၏။
Yahwe ni mwenye haki katika njia zake zote na neema katika yote afanyayo.
18 ၁၈ ကိုယ်​တော်​သည်​မိ​မိ​အား​စိတ်​ရော​ကိုယ်​ပါ ပတ္ထ​နာ​ပြု​ကြ​သူ​အ​ပေါင်း​တို့​၏​အ​နီး​တွင် ရှိ​တော်​မူ​၏။
Yahwe yu karibu na wote wamwitao, wale wamwitao yeye katika uaminifu.
19 ၁၉ ကိုယ်​တော်​သည်​မိ​မိ​အား ကြောက်​ရွံ့​ရို​သေ​သူ​အ​ပေါင်း​တို့​၏​လို​အင် များ​ကို ဖြည့်​တင်း​ပေး​တော်​မူ​၏။ သူ​တို့​၏​ဟစ်​အော်​သံ​ကို​ကြား​တော်​မူ​၍ သူ​တို့​အား​ကယ်​တော်​မူ​၏။
Hutimiza haja za wale wanao mheshimu yeye; husikia kilio chao na kuwaokoa.
20 ၂၀ ကိုယ်​တော်​သည်​မိ​မိ​အား​ချစ်​သော​သူ​အ​ပေါင်း တို့​ကို ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။ သူ​ယုတ်​မာ​အ​ပေါင်း​တို့​ကို​မူ​ကား သုတ်​သင်​တော်​မူ​လိမ့်​မည်။
Yahwe huwalinda wale wampendao, lakini atawaangamiza waovu wote.
21 ၂၁ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​အ​စဉ်​အ​မြဲ ထော​မ​နာ​ပြု​မည်။ သတ္တ​ဝါ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​၏ သန့်​ရှင်း​မြင့်​မြတ်​သည့်​နာ​မ​တော်​အား ကာ​လ အ​စဉ်​အ​ဆက်​ထော​မ​နာ​ပြု​ကြ​ပါ​စေ။
Kinywa changu kitazinena sifa za Yahwe; wanadamu wote na walitukuze jina lake takatifu milele na milele.

< ဆာလံ 145 >