< ယေဇကျေလ 33 >

1 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
La Palabra de Yavé vino a mí:
2 ကိုယ်​တော်​က``တိုင်း​ပြည်​တစ်​ပြည်​ကို​ငါ​သည် စစ်​ဘေး​အန္တ​ရာယ်​ဆိုက်​ရောက်​စေ​သော​အ​ခါ ထို​ပြည်​၌​အ​ဘယ်​သို့​ဖြစ်​သည်​ကို​သင်​၏ အ​မျိုး​သား​တို့​အား​ပြော​ပြ​လော့။ ပြည်​သူ ပြည်​သား​တို့​သည်​မိ​မိ​တို့​အ​ထဲ​မှ​လူ တစ်​ယောက်​ကို​ကင်း​စောင့်​အ​ဖြစ်​ဖြင့်​ရွေး ချယ်​ရ​ကြ​၏။-
Hijo de hombre, habla a los hijos de tu pueblo: Cuando Yo traiga la espada sobre una tierra, si el pueblo de la tierra toma a un hombre de su territorio y lo designa como vigilante,
3 သူ​သည်​ရန်​သူ​ချဉ်း​ကပ်​လာ​သည်​ကို​မြင် လျှင် လူ​အ​ပေါင်း​တို့​အား​တံ​ပိုး​ခ​ရာ​မှုတ် ၍​အ​ချက်​ပေး​ရ​၏။-
y él ve la espada que llega sobre la tierra, toca la trompeta y da la alarma al pueblo,
4 အ​ကယ်​၍​တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ယင်း​သို့​အ​ချက်​ပေး​သံ​ကို​ကြား​လျက်​နှင့် ဂ​ရု​မ​စိုက်​ဘဲ​နေ​ပါ​မူ​ရန်​သူ​သည်​လာ ၍​သူ့​ကို​ဋ္ဌား​ဘေး​သင့်​စေ​လျှင် ထို​သူ​အ​သက် ဆုံး​ရှုံး​ရ​မှု​သည်​သူ​၏​အ​ပြစ်​ပင်​ဖြစ်​၍ သူ့ သွေး​သည်​သူ​၏​ခေါင်း​ပေါ်​ရောက်​လေ​ပြီ။-
cualquiera que al oír el sonido de la trompeta no se aperciba, y al llegar la espada lo mate, su sangre recaerá sobre su cabeza.
5 သူ​သေ​ရ​သည်​မှာ​သူ​၏​ချို့​ယွင်း​မှု​ကြောင့် သူ့​သွေး​သည်​သူ​၏​ခေါင်း​ပေါ်​ရောက်​ရ​ပေ မည်​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည် သ​တိ​ပေး​ချက်​ကို​ဂ​ရု​မ​စိုက်​ခဲ့​သော ကြောင့်​ဖြစ်​၏။ အ​ကယ်​၍​ဂ​ရု​စိုက်​မည် ဆို​ပါ​က​သူ​သည်​သေ​ဘေး​မှ​လွတ် မြောက်​နိုင်​၏။-
Oyó el sonido de la trompeta, pero no se apercibió. Su sangre recaerá sobre él mismo. Pero si se hubiera apercibido habría librado su vida.
6 သို့​ရာ​တွင်​အ​ကယ်​၍​ကင်း​စောင့်​သည်​ရန်​သူ လာ​သည်​ကို​မြင်​လျက်​နှင့် အ​ချက်​ပေး​တံ​ပိုး ခ​ရာ​ကို​မ​မှုတ်​ဘဲ​နေ​ခဲ့​သော် ရန်​သူ​လွန်​လာ ၍​တစ်​စုံ​တစ်​ယောက်​သတ်​ဖြတ်​ခံ​ရ​လျှင်​ထို သူ​သည်​မိ​မိ​အ​ပြစ်​ကြောင့်​သေ​ရ​သော်​လည်း ထို​သို့​သေ​ဆုံး​သူ​၏​သွေး​အ​တွက်​ကင်း​စောင့် မှာ​တာ​ဝန်​ရှိ​စေ​မည်။''
Pero si el vigilante ve la espada que viene y no toca la trompeta, y el pueblo no se apercibe, y llega la espada y mata a alguno de ellos, éste fue tomado por causa de su pecado, pero Yo demandaré su sangre de mano del vigilante.
