< ကမ္ဘာဦး 27 >
1 ၁ ဣဇာက်သည်အိုမင်းလာ၍မျက်စိမမြင်တော့ ချေ။ သူသည်သားအကြီးဧသောကို``သား'' ဟုခေါ်လျှင်ဧသောက၊ ``ရှိပါသည်အဖ'' ဟုပြန်ဖြေ၏။
Ostarje Izak, vid mu se očinji gasio. Zato zovne svoga starijeg sina Ezava i reče mu: “Sine!” On mu odgovori: “Evo me!”
2 ၂ ထိုအခါဣဇာက်က``ငါသည်ယခုအိုလှပြီ။ မကြာမီသေရမည်။-
A on nastavi: “Vidiš, ostario sam, a ne znam dana svoje smrti.
3 ၃ သင်သည်လေးနှင့်မြားကိုယူ၍တောထဲသို့ သွားပြီးလျှင် ငါ့အတွက်အမဲရှာဖွေခဲ့ပါ။-
Zato uzmi svoju opremu, svoj tobolac i luk, pa idi u pustaru i ulovi mi divljači.
4 ၄ ငါကြိုက်နှစ်သက်သောအမဲဟင်းလျာကိုချက် ၍ငါ့ထံသို့ယူခဲ့ပါ။ ထိုဟင်းကိုငါစားပြီး လျှင်ငါမသေမီသင့်အားကောင်းချီးပေးမည်'' ဟုမှာကြားလေသည်။
Onda mi pripremi ukusan obrok, kako volim, te mi ga donesi da blagujem, pa da te mognem blagosloviti prije nego umrem.”
5 ၅ ဣဇာက်ကဧသောအား ထိုသို့မှာကြားနေစဉ် ရေဗက္ကသည်နားထောင်လျက်ရှိ၏။ ထို့ကြောင့် ဧသောအမဲပစ်ထွက်သွားသောအခါ၊-
Rebeka je slušala dok je Izak govorio svome sinu Ezavu, i kad je Ezav otišao u pustaru da ulovi divljači svome ocu,
6 ၆ ရေဗက္ကသည်ယာကုပ်ကိုခေါ်၍``သင့်အဖ ကဧသောအား၊-
Rebeka reče svome sinu Jakovu: “Upravo sam čula kako tvoj otac govori tvome bratu Ezavu:
7 ၇ `အမဲပစ်၍ငါ့အတွက်ဟင်းချက်ခဲ့ပါ။ ငါ စားပြီးလျှင်ထာဝရဘုရားရှေ့တော်၌ သင့် အားငါမသေမီကောင်းချီးပေးမည်' ဟုမှာ ကြားသည်ကိုငါကြားပြီ။-
'Donesi mi divljači te mi priredi ukusan obrok da blagujem pa da te pred licem Jahvinim blagoslovim prije nego umrem.'
8 ၈ သို့ဖြစ်၍ငါ့သား၊ ငါ့စကားကိုနားထောင် ၍ငါပြောသမျှအတိုင်းပြုလုပ်လော့။-
A sad, sine moj, poslušaj me i učini kako ti naredim.
9 ၉ ဆိတ်အုပ်ရှိရာသို့သွားပြီးလျှင် ဆူဖြိုးသော ဆိတ်ငယ်နှစ်ကောင်ကိုရွေးယူခဲ့လော့။ ငါသည် သင့်ဖခင်ကြိုက်နှစ်သက်သောဟင်းကိုချက် ပေးမည်။-
Otiđi k stadu i odande mi donesi dva lijepa kozleta, a ja ću od njih prirediti ukusan obrok tvome ocu, kako on voli.
10 ၁၀ ထိုအမဲဟင်းကိုသူ့ထံသို့ယူသွားလော့။ သူ မသေမီ သင့်အားကောင်းချီးပေးလိမ့်မည်'' ဟု ဆိုလေ၏။
Onda ti donesi svome ocu da jede te tebe mogne blagosloviti prije nego umre.”
