< ထွက်မြောက်ရာ 38 >
1 ၁ သူသည်ယဇ်ပလ္လင်ကိုအကာရှသစ်သားဖြင့် ဆောက်လုပ်၏။ ထိုပလ္လင်သည်အလျားခုနစ် ပေခွဲ၊ အနံခုနစ်ပေခွဲ၊ အမြင့်လေးပေခွဲ ရှိ၏။-
El altar de las ofrendas quemadas hizo de madera de acacia; un altar cuadrado, de cinco codos de largo, cinco codos de ancho y tres codos de alto,
2 ၂ ထောင့်လေးထောင့်ရှိဦးချိုသဏ္ဌာန်အတက်များ သည် ပလ္လင်နှင့်တစ်သားတည်းရှိ၏။ ပလ္လင်တစ်ခု လုံးကိုကြေးဝါပြားကပ်ထား၏။-
Y puso cuernos en sus cuatro ángulos hechos de la misma, y lo cubrió con bronce;
3 ၃ ပလ္လင်နှင့်ဆိုင်သည့်ပစ္စည်းများဖြစ်သောပြာနှင့် အဆီခံအိုး၊ ဂေါ်ပြား၊ အင်တုံ၊ ချိတ်၊ မီးကျီးခံ အိုးတို့ကိုကြေးဝါဖြင့်ပြုလုပ်၏။-
Y se usó bronce para todos los utensilios del altar, las canastas y las tenazas, las vasijas y los ganchos para carnes y las bandejas de fuego; todos los vasos que hizo de bronce.
4 ၄ ကြေးဝါဆန်ခါကို၊ ပလ္လင်အနားအောက် အမြင့်ထက်ဝက်နေရာတွင်တပ်ဆင်ထား၏။-
E hizo una parrilla de bronce para el altar, debajo del marco a su alrededor, extendiéndose hasta la mitad;
5 ၅ ကြေးဝါဆန်ခါထောင့်လေးထောင့်တွင်ထမ်း ပိုးလျှိုရန် ကွင်းကိုပြုလုပ်၏။-
Y cuatro anillos para los cuatro ángulos de esta parrilla, para tomar las varillas.
6 ၆ ထမ်းပိုးများကိုအကာရှသစ်သားဖြင့် လုပ်၍၊ ကြေးဝါပြားကပ်ထား၏။-
Las varillas que hizo de madera de acacia chapada con bronce.
7 ၇ ထမ်းပိုးများကိုပလ္လင်နံဘေးနှစ်ဘက်ရှိ ကွင်းများတွင်လျှိုထား၏။ ပလ္လင်ကိုဟင်း လင်းဖြစ်စေရန်၊ ပျဉ်ဖြင့်စပ်လုပ်၏။
Él puso las varillas a través de los anillos en los lados opuestos del altar para levantarlo; hizo el altar hueco, tapiado con madera.
8 ၈ သူသည်ထာဝရဘုရားစံတော်မူရာတဲ တော်တံခါးဝတွင် တာဝန်ကျသောအမျိုး သမီးတို့၏ကြေးမုံများဖြင့်၊ ကြေးဝါ အင်တုံနှင့်အောက်ခံကိုပြုလုပ်၏။
Hizo también la vasija de lavar de bronce sobre una base de bronce, usando los espejos de bronce pulidos que le dieron las mujeres que servían en las puertas de la Tienda de reunión.
9 ၉ သူသည်တဲတော်ကိုကာရန်ကန့်လန့်ကာများ ကို ပိတ်ချောဖြင့်ပြုလုပ်၏။ တောင်ဘက်၌ကာရန် ကန့်လန့်ကာသည်၊ အလျားကိုက်ငါးဆယ်ရှိ၏။-
Para hacer el atrio, puso cortinas en el lado sur, del mejor lino, de cien codos de longitud.
10 ၁၀ ကန့်လန့်ကာကိုချိတ်ဆွဲရန်တိုင်နှစ်ဆယ်နှင့် တိုင်ဖိနပ်နှစ်ဆယ်တိုင်ကိုကြေးဝါဖြင့်လည်း ကောင်း၊ ချိတ်များနှင့်တန်းများကိုငွေဖြင့် လည်းကောင်းပြုလုပ်၏။-
Sus veinte columnas y sus veinte basas eran de bronce; y los ganchos de los pilares y sus anillos eran de plata.
11 ၁၁ မြောက်ဘက်ကန့်လန့်ကာသည်လည်း၊ တောင် ဘက်ကန့်လန့်ကာအတိုင်းပင်ဖြစ်၏။-
Y para el lado norte. cortinas de cien codos de longitud, sobre veinte pilares de bronce en basas de bronce, con ganchos y bandas de plata.