7 ``အ​ချင်း​လူ​သား၊ ယ​ခု​ငါ​သည်​သင့်​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက် ကင်း စောင့်​အ​ဖြစ်​ဖြင့်​ခန့်​ထား​မည်။ သင်​သည်​ငါ ၏​သ​တိ​ပေး​ချက်​များ​ကို​သူ​တို့​အား ဆင့်​ဆို​ရ​မည်။-
A ti, hijo de hombre, Yo te designé como vigilante de la Casa de Israel. Oirás la Palabra de mi boca y los amonestarás de mi parte.
8 အ​ကယ်​၍​ငါ​က​ဆိုး​ယုတ်​သူ​တစ်​စုံ​တစ် ယောက်​အား​သေ​ရ​လိမ့်​မည်​ဟု​ဆို​လျှင် သင် သည်​ထို​သူ​အ​သက်​မ​သေ​စေ​ရန်​သူ​၏ အ​ပြု​အ​မူ​ပြောင်း​လဲ​ဖို့​သ​တိ​ပေး​ရ​မည်။ မ​ပေး​ဘဲ​နေ​ပါ​မူ​သူ​သည်​အ​ပြစ်​ကူး လွန်​သူ​အ​ဖြစ်​ဖြင့်​ပင်​သေ​လိမ့်​မည်။ ထို အ​ခါ​ငါ​သည်​ထို​သေ​ဆုံး​သူ​၏​သွေး အ​တွက်​သင့်​မှာ​တာ​ဝန်​ရှိ​စေ​မည်။-
Cuando Yo diga al perverso: Perverso, ciertamente morirás, y tú no le adviertas de ello para que se aparte de su mal camino. El perverso morirá por su pecado, pero Yo demandaré su sangre de tu mano.
9 အ​ကယ်​၍​သင်​သည်​ဆိုး​ယုတ်​သူ​အား​သ​တိ ပေး​သော်​လည်း သူ​သည်​ဒု​စ​ရိုက်​ကို​ပြု​မြဲ ပြု​ကာ​အ​ပြစ်​ကူး​လွန်​သူ​အ​ဖြစ်​ဖြင့်​ပင် လျှင်​သေ​သည်​ဆို​ပါ​မူ သင်​၏​အ​သက်​ချမ်း သာ​ရာ​ရ​လိမ့်​မည်''ဟု​မိန့်​တော်​မူ​၏။
Pero si tú adviertes al perverso para que se aparte de su mal camino, y él no se aparta de ese camino, él morirá por su pecado, pero tú librarás tu vida.
10 ၁၀ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။ ကိုယ်​တော်​က``အ​ချင်း လူ​သား'' ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ​သင်​တို့​က`ငါ​တို့​သည်​မိ​မိ တို့​အ​ပြစ်​များ၊ မိ​မိ​တို့​ပြု​သော​အ​မှား​များ ဖြင့်​ဝန်​လေး​ပင်​ပန်း​လျက်​ရှိ​ကြ​၏။ ငါ​တို့ သည်​အား​လျော့​နွမ်း​နယ်​လျက်​နေ​ကြ​၏။ အ​ဘယ်​သို့​လျှင်​ငါ​တို့​အ​သက်​ရှင်​နိုင် ကြ​ပါ​မည်​နည်း' ဟု​ဆို​ကြ​၏။-
Por tanto tú, hijo de hombre, dí a la Casa de Israel: Ustedes hablan y dicen: Si nuestras transgresiones y nuestros pecados están sobre nosotros, y en ellos desfallecemos, ¿entonces cómo podemos vivir?
11 ၁၁ ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည်​နှင့် အ​ညီ ငါ​မိန့်​တော်​မူ​သည်​ကား​အ​ပြစ်​ကူး လွန်​သူ​တစ်​စုံ​တစ်​ယောက်​သေ​သည်​ကို​မ မြင်​လို ထို​သူ​အ​ပြစ်​ကူး​လွန်​မှု​ကို​ရပ်​စဲ ၍​အ​သက်​ရှင်​သည်​ကို​သာ​လျှင်​တွေ့​မြင် လို​သည်။ အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး​သား တို့၊ သင်​တို့​ပြု​လျက်​ရှိ​သည့်​အ​ပြစ်​ဒု စ​ရိုက်​ကို​ရပ်​စဲ​ကြ​လော့။ ရပ်​စဲ​သော​သင် တို့​သည်​အ​ဘယ်​ကြောင့်​သေ​ချင်​ကြ သ​နည်း။
Diles: ¡Vivo Yo, dice ʼAdonay Yavé, que no me complazco en la muerte del perverso, sino en que el perverso regrese de su camino y viva! Devuélvanse, devuélvanse de sus malos caminos. ¿Por qué deben morir, oh Casa de Israel?