11 ၁၁ ယာကုပ်က``အစ်ကိုဧသောသည်အမွေးထူ သောသူဖြစ်ပြီး ကျွန်တော်မှာအသားအရေ ချောမွတ်သူဖြစ်ပါ၏။-
Ali Jakov odgovori svojoj majci Rebeki: “E, ali moj je brat Ezav runjav, a ja sam bez dlaka!
12 ၁၂ ဖခင်ကကျွန်တော်အားစမ်းသပ်ကြည့်မိ၍ သူ့အားလှည့်ဖြားကြောင်းသိလျှင် ကျွန်တော် ကောင်းချီးမင်္ဂလာကိုခံရမည့်အစားကျိန် စာသင့်ခြင်းကိုခံရပါမည်'' ဟုမိခင်အား ပြန်ပြောလေ၏။
Možda me se moj otac dotakne te ću u njegovim očima ispasti varalicom i na se svaliti prokletstvo, a ne blagoslov.”
13 ၁၃ ငါ့သား၊ သင်ခံရမည့်ကျိန်စာသင့်ခြင်းကို ငါခံရပါစေ။ ငါပြောသည့်အတိုင်းဆိတ် များကိုသာငါ့ထံသို့ယူခဲ့ပါ'' ဟုမိခင် ကဆိုလေ၏။-
Ali njegova mu majka odgovori: “Sine moj, tvoje prokletstvo neka padne na mene! Samo ti mene poslušaj, otiđi i donesi!”
14 ၁၄ ယာကုပ်သည်သွား၍ဆိတ်များကိုမိခင်ထံသို့ ယူဆောင်ခဲ့သဖြင့် ရေဗက္ကသည်ဣဇာက်ကြိုက် နှစ်သက်သောအမဲဟင်းကိုချက်လေသည်။-
Ode on, nađe i donese svojoj majci, a njegova majka priredi ukusan obrok, kako je njegov otac volio.
15 ၁၅ ထိုနောက်သူသည်မိမိအိမ်တွင်သိမ်းဆည်း ထားသောဧသော၏အကောင်းဆုံးအဝတ် ကိုယာကုပ်အားဝတ်ဆင်ပေး၏။-
Potom Rebeka uzme najljepše odijelo svoga starijeg sina Ezava što je u kući imala, pa u nj odjene svoga mlađeg sina Jakova.
16 ၁၆ သူ၏လက်မောင်းများနှင့်အမွေးမပေါက်သော လည်ပင်းတို့တွင်ဆိတ်သားရေကိုပတ်စည်း ပေး၏။-
U kožu kozleta zamota mu ruke i goli dio vrata.
17 ၁၇ ထိုနောက်ချက်ပြီးသောအမဲဟင်းနှင့်ဖုတ် ထားသောမုန့်တို့ကိုယာကုပ်အားပေး၏။
Stavi zatim ukusan obrok i kruh što ga je pripravila na ruke svoga sina Jakova.
18 ၁၈ ယာကုပ်သည်သူ၏ဖခင်ထံသို့သွား၍``အဖ'' ဟုခေါ်လျှင်၊ ဣဇာက်က``သား'' ဟုထူးပြီးလျှင်``သားကြီး လော၊ သားငယ်လော'' ဟုမေးလေ၏။
Ode on k ocu i reče: “Oče!” On odgovori: “Evo me. Koji si ti moj sin?”
19 ၁၉ ယာကုပ်က``ကျွန်တော်သည်သားကြီးဧသော ဖြစ်ပါသည်။ ဖခင်မှာကြားသည့်အတိုင်းဆောင် ရွက်ပြီးပါပြီ။ ယခုထ၍ကျွန်တော်ယူခဲ့သော အမဲဟင်းကိုသုံးဆောင်ပြီးလျှင်ကျွန်တော် အားကောင်းချီးပေးပါ'' ဟုပြောလေသည်။
A Jakov odgovori svome ocu: “Ja sam Ezav, tvoj prvorođenac; učinio sam kako si mi rekao. Sad ustaj, sjedi pa jedi moje lovine, da me onda mogneš blagosloviti.”
