< ဟေရှာယ 28 >
1 ၁ ဣသရေလနိုင်ငံသည်အမင်္ဂလာရှိ၏။ မိမိ ၏သေသောက်ကြူးသောခေါင်းဆောင်များဆောင်း ထားသည့်ပန်းဦးရစ်များနွမ်းသကဲ့သို့၊ ထို နိုင်ငံ၏ဘုန်းအသရေသည်ညှိုးနွမ်းလျက် နေ၏။ ထိုခေါင်းဆောင်တို့သည်ဝင့်ဝါမော်ကြွား ကာ၊ မိမိတို့ဦးခေါင်းကို နံ့သာဆီမွှေးကောင်း စွာလိမ်း၍ထားကြသော်လည်းသေသောက် ကြူးကာလဲ၍နေကြ၏။-
Woe to the proud crown of the drunkards of Ephraim, To the fading flower, his glorious beauty, At the head of the rich valley of a people stupefied with wine.
2 ၂ ထာဝရဘုရားသည်သူတို့အားတိုက်ခိုက် စေရန် တန်ခိုးခွန်အားကြီးမားသူတစ်ဦး ကိုအသင့်ထားရှိတော်မူ၏။ ထိုသူသည် မိုးသီးမုန်တိုင်းကဲ့သို့လည်းကောင်း၊ အဟုန် ပြင်းသည့်မိုးကဲ့သို့လည်းကောင်း၊ ထိန်းချုပ် ၍မရနိုင်သည့်မြစ်လျှံရေကဲ့သို့လည်း ကောင်း တစ်ပြည်လုံးကိုလွှမ်းခြုံနှိမ်နင်း ပစ်လိမ့်မည်။-
Behold a strong, a mighty one from the Lord Like a storm of hail, like a destructive tempest, Like a flood of mighty, overflowing waters, With violence shall dash it to the ground.
3 ၃ ထိုသေသောက်ကြူးသောခေါင်းဆောင်တို့ ဂုဏ်ယူဝါကြွားမှုသည် ခြေနှင့်နင်းချေ ခြင်းကိုခံရလိမ့်မည်။-
It shall be trodden under foot, The proud crown of the drunkards of Ephraim.
4 ၄ မာန်မာနထောင်လွှားသူခေါင်းဆောင်များ ၏မှေးမှိန်လျက်နေသောဂုဏ်အသရေသည် မှည့်သည်နှင့်တစ်ပြိုင်နက်ခူးဆွတ်စားသုံး လိုက်သည့်ရာသီစာသင်္ဘောသဖန်းသီး များကဲ့သို့ကွယ်ပျောက်၍သွားလိမ့်မည်။
And the fading flower, their glorious beauty, At the head of the rich valley, Shall be as the early fig before the time of harvest, Which whoso seeth plucketh immediately, And swalloweth as soon as it is in his hand.
5 ၅ အနန္တတန်ခိုးရှင်ထာဝရဘုရားသည်အသက် မသေဘဲ ကျန်ရှိခဲ့သည့်မိမိ၏လူမျိုးတော် အတွက် ဘုန်းအသရေတောက်ပသောဦးရစ် သရဖူသဖွယ် ဖြစ်တော်မူမည့်နေ့ရက်ကာလ ကျရောက်လာလိမ့်မည်။-
In that day shall Jehovah of hosts Be a glorious crown, and a beautiful diadem to the residue of his people;
6 ၆ ကိုယ်တော်သည်တရားသူကြီးအဖြစ်ဆောင် ရွက်ရသူတို့အား တရားမျှတစွာပြုကျင့် တတ်သောစိတ်နေသဘောထားကိုလည်းကောင်း၊ ရန်သူတို့ကိုမြို့တံခါးများမှနှင်ထုတ်ရ ကြသောသူတို့အား ရဲစွမ်းသတ္တိကိုလည်း ကောင်းပေးတော်မူလိမ့်မည်။
A spirit of judgment to him that sitteth in judgment, And of strength to them that drive back the enemy to their gates.