12 ၁၂ အနောက်ဘက်၌ကာရန်ကန့်လန့်ကာသည်၊ အလျားနှစ်ဆယ့်ငါးကိုက်ရှိ၍၊ တိုင်ဆယ်တိုင်၊ တိုင်ဖိနပ်ဆယ်ခု၊ ချိတ်၊ တန်းများကိုငွေဖြင့် ပြုလုပ်၏။-
Y en el lado del oeste, cortinas de cincuenta codos de longitud, sobre diez columnas en diez basas, con anillos de plata.
13 ၁၃ တံခါးဝရှိရာတဲတော်အရှေ့ဘက်ဝင်းသည် လည်း နှစ်ဆယ့်ငါးကိုက်ကျယ်၏။-
Y en el lado este, el atrio era de cincuenta codos de largo.
14 ၁၄ တဲတော်တံခါးဝတစ်ဘက်တစ်ချက်တွင်၊ အနံခုနစ်ကိုက်ခွဲရှိသောကန့်လန့်ကာနှင့် တိုင်သုံးတိုင်၊ တိုင်ဖိနပ်သုံးခုစီရှိ၏။-
Las cortinas a un lado de la puerta eran de quince codos de largo, sobre tres columnas con sus tres basas;
Y lo mismo al otro lado de la entrada; de este lado y sobre eso, las cortinas tenían quince codos de largo, sobre tres pilares con sus tres basas.
16 ၁၆ တဲတော်ဝင်းတစ်လျှောက်ရှိကန့်လန့်ကာ အားလုံးကိုပိတ်ချောဖြင့်ပြုလုပ်သည်။-
Todas las cortinas eran del mejor lino.
17 ၁၇ တိုင်ဖိနပ်များကိုကြေးဝါဖြင့်ပြုလုပ်၍၊ တိုင် ချိတ်များ၊ တိုင်တန်းများနှင့်တိုင်ထိပ်အုပ်များ ကိုငွေဖြင့်ပြုလုပ်သည်။ တိုင်အားလုံးကိုငွေ တန်းများဖြင့်ဆက်ထား၏။-
Y las basas de las columnas eran de bronce; sus ganchos y los anillos eran de plata; todos los pilares estaban cubiertos de plata.
18 ၁၈ တဲတော်တံခါးဝအတွက်ကန့်လန့်ကာကို အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး၊ ပိတ်ချောတို့ဖြင့်ရက်လုပ်၍ပန်းထိုးထား၏။ တဲတော်ဝင်းကန့်လန့်ကာများကဲ့သို့တံခါး ဝကန့်လန့်ကာသည်အလျားတစ်ဆယ်ကိုက် နှင့်အမြင့်နှစ်ကိုက်ခွဲရှိ၏။-
Y el velo de la entrada del atrio era del mejor lino, finamente bordada de azul, púrpura y rojo en bordado; tenía veinte codos de largo y cinco codos de alto, para ir con las cortinas a los lados.
19 ၁၉ ထိုကန့်လန့်ကာကိုကြေးဝါဖိနပ်လေးခုစွပ် ထားသောတိုင်လေးတိုင်တို့တွင်ချိတ်ဆွဲထား ၏။ ချိတ်များ၊ ထိပ်အုပ်များနှင့်တန်းများကို ငွေဖြင့်ပြုလုပ်၏။-
Había cuatro columnas con sus basas, todas de bronce, los ganchos eran de plata, y sus capiteles y sus anillos estaban cubiertas de plata.
20 ၂၀ တဲတော်နှင့်ဝင်းအတွက်ကြက်ဆူးရှိသမျှ တို့ကိုကြေးဝါဖြင့်ပြုလုပ်၏။
Todos las estacas usadas para él santuario y el atrio alrededor de ella eran de bronce.
21 ၂၁ ပညတ်တော်ဆယ်ပါးရေးထိုးထားသော ကျောက်ပြားထားရှိရာတဲတော်အတွက် အသုံးပြုသောသတ္တုစာရင်းကိုဖော်ပြ ပေအံ့။ ထိုစာရင်းမှာယဇ်ပုရောဟိတ်အာရုန် ၏သားဣသမာဦးစီးသော လေဝိအမျိုး သားတို့ကမောရှေ၏အမိန့်အရပြုစု သောစာရင်းဖြစ်၏။
Este es el precio de la construcción del santuario, el santuario del pacto, según la palabra de Moisés, para la obra de los levitas bajo la dirección de Itamar, hijo de Aarón el sacerdote.
22 ၂၂ ယုဒအနွယ်ဟုရ၏မိသားစုမှဥရိ၏သား ဗေဇလေလသည် ထာဝရဘုရားကမောရှေ အားမိန့်မှာတော်မူသမျှတို့ကိုတာဝန်ယူ ဆောင်ရွက်လေ၏။-
Bezaleel, hijo de Uri, hijo de Hur, de la tribu de Judá, hizo todo lo que el Señor le había dado a Moisés que hiciera.
