< တရားသူကြီးမှတ်စာ 18 >
1 ၁ ထိုကာလ၌ဣသရေလလူမျိုးတွင်ဘုရင် မရှိသေးချေ။ ဒန်အနွယ်ဝင်တို့တွင်လည်း အခြားဣသရေလအမျိုးသားများကဲ့ သို့ ကိုယ်ပိုင်နယ်မြေတစ်စုံတစ်ရာမျှမရှိ ကြသေးပေ။ သို့ဖြစ်၍မိမိတို့သိမ်းယူ၍ အတည်တကျနေထိုင်ရန်နယ်မြေကို ရှာဖွေလျက်နေကြ၏။-
၁ထို ကာလ အခါ ဣသရေလ ရှင်ဘုရင် မ ရှိစဉ်၊ ဒန် အမျိုးသား တို့သည် အမွေခံ စရာမြေကို ရှာ ကြ၏။ ထို ကာလ တိုင်အောင် အခြားသော ဣသရေလ အမျိုး တို့တွင် ၊ အမွေခံ ထိုက်သည်အတိုင်းမ ခံရ သေး။
2 ၂ ဒန်အမျိုးသားတို့သည်နယ်မြေကိုစူးစမ်း ရှာဖွေရန် မိမိတို့အနွယ်ဝင်အိမ်ထောင်စု အပေါင်းမှ အရည်အချင်းရှိသူလူငါး ယောက်ကိုရွေးချယ်၍ဇောရာမြို့နှင့်ဧရှ တောလမြို့တို့မှစေလွှတ်လိုက်ကြ၏။ ထို သူတို့သည်တောင်ကုန်းဒေသဖြစ်သော ဧဖရိမ်ပြည်သို့ရောက်လာသောအခါ မိက္ခာ၏အိမ်တွင်တည်းခိုကြ၏။-
၂သို့ဖြစ်၍ ဒန် အမျိုးသား တို့သည် ပြည် ကို ကြည့်ရှု စူးစမ်း စေခြင်းငှါ မိမိ တို့ အမျိုးသား ခွန်အား ကြီးသော သူရဲ ငါး ယောက်တို့ကို သူတို့နေရာအရပ် ဇောရာ မြို့၊ ဧရှတောလ မြို့မှ စေလွှတ် လျက်၊ ပြည် ကို သွား ၍ စူးစမ်း ကြလော့ဟု မှာ လိုက်ကြသည်အတိုင်း၊ သူတို့သည် ဧဖရိမ် တောင် ၊ မိက္ခါ အိမ် သို့ ရောက် ပြီးလျှင် တည်းခို ၍နေကြ၏။
3 ၃ ထိုအိမ်တွင်ရှိနေစဉ်လူတို့သည်လေဝိလူ ငယ်ပြောဆိုသည့်စကားသံကိုသတိထား မိကြသဖြင့် သူ့ထံသို့သွားပြီးလျှင်``သင် သည်ဤအရပ်သို့အဘယ်ကြောင့်ရောက်နေ ပါသနည်း။ သင့်အားဤအရပ်သို့အဘယ် သူခေါ်ဆောင်လာပါသနည်း'' ဟုမေးကြ၏။
၃မိက္ခါ အိမ် ၌ ရှိစဉ်အခါ၊ လေဝိ လုလင် ၏ စကား သံကို မှတ်မိ ၍ ၊ သူ့နေရာသို့ ဝင် လျှင် ၊ သင်သည် ဤအရပ်သို့ အဘယ်ကြောင့် ရောက်သနည်း။ ဤသူနှင့် အဘယ်သို့ဆိုင်သနည်း။ အဘယ်သို့ လုပ် ၍ နေသနည်းဟုမေးသော်၊
4 ၄ သူကလည်း``ငါသည်မိက္ခာနှင့်အမှုတစ်ခု အတွက် သဘောတူထားပါသည်။ သူသည်ငါ့ အားအခပေး၍မိမိ၏ယဇ်ပုရောဟိတ် အဖြစ်ဖြင့်ငှားရမ်းထားပါသည်'' ဟုပြန် ပြော၏။
