< ယောရှု 11 >
1 ၁ ဟာဇော်မင်းယာဘိန်သည်ဣသရေလ အမျိုးသားတို့၏စစ်အောင်ပွဲသတင်းကို ကြားရသောအခါ သူသည်မိမိနှင့်မဟာ မိတ်မင်းများဖြစ်ကြသောမာဒုန်မင်း ယောဗပ်၊ ရှိမြုန်မင်းနှင့်အာခရှပ်မင်းတို့ ထံသို့လည်းကောင်း၊-
Cuando Jabín, rey de Hazor, se enteró de lo sucedido, envió un mensaje a Jobab, rey de Madón, a los reyes de Simrón y Ajsaf,
2 ၂ မြောက်ဘက်တောင်ကုန်းဒေသ၊ ဂါလိလဲ အိုင်တောင်ဘက်ယော်ဒန်မြစ်ဝှမ်း၊ တောင်ခြေ ရပ်နှင့်အနောက်ဘက်ဒေါရနယ်ကမ်းခြေ ရှိမင်းများထံသို့လည်းကောင်းအကြောင်း ကြားလိုက်လေသည်။-
y a los reyes de la región montañosa del norte, del valle del Jordán al sur de Quinéret, de las estribaciones del oeste y las estribaciones de Dor al oeste,
3 ၃ ထို့အပြင်သူသည်ယော်ဒန်မြစ်အရှေ့ ဘက်နှင့်အနောက်ဘက်တွင်နေထိုင်သော ဟိဝိအမျိုးသားတို့ထံသို့လည်း အကြောင်းကြားလိုက်လေသည်။-
a los reyes de los cananeos, tanto al este como al oeste, a los amorreos, a los hititas, a los ferezeos, a los jebuseos en la región montañosa, y a los heveos que viven cerca del monte Hermón en la tierra de Mizpa.
4 ၄ သူတို့သည်ပင်လယ်ကမ်းခြေရှိသဲပွင့် များတမျှများပြားသော စစ်သူရဲတို့ နှင့်ချီတက်လာကြလေသည်။ သူတို့တွင် မြင်းနှင့်စစ်ရထားအမြောက်အမြား ပါရှိသည်။-
Todos sus ejércitos se reunieron, una vasta horda tan numerosa como la arena de la orilla del mar, junto con muchísimos caballos y carros.
5 ၅ ထိုမင်းတို့သည်စုပေါင်း၍ဣသရေလ အမျိုးသားတို့ကို တိုက်ခိုက်ရန်မေရုံ ချောင်းတွင်စခန်းချကြလေသည်။
Todos estos reyes unieron sus fuerzas y acamparon junto a las aguas de Merón para luchar contra Israel.
6 ၆ ထာဝရဘုရားကယောရှုအား``သူတို့ ကိုမကြောက်နှင့်။ နက်ဖြန်နေ့ဤအချိန် သို့ရောက်လျှင်ငါသည်သူတို့အားလုံးကို ဣသရေလအမျိုးသားတို့လက်သို့ အသေအပ်မည်။ သင်သည်သူတို့၏မြင်း များခြေကြောကိုဖြတ်၍စစ်ရထား များကိုမီးရှို့ရမည်'' ဟုမိန့်တော်မူ၏။-
El Señor le dijo a Josué: “No temas por ellos, porque mañana a esta hora yo mismo los entregaré a todos a Israel, muertos. Inutiliza sus caballos y quema sus carros”.
7 ၇ သို့ဖြစ်၍ယောရှုနှင့်သူ၏တပ်သားအပေါင်း တို့သည် မေရုံချောင်းတွင်စခန်းချလျက်ရှိ သောရန်သူများကိုရုတ်တရက်ဝင်ရောက် တိုက်ခိုက်ရာ၊-
Josué y el ejército israelita fueron y los atacaron sin previo aviso en las aguas de Merón.
8 ၈ ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အား ရန်သူများကိုအနိုင်ရစေ တော်မူ၏။ သူတို့သည်မြောက်ဘက်ဇိဒုန် မြို့နှင့်မိသရဖောသမိမ်မြို့များသို့ တိုင်အောင်လည်းကောင်း၊ အရှေ့ဘက်မိဇပါ ချိုင့်ဝှမ်းသို့တိုင်အောင်လည်းကောင်း ရန်သူ များကိုလိုက်လံတိုက်ခိုက်၍တစ်ယောက် မကျန်သတ်ဖြတ်သုတ်သင်ကြသည်။-
El Señor los entregó a los israelitas, que los redujeron y los persiguieron hasta la Gran Sidón y Misrefot Maim, y al este hasta el valle de Mizpa, matándolos hasta que no quedó ninguno.
