< အာမုတ် 1 >
1 ၁ ဤသည်မှာတေကောရွာမှ သိုးထိန်းအာမုတ် ဟောသောစကားများဖြစ်သည်။ ယုဒဘုရင် သြဇိမင်းလက်ထက်၊ ဣသရေလနိုင်ငံတွင် ဘုရင်ယောရှ၏သားယေရောဗောင်မင်းအုပ် စိုးစဉ်ကာလ၊ မြေငလျင်မလှုပ်မီနှစ်နှစ် အထက်ကထာဝရဘုရားသည် အာမုတ် အားဣသရေလတို့နှင့်ပတ်သက်သော ဤ အကြောင်းအရာတို့ကိုဖော်ပြဖွင့်ဆို တော်မူခဲ့သည်။
Palabras de Amós, uno de los pastores de Tecoa. Visión que tuvo sobre Israel en los días de Uzías, rey de Judá, y en los días de Jeroboam, hijo de Joás, rey de Israel, dos años antes del terremoto.
2 ၂ အာမုတ်က၊ ``ဇိအုန်တောင်မှထာဝရဘုရား၏ကြုံးဝါး သံကို ကြားရလေပြီ။ ယေရုရှလင်မြို့အတွင်းမှထစ်ချုန်းလာသော အသံတော်ကိုကြားရစေပြီ။ သိုးစားကျက်တို့သည်သွေ့ခြောက်ကုန်၍ ကရမေလတောင်ပေါ်မှမြက်ပင်တို့သည် နွမ်းရလေပြီဟုဆို၏။''
Dijo: ¡Yavé ruge desde Sion, y alza su voz desde Jerusalén! Los pastizales de los pastores hacen duelo, y la cumbre de la montaña Carmelo se seca.
3 ၃ ထာဝရဘုရားက``ဒမာသက်မြို့သားတို့ သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားခဲ့သဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ်ပေးရတော့ မည်။ သူတို့သည်ဂိလဒ်ပြည်သူတို့အပေါ် ရိုင်းစိုင်းရက်စက်ကြမ်းကြုတ်ခဲ့လေပြီ။-
Yavé dice: Por tres transgresiones de Damasco, y por la cuarta, no revocaré su castigo: Porque trillaron a Galaad con trillos de hierro.
4 ၄ ထို့ကြောင့်ငါသည်ဟာဇေလမင်းမျိုး အပေါ်သို့မီးမိုးရွာစေပြီး ဗင်ဟာဒဒ် မင်း၏ရဲတိုက်များကိုပြာချလိုက်မည်။-
Encenderé fuego en la casa de Hazael que devorará los palacios de Ben-adad.
5 ၅ ငါသည်ဒမာသက်မြို့တံခါးများကိုချေ မှုန်း၍ အာဝင်ချိုင့်နှင့်ဗေသေဒင်မြို့တွင်ကြီး စိုးနေသူတို့ကိုရှင်းပစ်မည်။ ရှုရိပြည်သား တို့သည်ကိရပြည်သို့သုံ့ပန်းအဖြစ်နှင့် လိုက်ပါသွားရမည်'' ဟုမိန့်တော်မူ၏။
Quebraré el cerrojo de Damasco, destruiré a los habitantes del valle de Avén y al que empuña el cetro de Bet-edén. El pueblo de Aram irá desterrado a Kir, dice Yavé.
6 ၆ ထာဝရဘုရားက``ဂါဇမြို့သားတို့သည် တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားခဲ့သဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ်ပေးရ တော့မည်။ သူတို့သည်လူတစ်မျိုးလုံးကို ဧဒုံပြည်သားများလက်ဝယ်သို့ ကျွန် အဖြစ်နှင့်ရောင်းစားခဲ့ပြီ။-
Yavé dice: Por tres transgresiones de Gaza, y por la cuarta, no revocaré el juicio: Porque deportaron a un pueblo entero para entregarlo a Edom.
7 ၇ သို့ကြောင့်ငါသည်ဂါဇမြို့ရိုးများ အပေါ်သို့မီးမိုးရွာစေပြီး ဂါဇ ရဲတိုက်များကိုပြာချလိုက်မည်။-
Enviaré fuego al muro de Gaza, el cual devorará sus palacios.
