< ယေရမိ 48 >
1 ၁ မောဘပြည်ကိုရည်မှတ်၍အနန္တတန်ခိုးရှင် ထာဝရဘုရားမိန့်တော်မူသည်ကားဤသို့ တည်း။ ``နေဗောမြို့သူမြို့သားတို့အားကရုဏာ သက်ကြလော့။ သူတို့၏မြို့သည်ပျက်စီး၍သွားလေပြီ။ ကိရယသိမ်မြို့သည်ဖမ်းဆီးသိမ်းယူခြင်း ကိုခံ၍၊ ထိုမြို့၏ခံတပ်များသည်ဖြိုပျက်လျက် မြို့သူမြို့သားတို့သည်လည်းအရှက်ကွဲရ ကြ၏။
Proti Moábovi. Takto praví Hospodin zástupů, Bůh Izraelský: Běda městu Nébo, neboť popléněno bude; zahanbeno a vzato bude Kariataim, zahanbeno bude Misgab a děsiti se bude.
2 ၂ မောဘပြည်၏ဘုန်းအသရေသည်ကွယ် ပျောက်၍ သွားလေပြီ။ ရန်သူတို့သည်ဟေရှဘုန်မြို့ကိုသိမ်းယူ၍ မောဘ နိုင်ငံကိုသုတ်သင်ဖျက်ဆီးရန်ကြံစည်လျက် ရှိ၏။ မာဒမေနမြို့သည်ဆိတ်ငြိမ်၍နေလိမ့်မည်။ စစ်သည်တပ်သားတို့သည်ထိုမြို့ကိုချီတက် တိုက်ခိုက်ကြလိမ့်မည်။
Nebudeť míti více žádné pochvaly Moáb z Ezebon, obmýšlejí proti němu zlé: Poďte, a vyhlaďme je z národu. I ty, ó Madmen, vypléněno budeš, půjde za tebou meč.
3 ၃ ဟောရနိမ်မြို့သူမြို့သားတို့က`အကြမ်းဖက်မှု၊ သုတ်သင်ဖျက်ဆီးမှု' ဟုဟစ်အော်ကြ၏။
Hlas žalostný z Choronaim: Ó poplénění a potření veliké.
4 ၄ ``မောဘပြည်သည်ပြိုပျက်၍သွားလေပြီ။ ကလေးသူငယ်တို့အော်ဟစ်သံကို နားထောင်ကြလော့။
Potřín bude Moáb, slyšán bude křik maličkých jeho.
5 ၅ လုဟိတ်တောင်ပေါ်သို့တက်ရာလမ်းတွင်သူတို့ ရှိုက်ကြီးငင်ကြီးငိုကြွေးသံကိုလည်းကောင်း၊ ဟောရနိမ်မြို့သို့ဆင်းရာလမ်းတွင်၊စိတ်ဒုက္ခ ရောက်၍ အော်ဟစ်သံများကိုလည်းကောင်းကြားကြလော့။
Proto že na cestě Luchitské ustavičný bude pláč, a že kudyž se chodí k Choronaim, nepřátelé křik hrozný slyšeti budou:
6 ၆ သူတို့က`သင်တို့အသက်ချမ်းသာရအောင် လျင်မြန်စွာပြေးကြလော့။ သဲကန္တာရမှမြည်းရိုင်းကဲ့သို့ပြေးကြလော့' ဟုဆိုကြ၏။
Utecte, vysvoboďte život svůj, a buďte jako vřes na poušti.
7 ၇ ``အို မောဘပြည်၊သင်သည်မိမိ၏အင်အားနှင့် စည်းစိမ်ချမ်းသာကိုအားကိုး၏။ သို့ရာတွင်ယခုသင်သည်နှိမ်နင်းခြင်းကိုခံ ရလိမ့်မည်။ သင်၏ဘုရားခေမုရှသည်လည်းသူ၏မင်း သားများ၊ ယဇ်ပုရောဟိတ်များနှင့်အတူပြည်နှင်ဒဏ် သင့်ရပေတော့အံ့။
Nebo proto, že doufáš v statku svém a v pokladích svých, také ty jat budeš; i půjde Chámos do zajetí, kněží jeho, též i knížata jeho.