12 ၁၂ ``အ​ချင်း​လူ​သား၊ သူ​တော်​ကောင်း​အ​ပြစ် ကူး​လွန်​သော​အ​ခါ​သူ​ပြု​ခဲ့​သော​ကောင်း မှု​များ​က​သူ့​ကို​ကယ်​လိမ့်​မည်​မ​ဟုတ် ကြောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြော​ကြား​လော့။ အ​ကယ်​၍​ဆိုး​ညစ်​သူ သည်​မိ​မိ​၏​ဆိုး​ညစ်​မှု​ကို​ရပ်​စဲ​လိုက်​ပါ မူ​သူ​သည်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​တော့​မည် မ​ဟုတ်။ သူ​တော်​ကောင်း​သည်​အ​ပြစ်​ကူး လွန်​သော​အ​ခါ​သူ​သည်​အ​သက်​ချမ်း သာ​ရာ​ရ​မည်​မ​ဟုတ်။-
Tú, oh hijo de hombre, dí a los hijos de tu pueblo: La justicia del justo no lo librará el día de su transgresión. La perversidad del perverso no le será estorbo el día cuando regrese de su perversidad. El justo no podrá vivir por su justicia el día cuando peque.
13 ၁၃ ငါ​သည်​သူ​တော်​ကောင်း​အား​အ​သက်​ရှင်​စေ မည်​ဟု​က​တိ​ပေး​ထား​သော်​လည်း သူ​သည် မိ​မိ​ပြု​ခဲ့​သော​ကောင်း​မှု​ကို​အား​ကိုး​ကာ အ​ပြစ်​စ​၍​ကူး​လွန်​သည်​ဆို​ပါ​မူ ငါ​သည် သူ​ပြု​ခဲ့​သော​အ​ဘယ်​ကောင်း​မှု​ကို​မျှ​သ​တိ ရ​လိမ့်​မည်​မ​ဟုတ်။ သူ​သည်​မိ​မိ​၏​အ​ပြစ် ကြောင့်​သေ​ရ​မည်​ဖြစ်​၏။-
Cuando Yo diga al justo: Ciertamente vivirás, y él confiado en su justicia cometa iniquidad, ninguna de sus obras de justicia será recordada, sino morirá porque cometió iniquidad.
14 ၁၄ အ​ကယ်​၍​ငါ​သည်​ဆိုး​ယုတ်​သူ​အား​သေ​ရ လိမ့်​မည်​ဟု​သ​တိ​ပေး​သ​ဖြင့် သူ​သည်​မိ​မိ ၏​အ​ပြစ်​ဒု​စ​ရိုက်​ကို​ရပ်​စဲ​ကာ​မှန်​ရာ ကောင်း​ရာ​ကို​ပြု​ကျင့်​လျှင်၊-
Cuando Yo diga al perverso: Ciertamente morirás, si él se convierte de su pecado y hace lo que es lícito y justo;
15 ၁၅ ဥ​ပ​မာ​အား​ဖြင့်​မိ​မိ​အ​ပေါင်​ခံ​ထား​သည့် ပစ္စည်း၊ ခိုး​ဝှက်​ထား​သည့်​ဥစ္စာ​တို့​ကို​ပြန်​၍ ပေး​အပ်​ပြီး​လျှင်​အ​ပြစ်​ကူး​လွန်​မှု​ကို ရပ်​စဲ​ကာ​အ​သက်​ရှင်​စေ​တတ်​သော​ပြ​ဋ္ဌာန်း ချက်​တို့​ကို​စောင့်​ထိန်း​သည်​ဆို​အံ့၊ ထို​သူ သည်​မ​သေ​ဘဲ​အ​သက်​ရှင်​လိမ့်​မည်။-
si el perverso restituye la prenda, devuelve lo robado, y camina según los Estatutos que aseguran la vida, sin cometer iniquidad, ciertamente vivirá, no morirá.
16 ၁၆ သူ​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ​ကို​လည်း ငါ​သည်​ဖြေ​လွှတ်​မည်။ မှန်​ရာ​ကောင်း​ရာ​ကို ပြု​ကျင့်​သည့်​အ​တွက်​သူ​သည်​အ​သက်​ရှင် လိမ့်​မည်။
Ninguno de los pecados que cometió se recordará contra él. Practicó equidad y justicia. Ciertamente vivirá.