၄ထိုသူက၊ မိက္ခါ သည် ဤမည်သောအမှု ဤမည်သော အရာကို ပေး၍ ငါ့ ကို ငှါး သဖြင့် ၊ ငါသည် သူ ၏ ယဇ်ပုရောဟိတ် လုပ် နေသည်ဟု ပြန် ပြော၏။
5 ၅ ထိုအခါသူတို့က``ငါတို့သည်ဤခရီးတွင် အောင်မြင်မှုရှိမည်မရှိမည်ကို ဘုရားသခင် အားကျေးဇူးပြု၍လျှောက်ထားမေးမြန်း ပေးပါ'' ဟုဆိုကြ၏။
၅သူတို့ကလည်း၊ အကျွန်ုပ် တို့သည် ယခု ခရီး သွား ရာတွင် အကြံ မြောက်မည် မမြောက်မည်ကို သိ မည်အကြောင်း ဘုရား သခင်ကို မေးမြန်း ပါလော့ဟု တောင်းပန် သည်အတိုင်း၊
6 ၆ ယဇ်ပုရောဟိတ်က``မည်သို့မျှသင်တို့စိုးရိမ် ရန်မလိုပါ။ ဘုရားသခင်သည်ဤခရီးတွင် သင်တို့အားစောင့်ရှောက်တော်မူလျက်ရှိပါ သည်'' ဟုပြန်ပြော၏။
၆ယဇ် ပုရောဟိတ်က ငြိမ်ဝပ် စွာသွား ကြလော့။ သင် တို့သွား ရာလမ်း ကို ထာဝရဘုရား ကြည့်ရှုတော်မူသည်ဟု ပြန်ပြော ၏။
7 ၇ ထို့ကြောင့်ထိုလူငါးယောက်တို့သည်လဲရှ မြို့သို့ထွက်သွားကြ၏။ ထိုမြို့သားတို့သည် ဇိဒုန်မြို့သားများကဲ့သို့ အေးဆေးငြိမ်းချမ်း စွာနေထိုင်ကြသူများဖြစ်ကြောင်း၊ မည်သူ နှင့်မျှအငြင်းမပွားတတ်ကြောင်း၊ သူတို့ လိုအပ်သမျှတို့ကိုလည်းရရှိကြကြောင်း၊ သူတို့သည်ဇိဒုန်မြို့သားတို့နှင့်အလွန် အလှမ်းကွာရာတွင်နေထိုင်ကြလျက် အခြားအဘယ်လူမျိုးနှင့်မျှလည်း အဆက်အသွယ်မရှိကြကြောင်းကို စူးစမ်းသိရှိကြလေသည်။-
၇ထိုလူ ငါး ယောက်တို့သည် ထွက် သွား၍ လဲရှ မြို့သို့ ရောက် သဖြင့် ၊ မြို့သား တို့သည် ဇိဒုန် အမျိုးသားတို့ သတိမရှိသကဲ့သို့ သတိ မရှိ၊ မ စိုးရိမ်ဘဲ ငြိမ်ဝပ် စွာ နေ ကြောင်းကို၎င်း၊ ဆုံးမ ပိုင်သော မင်း မ ရှိ ကြောင်းကို၎င်း၊ ဇိဒုန် အမျိုးသားတို့နှင့် ဝေး ၍ အဘယ်သူ နှင့် မျှ အမှု မ ဆိုင်ကြောင်းကို၎င်းကြည့်ရှု ပြီးမှ၊
8 ၈ ထိုသူငါးယောက်တို့သည်ဇောရာမြို့နှင့် ဧရှတောလမြို့တို့သို့ပြန်လည်ရောက်ရှိ ကြသောအခါ အမျိုးသားချင်းတို့က``သင် တို့အဘယ်သို့စုံစမ်းတွေ့ရှိခဲ့ရသနည်း'' ဟုမေးမြန်းကြ၏။-