8 ၈ အဘယ်မြို့မျှဆုံးပါးပျက်စီးမှုနှင့် ကင်းလွတ်လိမ့်မည်မဟုတ်။ ချိုင့်ဝှမ်းရော၊လွင်ပြင်ပါပျက်စီးလိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏။
Přitáhne zajisté zhoubce na každé město, aniž ho které město znikne; zahyne i údolí, a zahlazena bude rovina, jakž praví Hospodin.
9 ၉ မောဘပြည်အတွက်သင်္ချိုင်းကမ္ပည်းကျောက်တိုင် စိုက်ထူကြလော့။ ထိုပြည်သည်မကြာမီပျက်စီးရလိမ့်မည်။ ထိုပြည်ရှိမြို့များသည်ပျက်စီး၍လူသူ ဆိတ်ငြိမ်ရာဖြစ်လိမ့်မည်။''
Dejte brky Moábovi, ať rychle uletí; nebo města jeho v poušť obrácena budou, tak že nebude žádného obyvatele v nich.
10 ၁၀ (ထာဝရဘုရား၏အမှုတော်ကိုစိတ်နှလုံး အကြွင်းမဲ့နှင့်မထမ်းဆောင်သူသည် ကျိန်ဆဲ ခြင်းကိုခံရပါစေသတည်း။ မိမိ၏ဋ္ဌားနှင့် ခုတ်၍မသတ်သောသူသည်ကျိန်ဆဲခြင်းကို ခံရပါစေသတည်း။)
Zlořečený ten, kdož dělá dílo Hospodinovo lstivě, a zlořečený ten, kdož zdržuje meč svůj od krve.
11 ၁၁ ထာဝရဘုရားက``မောဘပြည်သူတို့သည် အစဉ်ပင်ဘေးမဲ့လုံခြုံစွာနေခဲ့ရ၍အဘယ် အခါ၌မျှပြည်နှင်ဒဏ်မသင့်ခဲ့ဘူးပေ။ မောဘ ပြည်သည်အိုးတစ်လုံးမှတစ်လုံးသို့မပြောင်း၊ မွှေ နှောက်မှုလည်းမပြုဘဲအနည်ထိုင်ရန်ထားရှိ သဖြင့်အနံ့အရသာမပျက်၊ ကောင်းမြဲ ကောင်းလျက်နေသည့်စပျစ်ရည်နှင့်တူ၏။
Mělť jest pokoj Moáb od dětinství svého, a usadil se na kvasnicích svých, aniž býval přelíván z nádoby do nádoby, totiž do zajetí nechodíval; pročež zůstala v něm chuť jeho, a vůně jeho není proměněna.
12 ၁၂ ``သို့ဖြစ်၍မောဘပြည်ကိုစပျစ်ရည်သဖွယ် သွန်မှောက်မည့်လူတို့အား ငါစေလွှတ်မည့်အချိန် ကာလကျရောက်လာလိမ့်မည်။ သူတို့သည်ထို ပြည်၏စပျစ်ရည်အိုးများကိုသွန်မှောက်ကာ အစိတ်စိတ်အမြွှာမြွှာခွဲပစ်ကြလိမ့်မည်။-
Protož aj, dnové jdou, dí Hospodin, že pošli na něj ty, kteříž vpády činí, a zajmou jej, sudy pak jeho vyprázdní, a nádoby jeho roztříští.
13 ၁၃ ထိုအခါမိမိတို့ယုံကြည်ခဲ့ကြသောဗေသလ ဘုရားကို ဣသရေလအမျိုးသားတို့စိတ်ပျက် ကြသကဲ့သို့ မောဘပြည်သူတို့သည်မိမိတို့ ၏ခေမုရှဘုရားကိုလည်းစိတ်ပျက်ကြလိမ့် မည်။
I zahanben bude Moáb od Chámos, jako zahanbeni jsou dům Izraelský od Bethel naděje své.
