< မြည်တမ်းစကား 3 >
1 ၁ ငါသည်ဘုရားသခင်၏အပြစ်ဒဏ်ခတ်ခြင်း ဆိုသည်မှာ ဘယ်သို့ဖြစ်သည်ကိုသိရသောသူဖြစ်ပါ၏။
Mimi ni mwanaume nilyeona maangaiko chini ya gongo la hasira ya Yahweh.
2 ၂ ကိုယ်တော်သည်ငါ့ကိုပို၍ပို၍မှောင်မိုက်သော နေရာထဲသို့ရောက်ရှိစေတော်မူလျက်၊
Amenifukuza na kunisababisha kutembea kwenye giza kuliko kwenye nuru.
3 ၃ သနားကရုဏာကင်းမဲ့စွာအကြိမ်ကြိမ် အဖန်ဖန်ရိုက်နှက်တော်မူပါ၏။
Hakika amenigeuzia mkono wake dhidi yangu tena na tena, siku yote.
4 ၄ ကိုယ်တော်သည်ငါ၏အသားကိုကွဲပြဲစေကာ အရိုးတို့ကိုချိုး၍ထားတော်မူပါ၏။
Amefanya mwili wangu na ngozi yangu kufifia; amevunja mifupa yangu.
5 ၅ ငါ့အားစိတ်ဆင်းရဲမှုပူဆွေးဒုက္ခရောက်မှုတို့ဖြင့် ချုပ်နှောင်ထားတော်မူပါ၏။
Amejenga vifusi vya udogo dhidi yangu, na kunizingira na uchungu na ugumu.
6 ၆ ကိုယ်တော်သည်ငါ့ကိုကြာရှည်စွာဒုက္ခ မှောင်မိုက်တွင်နေစေတော်မူပါ၏။
Amefanya ni ishi sehemu za giza, kama hao walio kufa zamani.
7 ၇ ငါ့ကိုသံကြိုးများနှင့်ချည်နှောင်ထားတော်မူ ပါ၏။ ငါသည်အကျဉ်းသားဖြစ်၍ ငါလွတ်မြောက်ရန်လမ်းမရှိ။
Amejenga ukuta kunizunguka na siwezi kutoroka. Amefanya minyororo yangu mizito
8 ၈ ကူမတော်မူရန်ငါဟစ်အော်ပါသော်လည်း ဘုရားသခင်သည်နားထောင်တော်မမူ။
na japo nina ita na kulilia msaada, anazima maombi yangu.
9 ၉ ငါသည်လမ်းလျှောက်သောအခါ ယိမ်းယိုင်လျက်နေပါ၏။ ငါလှည့်လိုက်သည့်အခါတိုင်း၌ ကျောက်နံရံများပိတ်လျက်ရှိပါ၏။
Ameziba njia yangu kwa ukuta wa mawe ya kuchonga; amefanya njia yangu mbaya.
10 ၁၀ ကိုယ်တော်သည်ဝက်ဝံသဖွယ်ငါ့အားချောင်း မြောင်းကာ ခြင်္သေ့ကဲ့သို့ခုန်အုပ်တော်မူပါ၏။
Yeye ni kama dubu anasubiri kunishambulia, simba katika maficho;
11 ၁၁ လမ်းနံဘေးတွင်ငါ့ကိုလိုက်လံဖမ်းဆီးပြီးလျှင် အပိုင်းပိုင်းဆွဲဖြတ်ကာစွန့်ပစ်ထားတော်မူပါ၏။
amegeuza pembeni njia zangu, amenifanya ukiwa.
12 ၁၂ ကိုယ်တော်သည်လေးတော်ကိုတင်၍ငါ့အား ပစ်မှတ်အဖြစ်အသုံးပြုတော်မူပါ၏။
Amepindisha upinde wake na kunifanya mimi kama lengo la mshale wake.
13 ၁၃ ကိုယ်တော်သည်မြားတော်တို့ကိုငါ၏ ကိုယ်ခန္ဓာအတွင်းသို့ပစ်လွှတ်တော်မူပါ၏။
Ametoboa maini yangu kwa mishale ya mfuko wake.
14 ၁၄ လူတို့သည်တစ်နေကုန်တစ်နေခန်းငါ့ကို ပြက်ရယ်ပြုကြပါ၏။ ငါသည်လူများအတွက်ရယ်စရာဖြစ်၍ နေတော့၏။
Nilikuwa kichekesho kwa watu wangu wote, kielelezo cha dhihaka yao siku nzima.
