+ ကမ္ဘာဦး 1 >
1 ၁ ဘုရားသခင်သည်စကြဝဠာကိုဖန်ဆင်း တော်မူသောအခါ၊-
En un principio ʼElohim creó los cielos y la tierra.
2 ၂ ကမ္ဘာမြေကြီးသည်အသွင်သဏ္ဌာန်ဟူ၍မရှိ။ လဟာသက်သက်ဖြစ်၏။ သမုဒ္ဒရာရေပြင် ကြီးကိုမှောင်အတိဖုံး၍ရေပြင်ပေါ်၌ ဘုရားသခင်၏တန်ခိုးတော် လှုပ်ရှားလျက်ရှိ၏။-
Pero la tierra estaba desolada y vacía, y había oscuridad sobre la superficie del abismo. El Espíritu de ʼElohim se movía sobre la superficie de las aguas.
3 ၃ ဘုရားသခင်က``အလင်းရောင်ပေါ်စေ'' ဟု အမိန့်တော်ချမှတ်သောအခါ အလင်းရောင် ထွက်ပေါ်လာ၏။-
Entonces ʼElohim dijo: Haya luz. Y hubo luz.
4 ၄ ဘုရားသခင်သည်အလင်းရောင်ကိုရှုမြင်၍ နှစ်သက်တော်မူ၏။ ထို့နောက်အလင်းနှင့် အမှောင်ကိုပိုင်းခြားလျက်၊-
ʼElohim vio que la luz era buena e hizo separación entre la luz y la oscuridad.
5 ၅ အလင်းကို ``နေ့'' ဟူ၍လည်းကောင်း၊ အမှောင် ကို ``ညဥ့်'' ဟူ၍လည်းကောင်းခေါ်တွင်စေတော် မူ၏။ ညဦးမှနံနက်အထိပထမနေ့ရက် ဖြစ်လေ၏။
ʼElohim llamó a la luz día y a la oscuridad llamó noche. Y fue la tarde y fue la mañana: Día primero.
6 ၆ ထိုနောက်ဘုရားသခင်က ``ရေရေချင်းနှစ်ပိုင်း ခွဲခြားတည်ရှိစေရန် မိုးမျက်နှာကြက်ဖြစ်ပေါ် စေ'' ဟုမိန့်တော်မူသည့်အတိုင်းဖြစ်ပေါ်လာ၏။ ဘုရားသခင်သည်ထိုသို့မိုးမျက်နှာကြက် ကိုဖြစ်ပေါ်စေ၍ မိုးမျက်နှာကြက်ရှိရေနှင့် အောက်ရှိရေကိုပိုင်းခြားတော်မူ၏။-
ʼElohim dijo: Haya expansión en medio de las aguas y separe las aguas de las aguas.
ʼElohim hizo la expansión y estableció separación entre las aguas que estaban debajo de la expansión y las aguas que estaban encima de ella. Y fue así.
8 ၈ မိုးမျက်နှာကြက်ကို``မိုးကောင်းကင်'' ဟုခေါ် တွင်စေတော်မူ၏။ ညဦးမှနံနက်အထိဒုတိယ နေ့ရက်ဖြစ်လေ၏။
ʼElohim llamó a la expansión cielos. Y fue la tarde y fue la mañana: Día segundo.
9 ၉ တစ်ဖန်ဘုရားသခင်က``မိုးကောင်းကင်အောက် တွင်ကုန်းပေါ်လာရန် တစ်နေရာတည်း၌ရေစု ဝေးစေ'' ဟုအမိန့်ပေးသည့်အတိုင်းကုန်းပေါ် လာ၏။-
ʼElohim dijo: Sean reunidas las aguas de debajo de los cielos en un solo lugar, y aparezca lo seco. Y fue así.
10 ၁၀ ကုန်းကို``မြေကြီး'' ဟူ၍လည်းကောင်း၊ စုဝေး လျက်ရှိသောရေကို``ပင်လယ်'' ဟူ၍လည်းကောင်း ခေါ်တွင်စေတော်မူ၏။ ဘုရားသခင်သည် ထို အမှုအရာကိုရှုမြင်၍နှစ်သက်တော်မူ၏။-
ʼElohim llamó a lo seco tierra, y a la reunión de las aguas llamó mares. Y ʼElohim vio que estaba bien.
11 ၁၁ ထိုနောက်``ကောက်ပဲသီးနှံနှင့်သစ်သီးပင်အမျိုး မျိုးကိုမြေကြီးမှပေါက်စေ'' ဟုအမိန့်ပေး သည့်အတိုင်းပေါက်လာကြ၏။-
Entonces ʼElohim dijo: Produzca la tierra vegetación: hierba que haga germinar semilla y árbol frutal que dé fruto sobre la tierra según su especie, cuya semilla esté en él. Y fue así.
