< ယေရမိ 52 >

1 ဇေ​ဒ​ကိ​သည်​နန်း​တက်​စဉ်​အ​ခါ​က​အ​သက် နှစ်​ဆယ့်​တစ်​နှစ်​ရှိ​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​တစ် ဆယ့်​တစ်​နှစ်​မျှ​နန်း​စံ​ရ​လေ​သည်။ သူ့​မယ် တော်​မှာ​လိ​ဗ​န​မြို့​သား​ယေ​ရ​မိ​၏​သ​မီး ဟာ​မု​တ​လ​ဖြစ်​၏။-
Zedekia was een en twintig jaren oud, als hij koning werd, en hij regeerde elf jaren te Jeruzalem; en de naam zijner moeder was Hamutal, een dochter van Jeremia, van Libna.
2 ဇေ​ဒ​ကိ​မင်း​သည်​ယော​ယ​ကိမ်​မင်း​ကဲ့​သို့ ပင်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​မ​ကောင်း မှု​များ​ကို​ပြု​၏။-
En hij deed dat kwaad was in de ogen des HEEREN, naar alles, wat Jojakim gedaan had.
3 ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည်​၏​အ​ခြေ အ​နေ​သည်​အ​လွန်​ဆိုး​ရွား​၍​လာ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​ထွက်​ပြီး လျှင်​ပြည်​သား​တို့​အား​ပြည်​နှင်​ဒဏ်​သင့် စေ​တော်​မူ​၏။ ဇေ​ဒ​ကိ​သည်​ဗာ​ဗု​လုန်​ဘု​ရင်​ကို​ပုန်​ကန် သ​ဖြင့်၊-
Want het geschiedde, om den toorn des HEEREN tegen Jeruzalem en Juda, totdat Hij hen van Zijn aangezicht weggeworpen had; en Zedekia rebelleerde tegen den koning van Babel.
4 ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ​နန်း​စံ​န​ဝ​မ​နှစ်၊ ဒ​သ​မ​လ၊ ဆယ်​ရက်​နေ့​၌​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် မိ​မိ​၏​စစ်​သည်​တပ် သား​အ​ပေါင်း​တို့​နှင့်​အ​တူ​ယေ​ရု​ရှ​လင် မြို့​ကို​တိုက်​ခိုက်​ရန်​ချီ​တက်​လာ​၏။ သူ​တို့ သည်​မြို့​ပြင်​တွင်​တပ်​စ​ခန်း​ချ​၍​မြို့​ပတ် လည်​တွင်​မြေ​က​တုတ်​များ​ကို​ဖို့​လုပ်​ကြ​၏။-
En het geschiedde in het negende jaar zijner regering, in de tiende maand, op den tienden der maand, dat Nebukadrezar, de koning van Babel, kwam tegen Jeruzalem, hij en zijn ganse heir, en zij legerden zich tegen haar, en zij bouwden tegen haar sterkten rondom.
5 ထို​မြို့​သည်​ဇေ​ဒ​ကိ​နန်း​စံ​ဆယ့်​တစ်​နှစ် မြောက်​တိုင်​အောင်​အ​ဝိုင်း​ခံ​ရ​လေ​သည်။-
Alzo kwam de stad in belegering, tot in het elfde jaar van den koning Zedekia.
6 ထို​နှစ်​စ​တုတ္ထ​လ၊ ကိုး​ရက်​နေ့​၌​အ​စာ​ငတ် မွတ်​ခေါင်း​ပါး​မှု​သည်​အ​လွန်​ဆိုး​ရွား​၍ လာ​သ​ဖြင့် လူ​တို့​တွင်​အ​စာ​ရေ​စာ အ​လျှင်း​မ​ရှိ​ကြ​တော့​ပေ။-
In de vierde maand, op den negenden der maand, als de honger in de stad sterk werd, en het volk des lands geen brood had;
7 ထို​အ​ခါ​မြို့​ရိုး​များ​သည်​ကျိုး​ပေါက်​၍​သွား တော့​၏။ မြို့​ကို​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​ဝိုင်း​ရံ လျက်​ထား​သော်​လည်း စစ်​သည်​တပ်​သား​အ​ပေါင်း သည်​ညဥ့်​အ​ခါ​တွင်​ထွက်​ပြေး​ရန်​ကြိုး​စား​ကြ ၏။ သူ​တို့​သည်​ဘု​ရင့်​ဥ​ယျာဉ်​တော်​အ​တိုင်း သွား​ပြီး​လျှင် မြို့​ရိုး​နှစ်​ထပ်​အ​ကြား​ရှိ​တံ​ခါး ပေါက်​မှ​ထွက်​၍​ယော်​ဒန်​ချိုင့်​ဝှမ်း​ဘက်​သို့​ပြေး ကြ​၏။-
Toen werd de stad doorgebroken, en al de krijgslieden vloden, en trokken uit des nachts, uit de stad, door den weg der poort tussen de twee muren, die aan des konings hof waren (de Chaldeen nu waren tegen de stad rondom), en zij togen door den weg des vlakken velds.
