< ၂ ဓမ္မရာဇဝင် 10 >
1 ၁ ကာလအနည်းငယ်ကြာသောအခါ အမ္မုန် ဘုရင်နာဟတ်မင်းကွယ်လွန်၍သူ၏သား တော်ဟာနုန်နန်းတက်၏။
၁ထိုနောက် အမ္မုန် ရှင် ဘုရင်သည် သေ ၍ သား တော်ဟာနုန် သည် ခမည်းတော်အရာ ၌ နန်း ထိုင်၏။
2 ၂ ဒါဝိဒ်က``သူ၏ဖခင်နာဟတ်သည် ငါ့အား ကျေးဇူးသစ္စာစောင့်ခဲ့သည့်နည်းတူ ငါသည် လည်းဟာနုန်အားကျေးဇူးသစ္စာစောင့်ရပေ မည်'' ဟုမိန့်တော်မူပြီးလျှင်ဟာနုန်ထံသို့ နှစ်သိမ့်စကားပြောကြားရန်စေတမန်များ ကိုလွှတ်လိုက်၏။ သို့ရာတွင်ထိုသူတို့ ရောက်ရှိကြသောအခါ၊-
၂ဒါဝိဒ် ကလည်း ၊ ဟာနုန် အဘ နာဟတ် သည် ငါ့ အား ကျေးဇူး ပြု သောကြောင့် ၊ သူ၏သား ၌ ငါကျေးဇူး ပြု မည်ဟုဆို လျက် ၊ သူ ၏အဘ သေရာတွင် နှစ်သိမ့် စေခြင်းငှါ ကျွန် တို့ကို စေလွှတ် ၍ ၊ ဒါဝိဒ် ၏ကျွန် တို့သည် အမ္မုန် ပြည် သို့ရောက် ကြ၏။
3 ၃ အမ္မုန်ပြည်သားခေါင်းဆောင်များကမိမိတို့ ဘုရင်အား``ဒါဝိဒ်သည်အရှင့်ခမည်းတော်ကို ဂုဏ်ပြုရန်အတွက် ဤလူများကိုစေလွှတ် လိုက်သည်ဟုအရှင်ထင်မှတ်တော်မူပါ သလော။ အဘယ်နည်းနှင့်မျှမဟုတ်ပါ။ သူ သည်အကျွန်ုပ်တို့ကိုနှိမ်နင်းနိုင်ရန်ဤမြို့ အခြေအနေကိုစုံစမ်းလို၍ဤသူတို့ အားသူလျှိုအဖြစ်စေလွှတ်လိုက်ခြင်း ဖြစ်ပါ၏'' ဟုလျှောက်ထားကြ၏။
၃အမ္မုန် အမျိုး မှူးမတ် တို့သည် မိမိ တို့အရှင် ဟာနုန် ထံသို့ ဝင်၍၊ ဒါဝိဒ် သည် စိတ်တော်ကို နှစ်သိမ့် စေ သောသူတို့ ကိုစေလွှတ် ရာတွင် ခမည်းတော် ကို ရိုသေစွာပြုသည်ဟု ထင်မှတ်တော်မူသလော။ မြို့ တော်ကိုစစ်ဆေး စူးစမ်း ၍ ဖျက်ဆီး ခြင်းငှာ သာသူ ၏ကျွန် တို့ကိုစေလွှတ် သည် မ ဟုတ်လော ဟု လျှောက် ကြသော်၊
4 ၄ ဟာနုန်သည်ဒါဝိဒ်၏စေတမန်များကို ဖမ်းဆီးကာမုတ်ဆိတ်တစ်ခြမ်းကိုရိတ်၍ အင်္ကျီအဝတ်များကိုခါးမှဖြတ်ပြီး လျှင်ပြန်၍လွှတ်လိုက်လေသည်။-
၄ဟာနုန် သည် ဒါဝိဒ် ၏ကျွန် တို့ကို ယူ ပြီးလျှင် ၊ မုတ်ဆိတ် တခြမ်း ကိုရိတ် ၍ အဝတ် ကိုတင်ပါး တိုင်အောင် ဖြတ် ပြီးမှ လွှတ်လိုက် လေ၏။
5 ၅ သူတို့သည်ပြန်လာရန်အလွန်ရှက်ကြ၏။ ထိုအကြောင်းကိုဒါဝိဒ်ကြားသောအခါ လူစေလွှတ်ပြီးလျှင်သူတို့အား မိမိတို့ မုတ်ဆိတ်များပြန်၍ရှည်လာသည့်တိုင်အောင် ယေရိခေါမြို့တွင်နေပြီးမှမြို့တော်သို့ ပြန်လာကြရန်မှာကြားတော်မူလိုက်၏။
