< ကမ္ဘာ​ဦး 23 >

1 စာ​ရာ​သည်​အ​သက်​တစ်​ရာ​နှစ်​ဆယ့်​ခု​နစ်​နှစ်​ရှိ​သော်၊-
Saras alder blev hundre og syv og tyve år; det var Saras leveår.
2 ခါ​နာန်​ပြည်​ဟေ​ဗြုန်​မြို့​၌​ကွယ်​လွန်​ရာ​အာ​ဗြ​ဟံ​သည် သူ့​အ​တွက်​ငို​ကြွေး​မြည်​တမ်း​လေ​သည်။
Og Sara døde i Kirjat-Arba, det er Hebron, i Kana'ans land; og Abraham kom for å holde sørgehøitid og gråte over Sara.
3 အာ​ဗြ​ဟံ​သည်​အ​လောင်း​ရှိ​ရာ​မှ​ထ​၍​ဟိတ္တိ​အ​မျိုး​သား​တို့​ထံ​သို့​သွား​ပြီး​လျှင်၊-
Derefter stod Abraham op og gikk bort fra sin døde hustru, og han talte til Hets barn og sa:
4 ငါ​သည်​သင်​တို့​ထံ​တွင်​ဧည့်​သည်​အာ​ဂန္တု​ဖြစ်​ပါ​၏။ ငါ​၏​မ​ယား​အ​လောင်း​ကို​မြှုပ်​နှံ​ရန်​မြေ​တစ်​ကွက်​ကို​ရောင်း​ပါ'' ဟု​ဆို​လေ​သည်။
Jeg er en fremmed og utlending hos eder; la mig få et gravsted til eiendom hos eder, så jeg kan føre min døde hustru bort og begrave henne!
5 သူ​တို့​က``ကျွန်ုပ်​တို့​အ​စီ​ရင်​ခံ​ပါ​ရ​စေ။ ကိုယ်​တော်​သည်​ကျွန်ုပ်​တို့​တွင်​တန်​ခိုး​ကြီး​သော​အ​ကြီး​အ​ကဲ​တစ်​ဦး​ဖြစ်​ပါ​သည်။ ကျွန်ုပ်​တို့​၏​အ​ကောင်း​ဆုံး​သော​သင်္ချိုင်း​တွင်​သင်​၏​မ​ယား​ကို​မြှုပ်​နှံ​ပါ။ သူ​၏​အ​လောင်း​ကို​မြှုပ်​နှံ​ရန်​အ​တွက်​သင်္ချိုင်း​ကို​ကျွန်ုပ်​တို့​က​ဝမ်း​သာ​စွာ​ပေး​ပါ​မည်'' ဟု​အာ​ဗြ​ဟံ​အား​ပြန်​ပြော​ကြ​၏။
Da svarte Hets barn Abraham og sa til ham:
6
Hør på oss, herre! Du er en Guds høvding iblandt oss; begrav din døde i den beste av våre graver! Ingen av oss skal nekte dig sin grav til å begrave henne i.
7 ထို​အ​ခါ​အာ​ဗြ​ဟံ​သည်​သူ​တို့​ရှေ့​တွင်​ဦး​ညွှတ်​၍၊
Da stod Abraham op og bøide sig for landets folk, for Hets barn,
8 ``သင်​တို့​သည်​ငါ​၏​မ​ယား​အ​လောင်း​ကို​ဤ​အ​ရပ်​တွင်​မြှုပ်​နှံ​စေ​လို​လျှင် ဇော​ဟာ​၏​သား​ဧ​ဖ​ရုန်​ပိုင်​မြေ​ကွက်​အ​စွန်း​၌​ရှိ​သော၊-
og han talte med dem og sa: Dersom I samtykker i at jeg fører min døde bort og begraver henne, så hør på mig og legg et godt ord inn for mig hos Efron, Sohars sønn,
9 မပ္ပေလ​ဂူ​ကို​ငါ့​အား​ရောင်း​ချ​ရန်​ကျေး​ဇူး​ပြု​၍​သူ့​ကို​တိုက်​တွန်း​ပေး​ကြ​ပါ။ သင်္ချိုင်း​မြေ​တစ်​ကွက်​ငါ​အ​ပိုင်​ရ​ရန်​ထို​မြေ​ကို​တန်​ရာ​တန်​ဖိုး​ဖြင့်​ငါ့​အား​သင်​တို့​ရှေ့​မှောက်​တွင်​ရောင်း​ချ​စေ​ပါ'' ဟု​ဆို​လေ​၏။
at han lar mig få Makpela-hulen, som tilhører ham og ligger i utkanten av hans mark. Han skal få full betaling for den hvis han vil selge mig den, her midt iblandt eder, til eiendoms-gravsted.
10 ၁၀ ဧ​ဖ​ရုန်​ကိုယ်​တိုင်​အ​ခြား​ဟိတ္တိ​အ​မျိုး​သား​တို့​နှင့်​အ​တူ မြို့​တံ​ခါး​အ​နီး​ရှိ​စု​ဝေး​ရာ​အ​ရပ်​၌​ထိုင်​လျက်​ရှိ​သည်။ သူ​က​အာ​ဗြ​ဟံ​အား၊-
Men Efron satt midt iblandt Hets barn; og Efron, hetitten, svarte Abraham så Hets barn hørte på det, alle de som hørte hjemme i hans by, og sa:
11 ၁၁ ``အ​စီ​ရင်​ခံ​ပါ​ရ​စေ။ ဂူ​နှင့်​တ​ကွ​မြေ​ကွက်​တစ်​ခု​လုံး​ကို​ကျွန်ုပ်​ပေး​ပါ​၏။ အ​ရှင်​၏​မယား​ကို​သင်္ဂြိုဟ်​ရန်​ကျွန်ုပ်​တို့​၏​အ​မျိုး​သား​တို့​ရှေ့​မှောက်​တွင်​ထို​မြေ​ကို​ကျွန်ုပ်​ပေး​ပါ​၏'' ဟု​ရှိ​သ​မျှ​သော​သူ​တို့​ကြား​နိုင်​အောင်​ပြော​ကြား​လေ​သည်။
Nei, herre! Hør på mig: Jeg gir dig marken, og hulen som er på den, gir jeg dig også; for mine landsmenns øine gir jeg dig den: begrav din døde der!