14 ၁၄ ``မောဘပြည်သားတို့၊သင်တို့သည်အဘယ် ကြောင့် မိမိတို့ကိုယ်ကို၊အာဇာနည်များ၊စစ်ပြန် သူရဲကောင်းများဟုပြောဆိုကြသနည်း။
Kterakž říkáte: Silní jsme a muži stateční k boji?
15 ၁၅ မောဘပြည်နှင့်မြို့တို့သည်ပျက်စီးကာ သူတို့၏လက်ရွေးစင်လူငယ်လူရွယ်တို့သည် အသတ်ခံရကြလေပြီ။ ငါသည်အနန္တတန်ခိုးရှင်ထာဝရဘုရား တည်းဟူသော ဘုရင်ဖြစ်တော်မူ၏။ ဤကားငါမြွက်ဟသည့်စကားဖြစ်၏။
Pohuben bude Moáb a z měst svých vyjde, a nejvýbornější mládenci jeho půjdou k zabití, dí král, jehož jméno Hospodin zástupů.
16 ၁၆ မောဘပြည်၏ကံကြမ္မာဆိုးသည်ချဉ်းကပ်လာလျက် ထိုပြည်ယိုယွင်းပျက်စီးရာကာလသည်၊မကြာမီ ရောက်ရှိလာတော့မည်။
Blízkoť jest bída Moábova, aby přišla, a trápení jeho pospíchá velice.
17 ၁၇ ``နီးနားပတ်ဝန်းကျင်တွင်နေထိုင်သူတို့၊ထို နိုင်ငံအတွက် ငိုကြွေးမြည်တမ်းကြလော့။ ထိုနိုင်ငံ၏ဂုဏ်သတင်းကိုသိရှိကြသူ အပေါင်းတို့ `တန်ခိုးကြီးမားသည့်ဤနိုင်ငံသည် ထီးကျိုးစည်ပေါက်ဖြစ်လျက် ယင်း၏ဘုန်းအသရေနှင့်တန်ခိုးအာဏာသည် ကွယ်ပျောက်သွားလေပြီ' ဟုပြောဆိုကြလော့။
Litujte ho všickni okolní jeho, a všickni, kteříž víte o jménu jeho, rcete: Jak polámána jest hůl nejpevnější, prut nejozdobnější?
18 ၁၈ ဒိဘုန်မြို့တွင်နေထိုင်သူတို့၊ သင်တို့သည်ဂုဏ်အသရေရှိသည့်နေရာမှ သက်ဆင်း၍မြေမှုန့်ပေါ်တွင်ထိုင်ကြလော့။ မောဘပြည်ကိုပျက်ပြုန်းစေသောသူသည် ဤအရပ်သို့ရောက်ရှိလာကာသင်၏ခံတပ် များကို ဖြိုဖျက်လိုက်လေပြီ။
Sejdi z slávy své, a seď v žíni, ó ty, kterážs se usadila, dcero Dibonská; neboť zhoubce Moábův přitáhne proti tobě, zkazí ohrady tvé.
19 ၁၉ အာရော်မြို့တွင်နေထိုင်သူတို့၊လမ်းနံဘေး တွင်ရပ်၍ စောင့်နေပြီးလျှင် ထွက်ပြေးတိမ်းရှောင်ကြသူတို့အားဖြစ် ပျက်သည့် အချင်းအရာကိုမေးမြန်းလော့။
Postav se na cestě, a ohlédni se pilně, obyvatelkyně Aroer; vyptej se toho, kdož utíká, a té, kteráž uchází, rci: Co se děje?
