< ဆာလံ 102 >

1 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ထောင်​တော်​မူ​ပါ။ ကယ်​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို ကြား​တော်​မူ​ပါ။
תְּ֭פִלָּה לְעָנִ֣י כִֽי־יַעֲטֹ֑ף וְלִפְנֵ֥י יְ֝הוָ֗ה יִשְׁפֹּ֥ךְ שִׂיחֹֽו׃ יְ֭הוָה שִׁמְעָ֣ה תְפִלָּתִ֑י וְ֝שַׁוְעָתִ֗י אֵלֶ֥יךָ תָבֹֽוא׃
2 ကျွန်​တော်​မျိုး​ဒုက္ခ​ရောက်​ချိန်​၌​မျက်​နှာ​တော်​ကို လွှဲ​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​ခေါ်​သော​အ​ခါ​နား​ထောင်​တော်​မူ​၍ လျင်​မြန်​စွာ​ထူး​တော်​မူ​ပါ။
אַל־תַּסְתֵּ֬ר פָּנֶ֨יךָ ׀ מִמֶּנִּי֮ בְּיֹ֪ום צַ֫ר לִ֥י הַטֵּֽה־אֵלַ֥י אָזְנֶ֑ךָ בְּיֹ֥ום אֶ֝קְרָ֗א מַהֵ֥ר עֲנֵֽנִי׃
3 ကျွန်​တော်​မျိုး​၏​ဘ​ဝ​အ​သက်​တာ​သည် မီး​ခိုး​ကဲ့​သို့​လွင့်​ပျောက်​လျက် ကျွန်​တော်​မျိုး​၏​ကိုယ်​ခန္ဓာ​သည် မီး​ကဲ့​သို့​လောင်​ကျွမ်း​လျက်​နေ​ပါ​၏။
כִּֽי־כָל֣וּ בְעָשָׁ֣ן יָמָ֑י וְ֝עַצְמֹותַ֗י כְּמֹו־קֵ֥ד נִחָֽרוּ׃
4 ကျွန်​တော်​မျိုး​သည်​မြက်​ပင်​ကဲ့​သို့​အ​ထိ​အ​ခိုက် ခံ​ရ​၍​ညှိုး​နွမ်း​လျက်​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​မှာ​အ​စား​စား​ချင်​စိတ်​မ​ရှိ တော့​ပါ။
הוּכָּֽה־כָ֭עֵשֶׂב וַיִּבַ֣שׁ לִבִּ֑י כִּֽי־שָׁ֝כַ֗חְתִּי מֵאֲכֹ֥ל לַחְמִֽי׃
5 ကျွန်​တော်​မျိုး​သည်​အ​သံ​ကျယ်​စွာ​ညည်း​ညူ ရ​ပါ​၏။ ကျွန်​တော်​မျိုး​မှာ​အ​ရိုး​နှင့်​အ​ရေ​သာ​လျှင် ရှိ​ပါ​တော့​သည်။
מִקֹּ֥ול אַנְחָתִ֑י דָּבְקָ֥ה עַ֝צְמִ֗י לִבְשָׂרִֽי׃
6 ကျွန်​တော်​မျိုး​သည်​တော​ကန္တာ​ရ​ရှိ တော​ငှက်​ကဲ့​သို့​လည်း​ကောင်း၊ ယို​ယွင်း​ပျက်​စီး​နေ​သော​အ​ဆောက်​အ​အုံ​ရှိ ဇီး​ကွက်​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​ပါ​၏။
דָּ֭מִיתִי לִקְאַ֣ת מִדְבָּ֑ר הָ֝יִ֗יתִי כְּכֹ֣וס חֳרָבֹֽות׃
7 ကျွန်​တော်​မျိုး​သည်​အိပ်​၍​မ​ပျော်​နိုင်​ဘဲ ဖြစ်​နေ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​အိမ်​မိုး​ပေါ်​တွင်​တစ်​ကောင်​တည်း နား​နေ​ရ​သော​ငှက်​နှင့်​တူ​ပါ​၏။
שָׁקַ֥דְתִּי וָאֶֽהְיֶ֑ה כְּ֝צִפֹּ֗ור בֹּודֵ֥ד עַל־גָּֽג׃
8 ကျွန်​တော်​မျိုး​အား​ရန်​သူ​များ​သည်​တစ်​နေ့​လုံး စော်​ကား​ကြ​ပါ​၏။ သူ​တို့​သည်​ကျွန်​တော်​မျိုး​ကို​ပုံ​ခိုင်း​၍ ကျိန်​ဆဲ​ကြ​ပါ​၏။
