< တောလည်ရာ 20 >
1 ၁ ပထမလတွင်ဣသရေလအမျိုးသားတို့ သည် ဇိနဟုခေါ်သောတောကန္တာရသို့ရောက်၍ ကာဒေရှအရပ်၌စခန်းချကြသည်။ ထို အရပ်တွင်မိရိအံသေဆုံးသဖြင့် သူ့အလောင်း ကိုမြှုပ်နှံသင်္ဂြိုဟ်လိုက်ကြ၏။
Toda la congregación de los hijos de Israel llegó al desierto de Zin el mes primero, y el pueblo permaneció en Cades. Allí murió Miriam, y fue sepultada.
2 ၂ စခန်းချရာအရပ်တို့တွင်ရေမရှိသောကြောင့် သူတို့သည်မောရှေနှင့်အာရုန်တို့ထံသို့စုရုံး လာကြပြီးလျှင်၊-
Se reunieron contra Moisés y Aarón porque no había agua para la congregación.
3 ၃ ``အကျွန်ုပ်တို့သည်ယခုကဲ့သို့သောဆင်းရဲ ဒုက္ခခံရသည်ထက် အကျွန်ုပ်တို့၏သားချင်း များနှင့်အတူထာဝရဘုရား၏တဲတော် ရှေ့တွင်သေရသည်ကပို၍ကောင်းပါသေး သည်။-
El pueblo contendió contra Moisés: ¡Ojalá hubiéramos perecido cuando nuestros hermanos murieron delante de Yavé!
4 ၄ အကျွန်ုပ်တို့၏တိရစ္ဆာန်များနှင့်အတူသေ ကြေပျက်စီးစေခြင်းငှာ သင်တို့သည်အကျွန်ုပ် တို့အားဤတောကန္တာရသို့အဘယ်ကြောင့် ခေါ်ဆောင်ခဲ့ပါသနည်း။-
¿Por qué trajiste a la congregación de Yavé a este desierto para que nosotros y nuestro ganado muramos aquí?
5 ၅ အဘယ်ကြောင့်အကျွန်ုပ်တို့အားအီဂျစ်ပြည်မှ ထုတ်ဆောင်၍ မည်သည့်အပင်မျှမပေါက်သောဤ ခေါင်သည့်အရပ်သို့ခေါ်ဆောင်ခဲ့ပါသနည်း။ ဤ အရပ်တွင်ကောက်ပဲသီးနှံပင်မရှိ၊ သဖန်းပင် မရှိ၊ စပျစ်ပင်မရှိ၊ သလဲပင်မရှိ၊ သောက် စရာရေမရှိ'' ဟုညည်းတွားကြလေသည်။-
¿Y por qué nos hicieron salir de Egipto para traernos a este miserable lugar? No es lugar de sementeras, de higueras, de viñas, ni de granadas. Ni siquiera hay agua para beber.
6 ၆ ထိုအခါမောရှေနှင့်အာရုန်တို့သည်လူအစု အဝေးမှထွက်ခွာ၍ တဲတော်တံခါးဝတွင်ရပ် နေကြ၏။ သူတို့သည်ပျပ်ဝပ်လျက်နေကြစဉ် ထာဝရဘုရား၏တောက်ပသောဘုန်းအသ ရေတော်ထင်ရှားလာ၏။
Moisés y Aarón se fueron de delante de la congregación a la entrada del Tabernáculo de Reunión. Cayeron sobre sus rostros, y la gloria de Yavé se mostró a ellos.
7 ၇ ထာဝရဘုရားကမောရှေအား၊-
Entonces Yavé habló a Moisés:
8 ၈ ``ပဋိညာဉ်သေတ္တာတော်ရှေ့တွင် ရှိသောတောင်ဝှေး ကိုယူလော့။ ထိုနောက်သင်နှင့်အာရုန်တို့သည် ဣသ ရေလအမျိုးသားအပေါင်းတို့အားစုဝေးစေရန် ဆင့်ဆိုလော့။ သူတို့ရှေ့တွင်ထိုအရပ်၌ရှိသော ကျောက်ဆောင်ကို ရေထွက်စေရန်အမိန့်ပေးလော့။ သူတို့နှင့်သူတို့၏တိရစ္ဆာန်များသောက်ရန် ကျောက်တုံးမှရေပန်းထွက်လိမ့်မည်'' ဟုမိန့် တော်မူ၏။-
Toma la vara. Tú y tu hermano Aarón reúnan la asamblea. Hablen a la peña ante los ojos de ellos, y ella dará sus aguas. Les sacarás agua de la peña y darás de beber a la congregación y a sus ganados.