20 ၂၀ ထိုသူတို့က`မောဘပြည်ကျဆုံးလေပြီ။ ထိုပြည်အတွက်ငိုကြွေးကြလော့။ ယင်းသည်အရှက်ကွဲလေပြီ။ မောဘပြည်ပျက်သုဉ်း၍သွားကြောင်းကို အာနုန်မြစ်ရိုးတစ်လျှောက်တွင်ကြွေးကြော် ကြလော့' ဟုပြန်လည်ဖြေကြားကြလိမ့်မည်။
Stydí se Moáb, že jest potřín. Kvělte a křičte, oznamte u Arnon, že hubí Moába.
21 ၂၁ ဟောလုန်မြို့၊ ယဟာဇမြို့၊ မေဖတ်မြို့၊ ဒိဘုန်မြို့၊ နေဗောမြို့၊ ဗက်ဒိဗလသိမ်မြို့၊ ကိရယသိမ် မြို့၊ ဗက်ဂမုလမြို့၊ ဗက်မောင်မြို့၊ ကေရုတ်မြို့၊ ဗောဇရမြို့အစရှိသည့်ကုန်းပြင်မြို့ အပေါင်းတို့သည်အပြစ်ဒဏ်စီရင်တော်မူ ခြင်းကိုခံရကြလေပြီ။ ရပ်နီးရပ်ဝေးရှိ မောဘမြို့မှန်သမျှသည်အပြစ်ဒဏ်စီ ရင်တော်မူခြင်းကိုခံရကြလေပြီ။-
Nebo soud přišel na zemi té roviny, na Holon a na Jasa a na Mefat,
I na Dibon a Nébo, a na Betdiblataim,
I na Kariataim a na Betgamul, a na Betmeon,
A na Kariot, a na Bozru i na všecka města země Moábské, daleká i blízká.
25 ၂၅ မောဘပြည်၏အာဏာတန်ခိုးသည်ပျောက် ကွယ်၍သွားလေပြီ။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟု မိန့်တော်မူ၏။
Odťat bude roh Moábův, a rámě jeho zlámáno bude, dí Hospodin.
26 ၂၆ ထာဝရဘုရားက``မောဘပြည်သည်ငါထာဝရ ဘုရားအားပုန်ကန်ခဲ့သည်ဖြစ်၍ ထိုပြည်ကို ယစ်မူး၍နေစေကြလော့။ သူသည်မိမိ၏အန် ဖတ်တွင်လူးလှိမ့်၍နေလိမ့်မည်။ လူတို့သည် လည်းသူ့အားပြောင်လှောင်ကြလိမ့်မည်။-
Opojte jej, poněvadž se proti Hospodinu zpínal, až by se válel Moáb v vývratku svém, a byl za smích i on také.
27 ၂၇ အို မောဘပြည်၊ ဣသရေလပြည်သားတို့ အားအဘယ်သို့သင်ပြက်ရယ်ပြုခဲ့သည် ကိုအောက်မေ့သတိရလော့။ သင်သည်သူ တို့အားသူခိုး၊ ဋ္ဌားပြဂိုဏ်းနှင့်အတူဖမ်း ဆီးရမိသူများသဖွယ်ပြုကျင့်ခဲ့ပေ သည်။
Nebo zdali v posměchu nebyl u tebe Izrael? Zdali mezi zloději zastižen jest, že jakž jen promluvíš o něm, poskakuješ?
28 ၂၈ ``မောဘပြည်သူတို့၊ သင်တို့သည်မိမိတို့ ၏မြို့များမှထွက်ခွာပြီးလျှင် ကျောက်ကမ်း ပါးသို့သွားရောက်နေထိုင်ကြလော့။ လျှို မြောင်အကြားတွင်အသိုက်လုပ်တတ်သည့် ချိုးငှက်ကဲ့သို့ပြုကြလော့။-
Zanechte měst, a přebývejte v skále, ó obyvatelé Moábští, a buďte podobni holubici hnízdící se daleko v rozsedlinách.