၈အမျိုးသားချင်းရှိရာ ဇောရာ မြို့၊ ဧရှတောလ မြို့သို့ ပြန်လာ ၍ အမျိုးသား ချင်းတို့က၊ သင် တို့သည် အဘယ်သို့ ပြောကြမည်နည်းဟုမေး သော်၊
9 ၉ သူတို့ကလည်း``လာကြ၊ လဲရှမြို့ကိုငါ တို့သွားရောက်တိုက်ခိုက်ကြကုန်အံ့။ ထို နယ်မြေသည်အလွန်ကောင်းမွန်ကြောင်း ကိုငါတို့တွေ့မြင်ခဲ့ရပြီ။ ဤအရပ်တွင် ဆိုင်းလင့်၍နေကြမည်လော။ အလျင် အမြန်ထိုနယ်မြေကိုဝင်ရောက်သိမ်းယူ ကြကုန်အံ့။-
၉သူတို့က၊ ထ ၍ သွားတိုက် ကြကုန်အံ့။ ထိုပြည် သည် ကောင်းမွန် သော ပြည်ဖြစ်သည်ကို ငါတို့ မြင် ပြီ။ ငြိမ်ဝပ် စွာနေကြသေးသလော။ ထိုပြည် ကို သိမ်းယူ ဝင်စား ခြင်းငှါ မ ဖင့်နွှဲ ကြနှင့်။
10 ၁၀ ထိုအရပ်သို့သင်တို့ရောက်ကြသောအခါ လူတို့သည် စိုးစဉ်းမျှမယုံသင်္ကာမဖြစ်ကြ သည်ကိုတွေ့ရှိရကြလိမ့်မည်။ ထိုနယ်မြေ သည်ကျယ်ပြန့်၍လူသားတို့လိုချင်တောင့် တသောအရာတို့နှင့်လည်းပြည့်စုံ၏။ ထို နယ်မြေကိုသင်တို့အားဘုရားသခင်ပေး သနားတော်မူလေပြီ'' ဟုဆိုကြ၏။
၁၀သွား လျှင် သတိ မရှိသောလူမျိုး နှင့် ကျယ်ဝန်း သော ပြည် ကို တွေ့ကြလိမ့်မည်။ ဘုရား သခင်သည် သင် တို့လက် ၌ အပ် တော်မူမည်။ ထို ပြည် ၌ မြေကြီးဥစ္စာ စုံလင်လျက်ရှိသည်ဟု ပြောဆို ကြ၏။
11 ၁၁ သို့ဖြစ်၍ဒန်အနွယ်ဝင်လူပေါင်းခြောက်ရာ တို့သည် တိုက်ပွဲဝင်ရန်အသင့်ပြင်လျက် ဇောရာမြို့နှင့်ဧရှတောလမြို့တို့မှထွက်ခွာ သွားလေသည်။-
၁၁ထိုအခါ ဇောရာ မြို့၊ ဧရှတောလ မြို့မှ ဒန် အမျိုးသား လူ ခြောက် ရာ တို့သည် စစ်တိုက် လက်နက် ပါ လျက် ချီ သွားကြ၏။
12 ၁၂ သူတို့သည်ယုဒပြည်၊ ကိရယတ်ယာရိမ်မြို့၌ တပ်စခန်းချကြ၏။ ထိုအကြောင်းကြောင့်ထို အရပ်သည်ဒန်တပ်စခန်းဟူ၍ယနေ့တိုင် အောင်အမည်တွင်သတည်း။-
၁၂သွား ရာတွင်၊ ယုဒ ခရိုင် ကိရယတ်ယာရိမ် မြို့မှာ စားခန်းချ ကြ၏။ ထို အရပ် ကို ယနေ့ တိုင်အောင် ဒန် အမျိုးတပ်ဟူ၍တွင် သတည်း။ ကိရယတ်ယာရိမ် မြို့ နောက် မှာရှိ ၏။
13 ၁၃ သူတို့သည်ထိုအရပ်မှဆက်လက်၍ခရီး ပြုကြရာ ဧဖရိမ်တောင်ကုန်းဒေသရှိမိက္ခာ ၏အိမ်သို့ရောက်ကြ၏။