20 ၂၀ ဣဇာက်က``ငါ့သား၊ အမဲကောင်အရမြန်လှ ပါတကား'' ဟုဆို၏။ ယာကုပ်က``အဖ၏ဘုရားသခင်ထာဝရ ဘုရားစောင်မခြင်းကြောင့်အမဲကောင်ကို အမြန်ရပါသည်'' ဟုပြန်ဖြေ၏။
Izak upita svoga sina: “Kako si tako brzo uspio, sine moj?” On odgovori: “Jer mi je Jahve, Bog tvoj, bio milostiv.”
21 ၂၁ ထိုအခါဣဇာက်က``ငါသင့်ကိုစမ်းကြည့်နိုင် ရန်အနားသို့တိုးလာပါ။ သင်သည်ဧသော အမှန်ပင်ဖြစ်ပါသလော'' ဟုမေးလေသည်။-
Potom Izak reče Jakovu: “Primakni se, sine moj, da opipam jesi li ti zbilja moj sin Ezav ili nisi.”
22 ၂၂ ယာကုပ်သည်ဖခင်အနားသို့ချဉ်းကပ်လာသော် ဖခင်ကလက်နှင့်သူ့ကိုစမ်းသပ်ပြီးလျှင်``သင် ၏အသံမှာယာကုပ်၏အသံ၊ သင်၏လက်များ သည်ကားဧသော၏လက်များပင်ဖြစ်သည်'' ဟု ဆိုလေ၏။-
Jakov se primakne k svome ocu Izaku, koji ga opipa i reče: “Glas je Jakovljev, ali su ruke Ezavove.”
23 ၂၃ သူ၏လက်တို့သည်ဧသော၏လက်များကဲ့သို့ အမွေးထူသောကြောင့်ဖခင်သည်ယာကုပ် ဖြစ်မှန်းမရိပ်မိချေ။ သူ့အားကောင်းချီးမ ပေးမီ၊-
Nije ga prepoznao jer su mu ruke bile runjave kao i ruke njegova brata Ezava. Kad ga je htio blagosloviti,
24 ၂၄ ``သင်သည်အကယ်ပင်ဧသောဖြစ်သလော'' ဟုမေးပြန်၏။ ယာကုပ်က``ဟုတ်ပါသည်'' ဟုဖြေ၏။
upita još jednom: “Jesi li ti zaista moj sin Ezav?” Odgovori on: “Jesam.”
25 ၂၅ ထိုအခါဣဇာက်က``အမဲဟင်းကိုယူခဲ့ပါ။ ငါစားပြီးလျှင်သင့်အားကောင်းချီးပေးမည်'' ဟုဆိုလေ၏။ ယာကုပ်သည်ဖခင်ထံသို့ဟင်း ကိုယူခဲ့၏။ ဖခင်သောက်ရန်စပျစ်ရည်ကို လည်းယူခဲ့၏။-
Potom reče Izak: “Stavi preda me da blagujem lovine svoga sina pa da te blagoslovi duša moja.” Jakov ga posluži pa je jeo. Zatim mu donese i vina, pa je pio.
26 ၂၆ ထိုနောက်ဖခင်က``ငါ့သား၊ အနားသို့တိုး လာ၍ငါ့ကိုနမ်းလော့ဟုခိုင်း၏။-
Poslije toga reče mu njegov otac Izak: “Primakni se, sine moj, i poljubi me!”
27 ၂၇ ယာကုပ်သည်ဖခင်ထံချဉ်းကပ်၍နမ်းလိုက် သောအခါ ဣဇာက်သည်သူ၏အဝတ်များကို အနံ့ခံလျက်``ငါ့သား၏အနံ့သည်ထာဝရ ဘုရားကောင်းချီးပေးသောလယ်၏ရနံ့ကဲ့ သို့သင်းကြိုင်ပါ၏။-
Kad se primače i poljubi ga, Izak osjeti miris njegove odjeće pa ga blagoslovi: “Gle, miris sina mog nalik je mirisu polja koje Jahve blagoslovi.
