< ယေရမိ 37 >
1 ၁ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည်ယောယ ကိမ်သားယေခေါနိမင်းအစား ယောရှိ၏သား ဇေဒကိအားယုဒဘုရင်အဖြစ်ခန့်ထား သော်လည်း၊-
En lugar de Conías, hijo de Joacim, reinó Sedequías, hijo de Josías, al cual Nabucodonosor, rey de Babilonia, constituyó como rey en la tierra de Judá.
2 ၂ ဇေဒကိနှင့်သူ၏မှူးမတ်များနှင့်ပြည်သူ များသည် ငါ့အားထာဝရဘုရားပေးတော် မူသောဗျာဒိတ်တော်ကိုမလိုက်နာကြ။
Pero ni él, ni sus esclavos, ni el pueblo de la tierra escucharon las Palabras que Yavé habló por medio del profeta Jeremías.
3 ၃ ဇေဒကိမင်းသည်ယဇ်ပုရောဟိတ်များဖြစ် သော ရှေလမိ၏သားယေကုလနှင့် မာသေယ ၏သားဇေဖနိတို့ကိုငါ့ထံသို့စေလွှတ်တော် မူသဖြင့် သူတို့သည်ငါ့အား``ငါတို့နိုင်ငံအဖို့ ငါတို့၏ဘုရားသခင်ထာဝရဘုရားထံ သို့ဆုတောင်းပတ္ထနာပြုပါ'' ဟုပြောကြား ကြ၏။-
El rey Sedequías envió a Jucal, hijo de Selemías, y a Sofonías, hijo del sacerdote Maasías, para que dijeran al profeta Jeremías: Intercede ahora por nosotros ante Yavé nuestro ʼElohim.
4 ၄ ထိုအခါငါသည်ထောင်ထဲသို့မရောက်သေး ပေ။ ငါသည်လူတို့နှင့်လွတ်လပ်စွာသွားလာ ပေါင်းသင်းလျက်နေနိုင်သေး၏။-
En ese entonces Jeremías entraba y salía en medio del pueblo, porque aún no lo habían encerrado en la cárcel.
5 ၅ ဤအတောအတွင်း၌ဖာရောဘုရင်၏တပ် မတော်သည်အီဂျစ်ပြည်မှချီတက်၍လာ၏။ ယင်းသို့ချီတက်လာကြောင်းကိုကြားသိ ကြသောအခါ ယေရုရှလင်မြို့ကိုတိုက်ခိုက် လျက်နေသည့်ဗာဗုလုန်အမျိုးသားတို့သည် ဆုတ်ခွာသွားကြလေသည်။
Entonces el ejército de Faraón había salido de Egipto, y al llegar la noticia a oídos de los caldeos que tenían sitiada a Jerusalén, se retiraron de ella.
6 ၆ ထိုအခါဣသရေလအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားကငါ့အား``ငါ့ ထံသို့စေလွှတ်လျှောက်ထားစေသူယုဒ ဘုရင်အား၊-
Entonces vino la Palabra de Yavé al profeta Jeremías:
7 ၇ `သင့်ကိုအကူအညီပေးရန်ယခုချီတက် လာသောဖာရောဘုရင်၏တပ်မတော်သည် မိမိတို့နေရင်းအီဂျစ်ပြည်သို့ပြန်သွား လိမ့်မည်။-
Yavé ʼElohim de Israel dice: Dirás esto al rey de Judá, quien los envió a Mí para que me consultaran: Mira, el ejército de Faraón que salió a socorrerte regresó a su tierra en Egipto.
8 ၈ ထိုအခါဗာဗုလုန်အမျိုးသားတို့သည်ပြန် လာပြီးလျှင် ဤမြို့ကိုတိုက်ခိုက်သိမ်းယူကာ မီးရှို့လိုက်ကြလိမ့်မည်။-
Los caldeos regresarán y atacarán esta ciudad. La tomarán y la incendiarán.
