< အာမုတ် 7 >
1 ၁ အထွတ်ဘုရင်အရှင်ထာဝရဘုရားထံမှ ရူပါရုံတစ်ခုကိုငါမြင်ရ၏။ ဘုရင်မင်း မြတ်အတွက်ကောက်ပင်များရိတ်ပြီးစကာလ နှောင်း၊ မြက်ပင်ပေါက်ခါစအချိန်၌ထာဝရ ဘုရားသည်ကျိုင်းကောင်တစ်အုပ်ကိုဖန်ဆင်း တော်မူသည်။-
Assim o Senhor Javé me mostrou: eis que ele formou gafanhotos no início do crescimento deste último; e eis que foi este último crescimento após a colheita do rei.
2 ၂ ထိုကျိုင်းကောင်များသည်တစ်ပြည်လုံးရှိ ရွက် နုပင်မှန်သမျှကိုကိုက်စားလိုက်ကြောင်း ငါမြင်ရ၏။ ငါကလည်း``အို အရှင်ထာဝရ ဘုရား၊ အရှင့်လူတို့၏အပြစ်ကိုလွှတ်တော် မူပါ။ သူတို့သည်နုငယ်၍အားနွဲ့လှပါ ၏'' ဟုလျှောက်ဆိုသော်၊
Quando terminaram de comer a erva da terra, então eu disse: “Senhor Javé, perdoa, eu te imploro! Como poderia Jacó resistir? Pois ele é pequeno”.
3 ၃ ထာဝရဘုရားသည်စိတ်ပြောင်းတော်မူ ပြီး``သင်မြင်သောရူပါရုံဖြစ်ပေါ်မည် မဟုတ်'' ဟုမိန့်တော်မူ၏။
Yahweh cedeu a esse respeito. “Não será”, diz Yahweh.
4 ၄ ငါသည်အရှင်ထာဝရဘုရားထံမှရူပါရုံ နောက်တစ်ခုကိုမြင်ရ၏။ ထိုရူပါရုံ၌အရှင် ထာဝရဘုရားသည် မိမိလူမျိုးကိုမီးဒဏ် ဖြင့်အပြစ်ပေးရန်ပြင်ဆင်နေတော်မူသည် ကိုတွေ့ရသည်။ ထိုမီးသည်မြေအောက်သမုဒ္ဒ ရာတစ်ခုလုံးခန်းခြောက်အောင်ကျွမ်းလောင် ပြီးနောက် ကုန်းပေါ်မှာစတင်တောက်လောင် လာ၏။-
Assim o Senhor Javé me mostrou: eis que o Senhor Javé pediu o julgamento pelo fogo; e ele secou a grande profundidade, e teria devorado a terra.
5 ၅ ငါကလည်း``အို အရှင်ထာဝရဘုရားဆိုင်း တော်မူပါ။ ဤဒဏ်ဆိုးကိုလူမျိုးတော်သည် မည်သို့ခံနိုင်ပါမည်နည်း။ သူတို့သည်နု ငယ်၍အားနွဲ့လှပါ၏'' ဟုလျှောက်ဆို သော်၊-
Então eu disse: “Senhor Yahweh, pare, eu lhe imploro! Como poderia Jacó resistir? Pois ele é pequeno”.
6 ၆ ထာဝရဘုရားသည်စိတ်ပြောင်းတော်မူ၍ ``ဤသို့လည်းဖြစ်ပေါ်မည်မဟုတ်'' ဟု အရှင်ထာဝရဘုရားမိန့်တော်မူသည်။
Yahweh cedeu a este respeito. “Isto também não será”, diz o Senhor Javé.
7 ၇ ငါသည်ထာဝရဘုရားထံမှရူပါရုံတစ်ခု ကိုမြင်ရ၏။ ထိုရူပါရုံ၌ချိန်ကြိုးဖြင့်တိုင်း ထွာဆောက်လုပ်ခဲ့သည့်ကျောက်နံရံဘေးတွင် ချိန်ကြိုးတစ်ချောင်းကိုင်ကာရပ်နေတော်မူ သောကိုယ်တော်ရှင်ကိုငါတွေ့မြင်သည်။-
Assim ele me mostrou: eis que o Senhor estava ao lado de uma parede feita por uma linha de prumo, com uma linha de prumo em sua mão.
8 ၈ ကိုယ်တော်က``အာမုတ်၊ အဘယ်အရာကို မြင်သနည်း'' ဟုငါ့အားမေးသဖြင့်၊ ငါကလည်း``ချိန်ကြိုးတစ်ချောင်းကို မြင်ရပါသည်ဘုရား'' ဟုလျှောက်ဆို၏။ ကိုယ်တော်ရှင်ကလည်း၊``ငါ၏လူမျိုးသည် ရွေ့စောင်းနေသောနံရံသဖွယ်ဖြစ်နေသည် ကို ဤချိန်ကြိုးဖြင့်ပြဆိုရပြီ။ သူတို့ကို ဒဏ်ခတ်ရန်နောက်တစ်ဖန်စိတ်ပြောင်းတော့ မည်မဟုတ်။-
Yahweh me disse: “Amos, o que você vê?”. Eu disse: “Uma linha de prumo”. Então o Senhor disse: “Eis que porei uma linha de prumo no meio do meu povo Israel. Não passarei mais por eles”.