15 ၁၅ ကိုယ်တော်သည်ငါ့အားပြင်းထန်သော ဝေဒနာကိုအစာရေစာအဖြစ်တိုက်ကျွေး တော်မူပါ၏။
Amenijaza kwa uchungu na kunilazimisha kunywa maji machungu.
16 ၁၆ ကိုယ်တော်သည်ငါ၏မျက်နှာကိုမြေပြင်နှင့် ပွတ်တိုက်တော်မူ၍ ငါ၏သွားတို့ကိုကျောက်ပေါ်တွင်ချိုးတော်မူပါ၏။
Alivunja meno yangu na kokoto; amenisukuma chini kwenye fumbi.
17 ၁၇ ငါသည်ကျန်းမာပျော်ရွှင်မှုနှင့်ငြိမ်းချမ်း သာယာမှုကိုမေ့ပျောက်၍သွားလေပြီ။
Nafsi yangu imenyimwa amani; nimesahau furaha ni nini.
18 ၁၈ ငါသည်ကြာကြာအသက်ရှင်ရတော့မည် မဟုတ်ပါ။ ထာဝရဘုရားထံတော်မှငါမျှော်လင့်စရာလည်း မရှိတော့ပါ။
Hivyo na sema, “Ustahimilivu wangu umeangamia na pia tumaini langu kwa Yahweh.”
19 ၁၉ ငါခံရသည့်ဝေဒနာနှင့်ငါအိုးမဲ့အိမ်မဲ့ ဖြစ်ရမှုကို စဉ်းစားဆင်ခြင်ရသည်မှာ ဆိုးရွားသည့်အဆိပ်ကိုမျိုရသည်နှင့် တူတော့၏။
Kumbuka mateso yangu na kuangaika kwangu, maji machungu na uchungu.
20 ၂၀ ယင်းသို့အခါတလဲလဲဆင်ခြင်၍ ငါ၏စိတ်ကိုညှိုးငယ်စေပါ၏။
Ninaendelea kukumbuka na nimeinama ndani yangu.
21 ၂၁ သို့ရာတွင်မျှော်လင့်ချက်ကိုပြန်လည်ရရှိစေသည့် အချက်မှာအောက်ပါတို့ကိုသတိရခြင်းဖြစ်သည်။
Lakini ni vuta hili akilini mwangu na hivyo nina matumaini:
22 ၂၂ ထာဝရဘုရား၏မကုန်ဆုံးနိုင်သောမေတ္တာ တော်နှင့် ကရုဏာတော်သည် မိုးသောက်ချိန်ကဲ့သို့လန်းဆန်းလျက်၊ နေထွက်ချိန် ကဲ့သို့ဧကန်မုချတည်မြဲ၍နေတော်မူသေးသည်။
Upendo dhabiti wa Yahweh haukomi na huruma zake haziishi,
ni mpya kila asubui; uaminifu wako ni mkubwa.
24 ၂၄ ထာဝရဘုရားသည်ငါ့အဖို့ဖြစ်သဖြင့် ငါသည်ကိုယ်တော်ကိုမျှော်ကိုးပါ၏။
“Yahweh ni urithi wangu,” Nilisema, hivyo nitamtumainia.
25 ၂၅ ထာဝရဘုရားသည်မိမိအားယုံကြည်ကိုးစား သူမှန်သမျှကိုကျေးဇူးပြုတော်မူတတ်၏။
Yahweh ni mwema kwao wanao msubiri, kwa anaye mtafuta.
26 ၂၆ သို့ဖြစ်၍ငါတို့ကိုကယ်တော်မူရန်ကိုယ်တော်အား သည်းခံစောင့်မျှော်နေခြင်းသည်ငါတို့အဖို့ အကောင်းဆုံးပင်ဖြစ်ပါ၏။
Ni vizuri kusubiri taratibu kwa uwokovu wa Yahweh.
27 ၂၇ ယင်းသို့သည်းခံစောင့်မျှော်မှုကို အသက်ပျိုရွယ်စဉ်အခါကလေ့ကျက် ခြင်းသည် အကောင်းဆုံးပင်ဖြစ်ပါ၏။
Ni vizuri kwa mtu kubeba nira katika ujana.