28 ၂၈ ဘုရားသခင်သည်သင့်အားမိုးကောင်းကင်မှ နှင်းကိုပေးတော်မူ၍ သင်၏လယ်များကိုမြေ သြဇာထက်သန်တော်မူစေသတည်း။ ကိုယ်တော် သည်သင့်အားကောက်ပဲသီးနှံနှင့်စပျစ်ရည် များစွာပေးသနားတော်မူစေသတည်း။-
Neka ti Bog daje rosu s neba i rodnost zemlje: izobilje žita i mladoga vina.
29 ၂၉ တိုင်းနိုင်ငံတို့သည်သင်၏အစေကိုခံရကြ စေသတည်း။ လူမျိုးအပေါင်းတို့သည်သင့်အား ဦးညွှတ်ရကြစေသတည်း။ သင်သည်ဆွေမျိုး သားချင်းတို့ကိုကြီးစိုးရစေသတည်း။ သင်၏ အမိအဆက်အနွယ်တို့သည်သင့်အားဦးညွှတ် ရကြစေသတည်း။ သင့်အားကျိန်စာသင့်သော သူတို့ကိုကျိန်စာသင့်စေသတည်း။ သင့်အား ကောင်းချီးပေးသူတို့သည်ကောင်းချီးခံစား ရကြစေသတည်း'' ဟုကောင်းချီးပေးလေ ၏။
Narodi ti služili, plemena ti se klanjala! Braćom svojom gospodari, nek sinci majke tvoje pred tobom padaju! Proklet bio tko tebe proklinje; blagoslovljen tko te blagoslivlje!”
30 ၃၀ ဣဇာက်သည်ယာကုပ်အားကောင်းချီးပေးပြီး၍ ဖခင်ထံမှယာကုပ်ထွက်သွားသည့်ခဏအတွင်း သူ၏အစ်ကိုဧသောသည်အမဲလိုက်ရာမှ ပြန်ရောက်လာ၏။-
Tek što se Jakov udaljio od svoga oca Izaka - pošto je Izak podijelio blagoslov Jakovu - njegov brat Ezav dođe iz lova.
31 ၃၁ သူသည်လည်းစားဖွယ်ကောင်းသောအမဲဟင်းလျာ ကိုချက်ပြီးလျှင်ဖခင်ထံသို့ယူခဲ့လေသည်။ ထိုနောက်``အဖ၊ ကျွန်တော်ယူခဲ့သောအမဲ ဟင်းကိုထ၍သုံးဆောင်ပါ။ သုံးဆောင်ပြီး လျှင်ကျွန်တော်အားကောင်းချီးပေးပါ'' ဟု ဆိုလေ၏။
I on priredi ukusan obrok i donese ga svome ocu. I reče svome ocu: “Ustani, oče moj, i blaguj od lovine svoga sina da me onda mogneš blagosloviti!”
32 ၃၂ ဣဇာက်က``သင်မည်သူနည်း'' ဟုမေး၏။ ဧသောက``ကျွန်တော်သည်ဖခင်၏သားကြီး ဧသောဖြစ်ပါသည်'' ဟုပြန်ဖြေ၏။
A njegov ga otac Izak zapita: “Tko si ti?” On odgovori: “Ja sam tvoj prvorođenac Ezav!”
33 ၃၃ ထိုအခါဣဇာက်သည်တစ်ကိုယ်လုံးဆတ်ဆတ် တုန်လျက်``အမဲကောင်ကိုရ၍ငါ့ထံသို့ဟင်း ယူခဲ့သူကားမည်သူနည်း။ သင်မရောက်မီငါ သည်ဟင်းကိုစားပြီးပြီ။ ထိုသူအားလည်း ကောင်းချီးပေးခဲ့ပြီ။ ငါကောင်းချီးပေးခဲ့ သည့်အတိုင်းသူခံစားရမည်'' ဟုဆိုလေ သည်။
Izak se silno prepadne: “Pa tko je onda bio onaj što je divljači ulovio i meni već donio? Blagovao sam je prije nego si ti došao; onoga sam blagoslovio i blagoslovljen će ostati.”