၁၃ထို အရပ်မှ သွား ၍ ဧဖရိမ် တောင် ၌ မိက္ခါ အိမ် သို့ ရောက် ကြ၏။
14 ၁၄ ထိုအခါလဲရှနယ်သို့သွားရောက်စူးစမ်း ထောက်လှမ်းခဲ့သောလူငါးယောက်တို့က မိမိ တို့၏အပေါင်းအဖော်များအား``ဤအိမ်စု အနက်အိမ်တစ်လုံးတွင်ငွေဖြင့်မွမ်းမံထား သည့်ရုပ်တုတစ်ခုရှိသည်ကို သင်တို့သိကြ ပါ၏လော။ ထိုအိမ်တွင်အခြားရုပ်တုများ နှင့်သင်တိုင်းတော်တစ်ခုလည်းရှိ၏။ ငါတို့ အဘယ်သို့ပြုသင့်သည်ဟုသင်တို့ထင် မြင်ကြပါသနည်း'' ဟုမေး၏။-
၁၄ထိုအခါ လဲရှ မြို့ကို စူးစမ်း ခြင်းငှါ သွား သောသူ ငါး ယောက်တို့က၊ ဤ အိမ် တို့၌ သင်တိုင်း တော်၊ တေရပ်ရုပ်တု ၊ ထုသောရုပ်တု ၊ သွန်းသောရုပ်တု ရှိ ကြောင်း ကို သိ သလော။ အဘယ်သို့ ပြု ရမည်ကို ဆင်ခြင် ကြလော့ဟု အမျိုးသား ချင်းတို့အား ဆို သော်၊
15 ၁၅ သို့ဖြစ်၍သူတို့သည်လေဝိလူငယ်နေထိုင် ရာ မိက္ခာ၏အိမ်သို့သွား၍သူ့အားနှုတ်ခွန်း ဆက်ကြ၏။-
၁၅သူတို့သည် ထို အရပ်သို့ လှည့် သွားသဖြင့် ၊ လေဝိ လုလင် နေရာ မိက္ခါ အိမ် သို့ ရောက် ၍ သူ့ ကို နှုတ်ဆက် ကြ၏။
16 ၁၆ တိုက်ခိုက်ရန်အသင့်ရှိသောဒန်အနွယ်ဝင် စစ်သည် ခြောက်ရာတို့သည်ဝင်းတံခါးဝ တွင်စောင့်ဆိုင်းနေကြ၏။-
၁၆စစ်တိုက် လက်နက် ပါ သောဒန် အမျိုးသား ခြောက် ရာ တို့သည် တံခါး ဝ ၌ နေ ကြ၏။
17 ၁၇ ထောက်လှမ်းရန်သွားရောက်ခဲ့သောလူငါး ယောက်တို့သည် အိမ်ထဲသို့ဝင်၍ငွေဖြင့်မွမ်း မံထားသည့်ရုပ်တုနှင့်အခြားရုပ်တုများကို လည်းကောင်း၊ သင်တိုင်းတော်ကိုလည်းကောင်းယူ ကြ၏။ ထိုအချိန်၌ယဇ်ပုရောဟိတ်သည်စစ် သားခြောက်ရာနှင့်အတူဝင်းတံခါးဝတွင် ရှိသတည်း။
၁၇လဲရှမြို့ကို စူးစမ်းသော လူ ငါး ယောက်တို့သည် မိက္ခါ အိမ် သို့ ဝင် ၍၊
18 ၁၈ မိက္ခာ၏အိမ်သို့ထိုသူတို့ဝင်၍ရုပ်တုများ နှင့် သင်တိုင်းတော်တို့ကိုယူကြသောအခါ ယဇ်ပုရောဟိတ်ကသူတို့အား``သင်တို့သည် အဘယ်သို့ပြုကြပါသနည်း'' ဟုမေး၏။
