< ဒံယေလ 4 >
1 ၁ နေဗုခဒ်နေဇာမင်းသည်ကမ္ဘာပေါ်ရှိဘာသာ စကားအမျိုးမျိုးကို ပြောဆိုသောလူမျိုး အပေါင်းတို့ထံသို့ သဝဏ်လွှာတစ်စောင်ကို အောက်ပါအတိုင်းပေးပို့တော်မူ၏။ ``သင်တို့သည်ချမ်းမြေ့သာယာကြပါစေ သော။-
König Nebukadnezar wünscht allen Völkern, Stämmen und Zungen, die auf der ganzen Erde wohnen, großen Frieden!
2 ၂ ငါ့အားအမြင့်မြတ်ဆုံးသောဘုရားသခင် ပြတော်မူသော အံ့သြဖွယ်ရာများနှင့်နိမိတ် လက္ခဏာများအကြောင်းကိုနားထောင်ကြ လော့။
Es hat mir gefallen, die Zeichen und Wunder kundzutun, die der höchste Gott an mir getan hat.
3 ၃ ``ငါတို့အားဘုရားသခင်ပြတော်မူသော အံသြဖွယ်ရာတို့သည်လွန်စွာကြီးမြတ် ပါသည်တကား။ ကိုယ်တော်ပြတော်မူသောနိမိတ်လက္ခဏာ များသည် လွန်စွာတန်ခိုးတော်နှင့်ပြည့်စုံပါသည်တကား။ ဘုရားသခင်သည်ထာဝစဉ်ဘုရင်ဖြစ်တော် မူ၏။ ကိုယ်တော်သည်လောကကိုကာလအစဉ် အုပ်စိုးတော်မူလိမ့်မည်။
Wie groß sind seine Zeichen und wie gewaltig seine Wunder! Sein Reich ist ein ewiges Reich, und seine Herrschaft währt für und für!
4 ၄ ``ငါနေဗုခဒ်နေဇာမင်းသည်နန်းတော်တွင် ချမ်းမြေ့စွာ စံမြန်းလျက်နေတော်မူစဉ်အိပ် ပျော်ချိန်၌၊-
Ich, Nebukadnezar, lebte sorglos in meinem Hause und gesund in meinem Palast.
5 ၅ ကြောက်မက်ဖွယ်ကောင်းသောအိပ်မက်ကို မြင်မက်၍ ထိတ်လန့်ဖွယ်ရာရူပါရုံများ ကိုမြင်ရ၏။-
Da hatte ich einen Traum, der mich erschreckte, und die Gedanken auf meinem Lager und die Gesichte meines Hauptes ängstigten mich.
6 ၆ ငါသည်အိပ်မက်၏အနက်အဋ္ဌိပ္ပါယ်ကိုမိမိ အားဖွင့်ပြရန် အတိုင်ပင်ခံအရာရှိအပေါင်း တို့ကိုဆင့်ခေါ်ခဲ့၏။-
Und es ward von mir Befehl gegeben, alle Weisen Babels vor mich zu bringen, damit sie mir des Traumes Deutung kundtäten.