34 ၃၄ ဧသောသည်ထိုစကားကိုကြားရလျှင်မခံ မရပ်နိုင်အောင်ခံစားရသဖြင့်``အို အဖ၊ ကျွန်တော့် အားလည်းကောင်းချီးပေးပါဦး'' ဟုအသံကျယ် စွာအော်ဟစ်တောင်းပန်လေ၏။
Kad je Ezav čuo riječi svoga oca, kriknu glasno i gorko zaplaka pa reče svome ocu: “I mene blagoslovi, oče!”
35 ၃၅ ဣဇာက်က``သင့်ညီလာ၍ငါ့ကိုလိမ်လည်လှည့်ဖြား လေပြီ။ သူသည်သင်ခံစားရမည့်ကောင်းချီးကို ယူသွားပြီ'' ဟုဖြေကြားလေသည်။
A on odvrati: “Brat tvoj dođe na prijevaru i odnese tvoj blagoslov.”
36 ၃၆ ဧသောက``သူသည်ကျွန်တော်အားနှစ်ကြိမ်တိုင် တိုင်ယာကုပ်ဟူသောနာမည်နှင့်လိုက်အောင်လှည့် စားခဲ့ပါပြီ။ သူသည်ကျွန်တော်၏သားဦးအရာ ကိုတစ်ကြိမ်၊ ယခုတစ်ဖန်ကျွန်တော်ခံစားရ မည့်ကောင်းချီးကိုတစ်ကြိမ်ယူသွားပါပြီ။ ကျွန်တော်အဖို့ကောင်းချီးတစ်ပါးပါးမကျန် ပါသလော'' ဟုဖခင်အားမေးလေ၏။
“Zato valjda što mu je ime Jakov, dvaput me već prevario”, reče Ezav. “Oduzeo mi prvorodstvo, a sad mi evo oduze i blagoslov.” Onda doda: “Zar za me nisi sačuvao nikakva blagoslova?”
37 ၃၇ ဣဇာက်က``ငါသည်သူ့အားသင်၏အရှင်သခင် ဖြစ်စေပြီ။ ဆွေမျိုးသားချင်းအပေါင်းတို့ကို လည်းသူ၏အစေကိုခံစေပြီ။ သူ့အားကောက်ပဲ သီးနှံနှင့်စပျစ်ရည်တို့ဖြင့်ကြွယ်ဝပြည့်စုံစေ ပြီ။ သို့ဖြစ်လျှင်ငါ့သားသင့်အတွက်မည်သို့ ဆောင်ရွက်ပေးနိုင်ပါသနည်း'' ဟုပြန်ဖြေလေ ၏။
Izak odgovori Ezavu: “Njega sam već postavio za tvoga gospodara; njemu sam svu njegovu braću predao za sluge; žitom sam ga i vinom opskrbio. A što sad za te mogu učiniti, sine moj?”
38 ၃၈ ဧသောက``အို အဖ၊ ဖခင်ထံ၌ပေးစရာ ကောင်းချီးမင်္ဂလာတစ်ပါးမျှမကျန်ပါ သလော။ ကျွန်တော့်ကိုလည်းကောင်းချီးမင်္ဂလာ ပေးပါဦး'' ဟုဖခင်အားဆက်လက်တောင်းပန် ၍ငိုကြွေးလေ၏။
Ezav odgovori svome ocu: “Zar ti, oče, raspolažeš samo jednim blagoslovom? Blagoslovi i mene, oče moj!” Ezav jecaše na sav glas.
39 ၃၉ ထိုအခါဣဇာက်က၊ ``သင့်လယ်များသည်မြေသြဇာမရှိ၊မိုး ကောင်းကင်မှ နှင်းကိုလည်းမရနိုင်။
Tada otac njegov Izak progovori i reče: “Daleko od plodna tla dom tvoj će biti, daleko od rose s neba.