၅ထိုသိတင်းကို ဒါဝိဒ် သည်ကြား သောအခါ ၊ ထိုလူ တို့သည် အလွန် ရှက် သောကြောင့် သူ တို့ကို ဆီးကြို စေခြင်းငှါ စေလွှတ် ၍ ၊ သင် တို့သည် မုတ်ဆိတ် မ ရှည် မှီတိုင်အောင်ယေရိခေါ မြို့မှာ နေ ကြလော့။ ထိုနောက် မှပြန် လာကြလော့ဟု မှာ ထားတော်မူ၏။
6 ၆ အမ္မုန်ပြည်သားတို့သည်ဒါဝိဒ်အားမိမိတို့ ရန်ဘက်ပြုမိကြပြီဖြစ်ကြောင်းသိရှိလာ သဖြင့် ဗက်ရဟောဘမြို့နှင့်ဇောဘမြို့တို့ မှရှုရိစစ်သည်နှစ်သောင်းကိုလည်းကောင်း၊ တောဘမြို့မှလူတစ်သောင်းနှစ်ထောင်အပြင် မာခါမင်းနှင့်လူတစ်ထောင်ကိုလည်းကောင်း ငှားရမ်းကြ၏။-
၆အမ္မုန် အမျိုးသား တို့က၊ ငါတို့သည်ဒါဝိဒ် ရှေ့ မှာ စက်ဆုပ် ရွံရှာဘွယ်ဖြစ်လိမ့်မည်ဟု သိ လျှင် ၊ လူကို စေလွှတ် ၍ ဗက်ရဟောဘမြို့နှင့် ဇောဘမြို့၌နေသောရှုရိ လူခြေသည် သူရဲနှစ် သောင်း၊ မာခ မင်းကြီး ၏ လူ တထောင် ၊ တောဘ မြို့သား တသောင်း နှစ်ထောင်တို့ကို ငှား ကြ၏။
7 ၇ ထိုသတင်းကိုကြားသိသောအခါဒါဝိဒ်သည် ယွာဘနှင့်တပ်မတော်တစ်ခုလုံးကိုချီတက် စေ၏။-
၇ထိုသိတင်းကို ဒါဝိဒ် သည်ကြား လျှင် ယွာဘ နှင့် ခွန်အား ကြီးသောသူရဲ အလုံးအရင်းအပေါင်း ကို စေလွှတ် ၏။
8 ၈ အမ္မုန်ပြည်သားတို့သည်ရဗ္ဗာမြို့မှထွက်ပြီး လျှင် မြို့တံခါးအနီးတွင်နေရာယူကြ၏။ ရှုရိပြည်သားများ၊ တောဘမြို့သားများ နှင့်မာခါ၏လူများအစရှိသောအခြား သူတို့မူကားလွင်ပြင်၌နေရာယူကြ လေသည်။
၈အမ္မုန် အမျိုးသား တို့သည် ထွက် ၍ မြို့တံခါးဝ မှာ စစ် ခင်းကျင်း ကြ၏။ ဇောဘမြို့၊ ရဟောဘ မြို့၊ တောဘ မြို့မှလာသော ရှုရိ လူနှင့် မာခါ မင်းကြီး၏ လူတို့သည် လွင်ပြင် ၌ တခြားစီ နေကြ၏။
9 ၉ ရန်သူတပ်များသည်မိမိတို့အားရှေ့နှင့်နောက် မှတိုက်ခိုက်ကြမည်ကိုသိသဖြင့် ယွာဘသည် လက်ရွေးစင်ဣသရေလစစ်သည်များကိုရှုရိ အမျိုးသားတို့ဘက်သို့မျက်နှာမူ၍နေစေ၏။-
၉ယွာဘ သည်လည်း ၊ ရှေ့ ၌၎င်း ၊ နောက် ၌ ၎င်း စစ် မျက်နှာ နှစ်ဘက်ရှိ သည်ကို မြင် လျှင်၊ ဣသရေလ လူတို့ တွင် သန်မြန်သောသူရှိသမျှ တို့ကို ရွေးကောက် ၍ ရှုရိ လူ တို့ တဘက်၌စစ်ခင်းကျင်း ၏။