8 ၈ အာဇုတ်နှင့်အာရှကေလုန်မြို့များ၌ကြီး စိုးနေသူတို့ကိုရှင်းပစ်မည်။ ဧကြုန်မြို့ ကိုလည်းငါဒဏ်ခတ်မည်။ ကျန်ကြွင်းနေ သူဖိလိတ္တိမှန်သမျှလည်းသေရလိမ့် မည်'' ဟုမိန့်တော်မူ၏။
Destruiré a los habitantes de Asdod, y al que empuña el cetro en Ascalón. Volveré mi mano contra Ecrón, y el resto de los filisteos perecerá, dice ʼAdonay Yavé.
9 ၉ ထာဝရဘုရားက``တုရုမြို့သားတို့သည် တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြသဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ်ပေးရ တော့မည်။ သူတို့သည်လူတစ်မျိုးလုံးကို ဧဒုံပြည်သို့ပြည်နှင်ဒဏ်ပေးခဲ့ပြီ။ ကိုယ် တိုင်ချုပ်ဆိုခဲ့သောမဟာမိတ်စာချုပ်ကို ချိုးဖောက်ခဲ့ပြီ။-
Yavé dice: Por tres pecados de Tiro, y por el cuarto, no revocaré su castigo: Porque entregaron una población entera a Edom y no recordaron el pacto fraternal.
10 ၁၀ ထို့ကြောင့်ငါသည်တုရုမြို့ရိုးများအပေါ် သို့မီးမိုးရွာစေပြီး တုရုရဲတိုက်များကို ပြာချလိုက်မည်ဟုမိန့်တော်မူ၏။
Enviaré fuego sobre los muros de Tiro, el cual devorará sus palacios.
11 ၁၁ ထာဝရဘုရားက``ဧဒုံပြည်သားတို့သည် တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြသဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ်ပေးရ တော့မည်။ သူတို့သည်ညီအစ်ကိုချင်း ဣသရေလတို့ကိုမရမကလိုက်၍ မညှာမတာညှင်းဆဲခဲ့ပြီ။ သူတို့၏ အမျက်ဒေါသကိုဘယ်အခါမျှ မပြေစေဘဲကမ်းကုန်လောက်အောင် ပင်ပြင်းထန်စေခဲ့သည်။-
Yavé dice: Por tres pecados de Edom, y por el cuarto, no revocaré su castigo: Porque persiguió con espada a su hermano y no tuvo compasión. Porque su ira desgarra continuamente y retiene su furor para siempre,
12 ၁၂ ထို့ကြောင့်ငါသည်တေမန်မြို့ပေါ်သို့မီးမိုး ရွာစေပြီး ဗောဇရရဲတိုက်များကိုပြာချ လိုက်မည်'' ဟုမိန့်တော်မူ၏။
enviaré un fuego sobre Temán, que devorará los palacios de Bosra.
13 ၁၃ ထာဝရဘုရားက``အမ္မုန်ပြည်သားတို့ သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြ သဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ် ပေးရတော့မည်။ သူတို့၏နယ်ချဲ့လိုသော လောဘကြောင့် နယ်ချဲ့စစ်ပွဲများ၌ဂိလဒ် ပြည်သူကိုယ်ဝန်ဆောင်တို့၏ဝမ်းကိုပင် ဖောက်ခွဲကာသတ်ဖြတ်ခဲ့လေပြီ။-
Yavé dice: Por tres pecados de los hijos de Amón, y por el cuarto, no revocaré su castigo: Porque para ampliar sus linderos cortaron por el medio a las mujeres embarazadas de Galaad.
14 ၁၄ ထို့ကြောင့်ငါသည်ရဗ္ဗာမြို့ရိုးများအပေါ် သို့မီးမိုးရွာစေပြီး ရဗ္ဗာရဲတိုက်များကို ပြာချလိုက်မည်။ စစ်တိုက်သောနေ့၌အော် သံဟစ်သံတညံညံကြားရပြီး တိုက်ပွဲ သည်မုန်တိုင်းတမျှပြင်းထန်လိမ့်မည်။-
Encenderé un fuego en el muro de Rabá. Devorará sus palacios en medio de los alaridos del día de batalla y de una tormenta en día tempestuoso.
15 ၁၅ သူတို့ဘုရင်နှင့်မှူးမတ်အပေါင်းတို့သည် ပြည်ပသို့ဖမ်းသွားခြင်းခံရမည်'' ဟု မိန့်တော်မူ၏။
El rey y todos sus jefes irán en cautiverio, dice Yavé.