< တရားသူကြီးမှတ်စာ 13 >
1 ၁ ဣသရေလအမျိုးသားတို့သည် ထာဝရ ဘုရားအားတစ်ဖန်ပြစ်မှားကြပြန်၏။ သို့ ဖြစ်၍ကိုယ်တော်သည်သူတို့အားအနှစ် လေးဆယ်ပတ်လုံး ဖိလိတ္တိအမျိုးသားတို့ ၏စိုးမိုးအုပ်ချုပ်မှုကိုခံစေတော်မူ၏။
VaIsraeri vakaitazve zvakaipa pamberi paJehovha, saka Jehovha akavaisa mumaoko avaFiristia kwamakore makumi mana.
2 ၂ ထိုကာလ၌ဒန်အနွယ်ဝင်ဇောရာမြို့သား မာနော်ဆိုသူလူတစ်ယောက်ရှိ၏။ သူ၏ ဇနီးမှာမြုံ၍နေသဖြင့်သားသမီးမရ နိုင်ပေ။-
Mumwe murumwe weZora ainzi Manoa, aibva muimba yavaDhani, akanga ane mukadzi akanga asingabereki, asina mwana.
3 ၃ ထာဝရဘုရား၏ကောင်းကင်တမန်သည် ထို အမျိုးသမီး၏ရှေ့တွင်ပေါ်လာ၍``သင်သည် အဘယ်အခါမျှသားသမီးမရနိုင်ခဲ့ သော်လည်း မကြာမီကိုယ်ဝန်ဆောင်၍သား ယောကျာ်းကိုဖွားမြင်လိမ့်မည်။-
Mutumwa waJehovha akazviratidza kwaari uye akati, “Iwe haubereki uye hauna mwana, asi uchava nemimba uye ugova nomwanakomana.
4 ၄ သို့ဖြစ်၍စပျစ်ရည်ကိုသော်လည်းကောင်း၊ သေ ရည်သေရက်ကိုသော်လည်းကောင်း ဘယ်အခါ ၌မျှမသောက်နှင့်။ တားမြစ်ထားသည့်အစား အစာမှန်သမျှကိုလည်းရှောင်လော့။-
Zvino uone kuti warega kunwa waini kana zvimwe zvokunwa zvakaviriswa uye kuti urege kudya chinhu chipi zvacho chisina kuchena,
5 ၅ သင်သည်သားကိုဖွားမြင်ပြီးနောက်သူ၏ ဆံပင်ကိုအဘယ်အခါ၌မျှမရိတ်နှင့်။ အ ဘယ်ကြောင့်ဆိုသော်ထိုသူငယ်သည်မိမိ ဖွားမြင်ချိန်မှစ၍နာဇရိဂိုဏ်းဝင် အဖြစ်ဖြင့်ဘုရားသခင်အားဆက်ကပ်ထား သူဖြစ်သောကြောင့်တည်း။ သူသည်ဣသရေလ လူမျိုးကိုဖိလိတ္တိအမျိုးသားတို့၏လက်မှ ကယ်ဆယ်ခြင်းကိုအစပြုလိမ့်မည်'' ဟု ဆို၏။
nokuti uchava nemimba uye uchabereka mwanakomana. Chisvo hachifaniri kuveura musoro wake, nokuti mukomana anofanira kuva muNaziri, akatsaurirwa kuna Mwari kubva pakuzvarwa kwake, uye ndiye achatanga kusunungura vaIsraeri kubva mumaoko avaFiristia.”
6 ၆ ထိုနောက်ထိုအမျိုးသမီးသည်မိမိ၏ခင် ပွန်းထံသို့သွား၍``ဘုရားသခင်၏စေတမန် တော်သည်ကျွန်မထံသို့လာပါသည်။ သူသည် ဘုရားသခင်၏ကောင်းကင်တမန်ကဲ့သို့ပင် ကြောက်မက်ဖွယ်ရာအဆင်းကိုဆောင်ပါ၏။ ကျွန်မသည်သူ့အား`သင်အဘယ်အရပ်မှ လာသနည်း' ဟူ၍မမေးပါ။ သူကလည်း သူ၏နာမည်ကိုကျွန်မအားမပြောပါ။-
Ipapo mukadzi akaenda kumurume wake akandomuudza akati, “Munhu waMwari asvika kwandiri. Anga achiratidzika somutumwa waMwari, anotyisa kwazvo. Handina kumubvunza kuti abva kupi, uye haana kundiudza zita rake.