7 ၇ ပရောဖက်များနှင့်ယဇ်ပုရောဟိတ်များပင် လျှင် သေသောက်ကြူးကြသဖြင့်ယိမ်းထိုး၍ နေကြ၏။ သူတို့သည်စပျစ်ရည်နှင့်သေရည် အသောက်လွန်သဖြင့် ဂယောင်ချောက်ချားဖြစ် ကာခြေချော်၍လဲကြ၏။ ပရောဖက်တို့သည် မူးယစ်လျက်နေရကား ဘုရားသခင်ပြ တော်မူသောဗျာဒိတ်ရူပါရုံများ၏အနက် အဋ္ဌိပ္ပါယ်ကိုနားမလည်ကြ။ ယဇ်ပုရောဟိတ် တို့သည်လည်း မိမိတို့ထံသို့ရောက်ရှိလာ သည့်အမှုများကိုစီရင်ဆုံးဖြတ်ရန် မတတ်ကြ။-
But even these stagger through wine, And reel through strong drink; The priest and the prophet stagger through strong drink; They are overpowered with wine; They stumble through strong drink; They reel in vision, They stagger in judgment.
8 ၈ သူတို့၏စားပွဲများသည်ရစရာမရှိ အောင်အန်ဖတ်များနှင့်ပေကျံ၍နေတော့၏။
For all their tables are full of filthy vomit, So that there is no place clean.
9 ၉ သူတို့က``ဤသူသည်ငါတို့အားအဘယ် သူထင်မှတ်၍ သွန်သင်နေပါသနည်း။ သူ ၏သတင်းစကားသည်အဘယ်သူတို့ အတွက်အကျိုးရှိပါမည်နည်း။ နို့ဖြတ် ကာစကလေးများနှင့်သာလျှင်သင့် တော်ပေသည်။-
“Whom,” say they, “will he teach knowledge, And to whom will he impart instruction? To the weaned from the milk? To those just taken from the breast?
10 ၁၀ သူသည်ငါတို့အားကြိုးစား၍လုံးစေ့ ပတ်စေ့၊ တစ်ကြောင်းပြီးတစ်ကြောင်းတစ်ပိုဒ် ပြီးတစ်ပိုဒ်သင်ကြားလျက်နေ၏'' ဟုငါ ၏အကြောင်းညဉ်းညူပြောဆိုကြလေ သည်။
For it is precept upon precept, precept upon precept, Command upon command, command upon command, A little here, and a little there.”
11 ၁၁ အကယ်၍သင်တို့သည်ငါ၏စကားကိုနား မထောင်ကြပါမူထာဝရဘုရားသည် သင် တို့အားကျောင်းမှန်းကန်မှန်းသိအောင်ထူး ဆန်းသောဘာသာစကားပြောဆိုသူ လူ မျိုးခြားတို့ကိုအသုံးပြုတော်မူလိမ့်မည်။-
Yea, with stammering lips and a strange tongue He shall indeed speak to this people;
12 ၁၂ ကိုယ်တော်သည်သင်တို့အားငြိမ်းအေးချမ်းမြေ့ စွာနေထိုင်ခွင့်ကိုပေးတော်မူသော်လည်း သင် တို့သည်ကိုယ်တော်၏စကားကိုနားမထောင် ကြ။-
He that said to them, “This is the way of rest, give rest to the weary; This is the way of safety”; But they would not hear.
13 ၁၃ သို့ဖြစ်၍ထာဝရဘုရားသည်သင်တို့အား ကျောင်းမှန်းကန်မှန်းသိအောင်လုံးစေ့ပတ်စေ့ တစ်ကြောင်းပြီးတစ်ကြောင်းတစ်ပိုဒ်ပြီးတစ် ပိုဒ် သွန်သင်တော်မူလိမ့်မည်။ ထိုအခါသင်တို့ သည်ခြေလှမ်းလိုက်တိုင်းလဲကျကြလိမ့်မည်။ သင်တို့သည်ထိခိုက်ဒဏ်ရာရလျက်ကျော့ ကွင်းတွင်မိကာအဖမ်းခံရကြလိမ့်မည်။
Then shall the word of Jehovah be indeed to them “Precept upon precept, precept upon precept, Command upon command, command upon command, A little here, and a little there,” So that they shall go on, and fall backwards, and be broken, And be snared and caught.
14 ၁၄ ယခုယေရုရှလင်မြို့တွင် ဤလူတို့အား အုပ်စိုးလျက်ရှိသည့်အချင်းမောက်မာ ထောင်လွှားသူတို့၊ ထာဝရဘုရားမိန့် တော်မူသည်ကိုနားထောင်ကြလော့။-
Wherefore hear ye the word of Jehovah, Ye scoffers, who rule this people in Jerusalem!