၁၈ထုသောရုပ်တု ၊ သင်တိုင်း တော်၊ တေရပ်ရုပ်တု ၊ သွန်းသောရုပ်တု တို့ကို ယဇ်ပုရောဟိတ်ရှေ့မှာ ယူ ကြ၏။ ယဇ် ပုရောဟိတ်ကလည်း၊ အဘယ်သို့ ပြု ကြသနည်းဟုမေး သော်၊
19 ၁၉ သူတို့ကလည်း``ဆိတ်ဆိတ်နေလော့။ စကား တစ်ခွန်းမျှမပြောနှင့်။ သင်သည်ငါတို့နှင့် အတူလိုက်၍ငါတို့အားအကြံပေးသူ အဖြစ်ဆောင်ရွက်ပါလော့။ လူတစ်ယောက် ၏အိမ်ထောင်အတွက်ယဇ်ပုရောဟိတ်ပြု ရခြင်းထက် ဣသရေလအနွယ်ဝင်တစ် ခုလုံးအတွက်ပြုရခြင်းကသင့်အဖို့ ပို၍ကောင်းမည်မဟုတ်ပါလော'' ဟု ပြောကြ၏။-
၁၉သူတို့က တိတ်ဆိတ် စွာနေပါ။ ကိုယ်တော် နှုတ် ကို လက် နှင့်ပိတ် ၍ အကျွန်ုပ် တို့နှင့် ကြွ ပါ။ အကျွန်ုပ် တို့ အဘ လုပ် ပါ။ ယဇ်ပုရောဟိတ် လုပ်ပါ။ တ အိမ်ထောင် ၌ သာ ယဇ်ပုရောဟိတ် လုပ် ကောင်း သလော။ ဣသရေလ အမျိုး အနွှယ် တို့တွင် တမျိုးတနွယ် လုံး၌ ယဇ်ပုရောဟိတ် မလုပ် ကောင်းသလောဟုဆို ကြသော်၊
20 ၂၀ ထိုအခါယဇ်ပုရောဟိတ်သည်လွန်စွာ ဝမ်းမြောက်သဖြင့် ရုပ်တုများနှင့်သင်တိုင်း တော်တို့ကိုယူ၍ထိုလူစုနှင့်အတူ လိုက်သွားလေသည်။
၂၀ယဇ် ပုရောဟိတ်သည် ဝမ်းမြောက် ၍ သင်တိုင်း တော်၊ တေရပ်ရုပ်တု ၊ ထု သောရုပ်တုကို ယူ လျက် ၊ ထိုလူစု ထဲ သို့ ဝင် သွားလေ၏။
21 ၂၁ သူတို့သည်ပြန်လှည့်ပြီးလျှင်ထွက်ခွာ သွားကြ၏။ မိမိတို့၏သားသမီးများ၊ တိရစ္ဆာန်များနှင့်ဝန်စည်စလယ်များကို ရှေ့မှအလျင်သွားနှင့်စေကြ၏။-
၂၁ထိုသူတို့သည် သူငယ် များ၊ တိရစ္ဆာန် များ၊ ဝန်စလယ် များကို အဦး သွားစေသဖြင့် ကိုယ်တိုင်လိုက်လျက် လှည့် သွား ကြ၏။
22 ၂၂ ထိုသူတို့အတန်ငယ်ခရီးရောက်သောအခါ မိက္ခာသည် မိမိ၏အိမ်နီးချင်းတို့တိုက်ပွဲဝင် ရန်စုရုံးလေသည်။ သူတို့သည်ဒန်အမျိုး သားတို့အားလိုက်၍မီသောအခါ၊-
၂၂မိက္ခါ အိမ် နှင့် ဝေး သောအခါ၊ မိက္ခါ ၏ အိမ်နီးချင်းတို့သည် စည်းဝေး ၍ ၊ ဒန် အမျိုးသား တို့ကို မှီ အောင် လိုက်ကြ၏။
23 ၂၃ ဟစ်ခေါ်ကြ၏။ သူတို့သည်လည်းလှည့်၍ကြည့် ပြီးလျှင် မိက္ခာအား``သင်တို့တွင်အဘယ်အရေး အခင်းရှိသနည်း။ ဤလူထုနှင့်အဘယ်ကြောင့် လိုက်လာကြသနည်း'' ဟုမေး၏။
