< တရားဟောရာ 13 >
1 ၁ ``သင်တို့တွင်ပရောဖက်သို့မဟုတ် အိပ်မက် ကိုဖတ်တတ်သူတစ်ဦးဦးက၊-
Kama miongoni mwenu ainuka nabii au muota ndoto,
2 ၂ သင်တို့ယခင်ကဝတ်မပြု၊ မကိုးကွယ်ဘူး သောဘုရားများကို ဝတ်ပြုကိုးကွယ်စေရန် အလို့ငှာနိမိတ်လက္ခဏာကိုသော်လည်းကောင်း၊ အံ့ဖွယ်သောအမှုကိုသော်လည်းကောင်းပြုမည် ဟုပြောလိမ့်မည်။ သူပြောသည့်အတိုင်း နိမိတ် လက္ခဏာနှင့်အံ့ဖွယ်သောအမှုကိုပြနိုင် သည့်တိုင်အောင်၊-
na kama anawapa ishara au maajabu, na kama ishara au maajabu yanatokea, kama alivyozungumza kwenu na kusema, “Ebu tuifuate miungu mingine, ambayo hatuijui, na tuiabudu.
3 ၃ ထိုသူ၏စကားကိုနားမထောင်ရ။ သင်တို့ သည်ထာဝရဘုရားအား ကိုယ်စိတ်နှလုံး ဖြင့်ချစ်သည်မချစ်သည်ကိုသိနိုင်ရန် သင် တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုသူအားဖြင့်သင်တို့ကိုစစ်ဆေးခြင်း ဖြစ်၏။-
Usisikilize maneno ya nabii huyo, au kwa huyo muota ndoto, kwa kuwa Yahwe Mungu wako anakujaribu kujua kama unampenda Yahwe Mungu wako kwa moyo wako wote na roho yako yote.
4 ၄ ထာဝရဘုရား၏ဦးဆောင်မှုကိုခံယူ၍ ကိုယ် တော်ကိုကြောက်ရွံ့ရိုသေလော့။ ကိုယ်တော်၏ ပညတ်တော်တို့ကိုစောင့်ထိန်း၍ စကားတော် ကိုနားထောင်လော့။ ကိုယ်တော်ကိုဝတ်ပြု ကိုးကွယ်၍ ကိုယ်တော်အားသစ္စာရှိလော့။-
Mtatembea baada ya Yahwe Mungu wenu, mheshimu, mzishike amri zake, na mtii sauti yake, na mtamwabudu na kushikamana naye.
5 ၅ သင်တို့အားကျွန်ခံရာအီဂျစ်ပြည်မှကယ် တင်တော်မူခဲ့သော ထာဝရဘုရားကိုပုန် ကန်ရန်တိုက်တွန်းသောပရောဖက် သို့မဟုတ် အိပ်မက်ဖတ်တတ်သူကိုသေဒဏ်စီရင်ရမည်။ ထိုသူသည်သင်တို့အား ထာဝရဘုရားမိန့် မှာတော်မူသောအသက်ရှင်ရာလမ်းမှ သွေ ဖည်သွားစေရန်သွေးဆောင်သူဖြစ်သည်။ ယင်းဒုစရိုက်ကို သင်တို့မှဖယ်ရှားပစ်ရန် ထိုသူကိုသေဒဏ်စီရင်ရမည်။''
Nabii huyo au muota ndoto atauwawa, kwa sababu amezungumza uasi dhidi ya Yahwe Mungu wenu, ambaye aliwaleta toka nchi ya Misri, na aliyewakomboa kutoka nyumba ya utumwa. Hivyo nabii anataka kuwaondoa katika njia ambayo Yahwe Mungu wenu aliwaamuru kutembea. Kwa hiyo weka mbali maouvu kutoka kwenu.