29 ၂၉ မောဘပြည်သည်အလွန်မာနကြီး၏။ ပြည်သူ တို့သည်အဘယ်မျှစိတ်နေမြင့်၍၊ မောက်မာ ထောင်လွှားကာမာန်မာနကြီးကြကြောင်းကို လည်းကောင်း၊ အဘယ်မျှကိုယ်ကျိုးရှာတတ် ကြောင်းကိုလည်းကောင်းငါကြားသိတော် မူပြီ။-
Slýchaliť jsme o pýše Moábově, že velmi pyšný jest, o vysokomyslnosti jeho a pýše jeho, i o nadutosti jeho, a povyšování se srdce jeho.
30 ၃၀ သူတို့၏ကြွားဝါမှုများသည်အရာမရောက်။ သူတို့ပြုသောအရာများသည်လည်းတာရှည် မခံ။ သူတို့၏မောက်မာထောင်လွှားမှုကိုငါ ထာဝရဘုရားသိ၏။-
Známť já, dí Hospodin, vzteklost jeho, ale špatnáť jest ona k tomu; lži jeho nedovedouť toho.
31 ၃၁ သို့ဖြစ်၍ငါသည်မောဘပြည်သူအပေါင်း တို့နှင့်ကိရဟရက်မြို့သူမြို့သားတို့ အတွက်မျက်ရည်ကျမည်။-
Protož nad Moábskými kvílím, a nade vším Moábem křičím, pro obyvatele Kircheres úpí srdce.
32 ၃၂ ယာဇာမြို့သူမြို့သားတို့အတွက်ငိုကြွေး သည်ထက်စိဗမာမြို့သူမြို့သားများ အတွက် ငါပို၍ငိုကြွေးမည်။ အို စိဗမာမြို့၊ သင်သည်ပင်လယ်သေကိုကျော်ဖြတ်၍ ယာဇာမြို့တိုင်အောင်ပျံ့နှံ့သွားသည့်စပျစ် ပင်နှင့်တူ၏။ သို့ရာတွင်ယခုအခါ၌သင် ၏နွေရာသီသစ်သီးဝလံများနှင့်စပျစ် ပင်များသည်အဖျက်အဆီးခံရကြလေ ပြီ။-
Více než plakáno bylo Jazerských, plači tebe, ó vinný kmene Sibma. Rozvodové tvoji dostanouť se za moře, až k moři Jazerskému dosáhnou; na letní ovoce tvé a na vinobraní tvé zhoubce připadne.
33 ၃၃ အသီးအနှံကြွယ်ဝသည့်မောဘပြည်မှ ရွှင်လန်းဝမ်းမြောက်မှုကိုရုပ်သိမ်းလိုက်လေ ပြီ။ စပျစ်သီးနယ်ရာကျင်းမှစပျစ်ရည် များယိုထွက်၍မလာတော့ပေ။ စပျစ်သီး ကိုနယ်၍ဝမ်းမြောက်စွာကြွေးကြော်မည့် သူလည်းတစ်ဦးတစ်ယောက်မျှမရှိတော့ပေ။
I přestane veselé a plésání nad polem úrodným v zemi Moábské, a vínu z presu přítrž učiním; nebudou ho tlačívati s prokřikováním. Prokřikování nebudeť prokřikováním.
34 ၃၄ ``ဟေရှဘုန်မြို့နှင့်ဧလာလေမြို့တို့မှ လူတို့ ငိုကြွေးကြသောအသံကိုယာဟတ်မြို့တိုင် အောင်ကြားရကြ၏။ ထိုအသံကိုဇောရမြို့ မှဟောရနိမ်မြို့နှင့်ကေလက်မြို့တို့မှပင် ကြားနိုင်လေသည်။ နိမရိမ်ချောင်းသည် လည်းခန်းခြောက်၍သွား၏။-
Více křičeti budou než Ezebonští, až do Eleale, až do Jasa vydávati budou hlas svůj, od Ségor až do Choronaim jako jalovice tříletá; nebo také i vody Nimrim vymizejí.