7 ၇ ထိုအခါရှိရှိသမျှသောဗေဒင်ဆရာ၊ မျက် လှည့်ဆရာ၊ မှော်ဆရာနှင့်နက္ခတ်ဆရာများ သည်ရှေ့တော်သို့ရောက်ရှိလာကြ၏။ ငါသည် သူတို့အားငါ၏အိပ်မက်ကိုပြောပြသော် လည်း သူတို့သည်ထိုအိပ်မက်၏အနက်ကို မဖော်ပြနိုင်ကြပါ။-
Alsbald kamen die Schriftkundigen, Wahrsager, Chaldäer und Sterndeuter herbei, und ich erzählte vor ihnen den Traum; aber sie konnten mir die Deutung nicht kundtun,
8 ၈ ထိုနောက်(ငါကိုးကွယ်သောဘုရား၏နာမည် ဖြစ်သည့်ဗေလတရှာဇာဟုလည်းနာမည် တွင်သော) ဒံယေလသည်ငါ၏ရှေ့တော်သို့ ရောက်ရှိလာလေသည်။ သန့်ရှင်းမြင့်မြတ်သည့် ဘုရားတို့၏ဝိညာဉ်သည်သူ၏အတွင်း၌ ကိန်းအောင်းသဖြင့် ငါသည်သူ့အားငါအ ဘယ်သို့အိပ်မက်မြင်မက်သည်ကိုပြော ပြ၏။-
bis zuletzt Daniel vor mich kam, der Beltsazar heißt nach dem Namen meines Gottes, und in welchem der Geist der heiligen Götter ist; vor dem erzählte ich meinen Traum:
9 ၉ ငါကသူ့အား``ဗေဒင်ဆရာတို့၏အကြီး အမှူးဖြစ်သောဗေလတရှာဇာ၊ သင့်အတွင်း ၌သန့်ရှင်းမြင့်မြတ်သည့်ဘုရားတို့၏ဝိညာဉ် ကိန်းအောင်းကြောင်းကိုလည်းကောင်း၊ လျှို့ဝှက် ခက်ခဲသည့်အရာခပ်သိမ်းကိုသင်နားလည် ကြောင်းကိုလည်းကောင်းငါသိ၏။ အိပ်မက် တွင်ငါတွေ့မြင်ရသည့်ရူပါရုံအကြောင်း ကိုနားထောင်၍အနက်ကိုငါ့အားပြော ကြားပါလော့။
Beltsazar, du Oberster der Schriftkundigen, von dem ich weiß, daß der Geist der heiligen Götter in dir ist und daß kein Geheimnis dir Mühe macht, vernimm das Traumgesicht, das ich gesehen habe, und sage mir, was es bedeutet!
10 ၁၀ ``ငါသည်အိပ်ပျော်လျက်နေစဉ်ကမ္ဘာမြေ ပြင်၏အထက်ဗဟို၌ရှိသောသစ်ပင် မြင့်ကြီးတစ်ပင်ကိုအိပ်မက်မြင်မက်၏။-
Das sind aber die Gesichte meines Hauptes auf meinem Lager: Ich schaute, und siehe, es stand ein sehr hoher Baum mitten auf der Erde.
11 ၁၁ ထိုသစ်ပင်သည်ကမ္ဘာမြေပေါ်တွင်ရှိသမျှ သောလူအပေါင်းတို့မြင်ရကြသည်တိုင် အောင် မိုးကောင်းကင်အထိမြင့်မားလာ လေသည်။-
Der Baum war groß und stark, und sein Wipfel reichte bis an den Himmel, und er wurde gesehen bis ans Ende der ganzen Erde.
12 ၁၂ ထိုသစ်ပင်၏အကိုင်းအခက်တို့သည်လှပ ဝေဆာလျက် အသီးလည်းပေါများသဖြင့် တစ်ကမ္ဘာလုံးစားသုံးနိုင်၏။ တောတိရစ္ဆာန် တို့သည်ထိုအပင်၏အရိပ်တွင်နားနေကြ၏။ ငှက်တို့သည်အကိုင်းအခက်များတွင်အသိုက် လုပ်ကြ၏။ သက်ရှိသတ္တဝါအပေါင်းတို့သည် ထိုအပင်၏အသီးကိုစားကြ၏။
Sein Laub war schön und seiner Früchte viel, und Nahrung für alle fand sich an ihm; unter ihm suchten Schatten die Tiere des Feldes, und die Vögel des Himmels wohnten auf seinen Zweigen, und von ihm nährte sich alles Fleisch.