6 ၆ ``သင်၏ညီအစ်ကို၊ သင်၏သားသမီး၊ သင်ချစ် သောဇနီး၊ သင်နှင့်အလွန်ရင်းနှီးသောမိတ်ဆွေ တစ်ဦးဦးကပင်လျှင် သင်နှင့်သင်၏ဘိုးဘေး တို့ယခင်ကဝတ်မပြုမကိုးကွယ်ဘူးသော အခြားဘုရားများကိုဝတ်ပြုကိုးကွယ် ရန်တိတ်တဆိတ်သွေးဆောင်ပေလိမ့်မည်။-
Tuseme kwamba ndugu yako, mwana wa mama yako, au mwana wako, au binti yako, au mke wa karibu nawe, au rafiki yako ambaye ni kama roho yako, kukushawishi kwa siri na kusema, “Acha tuende na tukaabudu miungu mingine ambayo hatujazijua, wala wewe wala mababu zako-
7 ၇ သူတို့တစ်ဦးဦးကသင်တို့အနီးအပါး တွင်နေထိုင်သူ သို့မဟုတ်သင်တို့နှင့်ဝေးသော အရပ်တွင်နေထိုင်သူတို့၏ဘုရားများကို ဝတ်ပြုကိုးကွယ်ရန်ဖြားယောင်းပေလိမ့်မည်။-
Miungu yeyote ya watu ambayo imewazunguka, karibu nanyi au mbali kutoka, kutoka mwisho wa dunia kwenda mwisho mwingine wa dunia.
8 ၈ ထိုအခါသင်တို့သည်သူဖြားယောင်းသည့် အတိုင်းမလိုက်လျောနှင့်။ သူပြောသည့်စကား ကိုပင်နားမထောင်နှင့်။ သူ့အားထောက်ထား ညှာတာခြင်းမပြုရ။ အကာအကွယ်မပေးရ။-
Usimkubali au kumsikiliza. Wala macho yako yasione huruma, wala hautamuacha akiba au kumficha.
9 ၉ သူ့ကိုသတ်ပစ်လော့။ သူ့ကိုသေဒဏ်စီရင် ရာတွင် သင်သည်သူ့ကိုအဦးဆုံးကျောက်ခဲ နှင့်ပစ်သူဖြစ်ရမည်။ ထို့နောက်မှအခြား သူများကိုကျောက်ခဲနှင့်ပစ်စေရမည်။-
Badala yake, utamuacha hakika; mkono wako utakuwa wa kwanza kumuua, na badae mkono wa watu wote.
10 ၁၀ သူ့ကိုကျောက်ခဲနှင့်ပစ်၍သတ်ရမည်။ သင်တို့ အားကျွန်ခံရာအီဂျစ်ပြည်မှကယ်တင်တော် မူခဲ့သော သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုပစ်ပယ်စေရန်သူသည်သွေးဆောင် ခဲ့၏။-
Mtamponda mpaka kufa kwa mawe, kwa sababu amejaribu kuwaondoa kutoka kwa Yahwe Mungu wenu, ambaye aliwatoa kutoka nchi ya Misri, nje ya nyumba ya utumwa.
11 ၁၁ ထိုအခါဣသရေလအမျိုးသားအပေါင်း တို့သည် ဤသတင်းကိုကြားရသဖြင့် မည်သူ မျှထိုကဲ့သို့သောဒုစရိုက်ကိုနောက်တစ်ဖန် ကူးလွန်ဝံ့ကြမည်မဟုတ်ချေ။''
Israel yote itasikia na kuogopa, na haitaendelea kufanya aina ya uovu miongoni mwenu.
12 ၁၂ ``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသော မြို့များတွင်နေထိုင် ကြသောအခါသင်၏အမျိုးသားထဲမှ၊-
Kama utasikia yeyote anasema kuhusu moja ya miji yenu, kwamba Yahwe Mungu wenu anawapa kuishi ndani yake.
13 ၁၃ အခြေမရှိသူအချို့ကတစ်မြို့သားချင်း တို့အား ယခင်ကသူတို့ဝတ်မပြုမကိုး ကွယ်ဘူးသော ဘုရားများကိုဝတ်ပြုကိုး ကွယ်ရန်သွေးဆောင်သည့်သတင်းကိုကြား မိလျှင်၊-
Baadhi ya wenzuni waovu wamewaacha miongoni mwenu na kuacha kwa mbali wakazi wa miji yao na kusema, “Acha tuende na kuabudu miungu mingine ambayo hamjaijua.