7 ၇ သို့ရာတွင်ကျွန်မသည်ကိုယ်ဝန်ဆောင်၍ သားယောကျာ်းကိုဖွားမြင်မည်ဖြစ်ကြောင်း ကိုမူ ဧကန်အမှန်ပင်ကျွန်မအားသူပြော ပါ၏။ ကလေးသူငယ်သည်အသက်ရှင်သ မျှကာလပတ်လုံးနာဇရိဂိုဏ်းဝင်အဖြစ် ဖြင့် ဘုရားသခင်အားဆက်ကပ်ထားသူ ဖြစ်မည်ဖြစ်၍ ကျွန်မအားစပျစ်ရည်ကို သော်လည်းကောင်း၊ သေရည်သေရက်ကိုသော် လည်းကောင်းမသောက်ရန်နှင့် တားမြစ်ထား သည့်အစားအစာမှန်သမျှကိုရှောင်ကြဉ် ရန်ပြောပါသည်'' ဟုဆိုလေသည်။
Asi ati kwandiri, ‘Uchava nemimba uye uchabereka mwanakomana. Zvino, chirega kunwa waini kana zvimwe zvokunwa zvakaviriswa uye usadya chinhu chipi zvacho chisina kuchena, nokuti mukomana achava muNaziri waMwari kubva pakuzvarwa kwake kusvikira pazuva raanofa.’”
8 ၈ ထိုအခါမာနော်သည်``အို ထာဝရဘုရား၊ ကိုယ်တော်စေလွှတ်ခဲ့သူအားကျေးဇူးပြု၍ အကျွန်ုပ်တို့ထံသို့တစ်ဖန်ပြန်လည်စေလွှတ် ပေးတော်မူ၍ သားငယ်မွေးဖွားလာသော အခါသူ့အားအကျွန်ုပ်တို့အဘယ်သို့ပြု ကြရမည်ကိုလည်းအမိန့်ရှိတော်မူပါ'' ဟုဆုတောင်းပတ္ထနာပြု၏။
Ipapo Manoa akanyengetera kuna Jehovha akati, “Haiwa Jehovha, ndinokukumbirai, regai munhu waMwari wamakatuma kwatiri adzokezve kuti azotidzidzisa kurera kwatingaita mukomana achazozvarwa.”
9 ၉ ဘုရားသခင်သည်လည်းမာနော်တောင်း လျှောက်သည့်အတိုင်းပြုတော်မူသဖြင့် ကိုယ် တော်၏ကောင်းကင်တမန်သည်လယ်ထဲ၌ ထိုင်နေသောအမျိုးသမီးထံသို့ပြန်လာ လေသည်။ ထိုအခါ၌သူ၏ခင်ပွန်း မာနော်မှာသူနှင့်အတူမရှိချေ။-
Mwari akanzwa Manoa, uye mutumwa waMwari akauyazve kumukadzi panguva yaakanga ari kumunda; asi murume wake Manoa akanga asipo paari.
10 ၁၀ သို့ဖြစ်၍သူသည်ချက်ချင်းပြေး၍မိမိ၏ ခင်ပွန်းအား``တစ်နေ့ကကျွန်မထံသို့လာ သူသည်ယခုပြန်လည်ရောက်ရှိနေပါပြီ'' ဟုပြော၏။
Mukadzi akakurumidza kundoudza murume wake kuti, “Ari pano! Murume uya akazviratidza kwandiri zuva riya!”
11 ၁၁ မာနော်သည်လည်းထ၍မိမိဇနီးနောက်သို့ လိုက်သွားပြီးလျှင်သူ့အား``သင်သည်အကျွန်ုပ် ၏ဇနီးနှင့်စကားပြောခဲ့သူမှန်ပါသလော'' ဟုမေး၏။ ``မှန်ပါသည်'' ဟုထိုသူကဆို၏။
Manoa akasimuka akatevera mukadzi wake. Akati asvika pamurume uya, akati, “Ndimi here makataura kumukadzi wangu?” Iye akati, “Ndini.”
