< ဟေရှာယ 35 >

1 ကန္တာ​ရ​သည်​ရွှင်​မြူး​လိမ့်​မည်။ မြေ​ရိုင်း​များ​တွင်​လည်း​ပန်း​များ​ပွင့်​လိမ့်​မည်။ ကန္တာ​ရ​သည်​ဝမ်း​မြောက် ရွှင်​လန်း​သ​ဖြင့် သီ​ချင်း​ဆို​ကြွေး​ကြော်​လိမ့်​မည်။ လေ​ဗ​နုန်​တောင်​ကဲ့​သို့​လှ​ပ​တင့်​တယ်​လျက် ကာ​ရ​မေ​လ​နှင့်​ရှာ​ရုန်​တောင်​ကုန်း လယ်​ယာ​များ​ကဲ့​သို့​အ​သီး​အ​နှံ​များ ဝေ​ဆာ​လျက် ရှိ​လိမ့်​မည်။ လူ​အ​ပေါင်း​တို့​သည်​ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​တန်​ခိုး​အာ​နု​ဘော်​တော်​ကို လည်း​ကောင်း ဖူး​မြင်​ရ​ကြ​လိမ့်​မည်။
Auf, Wüste, Öde, jauchze auf! Die Steppe juble auf! Wie Veilchen blühe sie!
2
Aufblühe sie! Sie juble, jauchze, jubiliere! Die Pracht des Libanon wird ihr geschenkt, der Schmuck vom Karmel und von Saron, und diese schauen jetzt des Herren Herrscherhoheit und unseres Gottes Herrlichkeit.
3 နွမ်း​နယ်​လျက်​ရှိ​သည့်​လက်​တို့​ကို​လည်း​ကောင်း၊ အား​နည်း​တုန်​လှုပ်​လျက်​နေ​သည့် ဒူး​တို့​ကို​လည်း​ကောင်း​အား​ဖြည့်​၍​ပေး​ကြ​လော့။
So stärkt die schlaffen Hände, und stützt die schwanken Knie!
4 စိတ်​ပျက်​အား​လျော့​၍​နေ​သူ​အ​ပေါင်း​တို့​အား ``ကြံ့​ခိုင်​မှု​ရှိ​ကြ​လော့။ မ​ကြောက်​ကြ​နှင့်​ဘု​ရား​သ​ခင်​သည် သင်​တို့​ကို​ကယ်​ဆယ်​ရန် ကြွ​လာ​တော်​မူ​လိမ့်​မည်။ သင်​တို့​၏​ရန်​သူ​များ​အား​လည်း လက်​စား​ချေ​တော်​မူ​လိမ့်​မည်'' ဟု ပြော​ကြား​ကြ​လော့။
Den angsterfüllten Herzen rufet zu: "Getrost jetzt! Laßt die Furcht! Seht! Euer Gott ist da. Die Rache kommt und die Vergeltung Gottes; er selber kommt und rettet euch."
5 မျက်​မ​မြင်​တို့​သည်​မျက်​စိ​မြင်​ကြ​လိမ့်​မည်။ နား​ပင်း​သူ​တို့​သည်​လည်း​နား​ကြား​ကြ​လိမ့်​မည်။
Dann öffnen sich der Blinden Augen, erschließen sich der Tauben Ohren.
6 ခြေ​မ​စွမ်း​မ​သန်​သူ​တို့​သည် ခုန်​ကြ​လိမ့်​မည်။ ဆွံ့​အ​သူ​တို့​သည်​လည်း​ဝမ်း​မြောက်​ရွှင်​လန်း​စွာ ကြွေး​ကြော်​ကြ​လိမ့်​မည်။ ကန္တာ​ရ​၌​စမ်း​ရေ​ပေါက်​၍​ကန္တာ​ရ​တွင် စမ်း​ချောင်း​စီး​လိမ့်​မည်။
Dann springt der Lahme wie ein Hirsch; des Stummen Zunge jubelt. Es quellen Wasser in der Wüste auf und Bäche in der Steppe.
7 ခြစ်​ခြစ်​တောက်​ပူ​လောင်​လျက်​ရှိ​သည့်​သဲ​များ​သည် ရေ​အိုင်​ဖြစ်​၍၊ ခြောက်​သွေ့​သော​မြေ​သည်​လည်း​စမ်း​ရေ​တွင်း​များ ပြည့်​နှက်​၍​နေ​လိမ့်​မည်။ ခွေး​အ​များ​ကျက်​စား​လေ့​ရှိ​သည့်​အ​ရပ်​တွင် ကိုင်း​ပင်​ကူ​ပင်​များ​ပေါက်​လာ​လိမ့်​မည်။
Der Glutsand wird zum Wasserteich und dürstend Land zu Wasserquellen, und wo Schakale Junge warfen, dort gedeiht das Gras wie Rohr und Schilf.
8 ထို​အ​ရပ်​တွင်``သန့်​ရှင်း​မြင့်​မြတ်​ရာ​သို့ သွား​သည့်​လမ်း'' ဟု နာ​မည်​တွင်​သော​လမ်း​မ​ကြီး​တစ်​သွယ် ပေါ်​ပေါက်​၍​လာ​လိမ့်​မည်။ အ​ဘယ်​အ​ပြစ်​ကူး​သူ​မှန်​သ​မျှ​ထို​လမ်း​ကို လျှောက်​သွား​ရ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​လူ​မိုက်​က​မျှ​ထို​လမ်း​တွင် လျှောက်​နေ​သူ​တို့​အား လမ်း​မှား​စေ​နိုင်​လိမ့်​မည်​မ​ဟုတ်။
Dort wird ein Straßendamm entstehen; den heiligen Weg benennt man ihn. Wer unrein ist, betritt ihn nicht. Wegweiser ist er selber, und so verirren sich Unkundige nie darauf.
9 ထို​အ​ရပ်​တွင်​အ​ဘယ်​ခြင်္သေ့​မျှ​ရှိ​လိမ့်​မည်​မ​ဟုတ်။ ထို​အ​ရပ်​သို့​အ​ဘယ်​သား​ရဲ​တိရစ္ဆာန်​မျှ​လည်း လာ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​ကယ်​ဆယ်​ထား​တော်​မူ​သော သူ​တို့​သည် ထို​လမ်း​အ​တိုင်း​မိ​မိ​တို့​နေ​ရပ်​သို့ ပြန်​ရ​ကြ​လိမ့်​မည်မဟုတ်။
Kein Löwe wird dort sein, und nicht betritt ihn je ein reißend Tier; keins wird dort mehr gefunden. Ihn gehen nur Erlöste.
10 ၁၀ သူ​တို့​သည်​ဝမ်း​မြောက်​ပျော်​ရွှင်​စွာ​သီ​ချင်း ဆို​လျက် ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​ရှိ​လာ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​စဉ်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ လိမ့်​မည်။ ဝမ်း​နည်း​ပူ​ဆွေး​ခြင်း​နှင့်​ထာ​ဝ​စဉ်​ကင်း​လွတ် ကြ​လိမ့်​မည်။
Und die der Herr befreit hat, kehren heim. Mit Jauchzen kommen sie nach Sion, und um ihr Haupt schwebte ewige Freude. Freude und Wonne geben ihnen das Geleit, und weit entfliehen Schmerz und Leid.

< ဟေရှာယ 35 >