8 သို့​ရာ​တွင်​ဗာ​ဗု​လုန်​တပ်​မ​တော်​သား​တို့ သည်​ဇေ​ဒ​ကိ​မင်း​ကို​လိုက်​လံ​ဖမ်း​ဆီး​ကြ ရာ ယေ​ရိ​ခေါ​မြို့​အ​နီး​ရှိ​လွင်​ပြင်​တွင်​မိ လေ​သည်။ ဇေ​ဒ​ကိ​၏​စစ်​သူ​ရဲ​အ​ပေါင်း​တို့ သည်​သူ့​အား​စွန့်​ပစ်​၍​ထွက်​ပြေး​ကြ​၏။-
Doch het heir der Chaldeen jaagde den koning na, en zij achterhaalden Zedekia in de vlakke velden van Jericho; en al zijn heir werd van bij hem verstrooid.
9 ရန်​သူ​တို့​သည်​ဇေ​ဒ​ကိ​ကို​ဖမ်း​ဆီး​ပြီး​လျှင် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ရှိ​ရာ​ဟာ​မတ်​နယ်​မြေ၊ ရိ​ဗ​လ​မြို့​သို့​ခေါ်​ဆောင်​သွား​ကြ​၏။ ထို အ​ရပ်​၌​ပင်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ဇေဒကိ အ​ပေါ်​တွင်​စီ​ရင်​ချက်​ချ​မှတ်​တော်​မူ​၏။-
Zij dan grepen den koning, en voerden hem opwaarts tot den koning van Babel naar Ribla, in het land van Hamath; die sprak oordelen tegen hem.
10 ၁၀ ရိ​ဗ​လ​မြို့​တွင်​ဗာ​ဗု​လုန်​ဘု​ရင်​သည်​ဇေ ဒ​ကိ​၏​သား​တို့​ကို​ဖ​ခင်​၏​မျက်​မှောက်​၌ ပင်​လျှင်​ကွပ်​မျက်​စေ​လေ​သည်။ ယု​ဒ​မှူး​မတ် တို့​ကို​လည်း​ကွပ်​မျက်​စေ​သေး​၏။-
En de koning van Babel slachtte de zonen van Zedekia voor zijn ogen; en hij slachtte ook al de vorsten van Juda te Ribla.
11 ၁၁ ထို​နောက်​ဇေ​ဒ​ကိ​၏​မျက်​စိ​များ​ကို​ဖောက် စေ​၍​သူ့​အား​ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင် သွား​ရန်​သံ​ကြိုး​များ​နှင့်​ချည်​နှောင်​စေ​၏။ ဇေ​ဒ​ကိ​သည်​သေ​သည်​တိုင်​အောင်​ဗာ​ဗု​လုန် မြို့​တွင်​ထောင်​ထဲ​၌​နေ​ရ​လေ​၏။
En hij verblindde de ogen van Zedekia, en hij bond hem met twee koperen ketenen; alzo bracht hem de koning van Babel naar Babel, en stelde hem in het gevangenhuis, tot den dag zijns doods toe.