28 ၂၈ ငါတို့ဒုက္ခရောက်ချိန်၌သည်းခံလျက် တိတ်ဆိတ်စွာတစ်ကိုယ်တည်းထိုင်နေရကြမည်။
Acha aketi peke yake katika utulivu, inapo kuwa imewekwa juu yake.
29 ၂၉ မျှော်လင့်ဖွယ်ရှိကောင်းရှိဦးမည်ဖြစ်၍ငါတို့သည် ဝန်ခံလျက်မြေသို့ခေါင်းငုံ့သင့်ကြ၏။
Acha aeke mdomo wake kwenye vumbi - kunaweza bado kuwa na matumaini.
30 ၃၀ ရိုက်နှက်စော်ကားမှုကိုခံရသော်လည်း နားလည်လက်ခံသင့်ကြ၏။
Acha atoa shavu lake kwa yeye anaye mpiga, na ajazwe tele kwa aibu.
31 ၃၁ ထာဝရဘုရားသည်သနားတတ်သော ကြောင့် ငါတို့အားထာဝစဉ်ပင်ပစ်ပယ်တော်မူလိမ့် မည်မဟုတ်။
Kwa kuwa Bwana hatatukataa milele,
32 ၃၂ ကိုယ်တော်သည်ငါတို့အားဝမ်းနည်းကြေကွဲခြင်းကို ပေးသော်လည်း ငါတို့အပေါ်၌ကိုယ်တော်ထားရှိတော်မူသော သနားညှာတာမှုနှင့်မေတ္တာတော်ကား ကြီးမားတော်မူပါပေသည်။
lakini japo anatia uzuni, ata kuwa na huruma kwa kadiri ya mwingi wa upendo wake dhabiti.
33 ၃၃ ကိုယ်တော်သည်ငါတို့အားဝမ်းနည်းကြေကွဲစေ၍ ဝေဒနာခံစားစေသော်လည်းနှစ်မြို့တော်မမူပါ။
Kwa kuwa haadhibu kutoka moyoni mwake au kutesa watoto wa mwanadamu.
34 ၃၄ ငါတို့သည်ထောင်ထဲတွင်အကျဉ်းခံရ၍ စိတ်ကျိုးပဲ့ကြေမွလျက်ရှိသောအခါ ကိုယ်တော်သိတော်မူပါ၏။
Kukanyaga chini ya mguu wafungwa wote wa dunia,
35 ၃၅ ကိုယ်တော်သည်မိမိပေးထားသည့်ရပိုင်ခွင့် များကို ငါတို့ဆုံးရှုံးရကြသောအခါ၌လည်း သိတော်မူပါ၏။
kumnyima haki mtu mbele ya uwepo wa Aliye Juu,
36 ၃၆ ရုံးတော်တွင်တရားစီရင်မှုဖောက်လွဲဖောက် ပြန် ဖြစ်သောအခါလည်း ကိုယ်တော်သိတော်မူပါ၏။
mkunyima haki mtu - Bwana hataidhinisha vitu kama hivyo!
37 ၃၇ ထာဝရဘုရား၏အလိုတော်အရသာလျှင် အကောင်အထည်ဖော်ရပါ၏။
Ni nani aliye zungumza na ikatimia, kama sio Bwana kutamka?
38 ၃၈ အကောင်းနှင့်အဆိုးသည်ကိုယ်တော်၏ အမိန့်တော်အရဖြစ်ပျက်ရပါ၏။
Sio kutoka mdomoni mwa Aliye Juu majanga na mazuri yanakuja?
39 ၃၉ ငါတို့သည်မိမိတို့အပြစ်အတွက် ဒဏ်ခတ်ခြင်းခံရကြသောအခါ အဘယ်ကြောင့်ညည်းတွားရကြပါမည်နည်း။
Mtu aliye hai anawezaje kulalamika? Mtu anawezaje kulalamika kwa adhabu ya dhambi zake?
40 ၄၀ ငါတို့သည်မိမိတို့လမ်းစဉ်ကိုစစ်ဆေးကာ ထာဝရဘုရားထံတော်သို့ပြန်လာကြ ကုန်အံ့။
Natujichunguze njia zetu na kuzijaribu, na tumrudie Yahweh.