12 ၁၂ မာနော်က``သို့ဖြစ်ပါလျှင်သင်ပြောသည့် အတိုင်းဖြစ်ပျက်လာသောအခါ ထိုသူငယ် သည်အဘယ်အရာကိုပြုရပါမည်နည်း။ အဘယ်သို့နေထိုင်ပြုမူရပါမည်နည်း'' ဟုမေး၏။
Saka Manoa akamubvunza akati, “Mashoko enyu paachazadziswa, mutemo unofanira kutevedzwa paupenyu hwomukomana napabasa rake ndoupi?”
13 ၁၃ ထာဝရဘုရား၏ကောင်းကင်တမန်က လည်း``သင်၏ဇနီးသည်သူ့အားငါပြောပြ ခဲ့သမျှသောအရာတို့ကိုသေချာစွာဆောင် ရွက်ရမည်။-
Mutumwa waJehovha akapindura akati, “Mukadzi wako anofanira kuita zvose zvandakamuudza.
14 ၁၄ သူသည်စပျစ်နွယ်ပင်မှရရှိသည့်အရာဟူ သမျှကိုမစားရ။ စပျစ်ရည်ကိုသော်လည်း ကောင်း၊ သေရည်သေရက်ကိုသော်လည်းကောင်း မသောက်ရ။ တားမြစ်ထားသည့်အစားအစာ မှန်သမျှကိုရှောင်ရမည်။ သူသည်ငါမှာကြား ခဲ့သမျှသောအရာတို့ကိုပြုရမည်'' ဟု ပြန်ပြောလေသည်။
Haafaniri kudya chinhu chipi zvacho chinobva pamuzambiringa, uye kunwa waini ipi zvayo kana zvimwe zvokunwa zvakaviriswa kana kudya chinhu chipi zvacho chisina kuchena. Anofanira kuita zvose zvandakamurayira.”
15 ၁၅ မာနော်သည်ထိုသူမှာကောင်းကင်တမန်ဖြစ် ကြောင်းကိုမသိသဖြင့်သူ့အား``ကျေးဇူးပြု ၍မသွားပါနှင့်ဦး။ သင့်အတွက်ဆိတ်ငယ် တစ်ကောင်ကိုအကျွန်ုပ်တို့ချက်ပြုတ်ပါရ စေ'' ဟုဆို၏။ သို့သော်ကောင်းကင်တမန်က``အကယ်၍ငါ သည်မသွားဘဲနေလျှင်လည်း သင်၏အစား အစာကိုစားလိမ့်မည်မဟုတ်။ အကယ်၍ထို အစားအစာတို့ကိုသင်ပြင်ဆင်လိုသည် ဆိုပါမူ ယင်းကိုမီးရှို့ရာယဇ်အဖြစ်ဖြင့် ထာဝရဘုရားအားပူဇော်လော့'' ဟု ဆိုလေသည်။
Manoa akati kumutumwa waJehovha, “Tingada kuti mumbogara kusvikira takugadzirirai kambudzana.”
Mutumwa waJehovha akapindura akati, “Kunyange dai mukandibata henyu, handingadyi chokudya chenyu chipi zvacho. Asi kana muchigadzira chipiriso chinopiswa, chipei kuna Jehovha.” (Manoa haana kuziva kuti akanga ari mutumwa Jehovha.)
17 ၁၇ မာနော်ကလည်းသင်၏နာမည်ကိုအကျွန်ုပ် သိပါရစေ။ သို့မှသာလျှင်သင်ပြောဆိုသည့် စကားများမှန်ကန်လာသောအခါ သင့်အား အကျွန်ုပ်တို့ဂုဏ်ပြုနိုင်ပါလိမ့်မည်'' ဟုပြန် ပြော၏။
Ipapo Manoa akabvunza mutumwa waJehovha akati, “Zita renyu ndianiko, kuitira kuti tigokukudzai pachazadziswa shoko renyu?”
18 ၁၈ ကောင်းကင်တမန်က``ငါ၏နာမကိုအဘယ် ကြောင့်သိလိုသနည်း။ ယင်းမှာအံ့သြဖွယ် ကောင်းသည့်နာမဖြစ်၏'' ဟုဆို၏။
Akapindura akati, “Unobvunzireiko zita rangu? Haringanzwisisiki.”