12 ၁၂ ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​နန်း​စံ​တစ် ဆယ့်​ကိုး​နှစ်​မြောက်၊ ပဉ္စ​မ​လ​ဆယ်​ရက်​နေ့​၌ မင်း​ကြီး​၏​အ​တိုင်​ပင်​ခံ​အ​မတ်​နှင့်​အ​စောင့် တပ်​မ​တော်​မှူး​နေ​ဗု​ဇ​ရ​ဒန်​သည် ယေ​ရု​ရှ လင်​မြို့​သို့​ဝင်​ရောက်​လာ​၏။-
Daarna, in de vijfde maand, op den tienden der maand (dit jaar was het negentiende jaar van den koning Nebukadrezar, den koning van Babel), als Nebuzaradan, de overste der trawanten, die voor het aangezicht des konings van Babel stond, te Jeruzalem gekomen was;
13 ၁၃ သူ​သည်​ဗိ​မာန်​တော်​နှင့်​နန်း​တော်​ကို​လည်း ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​ရှိ​အ​ရေး​ပါ​အ​ရာ ရောက်​သူ​လူ​အ​ပေါင်း​တို့​၏​နေ​အိမ်​များ​ကို လည်း​ကောင်း​မီး​ရှို့​ပစ်​လေ​သည်။-
Zo verbrandde hij het huis des HEEREN en het huis des konings; mitsgaders alle huizen van Jeruzalem en alle huizen der groten verbrandde hij met vuur.
14 ၁၄ သူ​၏​တပ်​သား​များ​က​လည်း​မြို့​ရိုး​များ​ကို ဖြို​ချ​ကြ​၏။-
En het ganse heir der Chaldeen, dat met den overste der trawanten was, brak alle muren van Jeruzalem rondom af.
15 ၁၅ ထို​နောက်​မင်း​ကြီး​၏​အ​စောင့်​တပ်​မ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည်​မြို့​ထဲ​တွင်​ကျန်​ရှိ​နေ သေး​သည့်​သူ​များ၊ လက်​မှု​ပ​ညာ​သည်​အ​ကြွင်း အ​ကျန်​များ​နှင့် ဗာ​ဗု​လုန်​မြို့​သား​တို့​ဘက် သို့​ကူး​ပြောင်း​လာ​သူ​များ​အား ဗာ​ဗု​လုန် မြို့​သို့​ခေါ်​ဆောင်​သွား​လေ​သည်။-
Van de armsten nu des volks en het overige des volks, die in de stad overgelaten waren, en de afvalligen, die tot den koning van Babel gevallen waren, en het overige der menigte, voerde Nebuzaradan, de overste der trawanten, gevankelijk weg.
16 ၁၆ သို့​ရာ​တွင်​အ​လွန့်​အ​လွန်​ဆင်း​ရဲ​သော​သူ အ​ချို့​ကို​မူ ယု​ဒ​ပြည်​တွင်​ချန်​ထား​ခဲ့​၍ စ​ပျစ်​ဥ​ယျာဉ်​များ​နှင့်​လယ်​ယာ​များ​တွင် အ​လုပ်​လုပ်​စေ​၏။
Maar van de armsten des lands liet Nebuzaradan, de overste der trawanten, enigen over tot wijngaardeniers en tot akkerlieden.
17 ၁၇ ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​ဗိ​မာန်​တော် ထဲ​ရှိ​ကြေး​ဝါ​တိုင်​ကြီး​များ၊ ကြေး​ဝါ​အောက် ခံ​ခုံ​များ​နှင့်​ကြေး​ဝါ​ရေ​ကန်​ကြီး​ကို​အ​စိတ် စိတ်​အ​မြွှာ​မြွှာ​ချိုး​ဖဲ့​ပြီး​လျှင် ကြေး​ဝါ​မှန် သ​မျှ​ကို​ဗာ​ဗု​လုန်​ပြည်​သို့​ယူ​ဆောင်​သွား ကြ​၏။-
Verder braken de Chaldeen de koperen pilaren, die in het huis des HEEREN waren, en de stellingen, en de koperen zee, die in het huis des HEEREN was; en zij voerden al het koper daarvan naar Babel.
18 ၁၈ သူ​တို့​သည်​ယဇ်​ပလ္လင်​သန့်​ရှင်း​ရေး​အ​တွက် အ​သုံး​ပြု​သည့်​တူ​ရွင်း​ပြား​များ၊ ယဇ်​ပလ္လင် ကို​သန့်​ရှင်း​မှု​ပြု​ရာ​၌​အ​သုံး​ပြု​သည့် ပြာ​ခွက်​များ၊ မီး​ခွက်​များ​တိုက်​ချွတ်​ပြင် ဆင်​ရာ​တွင်​အ​သုံး​ပြု​သည့်​တန်​ဆာ​ပ​လာ များ၊ ယဇ်​ကောင်​သွေး​ခံ​ခွက်​ဖလား​များ၊ နံ့ သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ခွက်​ဖ​လား​များ​နှင့် ဗိ​မာန်​တော်​အ​တွင်း ကိုး​ကွယ်​ဝတ်​ပြု​ရာ တွင်​အ​သုံး​ပြု​သည့်​အ​ခြား​ကြေး​ဝါ ပစ္စည်း​အ​သုံး​အ​ဆောင်​များ​ကို​လည်း ယူ​ဆောင်​သွား​ကြ​၏။-
Ook namen zij de potten en de schoffelen, en de gaffelen, en de sprengbekkens, en de rookschalen, en al de koperen vaten, waar men den dienst mede deed.