9 ၉ ဗာဗုလုန်အမျိုးသားတို့သည်မုချပြန်လာ ကြလိမ့်မည်။ သို့ဖြစ်၍သူတို့ပြန်လာကြတော့ မည်မဟုတ်ဟုသင်တို့အထင်မမှားကြစေ ရန်သင်တို့အားငါထာဝရဘုရားသတိ ပေး၏။-
Yavé dice: No se engañen ustedes mismos, al decir: Ciertamente los caldeos se apartarán de nosotros, porque no se apartarán.
10 ၁၀ အကယ်၍သင်တို့သည်မိမိတို့အားတိုက်ခိုက် လျက်ရှိသည့်ဗာဗုလုန်တပ်မတော်တစ်ခုလုံး ကိုနှိမ်နင်းနိုင်၍ ဒဏ်ရာရသူများသာလျှင် မိမိတို့တဲရှင်များတွင်ကျန်ရှိတော့သည်ဟု ဆိုစေကာမူ ထိုသူတို့သည်ထ၍ဤမြို့ကို မီးရှို့ပစ်ကြလိမ့်မည်' ဟုပြောကြားလော့'' ဟုမိန့်တော်မူ၏။
Porque aun si ustedes hubieran derrotado a todo el ejército de los caldeos que luchaba contra ustedes, y hubieran dejado hombres heridos entre ustedes, cada uno en su tienda, estos se levantarían y consumirían con fuego esta ciudad.
11 ၁၁ ဖာရောဘုရင်၏တပ်မတော်သည်နီးကပ်၍ လာသဖြင့် ဗာဗုလုန်တပ်မတော်သည်ဆုတ် ခွာသွားတော့၏။-
Aconteció que, cuando el ejército caldeo se retiró de Jerusalén a causa del ejército de Faraón,
12 ၁၂ ထိုအခါငါယေရမိသည်မိမိအိမ်ထောင်စု နှင့်ဆိုင်သောအမွေခံပစ္စည်းကိုသိမ်းယူရန် ယေရုရှလင်မြို့မှဗင်္ယာမိန်နယ်မြေသို့ စတင်ထွက်ခွာသွားလေသည်။-
Jeremías salió de Jerusalén hacia el territorio de Benjamín para tomar posesión de una herencia entre su pueblo.
13 ၁၃ သို့ရာတွင်ဗင်္ယာမိန်တံခါးသို့ ရောက်ရှိသော အခါဟာနနိ၏မြေး၊ ရှေလမိ၏သား ဣရိယဟုဆိုသူကင်းမှူးက``သင်သည် ဗာဗုလုန်အမျိုးသားတို့၏ဘက်သို့ထွက် ပြေးသူဖြစ်ပါသည်တကား'' ဟုဆို၏။
Mientras él estaba en la puerta de Benjamín, estaba allí un capitán llamado Irías, hijo de Selemías, hijo de Hananías, el cual apresó al profeta Jeremías y le dijo: Te pasas a los caldeos.
14 ၁၄ ငါက``သင်ပြောသကဲ့သို့မဟုတ်။ ငါမထွက် ပြေးပါ'' ဟုပြန်ပြောသော်လည်းဣရိယ သည်ငါ၏စကားကိုနားမထောင်ဘဲ ငါ့ ကိုဖမ်းဆီးပြီးလျှင်မှူးမတ်များထံသို့ ခေါ်ဆောင်သွားလေသည်။-
Jeremías respondió: Falso, no me paso a los caldeos. Pero él no lo quiso escuchar. Agarró a Jeremías y lo llevó ante los magistrados.
15 ၁၅ ထိုသူတို့သည်ငါ့အားပြင်းစွာအမျက်ထွက် သဖြင့်ရိုက်နှက်ပြီးလျှင် ဘုရင်အတိုင်ပင်ခံ အရာရှိယောနသန်၏အိမ်တွင်အကျဉ်းချ ထားကြ၏။ (ထိုအိမ်ကိုထောင်အဖြစ်သို့ ပြောင်းလဲ၍ထားသတည်း။-)
Los magistrados se airaron contra Jeremías y lo azotaron. Lo llevaron a la cárcel en la casa del escriba Jonatán, pues la habían convertido en cárcel.
