< ဆာလံ 139 >
1 ၁ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား စစ်ဆေးကြည့်ရှုတော်မူပြီးဖြစ်၍ကျွန်တော် မျိုး၏ အကြောင်းကိုသိတော်မူပါ၏။
Zborovođi. Davidov. Jahve, proničeš me svega i poznaješ,
2 ၂ ကျွန်တော်မျိုးပြုသမျှသောအမှုတို့ကို သိတော်မူပါ၏။ အဝေးကကျွန်တော်မျိုး၏အကြံအစည် ရှိသမျှကိုသိမြင်တော်မူပါ၏။
ti znaš kada sjednem i kada ustanem, izdaleka ti već misli moje poznaješ.
3 ၃ ကျွန်တော်မျိုးသည်အလုပ်လုပ်လျက်နေသည် ဖြစ်စေ၊ နားလျက်နေသည်ဖြစ်စေ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကို မြင်တော်မူပါ၏။ ကျွန်တော်မျိုးပြုသမျှသောအမှုတို့ကို သိတော်မူပါ၏။
Hodam li ili ležim, sve ti vidiš, znani su ti svi moji putovi.
4 ၄ ကျွန်တော်မျိုးနှုတ်ကိုမဖွင့်မီ၌ပင်လျှင် ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးပြောဆိုမည့် စကားတို့ကိုသိရှိပြီးဖြစ်ပါ၏။
Riječ mi još nije na jezik došla, a ti, Jahve, sve već znadeš.
5 ၅ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ရှေ့နောက်တွင် စောင့်ကြပ်လျက်နေတော်မူပါ၏။ တန်ခိုးတော်ဖြင့်ကျွန်တော်မျိုးကိုကွယ်ကာ စောင့်ထိန်းတော်မူပါ၏။
S leđa i s lica ti me obuhvaćaš, na mene si ruku svoju stavio.
6 ၆ ကျွန်တော်မျိုး၏အကြောင်းကိုကိုယ်တော်ရှင် သိတော်မူပုံမှာအံ့သြဖွယ်ဖြစ်ပါ၏။ ထိုသို့သောအသိဉာဏ်သည်ကျွန်တော်မျိုး နားမလည်နိုင်အောင်နက်နဲလှပါ၏။
Znanje to odveć mi je čudesno, previsoko da bih ga dokučio.
7 ၇ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်နှင့်ကင်းဝေးစေရန် အဘယ်အရပ်သို့သွားနိုင်ပါမည်နည်း။ ကိုယ်တော်ရှင်၏မျက်မှောက်တော်မှကင်းလွတ် စေရန် အဘယ်အရပ်သို့ထွက်ခွာနိုင်ပါမည်နည်း။
Kamo da idem od duha tvojega i kamo da od tvog lica pobjegnem?
8 ၈ အကယ်၍ကျွန်တော်မျိုးသည် ကောင်းကင်သို့တက်လျှင်ထိုအရပ်တွင် ကိုယ်တော်ရှင်ရှိတော်မူပါ၏။ အကယ်၍ကျွန်တော်မျိုးသည်မရဏာ နိုင်ငံတွင် လဲလျောင်းလျှင် ထိုအရပ်တွင်ကိုယ်တော်ရှင်ရှိတော်မူပါ၏။ (Sheol )
Ako se na nebo popnem, ondje si, ako u Podzemlje legnem, i ondje si. (Sheol )
9 ၉ အကယ်၍ကျွန်တော်မျိုးသည်နေထွက်ရာ အရပ်သို့ ပျံသွားလျှင်လည်းကောင်း၊ နေဝင်ရာအရပ်တွင်နေထိုင်လျှင်လည်းကောင်း
Uzmem li krila zorina pa se naselim moru na kraj
10 ၁၀ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကိုရှေ့ဆောင် လမ်းပြတော်မူရန်ထိုအရပ်တွင်ရှိနေတော် မူမည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကိုကူမတော် မူရန် ထိုအရပ်တွင်ရှိနေတော်မူမည်။
i ondje bi me ruka tvoja vodila, desnica bi me tvoja držala.
11 ၁၁ အကယ်၍ကျွန်တော်မျိုးသည်မိမိအား ဖုံးလွှမ်းရန် မှောင်မိုက်ကိုလည်းကောင်း၊ မိမိ၏ပတ်လည်ရှိအလင်းကိုညဥ့်အဖြစ်သို့ ပြောင်းလဲစေရန်လည်းကောင်းစေခိုင်းလျှင်
Reknem li: “Nek' me barem tmine zakriju i nek' me noć umjesto svjetla okruži!” -
12 ၁၂ ကိုယ်တော်၏အတွက်မှောင်မိုက်သည်ပင်လျှင် အမှောင်မဟုတ်ပါ။ ညဥ့်သည်လည်းနေ့ကဲ့သို့ထွန်းလင်းပါ၏။ ကိုယ်တော်ရှင်၏အဖို့မှာမှောင်မိုက်နှင့်အလင်းသည် အတူတူပင်ဖြစ်ပါ၏။
ni tmina tebi neće biti tamna: noć sjaji kao dan i tama kao svjetlost.
13 ၁၃ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကိုယ်ခန္ဓာ အစိတ်အပိုင်းရှိသမျှတို့ကို ဖန်ဆင်းတော်မူပြီးလျှင်ယင်းတို့ကိုကျွန်တော်မျိုး မိခင်၏ဝမ်းတွင်း၌ဆက်စပ်စေတော်မူ၏။
Jer ti si moje stvorio bubrege, satkao me u krilu majčinu.