17 ၁၇ ``သို့​ရာ​တွင်​သင်​၏​အ​မျိုး​သား​ချင်း​တို့​က ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​စွာ​မ​စီ​ရင် ဟု​ဆို​ကြ​၏။ သူ​တို့​သာ​လျှင်​ဖြောင့်​မတ် စွာ​မ​ပြု​ကြ။-
Pero los hijos de tu pueblo dicen: ¡No es correcto el procedimiento de ʼAdonay! Pero el que no es recto es el camino de ellos.
18 ၁၈ သူ​တော်​ကောင်း​သည်​ကောင်း​မှု​ကို​ရပ်​စဲ​၍ မ​ကောင်း​မှု​ကို​ပြု​သော​အ​ခါ ထို​မ​ကောင်း မှု​အ​တွက်​သူ​သည်​သေ​ရ​လိမ့်​မည်။-
Cuando el justo se aparta de su justicia, y comete iniquidad, morirá por ello.
19 ၁၉ ဆိုး​ယုတ်​သူ​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို​စွန့် လွှတ်​၍​မှန်​ရာ​ကောင်း​ရာ​ကို​ပြု​ကျင့်​သော အ​ခါ အ​သက်​ရှင်​ခွင့်​ကို​ရ​ရှိ​လိမ့်​မည်။-
Pero cuando el perverso se aparta de su perversidad y practica equidad y justicia, vivirá por ellas.
20 ၂၀ သို့​ရာ​တွင်​အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး သား​တို့၊ သင်​တို့​က​ထာ​ဝ​ရ​ဘု​ရား​ပြု သော​အ​မှု​သည်​မ​ဖြောင့်​မတ်​ဟု​ဆို​ကြ ၏။ ငါ​သည်​သင်​တို့​ပြု​သော​အ​မှု​ကို​ထောက် ၍ သင်​တို့​အား​တ​ရား​စီ​ရင်​မည်'' ဟု​မိန့် တော်​မူ​၏။
Sin embargo dices: No es justo el procedimiento de ʼAdonay. Oh Casa de Israel, Yo los juzgaré a cada uno de ustedes según sus propios procedimientos.
21 ၂၁ ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​တစ်​ဆယ့်​နှစ်​နှစ် မြောက်၊ ဒ​သ​မ​လ၊ လ​ဆန်း​ငါး​ရက်​နေ့​၌ ယေ​ရု​ရှ​လင်​မြို့​မှ​လွတ်​မြောက်​လာ​သူ​တစ် ယောက်​သည်​လာ​၍​ငါ့​အား​ယေ​ရု​ရှ​လင် မြို့​ရန်​သူ​လက်​သို့​ကျ​ရောက်​သွား​သည့် အ​ကြောင်း​ကို​ပြော​ပြ​၏။-
El año duodécimo de nuestro cautiverio, el mes décimo, a los cinco días del mes, aconteció que vino a mí uno que escapó de Jerusalén, y me dijo: ¡La ciudad fue capturada!
22 ၂၂ ထို​သူ​မ​ရောက်​မီ​ည​နေ​ချမ်း​အ​ချိန်​၌ ထာ​ဝရ​ဘု​ရား​၏​တန်​ခိုး​တော်​သည် ငါ့​ကို လွှမ်း​မိုး​၍​နေ​၏။ နောက်​တစ်​နေ့​နံ​နက်​ထို သူ​ရောက်​ရှိ​လာ​ချိန်​၌ စ​ကား​ပြော​နိုင်​စွမ်း ရည်​ကို​ငါ့​အား​ပြန်​၍​ပေး​တော်​မူ​၏။ သို့ ဖြစ်​၍​ငါ​သည်​တိတ်​ဆိတ်​စွာ​မ​နေ​ရ တော့​ဘဲ​စ​ကား​ပြော​နိုင်​၏။
Al llegar la noche, antes de llegar el fugitivo, la mano de Yavé estuvo sobre mí y abrió mi boca antes que llegara la mañana siguiente. Al abrir mi boca, ya no estuve callado.