13 ၁၃ ``ငါသည်ထိုဗျာဒိတ်ရူပါရုံတွင်တွေ့မြင် ရပုံကိုစဉ်းစားဆင်ခြင်လျက်နေစဉ် နိုး ကြားစောင့်ကြည့်သူကောင်းကင်တမန်တစ် ပါးဆင်းသက်လာသည်ကိုမြင်ရ၏။-
Ich sah in den Gesichten meines Hauptes auf meinem Lager und siehe, ein heiliger Wächter fuhr vom Himmel herab;
14 ၁၄ ကောင်းကင်တမန်က`ဤသစ်ပင်ကိုခုတ်ချ ၍အကိုင်းတို့ကိုဖြတ်တောက်ပစ်လော့။ အရွက် တို့ကိုချွေ၍အသီးတို့ကိုကြဲဖြန့်ပစ်လော့။ တိရစ္ဆာန်တို့ကိုထိုသစ်ပင်ရိပ်မှလည်းကောင်း၊ ငှက်တို့ကိုအကိုင်းအခက်များမှလည်း ကောင်းမောင်းထုတ်လော့။-
der rief mit gewaltiger Stimme und sprach: «Hauet den Baum um und schlaget seine Äste weg, streifet sein Laub ab und zerstreuet seine Früchte, jaget die Tiere unter ihm fort und die Vögel von seinen Zweigen!
15 ၁၅ သို့ရာတွင်မြေတွင်ရှိသည့်သစ်ငုပ်ကိုမူ သံကြိုး၊ ကြေးဝါကြိုးတို့ဖြင့်ချည်နှောင် ၍ကွင်းထဲ၌မြက်တောတွင်ထားခဲ့လော့။ ` ``ထိုသူအားဆီးနှင်းထဲတွင်တိရစ္ဆာန်များ၊ အပင်ငယ်များနှင့်အတူနေစေလော့။-
Aber seinen Wurzelstock sollt ihr in der Erde lassen, und zwar in Fesseln von Eisen und Erz im grünen Felde, damit er vom Tau des Himmels benetzt werde und mit den Tieren Anteil habe an den Kräutern der Erde.
16 ၁၆ သူသည်လူစိတ်ပျောက်လျက်ခုနစ်နှစ်တိုင် တိုင် တိရစ္ဆာန်စိတ်ပေါက်၍နေလိမ့်မည်။-
Sein Herz soll verändert werden, daß es kein menschliches mehr sei, und es soll ihm ein tierisches Herz gegeben werden, und sieben Zeiten sollen darüber vergehen.
17 ၁၇ ဤကားနိုးကြားစောင့်ကြည့်သူကောင်းကင် တမန်များ၏စီရင်ဆုံးဖြတ်ချက်တည်း။ သို့ ဖြစ်၍အမြင့်မြတ်ဆုံးသောဘုရားသခင် သည် လောကီနိုင်ငံများအပေါ်သို့တန်ခိုး အာဏာလွှမ်းမိုးတော်မူနိုင်ကြောင်းကိုလည်း ကောင်း၊ ကိုယ်တော်သည်အသိမ်ငယ်ဆုံးသော သူကိုပင်လျှင်ရွေးချယ်၍မင်းမြှောက်တော် မူနိုင်ကြောင်းကိုလည်းကောင်း အရပ်တကာ ရှိလူအပေါင်းတို့သိရှိကြစေ' ဟုအသံ ကျယ်စွာကြွေးကြော်၏။
Im Rat der Wächter wurde das beschlossen und von den Heiligen besprochen und verlangt, damit die Lebendigen erkennen, daß der Höchste Gewalt hat über das Königtum der Menschen und es gibt, wem er will, und den Niedrigsten der Menschen darüber setzt.»
18 ၁၈ နေဗုခဒ်နေဇာမင်းက``ဤကားငါမြင်မက် သည့်အိပ်မက်ဖြစ်၏။ အချင်းဗေလတရှာဇာ၊ ယခုငါ့အားထိုအိပ်မက်၏အနက်ကိုဖော် ပြပါလော့။ ယင်းကိုငါ၏အတိုင်ပင်ခံ အရာရှိတစ်ယောက်မျှမဖော်ပြနိုင်ပါ။ သို့ရာတွင်သန့်ရှင်းမြင့်မြတ်သည့်ဘုရားတို့ ၏ဝိညာဉ်သည်သင့်၏အထဲ၌ကိန်းအောင်း သည်ဖြစ်၍သင်သည်ထိုအိပ်မက်၏အနက် ကိုဖော်ပြနိုင်ပါ၏'' ဟုမိန့်တော်မူ၏။
Diesen Traum habe ich, König Nebukadnezar, gesehen; du aber, Beltsazar, gib die Auslegung, weil alle Weisen meines Reiches nicht imstande sind, dieselbe kundzutun; du aber kannst es, weil der Geist der heiligen Götter in dir ist!
