< ဟေရှာယ 35 >
1 ၁ ကန္တာရသည်ရွှင်မြူးလိမ့်မည်။ မြေရိုင်းများတွင်လည်းပန်းများပွင့်လိမ့်မည်။ ကန္တာရသည်ဝမ်းမြောက် ရွှင်လန်းသဖြင့် သီချင်းဆိုကြွေးကြော်လိမ့်မည်။ လေဗနုန်တောင်ကဲ့သို့လှပတင့်တယ်လျက် ကာရမေလနှင့်ရှာရုန်တောင်ကုန်း လယ်ယာများကဲ့သို့အသီးအနှံများ ဝေဆာလျက် ရှိလိမ့်မည်။ လူအပေါင်းတို့သည်ဘုရားသခင်၏ ဘုန်းအသရေတော်ကိုလည်းကောင်း၊ ကိုယ်တော်၏တန်ခိုးအာနုဘော်တော်ကို လည်းကောင်း ဖူးမြင်ရကြလိမ့်မည်။
उजाड-स्थान र अरब खुसी हुनेछन् । मरुभूमी आनन्दित हुनेछ र फुल्नेछ । गुलाफजस्तै,
त्यो प्रशस्त गरी फुल्नेछ आनन्द र गीतले रमाउनेछ । लेबनानको गौरव, कार्मेलको र शारोनको प्रताप यसलाई दिइनेछ । तिनीहरूले परमप्रभुको महिमा, हाम्रा परमेश्वरको वैभव देख्नेछन् ।
3 ၃ နွမ်းနယ်လျက်ရှိသည့်လက်တို့ကိုလည်းကောင်း၊ အားနည်းတုန်လှုပ်လျက်နေသည့် ဒူးတို့ကိုလည်းကောင်းအားဖြည့်၍ပေးကြလော့။
कमजोर हातहरूलाई बलियो बनाओ र काँप्ने घुँडाहरूलाई सिधा पार ।
4 ၄ စိတ်ပျက်အားလျော့၍နေသူအပေါင်းတို့အား ``ကြံ့ခိုင်မှုရှိကြလော့။ မကြောက်ကြနှင့်ဘုရားသခင်သည် သင်တို့ကိုကယ်ဆယ်ရန် ကြွလာတော်မူလိမ့်မည်။ သင်တို့၏ရန်သူများအားလည်း လက်စားချေတော်မူလိမ့်မည်'' ဟု ပြောကြားကြလော့။
डराएका हृदय भएकाहरूलाई भन, “बलियो होओ, नडराओ! हेर, तिमीहरूका परमेश्वर सट्टा लिएर, परमेश्वरको इनाम लिएर आउनुहुनेछ । उहाँ आउनुहुनेछ र तिमीहरूलाई बचाउनुहुनेछ ।”
5 ၅ မျက်မမြင်တို့သည်မျက်စိမြင်ကြလိမ့်မည်။ နားပင်းသူတို့သည်လည်းနားကြားကြလိမ့်မည်။
तब अन्धाहरूका आँखाहरूले देख्नछन् र बहिराहरूका कानले सुन्नेछन् ।
6 ၆ ခြေမစွမ်းမသန်သူတို့သည် ခုန်ကြလိမ့်မည်။ ဆွံ့အသူတို့သည်လည်းဝမ်းမြောက်ရွှင်လန်းစွာ ကြွေးကြော်ကြလိမ့်မည်။ ကန္တာရ၌စမ်းရေပေါက်၍ကန္တာရတွင် စမ်းချောင်းစီးလိမ့်မည်။
तब लङ्गडो मानिस हरिणझैं उफ्रनेछ र गूँगाहरूका जिब्रोले गाउनेछन्, किनकि अरबमा पानीको मुल फुट्नेछ र उजाड-स्थानमा खोलाहरू बग्नेछन् ।
7 ၇ ခြစ်ခြစ်တောက်ပူလောင်လျက်ရှိသည့်သဲများသည် ရေအိုင်ဖြစ်၍၊ ခြောက်သွေ့သောမြေသည်လည်းစမ်းရေတွင်းများ ပြည့်နှက်၍နေလိမ့်မည်။ ခွေးအများကျက်စားလေ့ရှိသည့်အရပ်တွင် ကိုင်းပင်ကူပင်များပေါက်လာလိမ့်မည်။
जल्ने बालुवा तलाउ बन्नेछ र सुख्खा जमिन पानीको मुल हुनेछ । कुनै बेला स्यालहरू बस्ने ठाउँहरूमा नर्कट र काँशको घाँस हुनेछ ।
8 ၈ ထိုအရပ်တွင်``သန့်ရှင်းမြင့်မြတ်ရာသို့ သွားသည့်လမ်း'' ဟု နာမည်တွင်သောလမ်းမကြီးတစ်သွယ် ပေါ်ပေါက်၍လာလိမ့်မည်။ အဘယ်အပြစ်ကူးသူမှန်သမျှထိုလမ်းကို လျှောက်သွားရလိမ့်မည်မဟုတ်။ အဘယ်လူမိုက်ကမျှထိုလမ်းတွင် လျှောက်နေသူတို့အား လမ်းမှားစေနိုင်လိမ့်မည်မဟုတ်။
त्यहाँ पवित्र बाटो भनिने मुल बाटो हुनेछ । अवित्रहरूले त्यसमा यात्रा गर्नेछैनन् । तर यो यसमा हिंड्नेहरूका निम्ति हुनेछ । यसमा कुनै मूर्ख जानेछैन ।
9 ၉ ထိုအရပ်တွင်အဘယ်ခြင်္သေ့မျှရှိလိမ့်မည်မဟုတ်။ ထိုအရပ်သို့အဘယ်သားရဲတိရစ္ဆာန်မျှလည်း လာရကြလိမ့်မည်မဟုတ်။ ထာဝရဘုရားကယ်ဆယ်ထားတော်မူသော သူတို့သည် ထိုလမ်းအတိုင်းမိမိတို့နေရပ်သို့ ပြန်ရကြလိမ့်မည်မဟုတ်။
त्यहाँ कुनै सिंह हुनेछैन, कुनै डरलाग्दो जङ्गली जनावर हुनेछैन । तिनीहरू त्यहाँ भेट्टइनेछैनन्, तर उद्धार पाएकाहरू त्यहाँ हिंड्नेछन् ।
10 ၁၀ သူတို့သည်ဝမ်းမြောက်ပျော်ရွှင်စွာသီချင်း ဆိုလျက် ယေရုရှလင်မြို့သို့ရောက်ရှိလာကြလိမ့်မည်။ သူတို့သည်ထာဝစဉ်ရွှင်လန်းဝမ်းမြောက်ကြ လိမ့်မည်။ ဝမ်းနည်းပူဆွေးခြင်းနှင့်ထာဝစဉ်ကင်းလွတ် ကြလိမ့်မည်။
परमप्रभुले मोल तिरेर छटकारा दिनुभएकाहरू फर्किनेछन् र गाउँदै सियोनमा आउनेछन्, अनि तिनीहरूको शिरमा अनन्तको आनन्द हुनेछ । खुसी र आनन्दले तिनीहरूमा वास गर्नेछ । कष्ट र सुस्केरा भाग्नेछ ।