< ထွက်မြောက်ရာ 8 >
1 ၁ ထာဝရဘုရားကမောရှေအား``ဘုရင်ထံ သို့သွား၍`ငါထာဝရဘုရားအားဝတ်ပြု နိုင်ရန် ငါ၏လူမျိုးတော်ကိုသွားခွင့်ပြု လော့။-
主はモーセに言われた、「あなたはパロのところに行って言いなさい、『主はこう仰せられます、「わたしの民を去らせて、わたしに仕えさせなさい。
2 ၂ သင်သည်သူတို့ကိုသွားခွင့်မပြုလျှင် ငါ သည်သင်၏တစ်တိုင်းပြည်လုံးကိုဖားဖြင့် ဒဏ်ခတ်မည်။-
しかし、去らせることを拒むならば、見よ、わたしは、かえるをもって、あなたの領土を、ことごとく撃つであろう。
3 ၃ မြစ်ထဲတွင်ဖားများဖြင့်ပြည့်စေမည်။ ထိုဖား တို့သည်မြစ်ထဲမှသင်၏နန်းတော်၊ အိပ်ခန်း၊ အိပ်ရာ၊ သင်၏မှူးမတ်နှင့်ပြည်သားတို့၏အိမ် များ၊ သင်၏မီးဖိုနှင့်မုန့်နယ်ရာခွက်များသို့ တက်လာကြလိမ့်မည်။-
ナイル川にかえるが群がり、のぼって、あなたの家、あなたの寝室にはいり、寝台にのぼり、あなたの家来と民の家にはいり、またあなたのかまどや、こね鉢にはいり、
4 ၄ ဖားတို့သည်သင်နှင့်သင်၏မှူးမတ်၊ ပြည်သူတို့ အပေါ်သို့ခုန်တက်ကြလိမ့်မည်' ဟုပြောလော့'' ဟူ၍မိန့်တော်မူ၏။
あなたと、あなたの民と、すべての家来のからだに、はい上がるであろう」と』」。
5 ၅ တစ်ဖန်ထာဝရဘုရားက``အာရုန်အားမြစ် များ၊ ချောင်းများ၊ အင်းအိုင်များပေါ်သို့သင်၏ တောင်ဝှေးကိုကိုင်၍လက်ကိုဆန့်သောအား ဖြင့်ဖားများတက်လာ၍ အီဂျစ်တစ်ပြည်လုံး တွင်ဖားများဖြင့်ပြည့်စေလော့'' ဟုမောရှေ အားမိန့်တော်မူ၏။-
主はモーセに言われた、「あなたはアロンに言いなさい、『つえを持って、手を川の上、流れの上、、池の上にさし伸べ、かえるをエジプトの地にのぼらせなさい』と」。
6 ၆ ထို့ကြောင့်အာရုန်သည်ရေပြင်ရှိသမျှပေါ် သို့သူ၏လက်ကိုဆန့်သဖြင့် ဖားများအလွန် မြောက်မြားစွာတက်လာ၍အီဂျစ်တစ်ပြည် လုံးတွင်ဖားတို့ဖြင့်ပြည့်နှက်လျက်ရှိလေ၏။-
アロンが手をエジプトの水の上にさし伸べたので、かえるはのぼってエジプトの地をおおった。
7 ၇ မှော်ဆရာတို့ကလည်းမိမိတို့၏အတတ် ပညာဖြင့် အီဂျစ်ပြည်သို့ဖားများတက် လာစေကြ၏။
魔術師らも秘術をもって同じように行い、かえるをエジプトの地にのぼらせた。
8 ၈ ထိုအခါဘုရင်သည် မောရှေနှင့်အာရုန်တို့ ကိုခေါ်၍ ``ငါနှင့်ငါ၏ပြည်သားတို့ထံမှ ဖားတို့ကိုဖယ်ရှားပေးရန်ထာဝရဘုရား ထံဆုတောင်းပါလော့။ သို့ပြုလျှင်သင်တို့၏ အမျိုးသားများ ထာဝရဘုရားကိုယဇ် ပူဇော်ရန်သွားခွင့်ကိုငါပြုမည်'' ဟုဆို၏။
パロはモーセとアロンを召して言った、「かえるをわたしと、わたしの民から取り去るように主に願ってください。そのときわたしはこの民を去らせて、主に犠牲をささげさせるでしょう」。
9 ၉ မောရှေက``ကိုယ်တော်နှင့်ကိုယ်တော်၏မှူးမတ် ပြည်သူတို့၏အိမ်များမှဖားတို့ကိုဖယ်ရှား ၍ နိုင်းမြစ်ထဲ၌သာဖားများနေစေရန်မည် သည့်အချိန်တွင်ဆုတောင်းပေးရပါမည် နည်း'' ဟုမေးလျှောက်သော်၊