10 ၁၀ အခြားတပ်သားများကိုမူမိမိ၏ညီအဘိရှဲ အားကွပ်ကဲစေ၏။ အဘိရှဲသည်လည်းသူတို့အား အမ္မုန်ပြည်သားတို့ဘက်သို့မျက်နှာမူ၍နေရာ ယူစေ၏။-
၁၀ကြွင်း သောသူတို့ကို အမ္မုန် အမျိုးသား တို့တစ်ဘက်၌ စစ်ခင်းကျင်း စေခြင်းငှါ ၊ ညီ အဘိရှဲ လက် သို့ အပ် လျက်၊
11 ၁၁ အဘိရှဲအားယွာဘက``အကယ်၍ရှုရိပြည် သားတို့သည်ငါ့ကိုအနိုင်ရလျက်နေသည် ကိုတွေ့ရှိရလျှင် သင်သည်ငါ့ထံစစ်ကူလာ လော့။ အကယ်၍သင့်ကိုအမ္မုန်ပြည်သားတို့ အနိုင်ရနေခဲ့သော်ငါသည်သင့်ထံသို့စစ် ကူလာမည်။-
၁၁ရှုရိ လူတို့သည် ငါ့ ကိုနိုင် လျှင် ငါ အား ကူ ရမည်။ အမ္မုန် အမျိုးသား တို့သည် သင့် ကိုနိုင် လျှင် သင့် အား ငါကူ မည်။
12 ၁၂ ငါတို့သည်ရဲရင့်စွာငါတို့အမျိုးသားများ နှင့်ငါတို့ဘုရားသခင်၏မြို့များအတွက် အားကြိုးမာန်တက်တိုက်ခိုက်ကြကုန်အံ့။ ထာဝရဘုရားသည်မိမိအလိုတော်ရှိသည့် အတိုင်းစီရင်တော်မူပါစေသော'' ဟုဆို၏။
၁၂ရဲရင့် သောစိတ်ရှိ၍ ငါ တို့လူမျိုး ၊ ငါ တို့ဘုရားသခင့် မြို့ ရွာတို့အဘို့ အားထုတ် ၍ တိုက်ကြကုန်အံ့။ ထာဝရဘုရား သည် အလိုတော်ရှိသည် အတိုင်းစီရင် တော်မူ စေသတည်းဟု ဆို ပြီးမှ၊
13 ၁၃ ယွာဘနှင့်သူ၏လူတို့သည်တိုက်ခိုက်ရန် ရှေ့သို့ချီတက်ကြလျှင် ရှုရိပြည်သား တို့သည်ထွက်ပြေးကြ၏။-
၁၃သူ ၌ ပါသော လူများနှင့်တကွရှုရိ လူတို့ကို စစ်တိုက် ခြင်းငှါ ချဉ်း သွားသောအခါ ၊ ရှုရိလူတို့သည် ပြေး ကြ၏။
14 ၁၄ ဤသို့ရှုရိပြည်သားတို့ဆုတ်ပြေးကြသည် ကိုအမ္မုန်ပြည်သားတို့မြင်သောအခါ အဘိ ရှဲထံမှထွက်ပြေးကာမြို့ထဲသို့ပြန်၍ဝင် သွားကြ၏။ ထိုအခါယွာဘသည်အမ္မုန်ပြည် သားနှင့်တိုက်ပွဲမှတပ်ခေါက်၍ယေရုရှလင် မြို့သို့ပြန်လေ၏။
၁၄ရှုရိ လူတို့ပြေး သည်ကို အမ္မုန် အမျိုးသား တို့သည် မြင် လျှင် ၊ သူတို့သည်လည်း အဘိရှဲ ရှေ့ မှာပြေး ၍ မြို့ ထဲသို့ ဝင် ကြ၏။ ယွာဘ သည်လည်း အမ္မုန် ပြည်မှ ထွက် ၍ ယေရုရှလင် မြို့သို့ ပြန်သွား လေ၏။
15 ၁၅ ဣသရေလအမျိုးသားတို့၏လက်တွင် အ ရေးရှုံးနိမ့်ခဲ့ကြောင်းရှုရိပြည်သားတို့သိ ရှိကြသောအခါ မိမိတို့၏တပ်အပေါင်း တို့အားတစ်ဖန်စုရုံးစေကြ၏။-
၁၅ရှုရိ လူတို့သည် ဣသရေလ အမျိုးသားရှေ့ မှာ မိမိတို့ရှုံး သည်ကို သိမြင် လျှင် တဖန် စည်းဝေး ကြ၏။