כָּל־הַ֭יֹּום חֵרְפ֣וּנִי אֹויְבָ֑י מְ֝הֹולָלַ֗י בִּ֣י נִשְׁבָּֽעוּ׃
9 ကိုယ်​တော်​ရှင်​၏​ပြင်း​ထန်​သော​အ​မျက်​တော် ကြောင့် ကျွန်​တော်​မျိုး​သည်​ပြာ​ကို​အ​စား​အ​စာ အ​ဖြစ်​ဖြင့် စား​ရ​ပါ​၏။ စ​ပျစ်​ရည်​ကို​လည်း​မျက်​ရည်​နှင့်​ရော​၍​သောက် ရ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ချီး​မြှောက်​တော်​မူ​ပြီး​မှ​ပစ်​ချ​တော်​မူ​ပါ​၏။
כִּי־אֵ֭פֶר כַּלֶּ֣חֶם אָכָ֑לְתִּי וְ֝שִׁקֻּוַ֗י בִּבְכִ֥י מָסָֽכְתִּי׃
10 ၁၀
מִפְּנֵֽי־זַֽעַמְךָ֥ וְקִצְפֶּ֑ךָ כִּ֥י נְ֝שָׂאתַ֗נִי וַתַּשְׁלִיכֵֽנִי׃
11 ၁၁ ကျွန်​တော်​မျိုး​၏​ဘ​ဝ​အ​သက်​တာ​သည်​ည နေ​ချိန်​၌ ကျ​ရောက်​သည့်​အ​ရိပ်​ကဲ့​သို့​ဖြစ်​ပါ​၏။ ကျွန်​တော်​မျိုး​သည်​မြက်​ကဲ့​သို့​ခြောက်​သွေ့ သွား​ပါ​၏။
יָ֭מַי כְּצֵ֣ל נָט֑וּי וַ֝אֲנִ֗י כָּעֵ֥שֶׂב אִיבָֽשׁ׃
12 ၁၂ သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ထာ​ဝ​ရ​ဘု​ရင်​ဖြစ် တော်​မူ​ပါ​၏။ နာ​မ​တော်​သည်​ကာ​လ​အ​စဉ်​အ​ဆက်​တည်​လိမ့်​မည်။
וְאַתָּ֣ה יְ֭הוָה לְעֹולָ֣ם תֵּשֵׁ֑ב וְ֝זִכְרְךָ֗ לְדֹ֣ר וָדֹֽר׃
13 ၁၃ ကိုယ်​တော်​ရှင်​သည်​ထ​တော်​မူ​၍​ဇိ​အုန်​မြို့​ကို သ​နား​တော်​မူ​လိမ့်​မည်။ ထို​မြို့​ကို​သ​နား​တော်​မူ​ရန်​အ​ချိန်​သည် ကျ​ရောက်​လာ​ပါ​ပြီ။ ယ​ခု​အ​ချိန်​သည်​သင့်​တော်​သည့်​အ​ချိန်​ပင် ဖြစ်​ပါ​၏။
אַתָּ֣ה תָ֭קוּם תְּרַחֵ֣ם צִיֹּ֑ון כִּי־עֵ֥ת לְ֝חֶֽנְנָ֗הּ כִּי־בָ֥א מֹועֵֽד׃
14 ၁၄ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​တို့​သည်​ဇိ​အုန်​မြို့ ပျက်​စီး​သွား​ပြီ​ဖြစ်​သော်​လည်း ထို​မြို့​ကို​နှစ်​သက်​မြတ်​နိုး​လျက်​ပင် ရှိ​နေ​ကြ​ပါ​သေး​၏။ ဇိ​အုန်​မြို့​ယို​ယွင်း​လျက်​နေ​သော်​လည်း ထို​မြို့​ကို​သ​နား​ကြ​ပါ​သေး​၏။
כִּֽי־רָצ֣וּ עֲ֭בָדֶיךָ אֶת־אֲבָנֶ֑יהָ וְֽאֶת־עֲפָרָ֥הּ יְחֹנֵֽנוּ׃
15 ၁၅ လူ​မျိုး​အ​ပေါင်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ရို​သေ​ကြ​လိမ့်​မည်။ လော​က​ဘု​ရင်​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​၏ တန်​ခိုး​တော်​ကို​ကြောက်​ရွံ့​ရိုသေ​ကြ​လိမ့်​မည်။