9 ၉ ယောရှုသည်ထာဝရဘုရားမိန့်တော်မူ သည့်အတိုင်း ရန်သူမြင်းများ၏ခြေကြော များကိုဖြတ်၍ စစ်ရထားများကိုမီးရှို့ ဖျက်ဆီးလေသည်။
Después Josué hizo lo que el Señor le había ordenado: quebró las patas de los caballos y quemó los carros.
10 ၁၀ ထိုနောက်ယောရှုသည်ပြန်လှည့်၍ဟာဇော် မြို့ကိုတိုက်ခိုက်သိမ်းပိုက်ပြီးလျှင် ၎င်း၏ မင်းကိုကွပ်မျက်လိုက်လေသည်။ (ထိုကာလ ၌ဟာဇော်သည်ထိုနိုင်ငံများတွင်အင် အားအကြီးဆုံးနိုင်ငံဖြစ်သတည်း။-)
Entonces Josué se volvió contra Hazor. La capturó y mató a su rey, pues Hazor era en ese momento el principal de todos estos reinos.
11 ၁၁ သူတို့သည်မြို့သူမြို့သားများကိုတစ် ယောက်မကျန်သတ်ဖြတ်သုတ်သင်၍ မြို့ ကိုမီးရှို့ဖျက်ဆီးကြသည်။
Josué hizo matar a todos los habitantes, sin dejar supervivientes. La apartó y la destruyó por completo: no quedó nadie vivo. Luego incendió Hazor.
12 ၁၂ ယောရှုသည်ထိုမင်းအပေါင်းတို့နှင့်သူ တို့စိုးစံသောမြို့များကိုတိုက်ခိုက်သိမ်း ပိုက်၍ ထာဝရဘုရား၏အစေခံမောရှေ မိန့်မှာခဲ့သည်အတိုင်း မြို့သူမြို့သား အပေါင်းတို့ကိုတစ်ယောက်မကျန်သတ် ဖြတ်သုတ်သင်လေသည်။-
Josué capturó todas estas ciudades y mató a sus reyes. Las apartó y las destruyó por completo, como lo había ordenado Moisés, el siervo del Señor.
13 ၁၃ သို့ရာတွင်ဣသရေလအမျိုးသားတို့သည် ဟာဇော်မြို့မှလွဲ၍ တောင်ပေါ်တွင်တည်ထား သောအခြားမြို့များကိုမူမီးရှို့ဖျက်ဆီး ခြင်းမပြုကြ။ ဟာဇော်မြို့တစ်မြို့တည်း ကိုသာယောရှုမီးရှို့ဖျက်ဆီးခဲ့၏။-
Sin embargo, Israel no quemó ninguna de las ciudades construidas sobre montículos, excepto Hazor, que Josué sí quemó.
14 ၁၄ ဣသရေလအမျိုးသားတို့သည်ထိုမြို့ များမှပစ္စည်းဥစ္စာရှိသမျှနှင့်သိုးနွား တိရစ္ဆာန်တို့ကို မိမိတို့အတွက်သိမ်းယူ ကြသည်။ မြို့သူမြို့သားများကိုမူကား တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်ခဲ့ လေသည်။-
Los israelitas sí tomaron para sí todo el botín y el ganado de estas ciudades. Pero mataron a todos los habitantes, destruyéndolos a todos para que no quedara ninguno vivo.
15 ၁၅ ထာဝရဘုရားသည်မိမိ၏အစေခံ မောရှေအားမိန့်မှာတော်မူခဲ့သည်အတိုင်း မောရှေသည်ယောရှုအားတစ်ဆင့်မိန့်မှာ ခဲ့၏။ ယောရှုကလည်းမောရှေမိန့်မှာသည် အတိုင်းဆောင်ရွက်၏။ ထာဝရဘုရား ကမောရှေအားမိန့်မှာတော်မူခဲ့သမျှ တို့ကိုယောရှုလိုက်နာဆောင်ရွက်လေသည်။
Como el Señor había instruido a Moisés, así Moisés había instruido a Josué. Josué hizo lo que le habían dicho: hizo todo lo que el Señor le había indicado a Moisés.
16 ၁၆ ယောရှုသည်မြောက်ဘက်ရှိတောင်ကုန်း ဒေသနှင့်တောင်ခြေဒေသများ၊ တောင်ဘက် ရှိတောင်ကုန်းဒေသနှင့်တောင်ခြေဒေသ များ၊ ဂေါရှင်ပြည်တစ်ပြည်လုံးနှင့်ယင်း ၏တောင်ဘက်ရှိခြောက်သွေ့သောဒေသ၊ ယော်ဒန်မြစ်ဝှမ်းမှစ၍တစ်ပြည်လုံး ကိုတိုက်ခိုက်သိမ်းယူခဲ့လေသည်။-
Así, Josué conquistó toda la tierra: la región montañosa, el Néguev, toda la tierra de Gosén, las estribaciones occidentales, el valle del Jordán, las montañas de Israel y las estribaciones orientales.