12 ၁၂ သို့ဖြစ်၍မြေကြီးမှ အပင်အမျိုးမျိုးပေါက် လာကြ၏။ ဘုရားသခင်သည် ထိုအမှုအရာ ကိုရှုမြင်၍နှစ်သက်တော်မူ၏။-
La tierra hizo brotar vegetación: hierba que hace germinar semilla según su especie, y árbol que da fruto, cuya semilla está en él, según su especie. Y ʼElohim vio que estaba bien.
13 ၁၃ ညဦးမှနံနက်အထိတတိယနေ့ရက်ဖြစ် လေ၏။
Y fue la tarde y fue la mañana: Día tercero.
14 ၁၄ တစ်ဖန်ဘုရားသခင်က``နေ့နှင့်ညဥ့်ကို ခွဲခြားရန်နှင့်နေ့ရက်၊ နှစ်၊ ပွဲတော်ရက်
ʼElohim dijo: Haya lumbreras en la expansión de los cielos para diferenciar entre el día y la noche, y sirvan para señales, para las estaciones, para días y años,
15 ၁၅ ထိုအလင်းဗိမာန်တို့သည်မိုးကောင်းကင်မှာ အလင်းရောင်ထွန်းသဖြင့် မြေကြီးပေါ်တွင် အလင်းရစေ'' ဟုအမိန့်ပေးသည့်အတိုင်း ဖြစ်ပေါ်လာ၏။-
y sean luminarias en la expansión de los cielos para alumbrar sobre la tierra. Y fue así.
16 ၁၆ သို့ဖြစ်၍နေ့ကိုကြီးစိုးရန်နေဗိမာန်နှင့်ည ကိုကြီးစိုးရန် လဗိမာန်နှင့်ကြယ်များကို ဖန်ဆင်းတော်မူ၏။-
ʼElohim hizo las dos grandes lumbreras: la lumbrera mayor para regir el día y la lumbrera menor para regir la noche.
17 ၁၇ ဘုရားသခင်သည်မြေကြီးပေါ်မှာအလင်းရ စေရန်နှင့်၊-
ʼElohim colocó las estrellas en la expansión de los cielos para alumbrar sobre la tierra,
18 ၁၈ နေ့နှင့်ညကိုကြီးစိုး၍အလင်းနှင့်အမှောင်ကို ခွဲခြားစေရန် မိုးကောင်းကင်တွင်အလင်းဗိမာန် များကိုတည်ရှိစေတော်မူ၏။ ဘုရားသခင် သည်ထိုအမှုအရာကိုရှုမြင်၍နှစ်သက် တော်မူ၏။-
para regir durante el día y la noche, y para separar la luz de la oscuridad. Y ʼElohim vio que estaba bien.
19 ၁၉ ညဦးမှနံနက်အထိစတုတ္ထနေ့ရက်ဖြစ်လေ၏။
Y fue la tarde y fue la mañana: Día cuarto.
20 ၂၀ တစ်ဖန်ဘုရားသခင်က``ရေထဲ၌သက်ရှိသတ္တ ဝါအမျိုးမျိုးဖြစ်ပွားစေ၊ လေထဲ၌လည်းငှက် များပျံဝဲစေ'' ဟုအမိန့်ပေးသည့်အတိုင်းရေ သတ္တဝါနှင့်ငှက်သတ္တဝါများဖြစ်ပွားလာ ကြ၏။-
Entonces ʼElohim dijo: Llénense las aguas seres vivientes y aves que vuelen sobre la tierra en la expansión de los cielos.
21 ၂၁ သို့ဖြစ်၍ဘုရားသခင်သည်ပင်လယ်ငါးသတ္တ ဝါကြီးများအစရှိသောရေသတ္တဝါအမျိုး မျိုး၊ ငှက်အမျိုးမျိုးတို့ကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်သည် ထိုအမှုအရာကိုရှုမြင် ၍နှစ်သက်တော်မူ၏။-
ʼElohim creó los grandes monstruos marinos y todos los seres vivos que se mueven y que poblaron las aguas, según su especie, y toda ave alada según su especie. Y ʼElohim vio que estaba bien.
22 ၂၂ ``ရေသတ္တဝါတို့သည်ပင်လယ်ထဲ၌မြောက်မြား စွာပေါက်ပွားကြစေ၊ ငှက်တို့သည်လည်းတိုးပွား ကြစေ'' ဟုဘုရားသခင်အမိန့်ပေး၍ထို သတ္တဝါတို့အား ကောင်းချီးပေးတော်မူ၏။-
ʼElohim los bendijo: Fructifiquen y multiplíquense. Llenen las aguas en los mares y multiplíquense las aves en la tierra.
23 ၂၃ ညဦးမှနံနက်အထိပဉ္စမနေ့ရက်ဖြစ်လေ၏။
Y fue la tarde y fue la mañana: Día quinto.