9 ၉ မောရှေသည်ထာဝရဘုရားမိန့်မှာတော်မူ သည်အတိုင်း တောင်ဝှေးကိုယူခဲ့လေသည်။
Moisés tomó la vara de delante de Yavé, como le ordenó.
10 ၁၀ သူသည်အာရုန်နှင့်အတူ လူအပေါင်းတို့ကို ကျောက်ဆောင်ရှေ့တွင်စုရုံးစေ၏။ ထိုနောက် မောရှေက``ပုန်ကန်သူတို့၊ နားထောင်လော့။ ဤ ကျောက်ဆောင်ထဲမှသင်တို့အဖို့ရေထွက် ရအောင် ငါတို့ပြုလုပ်ရမည်လော'' ဟုဆိုလျက်၊-
Moisés y Aarón congregaron la asamblea frente a la peña, y él les dijo: Oigan ahora, rebeldes. ¿Les sacaremos agua de esta peña?
11 ၁၁ တောင်ဝှေးကိုမြှောက်၍ကျောက်တုံးကိုနှစ်ကြိမ် ရိုက်လေသည်။ ထိုအခါကျောက်ဆောင်မှရေ များစွာပန်းထွက်သဖြင့် လူအပေါင်းတို့နှင့် တိရစ္ဆာန်များရေသောက်ကြရသည်။
Entonces Moisés alzó su mano y golpeó la peña con su vara dos veces, y salió agua abundante y bebieron, tanto la congregación como su ganado.
12 ၁၂ သို့ရာတွင်ထာဝရဘုရားက မောရှေနှင့် အာရုန်တို့အား``သင်တို့သည်ဣသရေလ အမျိုးသားတို့ရှေ့တွင်ငါ့တန်ခိုးတော်ကို ယုံကြည်မှုနည်းသောကြောင့် ကတိထားသော ပြည်သို့သူတို့အားပို့ဆောင်ရကြလိမ့်မည် မဟုတ်'' ဟုဆုံးမတော်မူ၏။
Pero Yavé dijo a Moisés y a Aarón: Por cuanto no creyeron en Mí para santificarme a vista de los hijos de Israel, no introducirán a esta congregación en la tierra que les di.
13 ၁၃ မေရိဘအရပ်ကား ဣသရေလအမျိုးသား တို့ထာဝရဘုရားအားညည်းတွားသော၊ ထာဝရ ဘုရားကမိမိသည် ထာဝရဘုရားဖြစ်တော်မူ ကြောင်းကိုပြသောအရပ်ဖြစ်သတည်း။
Estas son las aguas de Meriba donde los hijos de Israel contendieron contra Yavé, y Él manifestó su santidad entre ellos.
14 ၁၄ မောရှေသည်ကာဒေရှအရပ်မှဧဒုံဘုရင်ထံ သို့ သံတမန်များကိုစေလွှတ်လိုက်၏။ သံတမန် တို့ကဧဒုံဘုရင်အား``ကိုယ်တော်၏ဆွေမျိုး သားချင်းဖြစ်သောဣသရေလအမျိုးသား တို့ထံမှ သတင်းပါးလိုက်ပါသည်။ အကျွန်ုပ် တို့ဆင်းရဲဒုက္ခမည်မျှခံခဲ့ရကြောင်း ကိုယ်တော်သိပါ၏။-
Moisés envió mensajeros desde Cades al rey de Edom, y dijeron: Tu hermano Israel dice: Tú sabes toda la calamidad que nos aconteció,
15 ၁၅ အကျွန်ုပ်တို့၏ဘိုးဘေးများသည်အီဂျစ် ပြည်သို့သွားရောက်၍ နှစ်ပေါင်းများစွာနေ ထိုင်ခဲ့ရာအီဂျစ်အမျိုးသားတို့သည်ဘိုး ဘေးများနှင့်အကျွန်ုပ်တို့ကိုညှင်းဆဲနှိပ်စက် ခဲ့ပါ၏။-
cómo nuestros antepasados bajaron a Egipto, cómo estuvimos en Egipto largo tiempo y cómo los egipcios nos maltrataron a nosotros y a nuestros antepasados.