19 ၁၉ မီး​ကျီး​ခဲ​များ​သယ်​ယူ​ရာ​တွင်​အ​သုံး​ပြု သည့်​ခွက်​ငယ်​များ​နှင့်​အိုး​ကင်း​များ၊ ယဇ် ကောင်​သွေး​ခံ​ခွက်​ဖ​လား​များ၊ ပြာ​ခွက်​များ၊ မီး​တင်​ခုံ​များ၊ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ ခွက်​ဖ​လား​များ၊ စ​ပျစ်​ရည်​ပူ​ဇော်​သကာ သွန်း​လောင်း​ရာ​တွင်​အ​သုံး​ပြု​သည့်​ခွက် ဖ​လား​အ​စ​ရှိ​သည့်​ရွှေ​သို့​မ​ဟုတ်​ငွေ​ဖြင့် ပြီး​သည့်​ပစ္စည်း​မှန်​သ​မျှ​ကို​လည်း ယူ​ဆောင် သွား​လေ​သည်။-
En de overste der trawanten nam weg de schalen, en de wierookvaten, en de sprengbekkens, en de potten, en de kandelaars, en de rookschalen, en de kroezen; wat geheel goud, en wat geheel zilver was.
20 ၂၀ ဗိ​မာန်​တော်​အ​တွက်​ရှော​လ​မုန်​မင်း​ပြု လုပ်​ခဲ့​သော​ကြေး​ဝါ​ပစ္စည်း​များ​ဖြစ်​သည့် တိုင်​ကြီး​နှစ်​လုံး၊ အောက်​ခံ​ခုံ​များ၊ ရေ​ကန် ကြီး​နှင့်​အောက်​ခံ​နွား​ရုပ်​တစ်​ဆယ့်​နှစ်​ခု တို့​သည်​ချိန်​တွယ်​၍​မ​ရ​အောင်​ပင်​လေး​လံ ပေ​သည်။-
De twee pilaren, de ene zee, en de twaalf koperen runderen, die in de plaats der stellingen waren, die de koning Salomo voor het huis des HEEREN gemaakt had; het koper daarvan, te weten van al deze vaten, was zonder gewicht.
21 ၂၁ တိုင်​ကြီး​နှစ်​လုံး​သည်​ဆင်​တူ​ဖြစ်​၍​အ​မြင့် နှစ်​ဆယ့်​ခု​နစ်​ပေ၊ လုံး​ပတ်​တစ်​ဆယ့်​ရှစ်​ပေ ရှိ​၏။ ထို​တိုင်​တို့​သည်​ခေါင်း​ပွ​ဖြစ်​၍​ဒု​သုံး လက်​မ​ရှိ​လေ​သည်။ ကြေး​ဝါ​တိုင်​ထိပ်​ပိုင်း များ​သည်​အ​မြင့်​ပေ​ခု​နစ်​ပေ​ခွဲ​စီ​ရှိ​၍ ယင်း တို့​၏​ပတ်​လည်​တွင်​သ​လဲ​သီး​များ​နှင့်​တန် ဆာ​ဆင်​ထား​သော​ကွန်​ရွက်​များ​ရှိ​၏။ ယင်း တို့​အား​လုံး​ကို​ကြေး​ဝါ​များ​နှင့်​ပြု​လုပ် ထား​၏။-
Aangaande de pilaren, achttien ellen was de hoogte eens pilaars, en een draad van twaalf ellen omving hem; en zijn dikte was vier vingeren, en hij was hol.
22 ၂၂
En het kapiteel daarop was koper, en de hoogte des enen kapiteels was vijf ellen, en een net, en granaatappelen op het kapiteel rondom, alles koper; en dezen gelijk had de andere pilaar, met granaatappelen.