23 ၂၃ ထာ​ဝရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
Y la Palabra de Yavé vino a mí:
24 ၂၄ ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ ပြည်​ရှိ​ပျက်​စီး​ယို​ယွင်း​နေ​သော​မြို့​များ​တွင် နေ​ထိုင်​သူ​တို့​က`အာ​ဗြ​ဟံ​သည်​လူ​တစ်​ဦး မျှ​သာ​ဖြစ်​သော်​လည်း​ဤ​ပြည်​တစ်​ပြည်​လုံး ကို​အ​ပိုင်​ရ​ရှိ​ခဲ့​၏။ ယ​ခု​ငါ​တို့​သည်​ကား အ​ရေ​အ​တွက်​အား​ဖြင့်​များ​သည်​ဖြစ်​၍​ဤ ပြည်​ကို​ငါ​တို့​အ​ပိုင်​ရ​ကြ​ပြီ' ဟု​ပြော​ဆို နေ​ကြ​၏။
Hijo de hombre, los que viven en aquellos lugares desolados de la tierra de Israel dicen: Abraham era uno solo, pero poseyó la tierra. Así que a nosotros, que somos muchos, la tierra nos fue dada como una posesión.
25 ၂၅ ``သူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့် တော်​မူ​သည်​ကား သင်​တို့​သည်​အ​မဲ​သား​နှင့် အ​တူ​သွေး​ကို​လည်း​စား​ကြ​၏။ ရုပ်​တု​များ ကို​ဝတ်​ပြု​ရှိ​ခိုး​ကြ​၏။ လူ​၏​အ​သက်​ကို သတ်​ကြ​၏။ သို့​ပါ​လျက်​ဤ​ပြည်​ကို​သင်​တို့ အ​ပိုင်​ရ​ပြီ​ဟု​အ​ဘယ်​ကြောင့်​ထင်​မှတ် ကြ​သ​နည်း။-
Por tanto diles: ʼAdonay Yavé dice: Ustedes comen carne con la sangre, levantan sus ojos a sus ídolos y derraman sangre. ¿Y ustedes poseerán la tierra?
26 ၂၆ သင်​တို့​သည်​မိ​မိ​တို့​၏​ဋ္ဌား​ကို​အား​ကိုး ကြ​၏။ သင်​တို့​အ​ကျင့်​များ​သည်​လည်း​စက် ဆုပ်​ဖွယ်​ကောင်း​၏။ လူ​တိုင်း​ပင်​သူ​တစ်​ပါး ၏​အိမ်​ရာ​ကို​ပြစ်​မှား​ကြ​၏။ သို့​ပါ​လျက် ဤ​ပြည်​ကို​သင်​တို့​အ​ပိုင်​ရ​ပြီ​ဟု​အ​ဘယ် ကြောင့်​ထင်​မှတ်​ကြ​သ​နည်း။
Confían en su espada, cometen repugnancias, cada uno de ustedes contamina a la esposa de su prójimo. ¿Deben ustedes poseer la tierra?
27 ၂၇ ``ပျက်​စီး​ယို​ယွင်း​လျက်​ရှိ​သော​မြို့​များ​တွင် နေ​ထိုင်​ကြ​သူ​တို့​သည်​သတ်​ဖြတ်​ခြင်း​ခံ​ရ ကြ​လိမ့်​မည်​ဖြစ်​ကြောင်း၊ ငါ​အ​ရှင်​ထာ​ဝရ ဘု​ရား​သည်​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား အ​မှန်​ပင်​ဖြစ်​သည့်​အ​တိုင်း​သူ​တို့​အား​သ​တိ ပေး​လိုက်​ကြောင်း​ပြော​ကြား​လော့။ ကျေး​လက် တို့​တွင်​နေ​ထိုင်​သူ​များ​သည်​တော​တိ​ရစ္ဆာန် တို့​၏​အ​စာ​ဖြစ်​ရ​ကြ​လိမ့်​မည်။ တောင်​များ၊ လိုဏ်​ဂူ​များ​တွင်​ပုန်း​အောင်း​နေ​ကြ​သူ​တို့ သည်​ရော​ဂါ​ကြောင့်​သေ​ရ​ကြ​လိမ့်​မည်။-
Les dirás esto: ʼAdonay Yavé dice: Vivo Yo, que los que estén en aquellas ruinas ciertamente caerán a espada. Al que esté en campo abierto lo entregaré a las fieras para que lo devoren y los que estén en las fortalezas y en las cuevas morirán de pestilencia.
28 ၂၈ ငါ​သည်​ထို​ပြည်​ကို​လူ​သူ​ဆိတ်​ငြိမ်​ရာ အ​ရပ်​ဖြစ်​စေ​မည်။ ပြည်​သူ​တို့​ဂုဏ်​ယူ​ဝါ ကြွား​ရာ​ဖြစ်​သည့်​တန်​ခိုး​အာ​ဏာ​သည် လည်း​ဆိတ်​သုဉ်း​သွား​လိမ့်​မည်။ မည်​သူ​မျှ ဖြတ်​သန်း​သွား​လာ​မှု​မ​ပြု​နိုင်​လောက်​အောင် ဣ​သ​ရေ​လ​တောင်​တို့​သည်​တော​ရိုင်း​ဖြစ် လိမ့်​မည်။-
Convertiré la tierra en desierto y en desolación. Cesará el orgullo de su poderío. Las montañas de Israel serán asoladas de tal modo que nadie pase.
