< ဧသတာ 5 >
1 ၁ ဧသတာသည်မိမိအစာရှောင်၍ သုံးရက်မြောက် သောနေ့၌မိဖုရား၏အဝတ်တန်ဆာကိုဝတ် ဆင်ကာ ရာဇပလ္လင်တည်ရာခန်းမဆောင်၏ရှေ့ ၌ရှိသောနန်းတော်အတွင်းတံတိုင်းသို့သွား ၍ရပ်နေလေသည်။ မင်းကြီးသည်အဝင်ဝ ဘက်သို့လှည့်၍ထိုင်လျက်နေ၏။-
၁သုံးရက်မြောက်သောနေ့၌၊ ဧသတာသည် မိဖုရားအဝတ်တန်ဆာကို ဝတ်ဆင်၍၊ နန်းတော် အဆောင်မှတဘက်တချက်၊ နန်းတော်အတွင်းတန်တိုင်း ထဲမှာ ရပ်နေ၏။ ရှင်ဘုရင်သည် နန်းတော်တံခါးတဘက် တချက်၊ နန်းတော်ထဲ၊ ရာဇပလ္လင်ပေါ်မှာ ထိုင်တော်မူ၏။
2 ၂ သူသည်မိဖုရားဧသတာကိုမြင်သောအခါ နူးညွတ်သောစိတ်ရှိသဖြင့် ရာဇလှံတံကိုကမ်း ၍ပေးတော်မူ၏။ ဧသတာသည်ချဉ်းကပ်လာ ပြီးလျှင်ရာဇလှံတံကိုတို့ထိလိုက်လေ သည်။-
၂မိဖုရား ဧသတာသည် တန်တိုင်းတော်ထဲမှာ ရပ်နေသည်ကို ရှင်ဘုရင်မြင်လျှင်၊ နူးညွတ်သောစိတ်ရှိ၍ လက်တော်၌ပါသော ရွှေရာဇလှံတံကို၊ ဧသတာသို့ ကမ်း တော်မူသဖြင့်၊ ဧသတာသည် ချဉ်းကပ်၍ ရာဇလှံတံ တော်အထွဋ်ကို တို့လေ၏။
3 ၃ မင်းကြီးက``မိဖုရားဧသတာ၊ အကြောင်း အဘယ်သို့ရှိသနည်း။ သင်တောင်းလိုသော ဆုကိုငါ့အားပြောကြားလော့။ ငါ၏အင်ပါ ယာနိုင်ငံတစ်ဝက်ကိုပင်တောင်းလျှင်ငါပေး မည်'' ဟုဆို၏။
၃ရှင်ဘုရင်ကလည်း၊ မိဖုရားဧသတာ၊ သင်သည် အဘယ်အလိုရှိသနည်း။ အဘယ်ဆုကို တောင်းချင် သနည်း။ တောင်းသမျှကို နိုင်ငံတော် တဝက်တိုင်အောင် ငါပေးမည်ဟု မိန့်တော်မူလျှင်၊
4 ၄ ဧသတာက``အရှင်မင်းကြီးသဘောတူတော် မူပါလျှင် ယနေ့ညကျွန်တော်မပြင်ဆင်ထား သည့်ညစာစားပွဲသို့ဟာမန်နှင့်အတူကြွ ရောက်တော်မူပါ'' ဟုပြန်လည်လျှောက်ထား၏။
၄ဧသတာက၊ အရှင်မင်းကြီး အလိုတော်ရှိလျှင်၊ အရှင်မင်းကြီးအဘို့ ကျွန်တော်မပြင်ဆင်သောပွဲသို့ ဟာမန်နှင့်တကွ ယနေ့ကြွတော်မူပါဟု လျှောက်သော်၊
5 ၅ ထိုနောက်မင်းကြီးသည်ဧသတာ၏အလို ပြည့်စေရန် ဟာမန်အားအလျင်အမြန်ခေါ် ယူတော်မူပြီးလျှင် သူနှင့်အတူဧသတာ ၏ညစာစားပွဲသို့ကြွတော်မူ၏။-
၅ရှင်ဘုရင်က၊ ဧသတာ လျှောက်သည်အတိုင်း ပြုအံ့သောငှါ၊ ဟာမန်သည် အလျင်အမြန်လာစေဟု မိန့်တော်မူသဖြင့်၊ ဧသတာပြင်ဆင်သောပွဲသို့ ဟာမန်နှင့် တကွ ရှင်ဘုရင်ကြွတော်မူ၏။