14 ၁၄ သင်တို့သည်စေ့စေ့စပ်စပ်မေးမြန်းစုံစမ်း လော့။ ထိုဒုစရိုက်ကိုဧကန်ပြုကြောင်းစုံ စမ်းသိရှိရသော်၊-
Basi utaichunguza uthibitisho, kufanya utafiti na kuipeleleza kwa kina. Wakati unagundua kwamba ni kweli na hakuna shaka kwamba chukizo hilo lililofanyika miongoni mwenu, kisha utachukua hatua.
15 ၁၅ ထိုမြို့သူမြို့သားအားလုံးနှင့်သူတို့၏သိုး နွားတိရစ္ဆာန်ရှိသမျှတို့ကို သတ်ဖြတ်သုတ် သင်ပစ်ရမည်။ သူတို့နေထိုင်ရာမြို့ကိုလည်း လုံးဝဖျက်ဆီးပစ်ရမည်။-
Utawashambulia hakika wenyeji wa mji huo kwa makali ya upanga. Utaangamiza kabisa na watu wote walio ndani yake, pamoja na mifugo yake, pamoja na makali ya upanga.
16 ၁၆ ထိုမြို့သားတို့ပိုင်သောပစ္စည်းဥစ္စာရှိသမျှတို့ ကို မြို့စျေးကွက်တွင်စုပုံရမည်။ ထို့နောက်မြို့ နှင့်တကွပစ္စည်းရှိသမျှတို့ကို သင်၏ဘုရားသခင်ထာဝရဘုရားအားပူဇော်သကာ အဖြစ်မီးရှို့ရမည်။ ထိုမြို့ကိုအသစ်တစ်ဖန် မတည်မဆောက်ရ။ မြို့ပျက်အဖြစ်အစဉ် တည်ရှိစေရမည်။-
Utakusanya nyara zote kutoka katikati mwa mitaa yake na utuunguza mji, pamoja na nyara zake zote - kwa kuwa Yahwe Mungu wako. Mji utakuwa mchungu wa uharibifu milele; haupaswi kujengwa tena.
17 ၁၇ ဖျက်ဆီးပစ်ရမည့်အရာတစ်စုံတစ်ခုကို မျှ သင်တို့အတွက်သိမ်းဆည်းမထားရ။ ထို အတိုင်းဆောင်ရွက်လျှင် ထာဝရဘုရားသည် အမျက်တော်ပြေလျက် သင်တို့အားသနား ကြင်နာတော်မူလိမ့်မည်။ ငါယနေ့သင်တို့ အားမှာကြားသည့်ပညတ်ရှိသမျှတို့ကို စောင့်ထိန်းလျက် ကိုယ်တော်၏အလိုတော် အတိုင်းဆောင်ရွက်လျှင် သင်တို့၏ဘိုးဘေး တို့အားကတိတော်ရှိသည့်အတိုင်း ကိုယ် တော်သည်သင်တို့ကိုသနားကြင်နာ၍ သင်တို့၏လူမျိုးကိုတိုးပွားများပြား စေတော်မူလိမ့်မည်။''
Hakuna hata kimoja kati ya vitu hivyo vimewekwa wakfu kwa ajili ya kuangamizwa vinapaswa kugadamana kwenye mkono wako. Hii inapaswa kuwa kesi, ili kwamba Yahwe atageuka kutoka kwenye ukali wa hasira yake, kumuonyesha rehema, kuwa na huruma kwako, na kukufanya wewe kuogezeka katika idadi, kama alivyoapa kwa baba zako.
Atafanya hivi kwa sababu unasikiliza sauti ya Yahwe Mungu wako, kuzishika amri zake ambazo ninakuamuru leo, kufanya kile kilicho sahihi mbele ya macho ya Yahwe Mungu wako.