< တောလည်ရာ 17 >
1 ၁ ထာဝရဘုရားကမောရှေအား၊
Потом рече Господ Мојсију говорећи:
2 ၂ ``ဣသရေလတစ်ဆယ့်နှစ်နွယ်၏ဦးစီးခေါင်း ဆောင်တို့ထံမှ တစ်ဦးလျှင်တောင်ဝှေးတစ်ချောင်း ကျဖြင့် တောင်ဝှေးတစ်ဆယ့်နှစ်ချောင်းကိုသင့် ထံသို့ယူဆောင်လာစေလော့။ ခေါင်းဆောင်တစ် ဦးစီသည်မိမိ၏နာမည်ကိုတောင်ဝှေးပေါ် တွင်ရေးရမည်။-
Реци синовима Израиљевим, и узми од њих по једну палицу од сваког дома отаца њихових, од свих кнезова њихових, по домовима отаца њихових, дванаест палица, и име сваког напиши на палици његовој.
3 ၃ လေဝိအနွယ်၏တောင်ဝှေးပေါ်တွင်အာရုန် ၏နာမည်ကိုရေးရမည်။ အနွယ်ဦးစီးခေါင်း ဆောင်တစ်ဦးလျှင်တောင်ဝှေးတစ်ချောင်း ရှိရမည်။-
А на палици Левијевој напиши име Ароново, јер је свака палица за једног поглавара од дома отаца њихових.
4 ၄ တောင်ဝှေးများကိုငါစံတော်မူရာတဲ တော်သို့ယူဆောင်၍သင့်ကိုငါတွေ့ဆုံရာ ပဋိညာဉ်သေတ္တာတော်ရှေ့တွင်ထားလော့။-
И остави их у шатору од састанка пред сведочанством, где се састајем с вама.
5 ၅ ငါရွေးကောက်သောသူ၏တောင်ဝှေးမှ အညှောက်ထွက်လိမ့်မည်။ ဤနည်းအားဖြင့် ဣသရေလအမျိုးသားတို့ သင့်အား မကြာခဏညည်းညူအပြစ်တင်ခြင်း ပြုတော့မည်မဟုတ်'' ဟုမိန့်တော်မူ၏။
И кога изаберем, његова ће палица процветати; тако ћу утишати пред собом вику синова Израиљевих што вичу на вас.
6 ၆ သို့ဖြစ်၍မောရှေသည်ဣသရေလအမျိုး သားတို့အားဆင့်ဆိုသဖြင့် အနွယ်ဦးစီး ခေါင်းဆောင်တစ်ဦးစီကတောင်ဝှေးတစ် ချောင်းကျ တောင်ဝှေးတစ်ဆယ့်နှစ်ချောင်းကို သူ့ထံသို့ယူဆောင်ခဲ့ကြသည်။ အာရုန်၏ တောင်ဝှေးသည်တစ်ဆယ့်နှစ်ချောင်းတွင် ပါဝင်၏။-
Кад то рече Мојсије синовима Израиљевим, дадоше му сви кнезови њихови палице, сваки кнез по палицу од дома оца свог, дванаест палица, и палица Аронова беше међу палицама њиховим.
7 ၇ ထိုနောက်မောရှေသည်တဲတော်ထဲရှိထာဝရ ဘုရား၏ ပဋိညာဉ်သေတ္တာရှေ့တွင်တောင်ဝှေး များကိုထားလေသည်။
И остави Мојсије палице пред Господом у шатору од сведочанства.
8 ၈ နောက်တစ်နေ့တွင်မောရှေသည်တဲတော်ထဲ သို့ဝင်သောအခါ လေဝိအနွယ်ဝင်အာရုန် ၏တောင်ဝှေးမှအညှောက်ထွက်လျက်ရှိသည် ကိုတွေ့မြင်ရလေသည်။ ထိုတောင်ဝှေးမှ အဖူး၊ အပွင့်များဖူးပွင့်၍ဗာဒံသီးမှည့် များသီးလျက်ရှိပေသည်။-
А сутрадан дође Мојсије у шатор од сведочанства, и гле, процветала палица Аронова од дома Левијевог; беше напупила и цветала, и бадеми зрели на њој.
9 ၉ မောရှေသည်ဣသရေလအမျိုးသားတို့ အား တောင်ဝှေးအားလုံးကိုထုတ်ပြရာသူ တို့သည်ဖြစ်ခဲ့သောအခြင်းအရာကိုတွေ့ မြင်ကြ၏။ ဦးစီးခေါင်းဆောင်တို့သည်မိမိ တို့ဆိုင်ရာတောင်ဝှေးကိုပြန်ယူကြလေသည်။-
И изнесе Мојсије све оне палице испред Господа к свим синовима Израиљевим, и разгледавши их узеше сваки своју палицу.
10 ၁၀ ထာဝရဘုရားက``အာရုန်၏တောင်ဝှေးကို သေတ္တာတော်ရှေ့တွင်ပြန်ထားလော့။ ပုန်ကန် တတ်သောဣသရေလအမျိုးသားတို့ သည်အပြစ်တင်ညည်းညူနေလျှင် အသက် သေဆုံးရမည်ဖြစ်ကြောင်းသတိပေးသည့် အနေဖြင့်အာရုန်၏တောင်ဝှေးကိုထို နေရာ၌ထားရမည်'' ဟုမိန့်တော်မူ ၏။-
А Господ рече Мојсију: Донеси опет палицу Аронову пред сведочанство да се чува за знак непокорнима, да престане вика њихова на ме, да не изгину.
11 ၁၁ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မောရှေဆောင်ရွက်လေသည်။
И учини Мојсије, како му заповеди Господ тако учини.
12 ၁၂ ဣသရေလအမျိုးသားတို့ကမောရှေ အား``အကျွန်ုပ်တို့၏ဘဝဆုံးရှုံးပါပြီ။-
Тада рекоше синови Израиљеви Мојсију говорећи: Помресмо, пропадосмо, сви пропадосмо.
13 ၁၃ တဲတော်အနီးသို့ချဉ်းကပ်မိသူတိုင်းသေ ရမည်ဆိုလျှင် အကျွန်ုပ်တို့အားလုံးသေဆုံး ရပါတော့မည်'' ဟုဆိုကြလေသည်။
Ко се год приближи к шатору Господњем гине; хоћемо ли сви изгинути?