6 ၆ မင်းကြီးသည်စပျစ်ရည်သောက်လျက်နေစဉ် ဧသတာအား``သင်တောင်းလိုသောဆုကိုငါ့ အားပြောကြားလော့။ သင့်အားငါပေးမည်။ ငါ၏အင်ပါယာနိုင်ငံတော်တစ်ဝက်ကိုပင် တောင်းခံလျှင်ငါပေးမည်'' ဟုမိန့်တော်မူ၏။
၆တဖန်စပျစ်ရည်သောက်ပွဲခံစဉ်၊ ရှင်ဘုရင်က၊ သင်သည် အဘယ်သို့ အလိုရှိသနည်း။ အလိုရှိသည် အတိုင်း ငါပေးမည်။ အဘယ်ဆိုကို တောင်းချင်သနည်း။ တောင်းသမျှကိုနိုင်ငံတော်တဝက်တိုင်အောင် ငါပေးမည် ဟု ဧသတာအားမိန့်တော်မူလျှင်၊
7 ၇ ဧသတာကအကယ်၍အရှင်မင်းကြီး သည် ကျွန်တော်မတောင်းခံသည့်ဆုကိုပေး တော်မူမည်ဆိုပါက နက်ဖြန်ခါအရှင်၏ အတွက်ကျွန်တော်မပြင်ဆင်ကျွေးမွေးမည့် ညစာစားပွဲသို့လည်း ဟာမန်နှင့်အတူကြွ တော်မူပါ။ ထိုအခါကျွန်တော်မတောင်းလို သောဆုကိုပြောကြားပါမည်'' ဟုလျှောက် လေ၏။
၇ဧသတာက၊ ကျွန်တော်မအလိုရှိ၍ ကျွန်တော်မ တောင်းချင်သော ဆုဟူမူကား၊
၈ကျွန်တော်မကို အရှင်မင်းကြီး၏စိတ်နှင့် တွေ့ တော်မူလျှင်၎င်း၊ ကျွန်တော်မအလိုရှိ၍ ကျွန်တော် မတောင်းချင်သောဆုကို ပေးသနားခြင်းငှါ အရှင်မင်းကြီး အလိုတော်ရှိလျှင်၎င်း၊ ကျွန်တော်မပြင်ဆင်သော ပွဲသို့ အရှင်မင်းကြီးသည် ဟာမန်နှင့်တကွ တဖန်ကြွတော်မူပါ။ အမိန့်တော်ရှိသည်အတိုင်း နက်ဖြန်နေ့၌ ကျွန်တော်မပြု ပါမည်ဟု ပြန်လျှောက်လေ၏။
9 ၉ ညစာစားပွဲမှထွက်ခွာလာသောအခါ ဟာမန် သည်ဝမ်းမြောက်ပျော်ရွှင်လျက်နေ၏။ သို့ရာ တွင်သူသည်မော်ဒကဲကိုနန်းတော်အဝင်ဝ တွင်တွေ့ရှိရ၍ မော်ဒကဲကသူ့အားအရို အသေမပြုသောအခါ၌မူပြင်းစွာ အမျက်ထွက်လေသည်။-
၉ထိုနေ့၌ ဟာမန်သည် ဝမ်းမြောက်ရွှင်လန်း သော စိတ်နှင့် ထွက်သွားသော်လည်း၊ နန်းတော်တံခါးဝ မှာ မော်ဒကဲသည် ရိုသေစွာမထ၊ အလျှင်းမလှုပ်ဘဲနေ သည်ကို မြင်သောအခါ၊ မော်ဒကဲကို အလွန်အမျက် ထွက်လေ၏။
10 ၁၀ သို့သော်လည်းသူသည်မိမိစိတ်ကိုချုပ်တည်း လျက်အိမ်သို့ပြန်ပြီးလျှင် မိတ်ဆွေများကို မိမိအိမ်သို့ခေါ်ဖိတ်ကာမိမိဇနီးဇေရတ် ကိုလည်းသူတို့နှင့်အတူထိုင်စေ၏။-
၁၀သို့ရာတွင် မိမိစိတ်ကို ချုပ်တည်းလျက်သွား၍၊ မိမိအိမ်သို့ရောက်သောအခါ၊ မယားဇေရက်နှင့် အဆွေ ခင်ပွန်းတို့ကို ခေါ်ပြီးလျှင်၊