23 ၂၃ တိုင်​တစ်​တိုင်​ရှိ​ကွန်​ရွက်​များ​တွင်​သ​လဲ​သီး အ​လုံး​တစ်​ရာ​ရှိ​၍​ကိုး​ဆယ့်​ခြောက်​လုံး ကို​မြေ​ပြင်​မှ​တွေ့​မြင်​နိုင်​လေ​သည်။
En de granaatappelen waren zes en negentig, gezet naar den wind; alle granaatappelen waren honderd, over het net rondom.
24 ၂၄ ထို​မှ​တစ်​ပါး​လည်း​မင်း​ကြီး​၏​အ​စောင့်​တပ် မ​တော်​မှူး​နေ​ဗု​ဇာ​ရ​ဒန်​သည် ယဇ်​ပု​ရော​ဟိတ် မင်း​စ​ရာ​ယ၊ သူ​၏​လက်​ထောက်​ဇေ​ဖ​နိ​နှင့် အ​ခြား​အ​ရေး​ကြီး​သည့် ဗိ​မာန်​တော်​အ​ရာ ရှိ​သုံး​ဦး​တို့​ကို​ခေါ်​ဆောင်​၍​သွား​၏။-
Ook nam de overste der trawanten Seraja, den hoofdpriester, en Zefanja, den tweeden priester, en de drie dorpelbewaarders.
25 ၂၅ သူ​သည်​ယု​ဒ​တပ်​မှူး​ဟောင်း​တစ်​ဦး၊ မြို့​တွင်း ၌​ကျန်​ရှိ​နေ​သေး​သော​ဘု​ရင်​အ​တိုင်​ပင်​ခံ အ​မတ်​ခု​နစ်​ဦး၊ တပ်​မ​တော်​မှတ်​တမ်း​ထိန်း သည့်​လက်​ထောက်​တပ်​မှူး​နှင့်​အ​ခြား​အ​ရေး ပါ​အ​ရာ​ရောက်​သူ​လူ​ခြောက်​ဆယ်​တို့​ကို လည်း​ယေ​ရု​ရှ​လင်​မြို့​မှ​ခေါ်​ဆောင်​သွား လေ​သည်။-
En uit de stad nam hij een hoveling, die over de krijgslieden gesteld was, en zeven mannen uit degenen, die des konings aangezicht zagen, die in de stad gevonden werden, mitsgaders den oversten schrijver des heirs, die het volk des lands ten oorlog opschreef, en zestig mannen van het volk des lands, die in het midden der stad gevonden werden.
26 ၂၆ နေ​ဗု​ဇ​ရ​ဒန်​သည်​ထို​သူ​တို့​ကို​ဗာ​ဗု​လုန် ဘုရင်​ရှိ​ရာ​ရိ​ဗ​လ​မြို့​သို့​ခေါ်​ဆောင်​သွား​ရာ၊-
Als Nebuzaradan, de overste der trawanten, dezen genomen had, zo bracht hij hen tot den koning van Babel naar Ribla.
27 ၂၇ မင်း​ကြီး​သည်​ဟာ​မတ်​နယ်​မြေ​ရိ​ဗ​လ​မြို့ ၌ သူ​တို့​အား​ရိုက်​နှက်​၍​ကွပ်​မျက်​စေ​တော် မူ​၏။ ဤ​သို့​လျှင်​ယု​ဒ​ပြည်​သား​တို့​သည်​သုံ့​ပန်း များ​အ​ဖြစ်​နှင့် မိ​မိ​တို့​ပြည်​မှ​သိမ်း​သွား ခြင်း​ကို​ခံ​ရ​ကြ​လေ​သည်။-
En de koning van Babel sloeg hen en doodde hen te Ribla, in het land van Hamath. Alzo werd Juda uit zijn land gevankelijk weggevoerd.