15 ၁၅ သင်တို့သည်သေမင်းနှင့်မဟာမိတ်စာချုပ် ချုပ်ဆိုထားပြီဟူ၍လည်းကောင်း၊ မရဏ နိုင်ငံနှင့်သဘောတူညီမှုရရှိပြီဟူ၍ လည်းကောင်းကြွားဝါတတ်ကြ၏။ သင်တို့ သည်လိမ်လည်လှည့်စားမှုများကိုအမှီ သဟဲပြုကာဘေးမဲ့လုံခြုံမှုကိုရှာသူ များဖြစ်သဖြင့် ဘေးအန္တရာယ်ကျရောက် ချိန်၌လည်းအသက်ချမ်းသာရာရလိမ့် မည်ဟုစွဲမှတ်ယုံကြည်ကြလေသည်။- (Sheol )
Since ye say, “We have entered into a covenant with death, And with the under-world have we made an agreement, The overflowing scourge, when it passeth through, shall not reach us; For we have made falsehood our refuge, And in deceit we have hidden ourselves.” (Sheol )
16 ၁၆ ယခုအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူသည်ကား``ငါသည်ဇိအုန်တောင် တွင်တည်တံ့ခိုင်မြဲသည့်အုတ်မြစ်ကိုချ တော်မူမည်။ ငါသည်`ခိုင်မြဲစွာယုံကြည်မျှော် လင့်တတ်သူသည် သည်းခံလျက်စောင့်ဆိုင်း တတ်၏' ဟူသောကမ္ပည်းစာတမ်းပါရှိသည့် အဖိုးတန်ထောင့်ချုပ်ကျောက်ကိုလည်းထို အုတ်မြစ်တွင်ထည့်သွင်းထားရှိမည်။-
Therefore thus saith the Lord Jehovah: Behold, I have laid in Zion as a foundation a stone, A tried stone, a precious corner-stone, a sure foundation; He that trusteth shall not flee away.
17 ၁၇ ထိုအုတ်မြစ်အတွက်တရားမျှတမှုကို တံမျဉ်းကြိုး၊ ရိုးသားဖြောင့်မှန်မှုကိုချိန် သီးကြိုးအဖြစ်အသုံးပြုမည်။ ထိုကြောင့်ငါသည်မိုးသီးမုန်တိုင်းသဖွယ် သင်တို့၏အမှီသဟဲဖြစ်သည့်လိမ်လည် မှုများကို သိမ်းကျုံးဖယ်ရှားကာမြစ်လျှံ ရေကဲ့သို့ သင်တို့၏လုံခြုံမှုကိုလည်းလွှမ်း မိုးပျက်ပြားစေတော်မူမည်။
I will make justice a line, And righteousness a plummet, And the hail shall sweep away the refuge of falsehood, And the waters shall overwhelm its hiding-place;
18 ၁၈ သင်တို့သည်သေမင်းနှင့်ချုပ်ဆိုထားသည့်စာ ချုပ်ကိုပယ်ဖျက်၍ မရဏနိုင်ငံနှင့်ရရှိထား သည့်သဘောတူညီမှုကိုလည်းရုပ်သိမ်းရ ကြလိမ့်မည်။ ရန်သူများချင်းနင်းဝင်ရောက် လာသောအခါ သင်တို့သည်အရေးရှုံးနိမ့် ကြလိမ့်မည်။- (Sheol )
And your covenant with death shall be broken, And your agreement with the under-world shall not stand; When the overflowing scourge shall pass through, By it shall ye be beaten down. (Sheol )
19 ၁၉ သူတို့သည်သင်တို့အားနံနက်တိုင်းထပ်ကာ ထပ်ကာတိုက်ခိုက်ကြလိမ့်မည်။ သင်တို့သည် နေ့ရောညဥ့်ပါဒုက္ခရောက်ကြလိမ့်မည်။ ဘုရားသခင်၏ဗျာဒိတ်တော်ရောက်ရှိလာသည့် အခါတိုင်း ထိတ်လန့်၍နေကြလိမ့်မည်။-
As often as it passeth through, it shall bear you away; For every morning shall it pass through, By day and by night; Even to hear the rumor of it shall be terrible.
20 ၂၀ သင်တို့သည်``ငယ်လွန်းသောစောင်ကိုခြုံ၍ တိုလွန်းသောကုတင်တွင်အိပ်ရန်ကြိုးစား သူ'' ကဲ့သို့ဖြစ်ကြလိမ့်မည်။-
Yea, the bed is too short for one to stretch himself on it, And the covering too narrow for one to wrap himself in it.