モーセはパロに言った、「あなたと、あなたの家来と、あなたの民のために、わたしがいつ願って、このかえるを、あなたとあなたの家から断って、ナイル川だけにとどまらせるべきか、きめてください」。
10 ၁၀ ဖာရောဘုရင်က``နက်ဖြန်နေ့တွင်ဆုတောင်း ပေးပါလော့'' ဟုဆိုလေ၏။ ထိုအခါမောရှေက``ကိုယ်တော်ပြောသည် အတိုင်း ဆုတောင်းပေးပါမည်။ အကျွန်ုပ်တို့ ၏ဘုရားသခင်ထာဝရဘုရားနှင့်တူ သော အခြားဘုရားမရှိကြောင်းကိုယ်တော် သိပါလိမ့်မည်။-
パロは言った、「明日」。モーセは言った、「仰せのとおりになって、わたしたちの神、主に並ぶもののないことを、あなたが知られますように。
11 ၁၁ ဖားတို့ကိုကိုယ်တော်၏နန်းတော်နှင့်ကိုယ် တော်၏မှူးမတ်ပြည်သူတို့ထံမှဖယ်ရှား၍ မြစ်ထဲ၌သာနေစေလိမ့်မည်'' ဟုလျှောက် ထားပြီးလျှင်၊-
そして、かえるはあなたと、あなたの家と、あなたの家来と、あなたの民を離れてナイル川にだけとどまるでしょう」。
12 ၁၂ မောရှေနှင့်အာရုန်တို့သည်ဘုရင်ထံမှထွက် ခဲ့ကြ၏။ ဘုရင်သည်ထာဝရဘုရားသင့်စေ သောဖားများ၏ဘေးမှလွတ်မြောက်ရန်အတွက် မောရှေသည်ထာဝရဘုရားထံတွင်ဆုတောင်း လေ၏။-
こうしてモーセとアロンはパロを離れて出た。モーセは主がパロにつかわされたかえるの事について、主に呼び求めたので、
13 ၁၃ ထာဝရဘုရားသခင်သည်မောရှေဆုတောင်း သည့်အတိုင်းပြုတော်မူသဖြင့်အိမ်များ၊ ခြံ များ၊ လယ်ကွင်းများထဲရှိဖားများသေကြ ကုန်၏။-
主はモーセのことばのようにされ、かえるは家から、庭から、また畑から死に絶えた。
14 ၁၄ အီဂျစ်ပြည်သားတို့သည်ဖားသေကောင်များ ကိုစုပုံထားကြရာတစ်ပြည်လုံးတွင်နံစော် လျက်ရှိလေ၏။-
これをひと山ひと山に積んだので、地は臭くなった。
15 ၁၅ တိုင်းပြည်တွင်အခြေအနေကောင်းလာကြောင်း ကိုတွေ့မြင်ရသောအခါ၊ ဘုရင်သည်ထာဝရ ဘုရားမိန့်တော်မူခဲ့သည့်အတိုင်းခေါင်းမာမြဲ ခေါင်းမာလျက် မောရှေနှင့်အာရုန်တို့၏စကား ကိုနားမထောင်ဘဲနေလေ၏။
ところがパロは息つくひまのできたのを見て、主が言われたように、その心をかたくなにして彼らの言うことを聞かなかった。
16 ၁၆ တစ်ဖန်ထာဝရဘုရားက``အာရုန်အားမြေ ကြီးကိုသင်၏တောင်ဝှေးနှင့်ရိုက်လော့။ အီဂျစ် တစ်ပြည်လုံးတွင်မြေမှုန့်ရှိသမျှသည်တော ခြင်များဖြစ်လာလိမ့်မည်ဟုပြောလော့'' ဟူ ၍မောရှေအားမိန့်တော်မူ၏။-
主はモーセに言われた、「あなたはアロンに言いなさい、『あなたのつえをさし伸べて地のちりを打ち、それをエジプトの全国にわたって、ぶよとならせなさい』と」。
17 ၁၇ ထို့ကြောင့်အာရုန်သည်တောင်ဝှေးဖြင့်မြေ ကြီးကိုရိုက်သဖြင့် အီဂျစ်ပြည်ရှိမြေမှုန့် ရှိသမျှသည်တောခြင်ဖြစ်လာ၍ လူနှင့် တိရစ္ဆာန်တို့၌တွယ်ကပ်လေ၏။-
彼らはそのように行った。すなわちアロンはそのつえをとって手をさし伸べ、地のちりを打ったので、ぶよは人と家畜についた。すなわち、地のちりはみなエジプトの全国にわたって、ぶよとなった。