19 ၁၉ ထိုအခါဗေလတရှာဇာဟုလည်းနာမည် တွင်သောဒံယေလသည် အလွန်ထိတ်လန့် သွားသဖြင့်စကားပင်မပြောနိုင်ဘဲနေ ၏။ မင်းကြီးက``အချင်းဗေလတရှာဇာ၊ အိပ်မက်နှင့်အိပ်မက်၏အနက်ကြောင့်ထိတ် လန့်ခြင်းမရှိနှင့်'' ဟုမိန့်တော်မူလျှင်၊ ဗေလတရှာဇာက``အရှင်မင်းကြီး၊ ထိုအိပ် မက်နှင့်အနက်သည်အရှင်၏အတွက်မဟုတ် ဘဲအရှင်၏ရန်သူများအတွက်ဖြစ်ပါစေ သော။-
Da blieb Daniel, den man Beltsazar heißt, eine Weile ganz starr, und seine Gedanken erschreckten ihn. Der König antwortete und sprach: Beltsazar, der Traum und seine Deutung dürfen dich nicht erschrecken! Beltsazar antwortete und sprach: Mein Herr, der Traum gelte deinen Hassern und seine Auslegung deinen Feinden!
20 ၂၀ မြင့်မားထွားကြိုင်းသည့်သစ်ပင်သည်မိုး ကောင်းကင်အထိရောက်ရှိ၍ ကမ္ဘာပေါ်ရှိလူ အပေါင်းတို့သည်ထိုအပင်ကိုမြင်ကြ၏။-
Der Baum, den du gesehen hast, so groß und stark, daß sein Wipfel bis zum Himmel reichte und der über die ganze Erde zu sehen war,
21 ၂၁ ထိုအပင်၏အကိုင်းအခက်များသည်လှပ ဝေဆာလျက် အသီးလည်းပေါများသဖြင့် ကမ္ဘာတစ်ဝန်းလုံးစားသုံးနိုင်၏။ ထိုအပင် အောက်တွင်တောတိရစ္ဆာန်များနားနေကြ၏။ အကိုင်းအခက်များတွင်ငှက်တို့အသိုက်လုပ် ကြ၏။
der so schönes Laub hatte und so reiche Früchte trug und an dem sich Nahrung für alle fand, unter welchem sich die Tiere des Feldes aufhielten und auf dessen Zweigen die Vögel des Himmels wohnten,
22 ၂၂ ``အရှင်မင်းကြီး၊ အရှင်ကားထိုသစ်ပင်ကြီး ပင်ဖြစ်ပါ၏။ အရှင်သည်မိုးကောင်းကင်တိုင် အောင်မြင့်မားကြီးမြတ်တော်မူလျက်တန် ခိုးတော်သည်ကမ္ဘာတစ်ဝန်းလုံးကိုလွှမ်းမိုး ပါ၏။-
der Baum bist du, o König, der du so groß und stark geworden bist und dessen Majestät so groß ist, daß sie bis zum Himmel reicht, und deine Herrschaft bis ans Ende der Erde.