12 ၁၂ အာ​ဗြ​ဟံ​သည်​လည်း​မြို့​သား​တို့​ရှေ့​တွင်​ဦး​ညွတ်​၍၊-
Da bøide Abraham sig for landets folk,
13 ၁၃ အ​များ​ကြား​နိုင်​အောင်​ဧ​ဖ​ရုန်​အား``ငါ​တင်​ပြ​ချက်​ကို​လက်​ခံ​ပါ။ ထို​မြေ​တစ်​ကွက်​လုံး​ကို​ငါ​ဝယ်​ပါ​မည်။ မြေ​ဖိုး​ငွေ​ကို​လက်​ခံ​ပါ။ ငါ​၏​မယား​ကို​ထို​မြေ​၌​မြှုပ်​နှံ​ပါ​မည်'' ဟု​ပြန်​လည်​ပြော​ကြား​လေ​သည်။
og han talte til Efron så landets folk hørte på det, og sa: Bare du nu vilde høre på mig! Jeg betaler dig det marken er verd; ta imot det av mig og la mig få begrave min døde der!
14 ၁၄ ထို​အ​ခါ​ဧ​ဖ​ရုန်​က``အ​ရှင်၊ ထို​မြေ​ကွက်​သည်​ငွေ​သား​လေး​ရာ​မျှ​သာ​တန်​ဖိုး​ရှိ​၏။ ထို​ငွေ​မှာ​မ​ပြော​ပ​လောက်​ပါ။ ထို​မြေ​တွင်​အရှင်​၏​မယား​ကို​သင်္ဂြိုဟ်​ပါ​လော့'' ဟု​ဆို​လေ​၏။-
Da svarte Efron Abraham og sa til ham:
15 ၁၅
Herre, hør på mig! Et jordstykke som er verd fire hundre sekel sølv, hvad har det å si mellem mig og dig? Begrav du din døde!
16 ၁၆ အာ​ဗြ​ဟံ​သည်​သ​ဘော​တူ​၍​လူ​တို့​ရှေ့​တွင်​ဧ​ဖ​ရုန်​တန်​ဖိုး​ဖြတ်​သော​ငွေ​သား​လေး​ရာ​ကို​ကုန်​သည်​သုံး​စံ​ချိန်​အ​ရ​ချိန်​တွယ်​၍​ဧ​ဖ​ရုန်​အား​ပေး​လေ​၏။
Og Abraham skjønte hvad Efron mente, og Abraham veide op til Efron det sølv som han hadde talt om i påhør av Hets barn, fire hundre sekel sølv, slike som var gangbare i handel.
17 ၁၇ ထို​သို့​အား​ဖြင့်​မံ​ရေ​မြို့​အ​ရှေ့၊ မပ္ပေလ​အ​ရပ်​တွင်​ရှိ​သော​ဧ​ဖ​ရုန်​ပိုင်​မြေ​ကွက်​သည်​အာ​ဗြ​ဟံ​ပိုင်​မြေ​ဖြစ်​လာ​သည်။ သူ​ပိုင်​သော​မြေ​ကွက်​တွင်​ဂူ​နှင့် မြေ​ကွက်​ပေါ်​တွင်​ပေါက်​သ​မျှ​သော​သစ်​ပင်​များ၊ မြေ​ကွက်​အ​စွန်း​တိုင်​အောင်​ပေါက်​သ​မျှ​သော​သစ်​ပင်​များ​ပါ​ဝင်​လေ​သည်။-
Og Efrons mark i Makpela, som ligger østenfor Mamre, både marken og hulen som er på den, og alle trærne som fantes på marken, så langt den rakk rundt omkring, blev tilskjøtet
18 ၁၈ ထို​အ​စည်း​အ​ဝေး​တွင်​ရှိ​ကြ​သော​ဟိတ္တိ​အ​မျိုး​သား​အ​ပေါင်း​တို့​က​ထို​မြေ​ကွက်​ကို​အာ​ဗြ​ဟံ​၏​ပိုင်​မြေ​အ​ဖြစ်​အ​သိ​အ​မှတ်​ပြု​ကြ​၏။
Abraham som eiendom, så Hets barn så på det, alle de som hørte hjemme i hans by.
19 ၁၉ ထို​နောက်​အာ​ဗြ​ဟံ​သည်​သူ​၏​မ​ယား​စာ​ရာ​အ​လောင်း​ကို​ခါ​နာန်​ပြည်​ရှိ​ထို​ဂူ​တွင်​သင်္ဂြိုဟ်​လေ​သည်။-
Derefter begravde Abraham Sara, sin hustru, i hulen på Makpelamarken østenfor Mamre, det er Hebron, i Kana'ans land.
20 ၂၀ သို့​ဖြစ်​၍​ဟိတ္တိ​အ​မျိုး​သား​တို့​ပိုင်​သော​မြေ​ကွက်​နှင့်​ဂူ​သည်​အာ​ဗြ​ဟံ​ပိုင်​သင်္ချိုင်း​မြေ​ဖြစ်​လာ​လေ​သည်။
Og marken og hulen på den gikk fra Hets barn over til Abraham som eiendoms-gravsted.

< ကမ္ဘာ​ဦး 23 >