18 ၁၈ မှော်ဆရာတို့လည်းမိမိတို့၏အတတ်ပညာ ဖြင့် တောခြင်များဖြစ်လာရန်အားထုတ်ကြ သော်လည်းမအောင်မြင်ကြချေ။ တောခြင် များသည်လူနှင့်တိရစ္ဆာန်တို့၌တွယ်ကပ် လေသည်။-
魔術師らも秘術をもって同じように行い、ぶよを出そうとしたが、彼らにはできなかった。ぶよが人と家畜についたので、
19 ၁၉ ထိုအခါမှော်ဆရာတို့ကဘုရင်အား``ဤ အမှုအရာသည်ထာဝရဘုရားပြုတော် မူသောအမှုဖြစ်၏'' ဟုလျှောက်ကြ၏။ သို့ ရာတွင်ဘုရင်သည်ထာဝရဘုရားမိန့်တော် မူခဲ့သည့်အတိုင်းခေါင်းမာမြဲခေါင်းမာလျက် မောရှေနှင့်အာရုန်တို့၏စကားကိုနား မထောင်ဘဲနေလေ၏။
魔術師らはパロに言った、「これは神の指です」。しかし主の言われたように、パロの心はかたくなになって、彼らのいうことを聞かなかった。
20 ၂၀ တစ်ဖန်ထာဝရဘုရားကမောရှေအား``နံနက် စောစောအချိန်၌ဘုရင်သည်ရေဆိပ်သို့သွား သောအခါ သူနှင့်တွေ့ဆုံ၍`ငါ၏လူမျိုးတော် သည်ငါ့အားဝတ်ပြုနိုင်ရန်သူတို့ကိုသွား ခွင့်ပြုလော့။-
主はモーセに言われた、「あなたは朝早く起きてパロの前に立ちなさい。ちょうど彼は水のところに出ているから彼に言いなさい、『主はこう仰せられる、「わたしの民を去らせて、わたしに仕えさせなさい。
21 ၂၁ သွားခွင့်မပြုလျှင်သင်နှင့်သင်၏မှူးမတ် ပြည်သူတို့ထံသို့မှက်ကောင်များကိုငါ စေလွှတ်မည်။ အီဂျစ်ပြည်သားတို့၏အိမ် များနှင့်မြေတစ်ပြင်လုံးကိုမှက်ကောင် များဖြင့်ပြည့်စေမည်။-
あなたがわたしの民を去らせないならば、わたしは、あなたとあなたの家来と、あなたの民とあなたの家とに、あぶの群れをつかわすであろう。エジプトびとの家々は、あぶの群れで満ち、彼らの踏む地もまた、そうなるであろう。
22 ၂၂ ထိုနေ့တွင်ငါ၏လူမျိုးတော်နေထိုင်ရာ ဂေါရှင်ဒေသကိုချန်လှပ်၍ထားသဖြင့် ထို ဒေသ၌မှက်ကောင်မရှိစေရ။ ထိုသို့ပြုခြင်း အားဖြင့်ငါထာဝရဘုရားသည်ဤပြည် တွင်ရှိတော်မူကြောင်းကိုသင်သိရလိမ့်မည်။-
その日わたしは、わたしの民の住むゴセンの地を区別して、そこにあぶの群れを入れないであろう。国の中でわたしが主であることをあなたが知るためである。
23 ၂၃ ငါသည်ငါ၏လူမျိုးတော်နှင့်သင်၏လူမျိုး ကိုခြားနား၍ထားမည်။ ဤနိမိတ်လက္ခဏာ ကိုနက်ဖြန်နေ့တွင်ငါပြမည်' ဟုထာဝရ ဘုရားမိန့်တော်မူကြောင်းပြောလော့'' ဟူ၍ မိန့်တော်မူသည်။-
わたしはわたしの民とあなたの民の間に区別をおく。このしるしは、あす起るであろう」と』」。
24 ၂၄ ထာဝရဘုရားသည်မှက်ကောင်အုပ်ကြီးများ ကိုဘုရင်၏နန်းတော်၊ မှူးမတ်တို့၏အိမ်များ နှင့်အီဂျစ်တစ်ပြည်လုံးသို့စေလွှတ်တော်မူ ၏။ မှက်ကောင်များကြောင့်တိုင်းပြည်ပျက် ရလေ၏။
主はそのようにされたので、おびただしいあぶが、パロの家と、その家来の家と、エジプトの全国にはいってきて、地はあぶの群れのために害をうけた。