16 ၁၆ ဟာဒဒေဇာမင်းသည်ဥဖရတ်မြစ်အရှေ့ ဘက်ရှိရှုရိပြည်သားတို့ကိုဆင့်ခေါ်သဖြင့် သူတို့သည်ဟာဒဒေဇာမင်း၏ဗိုလ်ချုပ် ရှောဗက်ကွပ်ကဲလျက်ဟေလံမြို့သို့ရောက် ရှိလာလေသည်။-
၁၆ဟာဒဒေဇာ မင်းသည်လည်း စေလွှတ် ၍ ၊ မြစ် တစ်ဘက် ၌ နေသော ရှုရိ လူတို့ကိုခေါ် သဖြင့် ၊ သူတို့သည် ဟေလံ မြို့သို့ရောက် လာကြ၏။ ဟာဒဒေဇာ ခန့်ထားသော ဗိုလ်ချုပ် မင်းရှောဗက် သည်လည်း အုပ်ရ၏။
17 ၁၇ ဤအကြောင်းကိုကြားသောအခါ ဒါဝိဒ်သည် ဣသရေလတပ်များကိုစုရုံးစေ၍ ယော်ဒန် မြစ်ကိုကူးပြီးလျှင်ဟေလံမြို့သို့ချီတက် လေ၏။ ထိုမြို့တွင်ရှုရိပြည်သားတို့သည် ဒါဝိဒ်ရှိရာသို့မျက်နှာမူလျက်နေရာယူ ကြ၏။ စစ်ပွဲစတင်သည်နှင့်၊-
၁၇ထိုသိတင်းကိုကြား လျှင် ၊ ဒါဝိဒ်သည် ဣသရေလ အမျိုးသားအပေါင်း တို့ကို စုဝေး စေ၍ ၊ ယော်ဒန် မြစ် ကို ကူး သဖြင့် ဟေလံ မြို့သို့ ရောက် လေ၏။ ရှုရိ လူတို့သည် ဒါဝိဒ် တစ်ဘက်၌ စစ်ခင်းကျင်း ၍ တိုက် သောအခါ၊
18 ၁၈ ဣသရေလအမျိုးသားတို့သည်ရှုရိပြည် သားတို့အားတိုက်ထုတ်လိုက်ကြ၏။ ဒါဝိဒ် ၏လူတို့ကရှုရိစစ်ရထားမှူးခုနစ်ရာ နှင့်မြင်းစီးသူရဲလေးသောင်းတို့ကိုသုတ် သင်ပြီးလျှင် ရန်သူဗိုလ်ချုပ်ရှောဗက်ကို လည်းဒဏ်ရာရစေ၏။ ထို့ကြောင့်သူသည် စစ်မြေပြင်၌ပင်သေဆုံးလေသည်။-
၁၈ဣသရေလ အမျိုးသားရှေ့ မှာ ပြေး ကြ၏။ ဒါဝိဒ် သည်လည်း ရှုရိ မြင်း ရထားစီးသူရဲခုနစ် ထောင်၊ ခြေသည်သူရဲလေးသောင်း တို့ကိုသတ် ၍ ၊ ဗိုလ်ချုပ် မင်းရှောဗက် ကိုလည်း ထိခိုက် သဖြင့် သူသည် ထို အရပ်၌ သေ ၏။
19 ၁၉ ဟာဒဒေဇာ၏လက်အောက်ခံဘုရင်များသည် ဣသရေလအမျိုးသားတို့၏လက်တွင် မိမိ တို့အရေးရှုံးနိမ့်ကြပြီဖြစ်ကြောင်းသိရှိ ကြသောအခါ ဣသရေလအမျိုးသားတို့ နှင့်စစ်ပြေငြိမ်းရန်စေ့စပ်၍သူတို့၏လက် အောက်ခံဖြစ်လာကြ၏။ ရှုရိပြည်သားတို့ သည်လည်းအမ္မုန်ပြည်သားတို့အားနောက် တစ်ဖန်စစ်မကူဝံ့ကြတော့ချေ။
၁၉ဟာဒဒေဇာ ၌ ကျွန် ခံသောမင်းကြီး အပေါင်း တို့သည် ဣသရေလ အမျိုးရှေ့ မှာ မိမိတို့ရှုံး သည်ကို သိမြင် လျှင်၊ ဣသရေလ အမျိုးနှင့် မိဿဟာယ ဖွဲ့၍ ကျွန် ခံကြ၏။ ထိုသို့ ရှုရိ လူတို့သည် နောက် တဖန် အမ္မုန် အမျိုးသား တို့ကို စစ်မ ကူ ဝံ့ကြ။