וְיִֽירְא֣וּ גֹ֭ויִם אֶת־שֵׁ֣ם יְהוָ֑ה וְֽכָל־מַלְכֵ֥י הָ֝אָ֗רֶץ אֶת־כְּבֹודֶֽךָ׃
16 ၁၆ ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန်​မြို့​ကို​ပြန်​လည် တည်​ထောင်​တော်​မူ​သော​အ​ခါ မိ​မိ​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ပေါ်​လွင် ထင်​ရှား​စေ​တော်​မူ​လိမ့်​မည်။
כִּֽי־בָנָ֣ה יְהוָ֣ה צִיֹּ֑ון נִ֝רְאָ֗ה בִּכְבֹודֹֽו׃
17 ၁၇ ကိုယ်​တော်​သည်​မိ​မိ​စွန့်​ပစ်​ထား​သည့်​လူ​စု တော်​၏ လျှောက်​ထား​ချက်​ကို​ကြား​တော်​မူ​၍ သူ​တို့​၏​ဆု​တောင်း​ပတ္ထနာ​ကို နား​ညောင်း​တော်​မူ​လိမ့်​မည်။
פָּ֭נָה אֶל־תְּפִלַּ֣ת הָעַרְעָ֑ר וְלֹֽא־בָ֝זָ֗ה אֶת־תְּפִלָּתָֽם׃
18 ၁၈ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​အ​ရာ တို့​ကို နောင်​လာ​နောက်​သား​တို့​အ​တွက် ရေး​မှတ်​ထား​ကြ​လော့။ သို့​မှ​သာ​လျှင်​သူ​တို့​သည်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။
תִּכָּ֣תֶב זֹ֭את לְדֹ֣ור אַחֲרֹ֑ון וְעַ֥ם נִ֝בְרָ֗א יְהַלֶּל־יָֽהּ׃
19 ၁၉ အ​ကျဉ်း​ခံ​နေ​ရ​သူ​များ​၏​ညည်း​တွား​သံ​များ​ကို နား​ထောင်​တော်​မူ​ရန်​လည်း​ကောင်း၊ သေ​ဒဏ်​စီ​ရင်​ခြင်း​ခံ​ရ​သူ​တို့​အား​လွတ်​ငြိမ်း​ခွင့် ပေး​တော်​မူ​ရန်​လည်း​ကောင်း ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​မြင့်​မြတ်​သည့် အ​ထက်​ဘုံ​မှ​ငုံ့​၍​ကြည့်​တော်​မူ​၏။ ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​မှ​ငုံ့​၍ ကမ္ဘာ​ကို​စစ်​ဆေး​ကြည့်​ရှု​တော်​မူ​၏။
כִּֽי־הִ֭שְׁקִיף מִמְּרֹ֣ום קָדְשֹׁ֑ו יְ֝הוָ֗ה מִשָּׁמַ֤יִם ׀ אֶל־אֶ֬רֶץ הִבִּֽיט׃
20 ၂၀
לִ֭שְׁמֹעַ אֶנְקַ֣ת אָסִ֑יר לְ֝פַתֵּ֗חַ בְּנֵ֣י תְמוּתָֽה׃
21 ၂၁ သို့​ဖြစ်​၍​အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​မှ လူ​မျိုး​တ​ကာ​တို့​သည် စု​ရုံး​လာ​ကြ​ပြီး​လျှင်​ထာ​ဝ​ရ​ဘု​ရား​အား ကိုး​ကွယ်​ဝတ်​ပြု​ကြ​သော​အ​ခါ​ဇိ​အုန်​တောင် ပေါ်​၌ ကိုယ်​တော်​၏​နာ​မ​တော်​ကို​ကြေ​ညာ​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​တွင်​ကိုယ်​တော်​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။
לְסַפֵּ֣ר בְּ֭צִיֹּון שֵׁ֣ם יְהוָ֑ה וּ֝תְהִלָּתֹ֗ו בִּירוּשָׁלָֽ͏ִם׃
22 ၂၂