၂၃ကြွေးကြော် သောအခါ ၊ ဒန် အမျိုးသား တို့သည် လှည့် ကြည့်လျက် သင် သည် အဘယ် အခင်းရှိ၍ လူအပေါင်းတို့နှင့် လိုက်လာသနည်းဟု မိက္ခါ အား မေး သော်၊
24 ၂၄ မိက္ခာကလည်း`` `အဘယ်အရေးအခင်းရှိ သနည်း' ဟုဆိုရာ၌သင်တို့အဘယ်သို့ဆို လိုပါသနည်း။ သင်တို့သည်ငါ၏ယဇ်ပုရော ဟိတ်နှင့် ငါထုလုပ်ထားသောရုပ်တုတို့ကို ယူသွားကြပါသည်တကား။ ငါ၌အဘယ် အရာကျန်ရှိသေးသနည်း'' ဟုပြန်ပြော လေ၏။
၂၄မိက္ခါက၊ သင်တို့သည် ငါလုပ် သော ဘုရား တို့နှင့် ယဇ် ပုရောဟိတ်ကို ယူ သွား ကြသည်တကား။ ထိုအရာမှတပါး ငါ ၌ အဘယ် အရာရှိသေးသနည်း။ သို့သော်လည်းသင်တို့က၊ အဘယ် အခင်း ရှိသနည်း ဟု ငါ့ ကို မေး ကြသည်တကားဟု ဆို လေသော်၊
25 ၂၅ ဒန်အမျိုးသားတို့က``ဤသူတို့သည်အမျက် ထွက်၍ သင်တို့အားမတိုက်ခိုက်စေလိုလျှင် နောက်ထပ်စကားတစ်ခွန်းမျှမပြောပါနှင့်။ သင်နှင့်သင်၏အိမ်ထောင်စုတစ်ခုလုံးသေ သွားလိမ့်မည်'' ဟုဆိုကြ၏။-
၂၅ဒန် အမျိုးသား တို့က၊ ငါ တို့တွင် သင့် စကား ကို မ ကြား ပါစေနှင့်။ သို့မဟုတ် စိတ်ဆိုး သောသူ တို့သည် သင့် ကို တိုက် ၍ သင့် အသက် နှင့် သင့် အိမ်သား တို့ အသက် ဆုံး ကောင်းဆုံးလိမ့်မည်ဟု ဆို လျက် ခရီးသွား ကြ၏။
26 ၂၆ ထိုနောက်သူတို့သည်ခရီးဆက်ကြ၏။ မိက္ခာ သည်သူတို့အားခုခံတိုက်ခိုက်နိုင်စွမ်းမရှိ သည်ကို သိသဖြင့်လှည့်၍အိမ်သို့ပြန်လေ၏။
၂၆မိက္ခါ သည် သူတို့ကို မိမိမနိုင်သည်ကိုသိ ၍ မိမိ အိမ် သို့ ပြန် သွားလေ၏။
27 ၂၇ ဒန်အမျိုးသားတို့သည်ယဇ်ပုရောဟိတ်နှင့် တကွမိက္ခာပြုလုပ်ထားသည့်ရုပ်တုများကို ယူပြီးနောက် အေးဆေးငြိမ်းချမ်းစွာနေထိုင် ကြသူတို့၏လဲရှမြို့သို့သွားရောက်တိုက် ခိုက်ကြ၏။ ထိုမြို့သည်ဗက်ရဟောဘမြို့ တည်ရှိရာချိုင့်ဝှမ်း၌ပင်တည်ရှိသည်။ သူ တို့သည်မြို့သားတို့ကိုသတ်၍မြို့ကိုလည်း မီးရှို့ပစ်ကြ၏။ သူတို့အားကယ်ဆယ်သည့် သူတစ်စုံတစ်ယောက်မျှမရှိချေ။ အဘယ် ကြောင့်ဆိုသော်လဲရှမြို့သည်ဇိဒုန်မြို့နှင့် အလွန်ခရီးလှမ်းသည့်ပြင် လဲရှမြို့သား တို့သည်အခြားလူတို့နှင့်ဆက်သွယ်မှု လုံးဝမရှိသောကြောင့်ဖြစ်၏။ ဒန်အမျိုး သားတို့သည်ထိုမြို့ကိုပြန်လည်တည် ထောင်ကာအတည်တကျနေထိုင်ကြ လေသည်။-