19 ၁၉ သို့ဖြစ်၍မာနော်သည်ဆိတ်ငယ်တစ်ကောင်နှင့် ဘောဇဉ်ပူဇော်သကာကို ကျောက်ယဇ်ပလ္လင်ပေါ် တွင်တင်ပြီးလျှင် အံ့သြဖွယ်အမှုတို့ကိုပြု တော်မူသောထာဝရဘုရားအားပူဇော် လေ၏။-
Ipapo Manoa akatora kambudzana, pamwe chete nechipiriso chezviyo, akazvibayira kuna Jehovha paruware. Uye Jehovha akaita chinhu chinoshamisa, Manoa nomukadzi wake vakatarisa:
20 ၂၀ ယဇ်ပလ္လင်မှမီးလျှံများအထက်သို့တက်လျက်နေ စဉ် ထာဝရဘုရား၏ကောင်းကင်တမန်သည်မီး လျှံထဲမှနေ၍ ကောင်းကင်ဘုံသို့တက်သွားသည် ကိုမာနော်တို့ဇနီးမောင်နှံတွေ့မြင်ရကြလေ သည်။ ထိုအခါကျမှထိုသူသည်ကောင်းကင် တမန်ဖြစ်ကြောင်းကိုမာနော်သိရှိရသတည်း။ သို့ဖြစ်၍သူတို့ဇနီးမောင်နှံနှစ်ယောက်သည် မြေပေါ်သို့ပျပ်ဝပ်လိုက်ကြ၏။ ထိုကောင်းကင် တမန်ကိုမူကားနောက်တစ်ဖန်အဘယ်အခါ ၌မျှသူတို့မတွေ့မမြင်ရကြတော့ချေ။
Murazvo wemoto wakati uchikwira kubva paaritari wakananga kudenga, mutumwa waJehovha akakwira ari mumurazvo. Vakati vaona izvi, Manoa nomukadzi wake vakawira pasi nezviso zvavo.
Asi mutumwa waJehovha haana kuzozviratidzazve kuna Manoa nomukadzi wake, ipapo Manoa akaziva kuti akanga ari mutumwa waJehovha.
22 ၂၂ မာနော်ကမိမိ၏ဇနီးအား``ငါတို့ဘုရားသခင်ကိုဖူးမြင်ရကြပြီဖြစ်၍အမှန် ပင်သေရကြပေတော့အံ့'' ဟုဆို၏။
Akati, “Tichafa zvirokwazvo! Taona Mwari!”
23 ၂၃ သို့ရာတွင်ဇနီးဖြစ်သူက``အကယ်၍ထာဝရ ဘုရားသည်ငါတို့ကိုသေစေလိုသည်ဆိုပါမူ ငါတို့၏ပူဇော်သကာများကိုလက်ခံတော်မူ မည်မဟုတ်။ ဤသို့သောစကားတို့ကိုလည်းဤ အချိန်အခါ၌မိန့်တော်မူမည်မဟုတ်'' ဟု ပြန်ပြောလေသည်။
Asi mukadzi wake akati, “Kana Jehovha anga achida kutiuraya, angadai asina kugamuchira chipiriso chinopiswa nechipiriso chezviyo kubva mumaoko edu, uye angadai asina kutiratidza zvinhu zvose izvi kana kutiudza izvi zvino.”
24 ၂၄ ထိုအမျိုးသမီးသည်သားယောကျာ်းကို ဖွားမြင်၍ သူငယ်အားရှံဆုန်ဟူသောအမည် ဖြင့်မှည့်၏။ ကလေးငယ်သည်လည်းကြီးပြင်း လာရာဘုရားသခင်သည်သူ့အားကောင်း ချီးပေးတော်မူ၏။-
Mukadzi akasununguka mwanakomana uye akamutumidza zita rokuti Samusoni. Akakura uye Jehovha akamuropafadza,
25 ၂၅ သူငယ်သည်ဇောရာမြို့နှင့်ရှေတောလမြို့ စပ်ကြားဒန်တပ်စခန်း၌ရှိနေစဉ် ထာဝရ ဘုရား၏တန်ခိုးတော်သည်သူ့အားစတင် ၍ခွန်အားကြီးမားလာစေတော်မူသည်။
uye Mweya waJehovha wakatanga kumumutsa paakanga ari paMahane Dhani, pakati peZora neEshitaori.