9 ၉ ဣဇာက်မှဆင်းသက်သောအမျိုးအနွယ်တို့ ကိုးကွယ်ရာအရပ်များပျက်စီးရတော့မည်။ ဣသရေလနိုင်ငံရှိသန့်ရှင်းရာဌာနမှန် သမျှကို မြေပုံအဖြစ်နှင့်သာကျန်ရစ်စေ မည်။ ငါသည်ယေရောဗောင်မင်းဆက်၏နန်း သက်ကိုကုန်စေတော့မည်'' ဟုမိန့်တော်မူ၏။
Os lugares altos de Isaac serão desolados, os santuários de Israel serão assolados; e me levantarei contra a casa de Jeroboão com a espada”.
10 ၁၀ ထိုအခါဗေသလယဇ်ပုရောဟိတ်အာမဇိ က ဣသရေလဘုရင်ယေရောဗောင်ထံသို့ သံတော်ဦးတင်လိုက်လေ၏။ ``အာမုတ်သည် အရှင်မင်းကိုဆန့်ကျင်ဖို့ရန်ပြည်သူတို့ ကြားတွင်ကြံစည်လျက်ရှိပါသည်။ သူဟော သောစကားများကြောင့်နိုင်ငံတော်ပျက်ရ ပါလိမ့်မည်။-
Então Amaziah o sacerdote de Betel enviou a Jeroboão, rei de Israel, dizendo: “Amós conspirou contra você no meio da casa de Israel”. A terra não é capaz de suportar todas as suas palavras.
11 ၁၁ `ယေရောဗောင်မင်းသည်တိုက်ပွဲ၌ကျဆုံး ပြီးဣသရေလပြည်သားတို့သည် မိမိတို့ ၏နိုင်ငံမှတစ်ပါးတစ်နိုင်ငံသို့ဖမ်းသွား ခံရမည်' ဟုဟောနေပါသည်'' ဟူ၍သံ တော်ဦးတင်လိုက်၏။
Pois Amós diz: 'Jeroboão morrerá pela espada, e Israel certamente será levado cativo para fora de sua terra'”.
12 ၁၂ ယင်းနောက်အာမဇိကအာမုတ်အား``တန် တော့ပရောဖက်၊ ဆက်မဟောနှင့်၊ ယုဒနိုင်ငံ သို့ပြန်သွားပြီးထိုပြည်၌သာပရောဖက် လုပ်စားလော့။-
Amaziah também disse a Amós: “Vós, vidente, ide, fugi para a terra de Judá, e lá comei pão, e profetizai lá,
13 ၁၃ ဗေသလမြို့သို့နောက်တစ်ဖန်လာ၍မဟော လေနှင့်၊ ဤနေရာသည်ဘုရင်မင်းကိုယ်တော် တိုင်ကိုးကွယ်ဝတ်ပြုရာ အမျိုးသားဗိမာန် တော်ဖြစ်သည်'' ဟုဆိုလိုက်၏။
mas não profetizeis mais em Betel; pois é o santuário do rei, e é uma casa real”!
14 ၁၄ ထိုအခါအာမုတ်က``ငါသည်အခကြေး ငွေယူ၍ပရောဖက်ပြုသောပရောဖက် တစ်ယောက်မဟုတ်။ ငါသည်သိုးထိန်းဖြစ် ၍သင်္ဘောသဖန်းပင်များကိုပြုစုနေသူ တစ်ဦးဖြစ်၏။-
Então Amós respondeu ao Amazonas: “Eu não era profeta, nem filho de profeta, mas era um pastor e um fazendeiro de figos sicômoros;
15 ၁၅ ထာဝရဘုရားသည်ငါ့ကိုသိုးကျောင်း နေရာမှခေါ်ယူပြီး လူမျိုးတော်ဣသရေလ ထံသို့သွားရောက်၍ဗျာဒိတ်ပေးရန်စေခိုင်း တော်မူခဲ့သည်။-
e Javé me tirou de seguir o rebanho, e Javé me disse: 'Vai, profetiza ao meu povo Israel'.
16 ၁၆ သို့ဖြစ်သောကြောင့်ထာဝရဘုရား၏ အမိန့်တော်ကိုနားထောင်လော့။ သင်ကငါ့ အား၊ ဣသရေလပြည်သားတို့တစ်ဖက်မှ ဆန့်ကျင်ပြီးပရောဖက်မပြုနှင့်မဟော နှင့်ဟုဆို၏။-
Agora, portanto, escute a palavra de Javé: 'Não profetize contra Israel, e não pregue contra a casa de Isaac'.
17 ၁၇ ထိုသို့ဆိုသောကြောင့်သင့်ကိုထာဝရ ဘုရားက ဤသို့မိန့်တော်မူပြီ။ `သင်၏ မယားသည်ပြည့်တန်ဆာဘဝသို့ရောက် သွားရမည်။ သင်၏သားသမီးများသည် လည်းစစ်ပွဲ၌ကျဆုံးရလိမ့်မည်။ သင်ပိုင် သောမြေယာများကိုခွဲဝေကာသူတစ်ပါး လက်သို့ပေးအပ်လိုက်မည်။ သင်ကိုယ်တိုင်သည် မိစ္ဆာနိုင်ငံတစ်ခု၌သေဆုံးရမည်။ ဣသရေလ ပြည်သားသည်မိမိတို့နေရင်းနိုင်ငံမှ တိုင်း တစ်ပါးသို့ချုပ်နှောင်သွားခြင်းကိုခံရ ကြမည်' ''ဟုအာမဇိအားပြန်၍ဆို လိုက်၏။
Portanto, Javé diz: 'Sua mulher será prostituta na cidade, e seus filhos e suas filhas cairão à espada, e sua terra será dividida por linha; e você mesmo morrerá numa terra impura, e Israel certamente será levado cativo para fora de sua terra'”.