23 ၂၃ အရှင်မင်းကြီးကြည့်လျက်နေတော်မူစဉ် ကောင်းကင်ဘုံမှ ကောင်းကင်တမန်တစ်ပါး သည်သက်ဆင်းလာကာ`ထိုသစ်ပင်ကိုခုတ်လှဲ ဖျက်ဆီးပစ်လော့။ သို့ရာတွင်သစ်ငုတ်ကိုမူ ကားမြေတွင်ချန်ထားလော့။ ထိုငုတ်ကိုသံ ကြိုး၊ ကြေးဝါကြိုးနှင့်ချည်နှောင်၍ကွင်းထဲ ၌မြက်တောတွင်ထားခဲ့လော့။ ထိုသူအား ဆီးနှင်းများဖြင့်စိုစွတ်စေလျက်ခုနစ်နှစ် တိုင်တိုင်တိရစ္ဆာန်များနှင့်အတူနေစေလော့' ဟုမြွက်ဆိုခဲ့ပါ၏။
Daß aber der König einen Wächter, einen Heiligen, vom Himmel herabfahren sah und sagen hörte: «Hauet den Baum um und verderbet ihn; aber seinen Wurzelstock lasset in der Erde bleiben, und zwar in Banden von Eisen und Erz im grünen Felde, daß er vom Tau des Himmels benetzt werde und sein Teil habe mit den Tieren des Feldes, bis daß sieben Zeiten über ihm vergangen sind»,
24 ၂၄ ``အရှင်မင်းကြီး၊ အမြင့်မြတ်ဆုံးသောဘုရားသခင်က အရှင်မင်းကြီးမည်သို့မည်ပုံဖြစ် ပျက်ရမည်ကိုမိန့်မြွက်ဖော်ပြတော်မူလေ ပြီ။ အိပ်မက်၏အနက်ကားဤသို့တည်း။-
das hat, o König, folgende Bedeutung, und dies ist der Beschluß des Höchsten, der meinen Herrn, den König, betrifft.
25 ၂၅ အရှင်သည်လူ့အသိုင်းအဝိုင်းထဲမှနှင် ထုတ်ခြင်းကိုခံရ၍ တောတိရစ္ဆာန်များနှင့် အတူနေရလိမ့်မည်။ နွားကဲ့သို့မြက်ကို စားလျက်ခုနစ်နှစ်တိုင်တိုင်ဆီးနှင်းများ ဖြင့်စိုစွတ်ကာ အမိုးအကာမရှိသည့် အရပ်တွင်အိပ်စက်ရလိမ့်မည်။ ထိုနောက် အမြင့်မြတ်ဆုံးသောဘုရားသခင်သည် လောကီနိုင်ငံများကိုအစိုးရတော်မူ၍ မိမိအလိုရှိသူမည်သူကိုမဆိုမင်း မြှောက်တော်မူနိုင်ကြောင်းကိုအရှင် ဝန်ခံပါလိမ့်မည်။-
Man wird dich von den Menschen ausstoßen, daß du bei den Tieren des Feldes wohnest; und man wird dich mit Gras füttern wie die Ochsen und dich vom Tau des Himmels benetzen lassen; und es werden sieben Zeiten über dir vergehen, bis daß du erkennst, daß der Höchste Gewalt hat über das Königtum der Menschen und es gibt, wem er will.
26 ၂၆ ကောင်းကင်တမန်များသည်သစ်ငုတ်ကို မြေတွင် ချန်ထားခဲ့ရန်အမိန့်ပေးသည်နှင့် အညီအရှင်သည် ကမ္ဘာကိုဘုရားသခင် အစိုးရကြောင်းသိမှတ်ဝန်ခံသောအခါ အရှင်၏ထီးနန်းကိုပြန်လည်ရရှိပါ လိမ့်မည်။-
Weil aber vom Verbleiben des Wurzelstockes des Baumes die Rede war, so wird auch dir dein Königtum verbleiben, sobald du erkennen wirst, daß der Himmel herrscht.
27 ၂၇ ထိုကြောင့်အရှင်မင်းကြီး၊ အကျွန်ုပ်ပေး သည့်အကြံကိုနာယူတော်မူပါ။ အပြစ် ကူးမှုကိုရပ်စဲ၍တရားသောအမှုကို ပြုတော်မူပါ။ ဆင်းရဲသူတို့အားကရု ဏာထားတော်မူပါ။ ယင်းသို့ပြုပါလျှင် အရှင်သည်စည်းစိမ်ချမ်းသာတိုးပွား တော်မူပါလိမ့်မည်'' ဟုလျှောက်၏။
Darum, o König, laß dir meinen Rat gefallen und brich mit deinen Sünden durch Gerechtigkeit und mit deinen Missetaten durch Erbarmen gegen die Armen, wenn dein Glück dauerhaft sein soll!
28 ၂၈ ဤသို့လျှောက်ထားသည်အတိုင်းဖြစ်ပျက် လာလေသည်။-
Dies alles ist über den König Nebukadnezar gekommen.