16 ၁၆ အကျွန်ုပ်တို့သည်ထာဝရဘုရားထံအကူ အညီတောင်းခံလျှောက်ထားသောအခါ ကိုယ် တော်သည်နားညောင်းတော်မူ၍ကောင်းကင် တမန်ကိုစေလွှတ်လျက် ကျွန်ုပ်တို့အားအီဂျစ် ပြည်မှထုတ်ဆောင်တော်မူခဲ့၏။ ယခုအကျွန်ုပ် တို့သည်ကိုယ်တော်၏နယ်စပ်တွင်တည်ရှိ သောကာဒေရှမြို့သို့ရောက်ရှိနေပါသည်။-
Pero cuando clamamos a Yavé, oyó nuestra voz, envió a su Ángel y nos sacó de Egipto. Ahora, mira, estamos en Cades, ciudad que se encuentra en el extremo de tu territorio.
17 ၁၇ ကိုယ်တော်၏ပြည်ကိုဖြတ်သန်းခွင့်ပေးတော် မူပါ။ အကျွန်ုပ်တို့နှင့်တကွသိုး၊ နွား၊ တိရစ္ဆာန် တို့သည်ကိုယ်တော်၏လယ်များ၊ စပျစ်ဥယျာဉ် များကိုဖြတ်သန်းခြင်းပြုမည်မဟုတ်ပါ။ ရေတွင်းများမှရေကိုလည်းသောက်သုံးမည် မဟုတ်ပါ။ အကျွန်ုပ်တို့သည်ကိုယ်တော်၏ ပိုင်နက်လွန်သည် အထိလမ်းမကြီးအတိုင်း ဖြတ်သန်းသွားပါမည်'' ဟုလျှောက်ထား ကြလေသည်။
Te rogamos que nos permitas pasar por tu tierra. No pasaremos por labranzas ni viñas, ni beberemos agua de ningún pozo. Iremos por el camino real, sin apartarnos ni a derecha ni a izquierda, hasta que pasemos tu territorio.
18 ၁၈ ဧဒုံအမျိုးသားတို့က``သင်တို့အားငါတို့ ၏ပြည်ကိုဖြတ်သန်းခွင့်မပြုနိုင်။ သင်တို့ ဖြတ်သန်းလာလျှင်ငါတို့သည်အလုံး အရင်းနှင့်ချီတက်၍သင်တို့အားတိုက်ခိုက် မည်'' ဟုဖြေကြားကြလေသည်။
Pero Edom le respondió: No pasarás por mi tierra. De otro modo, saldré contra ti con la espada.
19 ၁၉ ဣသရေလအမျိုးသားတို့က``အကျွန်ုပ်တို့ သည်လမ်းမကြီးအတိုင်းသာဖြတ်သန်းသွား ကြပါမည်။ အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏ တိရစ္ဆာန်များသည် ကိုယ်တော်၏ပြည်မှရေကို သောက်သုံးမိလျှင်ရေဖိုးကိုပေးပါမည်။ ဖြတ်သန်းခွင့်ကိုသာပေးတော်မူပါ'' ဟု လျှောက်ထားကြလေသည်။
Los hijos de Israel respondieron: Iremos por el camino real, y si nosotros y nuestros ganados bebemos tus aguas, pagaremos el precio. Solo se trata de pasar a pie.
20 ၂၀ ဧဒုံအမျိုးသားတို့က``ငါတို့ဖြတ်သန်းခွင့် မပြုနိုင်'' ဟုဆို၍ဣသရေလအမျိုးသား တို့ကိုတိုက်ခိုက်ရန် ဗိုလ်ပါအလုံးအရင်း နှင့်ချီတက်လာကြလေသည်။-
Pero él dijo: No pasarás. Y Edom salió contra él con mucho pueblo y mano fuerte.