41 ၄၁ ကောင်းကင်ဘုံ၌ရှိတော်မူသောဘုရားသခင် အား ငါတို့စိတ်နှလုံးကိုဖွင့်လျက် အောက်ပါပတ္ထနာကိုပြုကြကုန်အံ့။
Na tunyanyue mioyo yetu na mikono yetu kwa Yahweh mbinguni:
42 ၄၂ ``ကျွန်တော်မျိုးတို့သည်အပြစ်ကူးခဲ့ကြ ပါပြီ။ ပုန်ကန်ခဲ့ကြပါပြီ။ အို ထာဝရဘုရားကိုယ်တော်ရှင်သည်လည်း ကျွန်တော်မျိုးတို့၏အပြစ်များကို ဖြေလွှတ်တော်မမူခဲ့ပါ။
“Tumekosea na kuasi, na haujasamehe.
43 ၄၃ ``ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား လိုက်လံဖမ်းဆီး၍ကွပ်မျက်တော်မူပါ၏။ ကျွန်တော်မျိုးတို့၏ဆုတောင်းပတ္ထနာများ သည် ထူထပ်သောအမျက်တော်တိမ်တိုက်ကို တိုး၍မပေါက်နိုင်ပါ။
Umejifunika na hasira na kutukimbiza, umeua na haujanusuru.
Umejifunika na wingu ili kwamba kusiwe na ombi linaloweza kupita.
45 ၄၅ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ကမ္ဘာ့အလယ်တွင်အညစ်အကြေးအမှိုက်ပုံ ဖြစ်စေတော်မူပါပြီ။
Umetufanya kama uchafu na taka miongoni mwa mataifa.
46 ၄၆ ``ကျွန်တော်မျိုးတို့သည်ရန်သူများ၏စော်ကား ပြောင်လှောင်မှုကိုခံရကြပါ၏။
Maadui wetu wote wametulaani,
47 ၄၇ ပျက်စီးယိုးယွင်းမှုနှင့်ကြုံတွေ့ခဲ့ရကြပါပြီ။ ကျွန်တော်မျိုးတို့သည်အဆီးအတားနှင့် ကြောက်ရွံ့မှုတို့ဖြင့်အသက်ရှင်ရပါ၏။
wasiwasi na shimo limetujia, maafa na uharibifu.
48 ၄၈ ကျွန်တော်မျိုးတို့၏အမျိုးသားများဆုံးပါး ပျက်စီးမှုကြောင့် ကျွန်တော်မျိုး၏မျက်စိများမှမျက်ရည်တို့သည် မြစ်များသဖွယ်စီးဆင်း၍လာပါ၏။
Macho yangu yanatiririka na miferiji ya machozi kwasababu ya watu wangu.
49 ၄၉ ``ထာဝရဘုရားသည်ကောင်းကင်ဘုံမှငါ တို့အား ကြည့်တော်မူ၍မြင်တော်မူသည်တိုင်အောင် ငါ၏မျက်ရည်များသည်မရပ်မနားစီးလျက် နေပါလိမ့်မည်။
Macho yangu yatatoa machozi pasipo kikomo; pasipo hauweni,
mpaka atakapo tazama chini na Yahweh ataona kutoka mbinguni.
51 ၅၁ မိမိ၏မြို့မှအမျိုးသမီးများ၏အဖြစ်ဆိုး ကြောင့် ကျွန်တော်မျိုး၏စိတ်နှလုံးကြေကွဲ၍နေပါ၏။
Macho yangu yana ni sababishia uzuni kwasababu ya mabinti wa mji wangu.
52 ၅၂ ကျွန်တော်မျိုးကိုမုန်းရန်အကြောင်းမရှိပါ ဘဲလျက် ရန်သူများသည်ကျွန်တော်မျိုးအားငှက်သဖွယ် ကျော့ကွင်းထောင်ကြပါ၏။
Nimewindwa kama ndege hao walio kuwa maadui zangu; wameniwinda pasipo sababu.
53 ၅၃ သူတို့သည်ကျွန်တော်မျိုးအားအရှင်လတ်လတ် တွင်းထဲသို့ပစ်ချကာကျောက်တုံးနှင့် တွင်းဝကိုပိတ်ကြပါ၏။
Wamenitupa kwenye shimo na wakanitupia jiwe,
54 ၅၄ မိမိ၏အပေါ်သို့ရေများဖုံးလွှမ်းလာသဖြင့် ကျွန်တော်မျိုးသည်သေရပေတော့အံ့ဟု ထင်မှတ်မိပါ၏။
na maji yaka mwagika juu ya kichwa changu. Nilisema, “Nimekatwa mbali!”