25 ၂၅ ထိုအခါဘုရင်သည် မောရှေနှင့်အာရုန်တို့ ကိုခေါ်၍``သင်တို့၏ဘုရားအားဤပြည် ထဲ၌ယဇ်ပူဇော်လော့'' ဟုဆိုလေ၏။
そこで、パロはモーセとアロンを召して言った、「あなたがたは行ってこの国の内で、あなたがたの神に犠牲をささげなさい」。
26 ၂၆ မောရှေက``အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားအား ပူဇော်သောယဇ်ကောင် များကိုအီဂျစ်အမျိုးသားတို့ကရွံရှာ ကြမည်ဖြစ်သောကြောင့် ထိုကဲ့သို့မပြုလုပ် သင့်ပါ။ အီဂျစ်အမျိုးသားတို့သည်ယဇ် ကောင်များပူဇော်ခြင်းကိုမြင်လျှင် အကျွန်ုပ် တို့အားခဲနှင့်ပစ်၍သတ်ကြပါလိမ့်မည်။-
モーセは言った、「そうすることはできません。わたしたちはエジプトびとの忌むものを犠牲として、わたしたちの神、主にささげるからです。もし、エジプトびとの目の前で、彼らの忌むものを犠牲にささげるならば、彼らはわたしたちを石で打たないでしょうか。
27 ၂၇ အကျွန်ုပ်တို့သည်ဘုရားသခင်ထာဝရ ဘုရားမိန့်တော်မူသည့်အတိုင်း တောကန္တာရ သို့သုံးရက်ခရီးသွား၍ယဇ်ပူဇော်ရပါ မည်'' ဟုလျှောက်ဆို၏။
わたしたちは三日の道のりほど、荒野にはいって、わたしたちの神、主に犠牲をささげ、主がわたしたちに命じられるようにしなければなりません」。
28 ၂၈ ဖာရောဘုရင်က``သင်တို့၏ဘုရားသခင် ထာဝရဘုရားအား တောကန္တာရ၌ယဇ်ပူ ဇော်ရန်ငါစေလွှတ်မည်။ သို့ရာတွင်ခရီး ဝေးမသွားရ။ ငါ့အတွက်ဆုတောင်းပေး ပါလော့'' ဟုဆိုလေ၏။
パロは言った、「わたしはあなたがたを去らせ、荒野で、あなたがたの神、主に犠牲をささげさせよう。ただあまり遠くへ行ってはならない。わたしのために祈願しなさい」。
29 ၂၉ မောရှေက``နက်ဖြန်နေ့တွင်ကိုယ်တော်နှင့် မှူးမတ်ပြည်သူတို့ထံမှ မှက်ကောင်များကို ဖယ်ရှားပေးရန်ယခုကိုယ်တော်ထံမှထွက် သွားလျှင်သွားချင်း ထာဝရဘုရားထံ၌ ဆုတောင်းပေးပါမည်။ ထာဝရဘုရားကို ယဇ်ပူဇော်ရန်ဣသရေလအမျိုးသားတို့ အား ယခုသွားခွင့်ပြုပြီးမှမသွားရဟု နောက်တစ်ဖန်မလှည့်စားမတားဆီးပါ နှင့်'' ဟုလျှောက်ထားလေ၏။
モーセは言った、「わたしはあなたのもとから出て行って主に祈願しましょう。あすあぶの群れがパロと、その家来と、その民から離れるでしょう。ただパロはまた欺いて、民が主に犠牲をささげに行くのをとめないようにしてください」。
30 ၃၀ ထိုနောက်မောရှေသည်ဘုရင်ထံမှထွက်ခဲ့ ပြီးနောက် ထာဝရဘုရားထံ၌ဆုတောင်း လေ၏။-
こうしてモーセはパロのもとを出て、主に祈願したので、
31 ၃၁ ထာဝရဘုရားသည်မောရှေဆုတောင်းသည့် အတိုင်း ဘုရင်နှင့်မှူးမတ်ပြည်သူတို့ထံ၌ မှက်တစ်ကောင်မျှမကျန်စေရန်မှက်အားလုံး ကိုဖယ်ရှားတော်မူ၏။-
主はモーセの言葉のようにされた。すなわち、あぶの群れをパロと、その家来と、その民から取り去られたので、一つも残らなかった。
32 ၃၂ သို့ရာတွင်ဘုရင်သည်ယခုအကြိမ်၌လည်း ခေါင်းမာမြဲခေါင်းမာလျက် ဣသရေလ အမျိုးသားတို့ကိုသွားခွင့်မပြုချေ။
しかしパロはこんどもまた、その心をかたくなにして民を去らせなかった。