35 ၃၅ ငါသည်မောဘပြည်သားတို့အားတောင် ထိပ်များတွင်မီးရှို့ရာပူဇော်သကာများ ဆက်ကပ်မှုနှင့် မိမိတို့ဘုရားများအား ယဇ်ပူဇော်မှုကိုရပ်စဲစေမည်။ ဤကားငါ ထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏။
A tak učiním, dí Hospodin, přítrž Moábovi, obětujícímu na výsosti a kadícímu bohům jeho.
36 ၃၆ ``မောဘပြည်သားများနှင့် ကိရဟရက်မြို့ သူမြို့သားများသည်မိမိတို့ပိုင်ဆိုင်သမျှ သောဥစ္စာပစ္စည်းများဆုံးရှုံးကုန်ကြပြီ ဖြစ်၍ ငါ၏စိတ်နှလုံးသည်မသာသီချင်း ကိုပြွေမှုတ်သူကဲ့သို့ထိုသူတို့၏အတွက် ငိုကြွေးမြည်တမ်းမည်။-
Protož srdce mé nad Moábem jako píšťalky zníti bude, srdce mé i nad obyvateli Kircheres jako píšťalky zníti bude, proto že i zboží nashromážděná se v nic obrátí.
37 ၃၇ လူတိုင်းပင်ဆံမုတ်ဆိတ်ပယ်ကြလေပြီ။ သူ တို့သည်မိမိတို့၏လက်များကိုထိရှ၍ လျှော်တေကိုဝတ်ဆင်ထားကြ၏။-
Nebo na každé hlavě bude lysina, a každá brada oholena, na všech rukou řezání, a na bedrách žíně.
38 ၃၈ မောဘပြည်အိမ်ခေါင်မိုးမှန်သမျှတို့အပေါ် ၌လည်းကောင်း၊ လူထုစည်းဝေးရာမြေကွက် လပ်မှန်သမျှတို့၌လည်းကောင်းငိုကြွေးမြည် တမ်းမှုမှတစ်ပါး အခြားအဘယ်အမှု အရာမျှမတွေ့ရကြ။ အဘယ်ကြောင့်ဆို သော်ငါသည်အသုံးမဝင်တော့သည့်အိုး ကိုခွဲသကဲ့သို့ မောဘပြည်ကိုခွဲလိုက်ပြီ ဖြစ်သောကြောင့်တည်း။ ဤကားငါထာဝရ ဘုရားမြွက်ဆိုသည့်စကားဖြစ်၏။-
Na všech střechách Moábových i po ulicích jeho všudy jen kvílení; nebo rozrazím Moába jako nádobu neužitečnou, dí Hospodin.
39 ၃၉ မောဘပြည်သည်ကြေမွ၍သွားလေပြီ။ မောဘပြည်သည်ငိုကြွေးလျက်နေလေပြီ။ မောဘပြည်သည်အသရေပျက်လေပြီ။ ထို ပြည်သည်ယိုယွင်းပျက်စီးလျက်နေသဖြင့် နီးနားဝန်းကျင်မှလူမျိုးအပေါင်းတို့သည် ယင်းကိုပြက်ရယ်ပြုကြကုန်၏။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူသည်။
Kvíliti budou: Jakť jest potřín, jak se obrátil zpět Moáb s hanbou! A jest Moáb v posměchu a k předěšení všechněm, kteříž jsou vůkol něho.
40 ၄၀ တောင်ပံများကိုဖြန့်၍ထားသည့်လင်းယုန် ငှက်ကဲ့သို့ရန်သူသည်မောဘပြည်ပေါ်သို့ ထိုးဆင်းလိမ့်မည်ဖြစ်ကြောင်းထာဝရ ဘုရားမိန့်ကြားခဲ့လေပြီ။-
Nebo takto praví Hospodin: Aj, jako orlice přiletí a roztáhne křídla svá na Moába.