14 ၁၄ ကိုယ်တော်သည်ကြောက်ရွံ့ဖွယ်ကောင်းသောအရှင် ဖြစ်တော်မူသဖြင့် ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ထောမနာပြုပါ၏။ ကိုယ်တော်ရှင်ပြုတော်မူသမျှသောအမှု အရာတို့သည် ထူးဆန်းအံ့သြဖွယ်ကောင်းကြောင်းကျွန်တော်မျိုး အသေအချာသိပါ၏။
Hvala ti što sam stvoren tako čudesno, što su djela tvoja predivna. Dušu moju do dna si poznavao,
15 ၁၅ ကျွန်တော်မျိုးသည်မိခင်၏ဝမ်းတွင်လျှို့ဝှက်စွာ ကြီးထွားလာချိန်၊ ကျွန်တော်မျိုး၏အရိုးတို့သည်ဖြစ်ပေါ်လာလျက် တစ်ခုနှင့်တစ်ခုသေချာစွာဆက်စပ်ကြချိန်တို့၌ ကိုယ်တော်သည်ကျွန်တော်မျိုးကိုသိမြင်တော် မူပါ၏။
kosti moje ne bjehu ti sakrite dok nastajah u tajnosti, otkan u dubini zemlje.
16 ၁၆ ကျွန်တော်မျိုးမမွေးမဖွားမီကပင်လျှင် ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကို သိမြင်တော်မူပါ၏။ ကျွန်တော်မျိုးအတွက်အသက်ရှင်ရန် လျာထားတော်မူသောနေ့ရက်အရေအတွက် တို့ကို ကျွန်တော်မျိုးမမွေးမဖွားမီကပင်လျှင် ကိုယ်တော်ရှင်၏စာစောင်တော်တွင် ရေးမှတ်ထားတော်မူပြီးဖြစ်ပါ၏။
Oči tvoje već tada gledahu djela moja, sve već bješe zapisano u knjizi tvojoj: dani su mi određeni dok još ne bješe ni jednoga.
17 ၁၇ အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏အကြံအစည်တော်တို့သည် ကျွန်တော်မျိုးအတွက်ခက်ခဲနက်နဲလှပါ၏။ ယင်းတို့သည်များပြားလှပါသည်တကား။
Kako su mi, Bože, naumi tvoji nedokučivi, kako li je neprocjenjiv zbroj njihov.
18 ၁၈ ထိုအကြံအစည်တော်တို့ကိုကျွန်တော်မျိုး ရေတွက်ရမည်ဆိုသော် ယင်းတို့သည်သဲလုံးများထက်များပါလိမ့်မည်။ အိပ်ရာမှနိုးထသောအခါ၌ကျွန်တော်မျိုး သည် ကိုယ်တော်ရှင်နှင့်အတူရှိနေဦးမည်။
Da ih brojim? Više ih je nego pijeska! Dođem li im do kraja, ti mi preostaješ!
19 ၁၉ အို ဘုရားသခင်၊ သူယုတ်မာတို့အားကိုယ်တော်ရှင် ကွပ်မျက်တော်မူပါစေသော။ အကြမ်းဖက်သမားတို့သည်ကျွန်တော်မျိုးထံမှ ထွက်သွားစေတော်မူပါ။
De, istrijebi, Bože, zlotvora, krvoloci nek' odstupe od mene!
20 ၂၀ သူတို့သည်ကိုယ်တော်ရှင်၏အကြောင်းတော်ကို ယုတ်မာစွာပြောဆိုကြပါ၏။ ကိုယ်တော်ရှင်၏နာမတော်ကိုပုတ်ခတ် ပြောဆိုကြပါ၏။
Jer podmuklo se bune protiv tebe, uzalud se dižu tvoji dušmani.
21 ၂၁ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ကိုပုန်ကန်သူတို့အား ကျွန်တော်မျိုးလွန်စွာစက်ဆုပ်ပါ၏။
Jahve, zar da ne mrzim tvoje mrzitelje? Zar da mi se ne gade protivnici tvoji?
22 ၂၂ ကျွန်တော်မျိုးသည်သူတို့ကိုစိတ်နှလုံး အကြွင်းမဲ့ မုန်းပါ၏။ သူတို့အားကျွန်တော်မျိုး၏ရန်သူများကဲ့သို့ မှတ်ပါ၏။
Mržnjom dubokom ja ih mrzim i držim ih svojim neprijateljima.
23 ၂၃ အို ဘုရားသခင်၊ ကျွန်တော်မျိုးကိုစစ်ဆေးတော်မူ၍ကျွန်တော်မျိုး၏ စိတ်နှလုံးကိုသိမှတ်တော်မူပါ။ ကျွန်တော်မျိုးကိုစစ်ကြောတော်မူ၍ကျွန်တော်မျိုး၏ အကြံအစည်များကိုသိမှတ်တော်မူပါ။
Pronikni me svega, Bože, srce mi upoznaj, iskušaj me i upoznaj misli moje:
24 ၂၄ ကျွန်တော်မျိုးသည်ဆိုးသွမ်းသောလမ်းသို့ လိုက်သည်မလိုက်သည်ကိုစစ်ဆေးတော်မူ၍ ထာဝရလမ်းထဲသို့ပို့ဆောင်တော်မူပါ။
pogledaj, ne idem li putem pogubnim i povedi me putem vječnim!