16 ၁၆ ငါသည်လည်းမြေအောက်အချုပ်ခန်းသို့ရောက် ရှိကာ ကာလကြာမြင့်စွာအကျဉ်းခံလျက် နေရလေတော့၏။
Así que Jeremías fue llevado a un calabozo en una mazmorra, y allí estuvo muchos días.
17 ၁၇ ဇေဒကိမင်းသည် ငါ့အားနန်းတော်သို့ခေါ်ယူ ပြီးလျှင် ``ထာဝရဘုရား၏ထံတော်မှဗျာ ဒိတ်တော်တစ်စုံတစ်ရာရရှိပါသလော'' ဟုတိတ်တဆိတ်မေးမြန်းတော်မူ၏။ ငါက``ရှိပါသည်။ အရှင်သည်ဗာဗုလုန်ဘုရင် ၏လက်တွင်းသို့ရောက်ရှိရပါလိမ့်မည်'' ဟု ပြန်လည်လျှောက်ထား၏။-
El rey Sedequías mandó a buscarlo. Tan pronto como estuvo en su casa, le preguntó en secreto: ¿Hay Palabra de Yavé? Jeremías respondió: Hay. Y añadió: Serás entregado en mano del rey de Babilonia.
18 ၁၈ ထိုနောက်ငါက``အကျွန်ုပ်သည်အရှင်နှင့် အရှင့်မှူးမတ်များသို့မဟုတ်ဤပြည်သူ တို့ကိုအဘယ်သို့ပြစ်မှားမိသဖြင့် အရှင် သည်အကျွန်ုပ်အားအကျဉ်းချ၍ထား တော်မူပါသနည်း။-
Además, Jeremías dijo al rey Sedequías: ¿Pequé contra ti, contra tus esclavos, o contra este pueblo para que me metieras en la cárcel?
19 ၁၉ ဗာဗုလုန်ဘုရင်သည်အရှင့်ကိုသော်လည်းကောင်း၊ ဤပြည်ကိုသော်လည်းကောင်းတိုက်ခိုက်လိမ့်မည် မဟုတ်ဟု ဟောပြောခဲ့ကြသည့်အရှင်၏ပရော ဖက်များကားအဘယ်မှာရှိပါသနည်း။-
¿Dónde están tus profetas que les profetizaban: El rey de Babilonia no vendrá contra ustedes, ni contra esta tierra?
20 ၂၀ အရှင်မင်းကြီး၊ အကျွန်ုပ်၏စကားကိုနား ထောင်တော်မူ၍ အကျွန်ုပ်လျှောက်ထားသည့် အတိုင်းပြုတော်မူရန်အကျွန်ုပ်ပန်ကြား ပါ၏။ အကျွန်ုပ်အားအရှင်၏အတိုင်ပင်ခံ အမတ်ယောနသန်၏အိမ်သို့ပြန်လွှတ် တော်မမူပါနှင့်။ လွှတ်တော်မူမည်ဆိုပါ မူအကျွန်ုပ်သည်ထိုအိမ်တွင်အမှန်ပင် သေရပါလိမ့်မည်'' ဟုလျှောက်၏။
Pero ahora, oh rey, ʼadón mío, te ruego que me escuches. Permite que mi súplica llegue ante ti, y no me devuelvas a casa del escriba Jonatán para que no muera allí.
21 ၂၁ ထို့ကြောင့်ဇေဒကိမင်းသည်ငါ့အားနန်း တော်ဝင်းအတွင်း၌ချုပ်နှောင်ထားရန်အမိန့် ပေးတော်မူ၏။ ငါသည်မြို့တွင်း၌မုန့်များ ကုန်သည်အထိမုန့်ဖိုများမှနေ့စဉ်နေ့တိုင်း မုန့်တစ်လုံးကိုရရှိလေသည်။ ဤသို့လျှင် ငါသည်နန်းတော်ဝင်းအတွင်း၌နေရ သတည်း။
Entonces el rey Sedequías ordenó que custodiaran a Jeremías en el patio de la guardia real, y que le dieran una hogaza de pan diariamente de la calle de los Panaderos, mientras hubiera pan en la ciudad. Por tanto Jeremías permaneció en el patio de la guardia real.