41 ၄၁ မြို့များ၊ ခံတပ်များသည်အသိမ်းခံရကြ လိမ့်မည်။ ထိုနေ့၌မောဘစစ်သည်တော်တို့ သည်သားဖွားဝေဒနာခံရသောအမျိုး သမီးကဲ့သို့ကြောက်လန့်ကြလိမ့်မည်။-
Vzato bude Kariot, i pevnosti pobrány budou, a bude srdce silných Moábských v ten den podobné srdci ženy svírající se.
42 ၄၂ မောဘပြည်သည်ငါ့အားပုန်ကန်ခဲ့သဖြင့် သုတ်သင်ဖျက်ဆီးခြင်းကိုခံရကာနိုင်ငံ တစ်ခုအနေဖြင့်တည်ရှိတော့မည်မဟုတ်။-
I vyhlazen bude Moáb z lidu, proto že se proti Hospodinu zpínal.
43 ၄၃ မောဘပြည်သူတို့အားထိတ်လန့်ဖွယ်ရာ များ၊ မြေတွင်းများနှင့်ထောင်ချောက်များသည် အသင့်စောင့်ဆိုင်းလျက်ရှိပေသည်။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏။-
Strach a jáma a osídlo nad tebou, ó obyvateli Moábský, praví Hospodin.
44 ၄၄ ထိတ်လန့်ဖွယ်ရာကောင်းသည့်အရာမှလွတ် မြောက်ရန်ကြိုးစားသူသည်မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေတွင်းမှတက်၍လာသောသူ သည်လည်းထောင်ချောက်များတွင်မိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်မောဘပြည်ကိုသုတ် သင်ဖျက်ဆီးရန်အချိန်ကိုငါသတ်မှတ် ထားပြီးဖြစ်သောကြောင့်တည်း။-
Kdo uteče před strachem, vpadne do jámy, a kdo vyleze z jámy, osídlem lapen bude; nebo uvedu na něj, totiž na Moába, rok navštívení jejich, dí Hospodin.
45 ၄၅ ခိုကိုးရာမဲ့ဒုက္ခသည်များသည်ဟေရှဘုန် မြို့တွင်ခိုလှုံရန်ကြိုးစားကြ၏။ သို့ရာတွင် အခါတစ်ပါးကရှိဟုန်မင်းနန်းစံခဲ့သည့် ဟေရှဘုန်မြို့သည်မီးဟုန်းဟုန်းထ၍နေ လေသည်။ မီးသည်စစ်မက်ဝါသနာပါသည့် မောဘပြည်သူတို့၏နယ်ခြားဒေသများနှင့် တောင်ထိပ်များကိုကျွမ်းလောင်စေလေပြီ။-
Stávaliť jsou v stínu Ezebon ti, kteříž utíkávali před násilím, ale oheň vyjde z Ezebon, a plamen z prostřed Seon, a zžíře kout Moábův a vrch hlavy těch, kteříž jen bouří.
46 ၄၆ မောဘပြည်သူတို့အားကရုဏာသက်ကြ လော့။ ခေမုရှဘုရားကိုရှိခိုးဝတ်ပြုသူတို့ သည်သုတ်သင်ဖျက်ဆီးခြင်းကိုခံရကြ လေပြီ။ သူတို့၏သားသမီးများသည်လည်း သုံ့ပန်းအဖြစ်ခေါ်ဆောင်ခြင်းကိုခံရကြ လေပြီ။
Běda tobě, Moábe, zahyneť lid Chámosův; nebo pobráni budou synové tvoji do zajetí, i dcery tvé do zajetí.
47 ၄၇ သို့ရာတွင်နောင်လာလတ္တံ့သောကာလ၌ ထာဝရဘုရားသည် မောဘပြည်ကိုတစ်ဖန် ပြန်၍ကောင်းစားလာစေမည်။ ဤကားမောဘ ပြည်အပေါ်သို့ကျရောက်မည့်အဖြစ်အပျက် နှင့်ပတ်သက်၍ ထာဝရဘုရားမိန့်တော်မူ သောစကားများဖြစ်သတည်း။
A však zase přivedu zajaté Moábské v posledních dnech, dí Hospodin. Až potud soud o Moábovi.