בְּהִקָּבֵ֣ץ עַמִּ֣ים יַחְדָּ֑ו וּ֝מַמְלָכֹ֗ות לַעֲבֹ֥ד אֶת־יְהוָֽה׃
23 ၂၃ ငါ​ငယ်​စဉ်​အ​ခါ​က​ပင်​လျှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​အား​အင်​ချိ​နဲ့​စေ​တော်​မူ​၍​ငါ​၏​အ​သက် ကို တို​စေ​တော်​မူ​ပါပြီ။
עִנָּ֖ה בַדֶּ֥רֶךְ כֹּחֹו (כֹּחִ֗י) קִצַּ֥ר יָמָֽי׃
24 ၂၄ အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​မ​အို​မီ​ကျွန်​တော်​မျိုး​၏ အ​သက်​ကို​ရုပ်​သိမ်း​တော်​မ​မူ​ပါ​နှင့်။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​စဉ်​အ​မြဲ အ​သက်​ရှင်​တော်​မူ​ပါ​၏။
אֹמַ֗ר אֵלִ֗י אַֽל־תַּ֭עֲלֵנִי בַּחֲצִ֣י יָמָ֑י בְּדֹ֖ור דֹּורִ֣ים שְׁנֹותֶֽיךָ׃
25 ၂၅ ကိုယ်​တော်​ရှင်​သည်​ရှေး​အ​ခါ​က​ကမ္ဘာ​မြေ ကြီး​ကို တည်​စေ​တော်​မူ​ပြီး​လျှင်​လက်​တော်​ဖြင့် မိုး​ကောင်း​ကင်​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။
לְ֭פָנִים הָאָ֣רֶץ יָסַ֑דְתָּ וּֽמַעֲשֵׂ֖ה יָדֶ֣יךָ שָׁמָֽיִם׃
26 ၂၆ ထို​အ​ရာ​အား​လုံး​သည်​ကွယ်​ပျောက်​သွား ကြ​မည်​ဖြစ်​သော်​လည်း ကိုယ်​တော်​ရှင်​မူ​ကား​ရှိ​နေ​တော်​မူ​မည်​ဖြစ်​ပါ​၏။ ထို​အ​ရာ​အ​ပေါင်း​တို့​သည်​အ​ဝတ်​အ​ထည်​များ ကဲ့​သို့ ဟောင်း​နွမ်း​သွား​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​အ​ဝတ်​လဲ​သ​ကဲ့​သို့ လဲ​တော်​မူ​သ​ဖြင့် ထို​အ​ရာ​တို့​သည်​ပြောင်း​လဲ​ကွယ်​ပျောက် သွား​ကြ​ပါ​လိမ့်​မည်။
הֵ֤מָּה ׀ יֹאבֵדוּ֮ וְאַתָּ֪ה תַ֫עֲמֹ֥ד וְ֭כֻלָּם כַּבֶּ֣גֶד יִבְל֑וּ כַּלְּב֖וּשׁ תַּחֲלִיפֵ֣ם וֽ͏ְיַחֲלֹֽפוּ׃
27 ၂၇ သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​မူ​ကား​အ​ဘယ်​အ​ခါ ၌​မျှ ပြောင်း​လဲ​တော်​မ​မူ​ပါ။ အ​သက်​တော်​သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ ကုန်​ဆုံး​တော်​မူ​လိမ့်​မည်​မ​ဟုတ်​ပါ။
וְאַתָּה־ה֑וּא וּ֝שְׁנֹותֶ֗יךָ לֹ֣א יִתָּֽמּוּ׃
28 ၂၈ ကျွန်​တော်​မျိုး​တို့​၏​သား​မြေး​များ​သည် ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ရ​ပါ​လိမ့်​မည်။ သူ​တို့​၏​အ​မျိုး​အ​နွယ်​များ​သည်​လည်း ကိုယ်​တော်​ရှင်​၏​ထံ​တော်​၌​လုံ​ခြုံ​စွာ​ခို​လှုံ ရ​ပါ​လိမ့်​မည်။
בְּנֵֽי־עֲבָדֶ֥יךָ יִשְׁכֹּ֑ונוּ וְ֝זַרְעָ֗ם לְפָנֶ֥יךָ יִכֹּֽון׃

< ဆာလံ 102 >