24 ၂၄ တစ်ဖန်ဘုရားသခင်က``ကမ္ဘာမြေကြီးပေါ် တွင် တိရစ္ဆာန်အယဉ်နှင့်တိရစ္ဆာန်အရိုင်းအကြီး အငယ်အမျိုးမျိုးဖြစ်ပွားကြစေ'' ဟုအမိန့် ပေးသည့်အတိုင်းဖြစ်ပွားလာကြ၏။-
Entonces ʼElohim dijo: Produzca la tierra seres vivientes según su especie: ganado, reptiles y bestias de la tierra, según su especie. Y fue así.
25 ၂၅ ဘုရားသခင်သည်တိရစ္ဆာန်အမျိုးမျိုးတို့ကို ထိုကဲ့သို့ဖန်ဆင်းတော်မူ၏။ ဘုရားသခင် သည် ထိုအမှုအရာကိုရှုမြင်၍နှစ်သက် တော်မူ၏။
ʼElohim hizo las bestias de la tierra según su especie, el ganado según su especie, y todo reptil del suelo según su especie. Y ʼElohim vio que estaba bien.
26 ၂၆ ထိုနောက်ဘုရားသခင်က``ငါတို့သည် ငါတို့ ၏ပုံသဏ္ဌာန်နှင့်တူသောလူသတ္တဝါတို့ကို ဖန်ဆင်းကြကုန်အံ့။ သူတို့အားရေသတ္တဝါ၊ ငှက်သတ္တဝါနှင့်တိရစ္ဆာန်အယဉ်အရိုင်းအကြီး အငယ်တို့ကိုအစိုးရစေမည်'' ဟုမိန့်တော် မူ၏။-
Entonces ʼElohim dijo: Hagamos al hombre a nuestra imagen, conforme a nuestra semejanza, y ejerza dominio sobre los peces del mar, sobre las aves de los cielos, sobre el ganado, sobre toda la tierra, y sobre todo reptil que repta sobre la tierra.
27 ၂၇ သို့ဖြစ်၍ဘုရားသခင်သည် မိမိနှင့်ပုံ သဏ္ဌာန်တူသောလူယောကျာ်း၊ လူမိန်းမ ကိုဖန်ဆင်းတော်မူ၍၊-
ʼElohim creó al hombre a su imagen. A imagen de ʼElohim lo creó. Varón y hembra los creó.
28 ၂၈ သူတို့ကိုကောင်းချီးပေးလျက်``သားသမီး များစွာမွေးဖွားကြလော့။ ကမ္ဘာမြေကြီး အရပ်ရပ်တို့တွင် သင်တို့၏အမျိုးစဉ်အမျိုး ဆက်နေထိုင်ကြလော့။ ကမ္ဘာမြေကြီးကိုလည်း စိုးပိုင်ကြလော့။ ရေသတ္တဝါ၊ ငှက်သတ္တဝါနှင့် တိရစ္ဆာန်ရိုင်းအမျိုးမျိုးတို့ကိုအုပ်စိုးကြ လော့'' ဟုမိန့်တော်မူ၏။-
Luego ʼElohim los bendijo. Y ʼElohim les dijo: Fructifiquen y multiplíquense. Llenen la tierra y sojúzguenla. Dominen sobre los peces del mar y las aves de los cielos y sobre todo ser vivo que se mueve sobre la tierra.
29 ၂၉ ဘုရားသခင်ကလည်း``ကောက်ပဲသီးနှံအမျိုး မျိုး၊ သစ်သီးအမျိုးမျိုးတို့ကိုသင်တို့စားသုံး ရန်ငါပေး၏။-
Y ʼElohim dijo: Aquí les doy toda hierba que produce semilla que está sobre la superficie de toda la tierra, y todo árbol en el cual hay fruto y que produce semilla. Les servirá de alimento.
30 ၃၀ တိရစ္ဆာန်အရိုင်းအမျိုးမျိုးနှင့်ငှက်အမျိုးမျိုး တို့စားရန်အတွက် အပင်အမျိုးမျိုးကိုငါ ပေး၏'' ဟုမိန့်တော်မူသည့်အတိုင်းဖြစ် လေ၏။-
Toda hierba verde les servirá de alimento a toda bestia de la tierra, a toda ave de los cielos y a todo lo que repta sobre la tierra en los cuales hay vida. Y fue así.
31 ၃၁ ဘုရားသခင်သည်ဖန်ဆင်းတော်မူခဲ့သမျှ တို့ကိုရှုမြင်၍ အလွန်နှစ်သက်တော်မူ၏။ ညဦးမှနံနက်အထိဆဋ္ဌမနေ့ရက် ဖြစ်လေ၏။
ʼElohim vio todo lo que hizo, y estaba muy bien. Y fue la tarde y fue la mañana: Día sexto.