21 ၂၁ ထာဝရဘုရားသည်ပေရဇိမ်တောင်နှင့် ဂိဗောင်ချိုင့်ဝှမ်းတွင် ပြုတော်မူခဲ့သည့်နည်း တူစစ်ချီတော်မူလိမ့်မည်။ ကိုယ်တော်သည် မိမိပြုရန်ရှိသည့်အမှုကိုပြီးပြတ်အောင် ဆောင်ရွက်တော်မူလိမ့်မည်။ ထိုအမှုကား နက်နဲသိမ်မွေ့သည့်အရာဖြစ်၏။
For Jehovah will rise up, as in mount Perazim; He will be moved with anger, as in the valley of Gibeon, To perform his act, his strange act, And to execute his work, his strange work.
22 ၂၂ အနန္တတန်ခိုးရှင်ထာဝရဘုရားသည်တစ် ပြည်လုံးကိုဖျက်ဆီးပစ်တော်မူရန် သန္နိဋ္ဌာန် ချမှတ်ပြီးကြောင်းငါကြားသိရလေပြီ။ သင်တို့အားငါသတိပေးသည်ကိုပြက် ရယ်မပြုကြနှင့်။ ပြက်ရယ်ပြုကြပါမူ သင်တို့သည်အသက်ဘေးမှလွတ်ကင်း ရန်ပို၍ပင်ခဲယဉ်းပေလိမ့်မည်။
Now, therefore, be ye no longer scoffers, Lest your bands become stronger; For destruction and punishment have been revealed to me From Jehovah of hosts concerning the whole land!
23 ၂၃ ငါပြောသည်ကိုနားထောင်ကြလော့။ သင်တို့ အားငါပြောသည့်စကားကိုအာရုံစိုက်၍ နားထောင်ကြလော့။-
Give ear, and listen to my voice, Attend, and hearken to my words!
24 ၂၄ အဘယ်လယ်သမားမျှစိုက်ပျိုးမှုအတွက် မိမိ၏လယ်ကိုအစဉ်အမြဲထွန်ယက်ပြင် ဆင်၍မနေတတ်။-
Is the ploughman always ploughing in order to sow? Is he always opening and harrowing his field?
25 ၂၅ မြေကိုပြုပြင်ပြီးလျှင်သူသည်စမုန်နက်၊ ဇီယာအစရှိသည့်မျိုးစေ့များကိုစိုက် ပျိုးတတ်၏။ ဂျုံစပါးနှင့်မုယောစပါးကို အတန်းလိုက်စိုက်ပျိုးကာ၊ လယ်အနားစွန်း တို့တွင်အခြားသောသီးနှံများကိုစိုက် ပျိုးတတ်လေသည်။-
When he hath made the face thereof even, Doth he not then scatter the dill, and cast abroad the cumin, And sow the wheat in rows, And the barley in its appointed place, And the spelt in his border?
26 ၂၆ ဘုရားသခင်သည်သူ့အားအသိဉာဏ်ပေး ထားတော်မူသဖြင့် သူသည်မိမိအဘယ် သို့လုပ်ဆောင်ရမည်ကိုသိ၏။-
Thus his God rightly instructeth him, And giveth him knowledge.
27 ၂၇ စမုန်နက်နှင့်ဇီယာနှံများကိုတင်းပုတ်နှင့် ရိုက်၍မနယ်တတ်။ ယင်းသို့ပြုမည့်အစား ထိုက်လျောက်ရာတုတ်ငယ်ဖြင့်သာလျှင် ရိုက်နယ်တတ်၏။-
The dill is not beaten out with the thrashing-sledge, Nor is the wheel of the wain rolled over the cumin; But the dill is beaten out with a staff, And the cumin with a rod.
28 ၂၈ သူသည်ဂျုံနှံများကိုလည်းအဆက်မပြတ် နင်းနယ်ခြင်းအားဖြင့် ဂျုံဆံအများပျက်စီး အောင်မပြုတတ်။ ဂျုံဆံများမပွန်းမပဲ့ရ လေအောင်လှည်းဖြင့်အဘယ်သို့နင်းနယ်ရ မည်ကိုသိ၏။-
Bread-corn is beaten out, Yet doth not the husbandman thrash it without limit. He driveth over it the wheels of the wain, And the horses, yet doth he not utterly crush it.
29 ၂၉ သူသည်ဤအသိပညာမှန်သမျှကို အနန္တ တန်ခိုးရှင်ထာဝရဘုရားထံတော်မှရရှိ ပေသည်။ ထာဝရဘုရားပြုတော်မူသော အကြံအစည်တော်တို့သည် ဉာဏ်ပညာ အမြော်အမြင်နှင့်ပြည့်စုံ၍အစဉ်အောင် မြင်မှုရှိပါပေသည်။
This also proceedeth from Jehovah of hosts; He is wonderful in counsel, Excellent in wisdom.