< ဆာလံ 12 >
1 ၁ အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားကူမတော်မူပါ။ သူတော်ကောင်းတစ်ယောက်မျှမကျန်မရှိ တော့ပါ။ ရိုးသားဖြောင့်မတ်သူများကိုလည်းရှာ၍ မတွေ့နိုင်တော့ပါ။
Помагај, Господе; јер неста светих, јер је мало верних међу синовима човечијим
2 ၂ လူအပေါင်းတို့သည်အချင်းချင်းလိမ်လည် ပြောဆို၍ မြှောက်ပင့်ကာလှည့်စားကြပါ၏။
Лаж говоре један другом, уснама лажљивим говоре из срца дволичног.
3 ၃ အို ထာဝရဘုရား မြှောက်ပင့်ပြောဆိုတတ်သည့်လျှာများကို ဖြတ်ပစ်တော်မူပါ။ ဝါကြွားတတ်သူတို့၏နှုတ်များကိုလည်း ပိတ်တော်မူ၏။
Истребиће Господ сва уста лажљива, језик величави,
4 ၄ ဝါကြွားတတ်သူတို့က``ငါတို့သည်မိမိတို့၏ စကားအားဖြင့်လိုချင်သည့်အရာကိုရရှိ ကြ၏။ ငါတို့သည်မိမိတို့အလိုဆန္ဒအတိုင်းပြော ဆိုမည်။ အဘယ်သူမျှငါတို့အားဆီးတား၍ရလိမ့်မည် မဟုတ်'' ဟုဆိုကြ၏။
Људе, који говоре: Језиком смо јаки, уста су наша у нас, ко је господар над нама?
5 ၅ ထာဝရဘုရားက ``သို့ရာတွင်ချို့တဲ့နွမ်းပါးသူတို့သည်ဖိစီး နှိပ်စက်ခြင်းကိုခံရကြသဖြင့်လည်းကောင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းခံရကြသူတို့သည် ဝေဒနာနှင့် ညည်းတွားနေကြသဖြင့်လည်းကောင်း၊ ငါသည်ယခုပင်ကြွလာမည်။ သူတို့လိုလားတောင့်တကြသည့်ဘေးလွတ် လုံခြုံမှုကို သူတို့အားငါပေးမည်'' ဟုမိန့်တော်မူ၏။
Видећи страдање невољних и уздисање ништих, сад ћу устати, вели Господ, и избавити оног коме злобе
6 ၆ ထာဝရဘုရား၏ကတိတော်များကို ယုံကြည်စိတ်ချနိုင်၏။ မီးဖို၌ခုနစ်ကြိမ်ချွတ်ပြီးသောငွေစင်ကဲ့သို့ ယုံကြည်စိတ်ချနိုင်၏။
Речи су Господње речи чисте, сребро у ватри очишћено од земље, седам пута претопљено.
7 ၇ အို ဘုရားသခင်၊ ကျွန်တော်မျိုးတို့အားအစဉ်ပင် ဘေးလွတ်လုံခြုံစွာထားတော်မူပါ။ သူယုတ်မာတို့၏လက်မှကွယ်ကာ စောင့်ရှောက်တော်မူပါ။
Ти ћеш нас, Господе, одбранити, и сачувати нас од рода овог довека.
8 ၈ သူယုတ်မာတို့သည်နေရာတကာတွင်ရှိ၏။ လူအပေါင်းတို့သည်မကောင်းမှုကိုချီးကူးကြ၏။
Безбожници иду наоколо; кад се они подижу, срамоте се синови човечији.