17 ၁၇ ဣသရေလအမျိုးသားတို့သိမ်းယူသော နယ်မြေသည်တောင်ဘက်ဧဒုံပြည်အနီး၊ ဟာလက်တောင်မှမြောက်ဘက်ဟေရမုန် တောင်၏တောင်ဘက်လေဗနုန်ချိုင့်ဝှမ်းရှိ ဗာလဂဒ်မြို့တိုင်အောင်ကျယ်ပြန့်လေသည်။ ယောရှုသည်ထိုနယ်မြေကိုအုပ်စိုးသော မင်းများနှင့်ကြာမြင့်စွာစစ်တိုက်ရသည်။ သို့ရာတွင်သူသည်ထိုမင်းအားလုံးတို့ ကိုလက်ရဖမ်းဆီးကွပ်မျက်ခဲ့လေသည်။-
Esto abarcaba la tierra desde el monte Halac que lleva a Seír en el sur, hasta Baal Gad en el norte, debajo del monte Hermón en el valle del Líbano. Josué capturó y mató a todos sus reyes.
Josuélibró una larga guerra con todos estos reyes.
19 ၁၉ ဣသရေလအမျိုးသားတို့သည်ဂိဗောင် မြို့တွင်နေထိုင်သော ဟိဝိအမျိုးသားတို့ နှင့်သာငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခဲ့ သည်။ အခြားသောမြို့များကိုမူတိုက်ခိုက် သိမ်းယူခဲ့သည်။-
Ni un solo pueblo hizo la paz con los israelitas, excepto los heveos, los habitantes de Gabaón. Todos los demás fueron conquistados en batalla.
20 ၂၀ ထိုသူအပေါင်းတို့ကိုမသနားမညှာတာ ဘဲအကုန်အစင်သုတ်သင်သတ်ဖြတ်ပစ်စေ ရန် ထာဝရဘုရားသည်ထိုသူအပေါင်းတို့ အားဇွဲသန်သန်ဖြင့် ဣသရေလအမျိုးသား တို့ကိုခုခံတိုက်ခိုက်စေတော်မူ၏။ ထိုသူတို့ ကိုအကုန်အစင်သုတ်သင်ရခြင်းမှာမောရှေ အားဖြင့် ထာဝရဘုရားမိန့်မှာတော်မူသည့် အတိုင်းဖြစ်သတည်း။
Porque el Señor los hizo obstinados, queriendo combatir a los israelitas para que fueran apartados y destruidos por completo, aniquilados sin piedad, como el Señor había instruido a Moisés.
21 ၂၁ ထိုကာလ၌ယောရှုသည်ဟေဗြုန်မြို့၊ ဒေဗိရ မြို့၊ အာနပ်မြို့၊ ယုဒတောင်ကုန်းဒေသ၊ ဣသ ရေလတောင်ကုန်းဒေသစသောတောင်ကုန်း ဒေသများတွင်နေထိုင်သည့် ထွားကြိုင်းသော အာနကအမျိုးသားတို့ရှိရာသို့ချီတက် လေသည်။ ယောရှုသည်အာနကအမျိုးသား များကို တစ်ယောက်မကျန်သုတ်သင်၍သူ တို့မြို့များကိုမြေလှန်ဖျက်ဆီးခဲ့လေ သည်။-
Durante este tiempo Josué también aniquiló a los descendientes de Anaki que vivían en la región montañosa de Hebrón, Debir y Anab, y toda la región montañosa de Judá e Israel. Josué apartó y destruyó completamente sus ciudades,
22 ၂၂ ထို့ကြောင့်ဣသရေလနိုင်ငံတွင်အာနက အမျိုးသားဟူ၍ တစ်ယောက်မျှအသက်ရှင် ၍မကျန်ရစ်ချေ။ သို့ရာတွင်ဂါဇမြို့၊ ဂါသ မြို့နှင့်အာဇုတ်မြို့များ၌သာလျှင်အာနက အမျိုးသားအချို့ကျန်ရှိကြသေးသည်။-
y no quedaron descendientes de Anac en la tierra de Israel, sólo algunos en Gaza, Gat y Asdod.
23 ၂၃ ထာဝရဘုရားသည်မောရှေမှတစ်ဆင့်မိန့် မှာတော်မူသည်အတိုင်း ယောရှုသည်ထိုပြည် တစ်ပြည်လုံးကိုတိုက်ခိုက်သိမ်းယူလေသည်။ သူသည်ဣသရေလအနွယ်အသီးသီး အားပိုင်ဆိုင်စေရန်ထိုပြည်ကိုခွဲဝေပေး လေသည်။ ထိုနောက်တစ်ပြည်လုံးငြိမ်းချမ်းသာယာ လျက်ရှိလေသတည်း။
Así que Josué tomó toda la tierra de acuerdo con lo que el Señor le había ordenado a Moisés, dándosela a Israel para que la poseyera tal como estaba repartida entre las tribus. Entonces la tierra quedó en paz.