၂၇ဒန် အမျိုးသားတို့သည်၊ မိက္ခါ လုပ် သော အရာတို့နှင့် သူ ၌ နေ သောယဇ် ပုရောဟိတ်ကို ယူ သွား၍ ၊ သတိ မရှိ ငြိမ်ဝပ် စွာနေသောလဲရှ မြို့သားတို့ဆီသို့ ရောက် သဖြင့် ထား နှင့် လုပ်ကြံ ၍ မြို့ ကို မီးရှို့ ကြ၏။
၂၈ဇိဒုန် မြို့နှင့် ဝေး သောကြောင့် ၎င်း ၊ အဘယ်သူ နှင့် မျှ အမှု မ ဆိုင်သောကြောင့်၎င်း၊ ကယ်နှုတ်သော သူမရှိ။ ထိုမြို့သည် ဗက်ရဟောဘ မြို့အနား မှာရှိသော ချိုင့် ၌ တည်၏။ ထိုအရပ် ၌ မြို့ သစ်ကိုတည် ၍ နေ ကြ၏။
29 ၂၉ ယင်းအမည်လဲရှမြို့ကိုလည်းယာကုပ် ၏သား မိမိတို့၏ဘိုးဘေးဖြစ်သူဒန်ကို အစွဲပြု၍ဒန်မြို့ဟုပြောင်းလဲခေါ်ဝေါ် ကြ၏။-
၂၉ထိုမြို့ကို သူ တို့အမျိုး၏ အဘ ဣသရေလ ၏ သား ဒန် အမည် ကို မှီသဖြင့် ဒန် မြို့ ဟူ၍တွင် ကြ၏။ ထိုမြို့ အမည် ဟောင်း ကား လဲရှ တည်း။
30 ၃၀ ဒန်အမျိုးသားတို့သည်မိက္ခာပြုလုပ်သည့်ရုပ် တုကိုတည်ထားပြီးလျှင် ဝတ်ပြုကိုးကွယ် ကြလေသည်။ မောရှေ၏မြေး၊ ဂေရရှုံ၏ သားယောနသန်က သူတို့၏ယဇ်ပုရော ဟိတ်အဖြစ်ဖြင့်ဆောင်ရွက်လေသည်။ သူ၏ သားစဉ်မြေးဆက်တို့သည်လည်း ဣသရေလ အမျိုးသားတို့ဖမ်းဆီးသိမ်းသွားခြင်း ခံရချိန်တိုင်အောင် သူတို့၏ယဇ်ပုရော ဟိတ်များအဖြစ်ဖြင့်ဆောင်ရွက်ကြ၏။-
၃၀ဒန် အမျိုးသား တို့သည် မိက္ခါထု သောရုပ်တုကို တည်ထောင် ၍ မနာရှေ သား ဂေရရှုံ ၏သား ယောနသန် နှင့် သူ ၏သား တို့သည် သေတ္တာ တော်ကို သိမ်း သွားသည့်နေ့ တိုင်အောင် ဒန် အမျိုး ၌ ယဇ်ပုရောဟိတ် လုပ် ကြ၏။
31 ၃၁ ရှိလောမြို့၌ဘုရားသခင်အားဝတ်ပြုကိုး ကွယ်ရာတဲတော်ရှိနေသမျှကာလပတ် လုံး မိက္ခာပြုလုပ်သည့်ရုပ်တုသည်လည်းထို အရပ်၌တည်ရှိနေသတည်း။
၃၁ဘုရား သခင်၏ အိမ် တော်သည် ရှိလော မြို့၌ ရှိ သည်ကာလ ပတ်လုံး ၊ မိက္ခါ သွန်း သော ရုပ်တု ကိုလည်း တည်ထောင် ကြ၏။