21 ၂၁ ဧဒုံအမျိုးသားတို့ကမိမိတို့ပြည်ကိုဖြတ် သန်းခွင့်မပြုကြသောကြောင့် ဣသရေလ အမျိုးသားတို့သည်လှည့်လည်၍အခြား သောလမ်းဖြင့်ခရီးဆက်ကြလေသည်။
Así Edom se negó a dejar pasar a Israel por su territorio, e Israel se desvió de él.
22 ၂၂ ဣသရေလအမျိုးသားတို့သည်ကာဒေရှ အရပ်မှထွက်ခွာခဲ့ရာ ဧဒုံပြည်နယ်စပ်ရှိ ဟောရတောင်သို့ရောက်ရှိကြလေသည်။ ထို အရပ်တွင်ထာဝရဘုရားက မောရှေနှင့် အာရုန်တို့အား၊-
Los hijos de Israel, toda aquella congregación, salieron de Cades, y fueron hacia la montaña Hor.
Yavé habló a Moisés y Aarón en la montaña Hor, en los confines de la tierra de Edom:
24 ၂၄ ``အာရုန်သည်အနိစ္စရောက်လိမ့်မည်။ သူသည် ဣသရေလအမျိုးသားတို့အား ငါကတိ ထားသောပြည်သို့ဝင်ရလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်သင်တို့နှစ်ဦးသည် မေရိဘအရပ်တွင် ငါ၏အမိန့်တော်ကို မနာခံခဲ့သောကြောင့်ဖြစ်သည်။-
Aarón será reunido a su pueblo, pues no entrará en la tierra que Yo di a los hijos de Israel, por cuanto fueron rebeldes a mi Palabra en las aguas de Meriba.
25 ၂၅ အာရုန်နှင့်သူ၏သားဧလာဇာကိုဟောရ တောင်ပေါ်သို့ခေါ်ဆောင်ခဲ့ပြီးလျှင်၊-
Toma a Aarón y a su hijo Eleazar, y hazlos subir a la montaña Hor.
26 ၂၆ အာရုန်၏ယဇ်ပုရောဟိတ်ဝတ်စုံကိုချွတ်၍ ဧလာဇာအားဝတ်ဆင်ပေးလော့။ အာရုန်သည် ထိုအရပ်တွင်အနိစ္စရောက်လိမ့်မည်'' ဟုမိန့် တော်မူ၏။-
Quítale a Aarón sus ropas, y viste con ellas a su hijo Eleazar. Aarón será reunido a su pueblo y morirá allí.
27 ၂၇ ထာဝရဘုရားမိန့်မှာတော်မူသည်အတိုင်း မောရှေဆောင်ရွက်လေသည်။ ဣသရေလအမျိုး သားအပေါင်းတို့ရှေ့တွင် သူတို့သည်ဟောရ တောင်ပေါ်သို့တက်သွားကြ၏။-
Moisés hizo como Yavé le mandó, y subieron a la montaña Hor ante los ojos de toda la congregación.
28 ၂၈ တောင်ပေါ်တွင်မောရှေသည်အာရုန်၏ယဇ် ပုရောဟိတ်ဝတ်စုံများကိုချွတ်၍ ဧလာဇာ အားဝတ်ဆင်ပေးလေသည်။ အာရုန်သည်ထို တောင်ပေါ်တွင်အနိစ္စရောက်လေ၏။ မောရှေ နှင့်ဧလာဇာတို့သည်တောင်အောက်သို့ ဆင်းလာကြ၏။-
Entonces Moisés despojó a Aarón de sus ropas y vistió a su hijo Eleazar con ellas. Y Aarón murió allí en la cumbre de la montaña. Luego Moisés y Eleazar descendieron de la montaña.
29 ၂၉ ဣသရေလအမျိုးသားအပေါင်းတို့သည် အာရုန်အနိစ္စရောက်ကြောင်းကြားသိရသော အခါ ရက်ပေါင်းသုံးဆယ်ပတ်လုံးဝမ်းနည်း ပူဆွေးကြလေသည်။
Al ver toda la congregación que Aarón falleció, toda la casa de Israel le hizo duelo durante 30 días.