23 ၂၃ သူ၏အကူအညီဖြစ်သူဒန်၏အနွယ်ထဲမှ အဟိသမက်၏သားအဟောလျဘသည် ပန်းပုအတတ်၊ ပုံစံထုတ်အတတ်ကိုတတ် ကျွမ်းသူ၊ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင် သိုးမွေး၊ ပိတ်ချောတို့ကိုရက်တတ်သူဖြစ်၏။
Y con él estaba Aholiab, hijo de Ahisamac, de la tribu de Dan; un diseñador en él labrado con cincel y un obrero entrenado, experto en bordado de azul, púrpura y rojo, y el mejor lino.
24 ၂၄ တဲတော်အတွက်လူတို့လှူဒါန်းသောရွှေချိန် စုစုပေါင်းမှာ တရားဝင်ချင်တွယ်နည်းအရ နှစ်ထောင့်တစ်ရာကိုးဆယ့်ငါးပေါင်ရှိ၏။-
El oro usado para todo el trabajo diferente hecho para el lugar santo, el oro que se le dio, fue de veintinueve talentos, y setecientos treinta siclos de peso, por la escala del lugar santo.
25 ၂၅ သန်းခေါင်စာရင်းကောက်ယူစဉ်အခါက၊ ဣသရေလအမျိုးသားတို့ထံမှ ရရှိသော ငွေချိန်မှာတရားဝင်ချင်တွယ်နည်းအရ ခုနစ်ထောင့်ငါးရာငါးဆယ်ပေါင်ရှိ၏။-
Y la plata dada por los contados del pueblo fue de cien talentos, y mil setecientos setenta y cinco siclos de peso, según la balanza del lugar santo.
26 ၂၆ ထိုငွေချိန်သည်သန်းခေါင်စာရင်းဝင်သူတစ်ဦး ချင်းက တရားဝင်ချင်တွယ်နည်းအရပေးဆောင် သောငွေချိန်စုစုပေါင်းဖြစ်သတည်း။ အသက် နှစ်ဆယ်နှင့်အထက်ရှိသူသန်းခေါင်စာရင်းဝင် အမျိုးသားဦးရေမှာ ခြောက်သိန်းသုံးထောင်ငါး ရာငါးဆယ်ယောက်ဖြစ်သည်။-
Un beka, es decir, medio siclo por la escala sagrada, para todos los que fueron contados; había seiscientos tres mil quinientos cincuenta hombres de veinte años o más.
27 ၂၇ အောက်ခံတစ်ခုလျှင်ငွေချိန်ခုနစ်ဆယ့်ငါး ပေါင်ကျဖြင့် တဲတော်နှင့်ကန့်လန့်ကာအောက် ခံတစ်ရာအတွက်ငွေချိန်ခုနစ်ထောင့်ငါး ရာပေါင်ကိုအသုံးပြုသည်။-
De esta plata, se usaron cien talentos para hacer las basas de las columnas del lugar santo y del velo; un talento para cada basa.
28 ၂၈ ချိတ်များ၊ ထိပ်အုပ်များ၊ တန်းများအတွက် ကျန်သေးသောငွေချိန်ပေါင်ငါးဆယ်ကို သုံး၏။-
Y se usaron mil setecientos setenta y cinco siclos de plata para hacer los ganchos de las columnas, y para plaquear las partes superiores de los pilares y para hacer sus anillos.
29 ၂၉ လူတို့လှူဒါန်းသောကြေးဝါချိန်စုစုပေါင်း မှာ ငါးထောင်သုံးရာ့တစ်ဆယ်ပေါင်ဖြစ်၏။-
El bronce que se le dio fue setenta talentos, dos mil cuatrocientos siclos;
30 ၃၀ ထာဝရဘုရားစံတော်မူရာတဲတော်တံခါး ဝအတွက် အောက်ခံများ၊ ကြေးဝါပလ္လင်၊ ကြေး ဝါဆန်ခါ၊ ပလ္လင်နှင့်ဆိုင်သောပစ္စည်းအားလုံး၊-
De él hizo las basas de la entrada de la tienda de reunión, y el altar de bronce, y la parrilla para él altar, y todos los utensilios para el altar,
31 ၃၁ တဲတော်ဝင်းနှင့်တံခါးဝအတွက်အောက်ခံ များ၊ တဲတော်နှင့်တဲတော်ဝင်းအကာအရံ အတွက်ကြက်ဆူးရှိသမျှတို့ကိုထို ကြေးဝါဖြင့်ပြုလုပ်၏။
Y las basas para el atrio en todas partes y para su entrada, y todos las estacas para él santuario para él atrio.