29 ၂၉ တစ်ဆယ့်နှစ်လမျှကြာသော်မင်းကြီးသည် ဗာဗုလုန်နန်းတော်ပေါ်တွင်စင်္ကြံကြွနေစဉ်၊-
Als er sich nach zwölf Monaten auf seinem königlichen Palast zu Babel erging,
30 ၃၀ ``ငါ၏ဘုန်းတန်ခိုးအာနုဘော်ထင်ရှားစေ ရန်နေပြည်တော်အဖြစ်ဖြင့် ငါတည်ထောင်ခဲ့ သောဗာဗုလုန်မြို့သည်လွန်စွာကြီးကျယ် ခမ်းနားလှပါသည်တကား'' ဟုမြွက်ဆို၏။
da hob der König an und sprach: «Ist das nicht die große Babel, die ich mir erbaut habe zur königlichen Residenz, kraft meines Reichtums und zu Ehren meiner Majestät?»
31 ၃၁ ဤသို့မြွက်ဆို၍စကားမဆုံးမီပင်လျှင်``အို နေဗုခဒ်နေဇာမင်း၊ ငါပြောသည်ကိုနား ထောင်လော့။ သင့်နိုင်ငံကိုသင်၏လက်မှ ယခုရုပ်သိမ်းလိုက်လေပြီ။-
Noch war dieses Wort im Munde des Königs, da erscholl eine Stimme vom Himmel herab: «Dir wird gesagt, König Nebukadnezar: Das Königreich ist von dir genommen!
32 ၃၂ သင်သည်လူအသိုင်းအဝိုင်းမှအနှင်ခံရ ၍တောတိရစ္ဆာန်များနှင့်အတူနေရလတ္တံ့။ ခုနစ်နှစ်တိုင်တိုင်နွားကဲ့သို့မြက်ကိုစား ရလတ္တံ့။ ထိုအခါဘုရားသခင်သည်လော ကီနိုင်ငံများကိုအစိုးရတော်မူ၍ ယင်း တို့ကိုမိမိအလိုရှိသူအားပေးပိုင် ကြောင်းကိုသင်ဝန်ခံလိမ့်မည်'' ဟုကောင်း ကင်မှအသံထွက်ပေါ်လာလေသည်။
Und man wird dich von den Menschen verstoßen, und du sollst bei den Tieren des Feldes wohnen; mit Gras wird man dich füttern wie die Ochsen, und sieben Zeiten sollen über dir vergehen, bis du erkennst, daß der Höchste Gewalt hat über das Königtum der Menschen und es gibt, wem er will!»
33 ၃၃ ထိုဗျာဒိတ်စကားအတိုင်းချက်ချင်းပင် ဖြစ်ပျက်လာ၏။ နေဗုခဒ်နေဇာမင်းသည် လူအသိုင်းအဝိုင်းမှ အနှင်ခံရ၍နွားကဲ့ သို့မြက်ကိုစားရ၏။ သူ၏ကိုယ်ခန္ဓာအပေါ် သို့လည်းဆီးနှင်းများကျလာလေသည်။ သူ ၏ဆံပင်သည်လင်းယုန်၏အမွေးအတောင် ကဲ့သို့လည်းကောင်း၊ သူ၏လက်သည်းခြေ သည်းတို့သည်လည်းငှက်ခြေသည်းများ ကဲ့သို့လည်းကောင်းရှည်လာလေသည်။
Im selben Augenblick erfüllte sich das Wort an Nebukadnezar: er ward von den Menschen ausgestoßen, fraß Gras wie ein Ochse, und sein Leib ward vom Tau des Himmels benetzt, bis sein Haar so lang ward wie Adlerfedern und seine Nägel wie Vogelkrallen.