29 ၂၉ ငါ​သည်​လူ​တို့​အား​အ​ပြစ်​များ​အ​တွက်​ဒဏ် ခတ်​၍ သူ​တို့​၏​ပြည်​ကို​လူ​သူ​ဆိတ်​ငြိမ်​ရာ အ​ရပ်​ဖြစ်​စေ​သော​အ​ခါ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
Entonces sabrán que Yo soy Yavé, cuando convierta la tierra en desolación y desierto, por todas las repugnancias que cometieron.
30 ၃၀ ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​လူ​သား၊ သင် ၏​အ​မျိုး​သား​တို့​သည်​မြို့​တံ​တိုင်း​များ အ​နီး​၌​သော်​လည်း​ကောင်း၊ မိ​မိ​တို့​အိမ် တံ​ခါး​ဝ​များ​၌​သော်​လည်း​ကောင်း တွေ့​ဆုံ မိ​ကြ​သော​အ​ခါ​သင်​၏​အ​ကြောင်း​ကို ပြော​ဆို​နေ​ကြ​၏။ သူ​တို့​က​ထာ​ဝ​ရ ဘုရား​အ​ဘယ်​သို့​အ​မိန့်​တော်​ရှိ​သည်​ကို ယ​ခု​ငါ​တို့​သွား​၍​နား​ထောင်​ကြ​ကုန် အံ့'' ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။-
En cuanto a ti, hijo de hombre, los hijos de tu pueblo se burlan de ti junto a los muros y en las puertas de las casas. Se dicen unos a otros, cada uno a su hermano: ¡Vengan ahora y oigan cual Palabra nos llega de Yavé!
31 ၃၁ သို့​ဖြစ်​၍​ငါ​၏​လူ​မျိုး​တော်​သည်​သင်​ပြန် ကြား​ရန် ရှိ​သည့်​အ​မိန့်​တော်​ကို​နား​ထောင် ရန်​သင့်​ရှေ့​သို့​စု​ရုံး​လာ​ကြ​၏။ သို့​ရာ​တွင် သူ​တို့​သည်​သင်​ပြော​သည့်​အ​တိုင်း​မ​လုပ် ကြ။ ချစ်​ဖွယ်​သော​စ​ကား​များ​ပြော​ဆို​နေ ကြ​သော်​လည်း​လော​ဘ​စိတ်​အ​တိုင်း​ကျင့် ကြံ​ကြ​၏။-
Llegan a ti con desorden ruidoso, se sientan delante de ti como pueblo mío y oyen tus palabras, pero no las cumplen, porque con sus bocas dicen halagos, pero sus corazones andan tras su avaricia.
32 ၃၂ သူ​တို့​အ​ဖို့​မှာ​သင်​သည်​အ​ချစ်​သီ​ချင်း များ​ကို​သီ​ဆို​တီး​မှုတ်​ဖြေ​ဖျော်​သူ​ကဲ့ သို့​ဖြစ်​ပေ​သည်။ သူ​တို့​သည်​သင်​ပြော​သ​မျှ သော​စ​ကား​တို့​ကို​နား​ထောင်​ကြ​သော်​လည်း တစ်​လုံး​တစ်​ပါ​ဒ​ကို​မျှ​မ​လိုက်​နာ​ကြ။-
Mira, para ellos eres un cantante de amores, de buena voz y que canta bien: oyen tus palabras, pero no las practican.
33 ၃၃ သို့​ရာ​တွင်​သင်​၏​ဟော​ကြား​ချက်​မှန်​သ​မျှ သည်​မှန်​ကန်​လာ​ရ​မည်​ဖြစ်​သည့်​အ​တိုင်း အ​ကောင်​အ​ထည်​ပေါ်​လာ​သော​အ​ခါ မိ​မိ တို့​အ​လယ်​တွင်​ပ​ရော​ဖက်​တစ်​ပါး​ရောက် ရှိ​နေ​ကြောင်း​သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
Por tanto cuando pase esto, y ciertamente pasará, sabrán que un profeta estuvo entre ellos.

< ယေဇကျေလ 33 >