28 ၂၈ နေ​ဗု​ခဒ်​နေ​ဇာ​ဖမ်း​သွား​သည့်​သုံ့​ပန်း​စာ​ရင်း မှာ သူ​၏​နန်း​စံ​သတ္တ​မ​နှစ်​၌​သုံး​ထောင်​နှစ် ဆယ့်​သုံး​ယောက်၊-
Dit is het volk, dat Nebukadrezar gevankelijk heeft weggevoerd; in het zevende jaar, drie duizend drie en twintig Joden;
29 ၂၉ နန်း​စံ​ရှစ်​နှစ်​မြောက်​၌​ယေ​ရု​ရှ​လင်​မြို့​မှ ရှစ်​ရာ​သုံး​ဆယ့်​နှစ်​ယောက်၊-
In het achttiende jaar van Nebukadrezar, voerde hij gevankelijk weg achthonderd twee en dertig zielen uit Jeruzalem;
30 ၃၀ နန်း​စံ​နှစ်​ဆယ့်​သုံး​နှစ်​မြောက်​၌​နေ​ဗု​ဇာ​ရ​ဒန် ခေါ်​ဆောင်​သွား​သူ​ခု​နစ်​ရာ​လေး​ဆယ့်​ငါး​ယောက်၊ စု​စု​ပေါင်း​လေး​ထောင့်​ခြောက်​ရာ​ဖြစ်​သ​တည်း။
In het drie en twintigste jaar van Nebukadrezar voerde Nebuzaradan, de overste der trawanten, gevankelijk weg van de Joden zevenhonderd vijf en veertig zielen. Alle zielen zijn vier duizend en zeshonderd.
31 ၃၁ ဗာ​ဗု​လုန်​ဘု​ရင်​ဧဝိ​လ​မ​ရော​ဒက်​သည် မိ​မိ နန်း​တက်​တော်​မူ​သော​နှစ်​၌​ယု​ဒ​ဘု​ရင် ယေ​ခေါ​နိ​အား အ​ကျဉ်း​ထောင်​မှ​လွတ်​၍ က​ရု​ဏာ​ပြ​တော်​မူ​၏။ ဤ​သို့​ဖြစ်​ပျက်​သည် မှာ​ယေ​ခေါ​နိ​အ​ကျဉ်း​ကျ​ပြီး​နောက် သုံး ဆယ့်​ခု​နစ်​နှစ်​မြောက်​ဒွါ​ဒ​သ​မ​လ၊ နှစ် ဆယ့်​ငါး​ရက်​နေ့​ဖြစ်​သ​တည်း။-
Het geschiedde daarna, in het zeven en dertigste jaar der gevankelijke wegvoering van Jojachin, den koning van Juda, in de twaalfde maand, op den vijf en twintigsten der maand, dat Evilmerodach, de koning van Babel, in het eerste jaar zijns koninkrijks, het hoofd van Jojachin, den koning van Juda, verhief, en hem uit het gevangenhuis uitbracht.
32 ၃၂ ဧ​ဝိ​လ​မ​ရော​ဒက်​သည်​ယေ​ခေါ​နိ​အား ကြင်​နာ​စွာ​ဆက်​ဆံ​၍ ဗာ​ဗု​လုန်​ပြည်​တွင် သူ​နှင့်​အ​တူ​ပြည်​နှင်​ဒဏ်​သင့်​သူ​အ​ခြား ဘု​ရင်​များ​ထက်​ပို​မို​ချီး​မြှင့်​မြှောက်​စား တော်​မူ​၏။-
En hij sprak vriendelijk met hem, en stelde zijn stoel boven den stoel der koningen, die bij hem te Babel waren.
33 ၃၃ သို့​ဖြစ်​၍​ယေ​ခေါ​နိ​သည်​ထောင်​အ​ဝတ်​များ ကို​လဲ​ခွင့်​ရ​လျက် အ​သက်​ရှင်​သ​မျှ​ကာ​လ ပတ်​လုံး​မင်း​ကြီး​နှင့်​အ​တူ​ပွဲ​တော်​တည် ခွင့်​ကို​ရ​ရှိ​၏။-
En hij veranderde de klederen zijner gevangenis; en hij at geduriglijk brood voor zijn aangezicht, al de dagen zijns levens.
34 ၃၄ ထို့​ပြင်​မိ​မိ​လို​အပ်​သ​လို​သုံး​စွဲ​နိုင်​ရန်​သူ အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး နေ့​စဉ်​မှန် မှန်​အ​သုံး​စ​ရိတ်​ကို​လည်း​ရ​ရှိ​လေ​သည်။ ပ​ရော​ဖက်​ယေ​ရ​မိ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။
En aangaande zijn tering, een gedurige tering werd hem van den koning van Babel gegeven, elk dagelijks bestemde deel op zijn dag, tot op den dag zijns doods, al de dagen zijns levens.

< ယေရမိ 52 >