34 ၃၄ မင်းကြီးက``ငါသည်ခုနစ်နှစ်ကာလကုန် ဆုံးသွားသောအခါ မိုးကောင်းကင်သို့မြော် ကြည့်လိုက်ရာလူ့စိတ်ပြန်ရသဖြင့် အမြင့် မြတ်ဆုံးသောဘုရားသခင်အားထောမနာ ပြု၍ ထာဝရကာလပတ်လုံးအသက်ရှင် တော်မူသောဘုရား၏ဂုဏ်တော်၊ ဘုန်း အသရေတော်ကိုချီးမွမ်းပါ၏။ ``ကိုယ်တော်သည်လောကကိုထာဝစဉ် အုပ်စိုးတော်မူလိမ့်မည်။ ကိုယ်တော်၏နိုင်ငံတော်သည်ကာလ အစဉ်အဆက်တည်လိမ့်မည်။
Aber nach Verlauf der Zeit hob ich, Nebukadnezar, meine Augen zum Himmel empor, und mein Verstand kehrte zu mir zurück. Da lobte ich den Höchsten und pries den, der ewig lebt, und verherrlichte ihn, dessen Herrschaft eine ewige ist und dessen Reich von Geschlecht zu Geschlecht währt;
35 ၃၅ ကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည်ရှေ့ တော်၌ အမှုမထားလောက်သကဲ့သို့ဖြစ်ပါ၏။ ကိုယ်တော်သည်ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များကိုလည်းကောင်း၊ ကမ္ဘာမြေပေါ်ရှိလူတို့ကိုလည်းကောင်း စိုးမိုးအုပ်ချုပ်တော်မူပါ၏။ အဘယ်သူမျှကိုယ်တော်၏အလိုတော်ကို မဆန့်ကျင်နိုင်ပါ။ ကိုယ်တော်အဘယ်သို့ပြုတော်မူသည်ကို လည်း မစစ်ဆေးမမေးမြန်းနိုင်ပါ။
gegen welchen alle, die auf Erden wohnen, wie nichts zu rechnen sind; er verfährt, wie er will, mit dem Heer des Himmels und mit denen, die auf Erden wohnen, und niemand ist, der seiner Hand wehren, noch zu ihm sagen dürfte: Was machst du?
36 ၃၆ ``ငါသည်လူ့စိတ်ကိုပြန်၍ရရှိလာသော အခါ ငါ့နိုင်ငံ၏ဘုန်းအသရေကိုလည်း ကောင်း၊ ငါ့ဂုဏ်အသရေနှင့်ဘုန်းအာနု ဘော်တော်ကိုလည်းကောင်း ပြန်၍ရရှိလာ လေသည်။ ငါ၏အတိုင်ပင်ခံအရာရှိများ နှင့်မှူးမတ်တို့သည်လည်း ငါ့အားပြန်၍ လက်ခံကြပါ၏။ ယခင်အခါကထက် ပင်ကြီးမြတ်သည့်ဂုဏ်အသရေနှင့်တကွ ငါ့အားရာဇအာဏာကိုပြန်လည်ပေး အပ်ကြပေသည်။
Zu derselben Zeit, als mir mein Verstand wiederkam, kehrte mit der königlichen Ehre auch meine Würde und mein gutes Aussehen wieder; meine Räte und Großen suchten mich auf, und ich ward wieder über mein Königreich gesetzt und erhielt noch größere Macht.
37 ၃၇ ``သို့ဖြစ်၍ငါနေဗုခဒ်နေဇာမင်းသည် ကောင်းကင်ဘုံရှင်ဘုရင်မင်းအားထောမနာ ပြုပါ၏။ ဂုဏ်တော်နှင့်ဘုန်းအသရေတော် ကိုလည်းချီးမွမ်းပါ၏။ ကိုယ်တော်ပြုလေ သမျှသောအမှုတို့သည်မှန်ကန်ပါပေ သည်။ ကိုယ်တော်သည်အစဉ်ပင်တရားမျှ တတော်မူ၍မာန်မာနထောင်လွှားသူတို့ အားနိမ့်ကျစေတော်မူပါ၏'' ဟုရေး သားဖော်ပြတော်မူလေသည်။
Nun lobe und erhebe und verherrliche ich, Nebukadnezar, den König des Himmels; denn all sein Tun ist richtig, und seine Wege sind gerecht; wer aber stolz einhergeht, den kann er demütigen!