40 ၄၀ သင်သည်ကိုယ့်ဋ္ဌားဖြင့်အသက်မွေးရမည်။ သင်၏ညီအစေကိုခံရမည်။ သို့ရာတွင်သင်သည်ကြိုးပမ်းအားထုတ်လျှင်၊ သူ၏အချုပ်အနှောင်မှလွတ်မြောက်လိမ့်မည်'' ဟုဆိုလေ၏။
Od mača svoga ćeš živjeti, brata svoga ćeš služiti. Ali jednom, kada se pobuniš, jaram ćeš njegov stresti sa svog vrata.”
41 ၄၁ ယာကုပ်သည်ဖခင်ထံမှကောင်းချီးမင်္ဂလာကို ခံရသဖြင့် ဧသောသည်သူ့အားရန်ငြိုးထား ၏။ ဧသောက``ဖခင်အနိစ္စရောက်လျှင်ရောက် ခြင်းယာကုပ်ကိုငါသတ်ပစ်မည်'' ဟုကြုံး ဝါးလေ၏။
Ezav zamrzi Jakova zbog blagoslova kojim ga je otac njegov blagoslovio pa reče u sebi: “Čim dođu dani žalosti za mojim ocem, ubit ću ja svoga brata Jakova.”
42 ၄၂ ရေဗက္ကသည်ဧသော၏အကြံကိုကြားသိရ သဖြင့် ယာကုပ်ကိုခေါ်၍``သင့်အစ်ကိုဧသော သည်သင့်အားလက်စားချေသတ်ပစ်ရန်အကြံ ထုတ်လျက်ရှိသည်။-
Kada su Rebeki javili te riječi što ih je izrekao njezin stariji sin Ezav, zovne ona svoga mlađeg sina Jakova te mu reče: “Pazi! Brat ti se Ezav nosi mišlju kako će te ubiti.
43 ၄၃ ငါ့သား၊ ငါပြောသည့်အတိုင်းပြုလုပ်လော့။ ခါရန် မြို့၌နေထိုင်သောငါ၏အစ်ကိုလာဗန်ထံသို့ ယခုချက်ချင်းသွားရန်ပြင်လော့။-
Ali ti, sine moj, poslušaj mene: odmah bježi mome bratu Labanu u Haran.
44 ၄၄ သင်၏အစ်ကိုစိတ်ပြေ၍သင်သူ့အားပြုမိ သမျှကိုမေ့ပျောက်သည့်အချိန်အထိသူ့ထံ ၌ခေတ္တတည်းခိုနေထိုင်လော့။-
Ostani kod njega neko vrijeme, dok bijes brata tvoga na te jenja,
45 ၄၅ ထိုအချိန်ရောက်လျှင်ငါသည်သင့်ထံသို့လူ စေလွှတ်၍ပြန်လည်ခေါ်ဆောင်မည်။ ငါသည် တစ်နေ့ချင်းတွင်သားနှစ်ယောက်စလုံးကို အဆုံးမခံနိုင်'' ဟုဆိုလေ၏။
dok se srdžba brata tvoga odvrati od tebe te on zaboravi što si mu učinio. Ja ću onda po te poslati i odande te dovesti. Zašto da vas obojicu izgubim u jedan dan!”
46 ၄၆ ရေဗက္ကကဣဇာက်အား``ကျွန်မသည်ဧသော၏ အမျိုးချင်းမတူသောမယားများကြောင့် သေ ချင်အောင်စိတ်ညစ်ရသည်။ အကယ်၍ယာကုပ် သည်ဤအရပ်၌ရှိသော ဟိတ္တိအမျိုးသမီး တစ်ဦးဦးနှင့်အိမ်ထောင်ကျမည်ဆိုလျှင် ကျွန်မအသက်ရှင်မနေနိုင်တော့ပါ'' ဟု ပြောလေ၏။
Potom Rebeka reče Izaku: “Moj mi je život dosadio zbog ovih žena Hetitkinja. Ako se i Jakov oženi kojom kao što su ove urođenice, Hetitkinjom, što će mi onda život!”