11 ၁၁ ထိုနောက်ဟာမန်သည်မိမိအဘယ်မျှချမ်း သာကြွယ်ဝကြောင်း မိမိမှာသားယောကျာ်း အဘယ်မျှရှိကြောင်း၊ မိမိအားဘုရင်မင်း မြတ်သည်ကြီးမြင့်သည့်ရာထူးဖြင့်အဘယ် သို့ချီးမြှင့်တော်မူကြောင်း၊ မိမိသည်အခြား မင်းအရာရှိများထက် အဘယ်မျှပို၍အရေး ပါအရာရောက်ကြောင်းများကိုကြွားဝါပြော ဆိုလေသည်။-
၁၁မိမိဘုန်းစည်းစိမ်ကြီးကြောင်း၊ သားသမီးများ ကြောင်း၊ ရှင်ဘုရင် အလွန်ချီးမြှောက်၍ မှူးတော် မတ်တော် ကျွန်တော်မျိုးများထက်သာ၍ မြတ်သောအရာ ၌ ခန့်ထားတော်မူကြောင်းများကို ဘော်ပြလျက်၊
12 ၁၂ သူသည်ဆက်လက်၍``ဤအမှုအရာများ အပြင်မိဖုရားဧသတာကလည်းမင်းကြီး နှင့်ငါသာလျှင် ညစာစားပွဲနှင့်ဧည့်ခံခဲ့ ပါ၏။ နက်ဖြန်ခါလည်းငါတို့အားညစာ စားပွဲသို့ဖိတ်ကြားထားပါသေးသည်။-
၁၂မိဖုရားဧသတာသည် မိမိပြင်ဆင်သောပွဲသို့ ငါမှတပါး၊ အဘယ်သူကိုမျှ ရှင်ဘုရင်နှင့်အတူမဝင်စေ။ နက်ဖြန်နေ့၌လည်း ရှင်ဘုရင်နှင့်အတူ ငါ့ကို ဘိတ်ပြန်၏။
13 ၁၃ သို့ရာတွင်နန်းတော်တံခါးဝတွင်ယုဒအမျိုး သားမော်ဒကဲထိုင်လျက်နေသည်ကို ငါတွေ့မြင် နေရသမျှကာလပတ်လုံး ယခုဖော်ပြသမျှ တို့သည်ငါ့အတွက်အဘယ်ကျေးဇူးရှိသနည်း'' ဟုဆို၏။
၁၃သို့ရာတွင်၊ ယုဒလူမော်ဒကဲသည် နန်းတော် တံခါးဝမှာ ထိုင်လျက်ရှိသည်ကို ငါမြင်ရသည် ကာလ ပတ်လုံး၊ ယခုဘော်ပြသမျှတို့သည် ငါ၌ ကျေးဇူးမရှိဟု ဆို၏။
14 ၁၄ ထို့အခါသူ၏ဇနီးနှင့်မိတ်ဆွေအပေါင်း တို့ကသူ့အား``ခုနစ်ဆယ့်ငါးပေမြင့်သည့် လည်ဆွဲတိုင်ကိုစိုက်ထူစေပါလော့။ မော်ဒကဲ အားထိုလည်ဆွဲတိုင်တွင်တင်၍သတ်ရန် နက် ဖြန်နံနက်၌မင်းကြီးအားလျှောက်ထားပါ လော့။ ထိုနောက်ပျော်ရွှင်စွာညစာစားပွဲသို့ သွားနိုင်ပါလိမ့်မည်'' ဟုအကြံပေးကြ၏။ ဟာမန်သည်ထိုအကြံကိုနှစ်သက်သဖြင့် လည်ဆွဲတိုင်ကိုစိုက်ထူစေ၏။
၁၄ထိုအခါ မယားဇေရက်နှင့် အဆွေခင်ပွန်း ရှိသမျှတို့က၊ အတောင်ငါးဆယ်မြင့်သော လည်ဆွဲချစေ မည်အကြောင်း နက်ဖြန်သံတော်ဦးတင်လော့။ ထိုနောက် မှ စိတ်ရွှင်လန်းလျက် ရှင်ဘုရင်နှင့်အတူ ပွဲသို့ဝင်လော့ဟု ပြောဆိုသောစကားကို ဟာမန်သည် နှစ်သက်၍၊ လည်ဆွဲ ချတိုင်ကို လုပ်စေ၏။