55 ၅၅ ``အို ထာဝရဘုရားတွင်းထဲမှနေ၍ ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်အားဟစ်ခေါ်ပါ၏။
Nililiita jna lako, Yahweh, kutoka kina cha shimo.
56 ၅၆ ဤသို့ဟစ်ခေါ်သံကိုနားထောင်တော်မူရန် ကျွန်တော်မျိုးပန်ကြားလျှောက်ထားသောအခါ ကိုယ်တော်ရှင်ကြားတော်မူသည်ဖြစ်၍
Ulisikia sauti yangu. Ulisikia sauti yangu nilipo sema, “Usifunge sikio lako kwa kilio changu cha msaada.”
57 ၅၇ ကျွန်တော်မျိုးအား`မကြောက်နှင့်' ဟုပြန်လည် ဖြေကြားတော်မူပါ၏။
Ulikuja karibu siku niliyo kuiita; ulisema, “Usiogope”
58 ၅၈ အို ထာဝရဘုရားကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအားကူမရန်ကြွလာတော်မူ၍ ကယ်တင်တော်မူပါ၏။
Bwana, ulitetea kesi yangu, uliokoa maisha yangu!
59 ၅၉ ကျွန်တော်မျိုးခံရသည့်မတရားမှုများကို ကိုယ်တော်ရှင်သိတော်မူပါ၏။ စီရင်ပေးတော်မူပါ။
Yahweh, umeona mabaya waliyo ni fanyia, hukumu kesi yangu.
60 ၆၀ ရန်သူများသည်ကျွန်တော်မျိုးအားအဘယ်မျှ မုန်းကြသည်ကိုလည်းကောင်း၊ ကျွန်တော်မျိုးအားဆန့်ကျင်၍အဘယ်သို့ လျှို့ဝှက်ကြံစည်ကြသည်ကိုလည်းကောင်း ကိုယ်တော်ရှင်သိတော်မူပါ၏။
Umeona matusi yao, mipango yao yote dhidi yangu -
61 ၆၁ ``ကိုယ်တော်ရှင်သည်ထိုသူတို့ကျွန်တော်မျိုး အား စော်ကားကြသည်ကိုကြားတော်မူ၍ သူတို့၏လျှို့ဝှက်သောအကြံအစည် မှန်သမျှကိုလည်းသိတော်မူပါ၏။
Umesikia dhihaka yao, Yahweh, na mipango yao kunihusu.
62 ၆၂ သူတို့သည်တစ်နေကုန်တစ်နေခန်း ကျွန်တော်မျိုး အကြောင်းကိုပြောဆိုလျက် မိမိတို့အကြံအစည်များကိုပြုလုပ်ကြပါ၏။
Midomo ya hao wanao inuka kinyume changu, na mashtaka yao, inakuja dhidi yangu siku nzima.
63 ၆၃ မိုးလင်းမှမိုးချုပ်တိုင်အောင်ကျွန်တော်မျိုးကို ပြက်ရယ်ပြုကြပါ၏။
Ngalia jinsi wanavyo keti na kuinuka; wana nidhihaki na nyimbo zao.
64 ၆၄ ``အို ထာဝရဘုရားသူတို့အားမိမိတို့ ပြုကျင့်ခဲ့သည့်အမှုများအတွက်ဒဏ် ခတ်တော်မူပါ။
Walipize, Yahweh, kwa kadiri ya waliyo fanya.
65 ၆၅ သူတို့အားကျိန်ဆဲတော်မူ၍စိတ်ဋ္ဌာတ် ကျဆင်းစေတော်မူပါ။
Utaacha mioyo yao bila lawama! Hukumu yako iwe juu yao!
66 ၆၆ သူတို့ကိုလိုက်လံဖမ်းဆီးတော်မူ၍ ကမ္ဘာမြေပေါ်မှ အကုန်အစင်သုတ်သင်ပယ်ရှင်းတော်မူပါ။''
Una wakimbiza kwa hasira na kuwaharibu nchini ya mbingu, Yahweh!