< ၄ ဓမ္မရာဇဝင် 25 >

1 ဇေ​ဒ​ကိ​သည်​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ ကို​ပုန်​ကန်​သ​ဖြင့် နေ​ဗု​ခဒ်​နေ​ဇာ​သည် မိ​မိ​၏ တပ်​မ​တော်​နှင့်​လာ​ရောက်​၍ ဇေ​ဒ​ကိ​၏​နန်း​စံ ကိုး​နှစ်၊ ဆယ်​လ​နှင့်​ဆယ်​ရက်​နေ့​၌ ယေ​ရု​ရှ​လင် မြို့​ကို​တိုက်​ခိုက်​လေ​သည်။ သူ​သည်​မြို့​ပြင်​၌ တပ်​စ​ခန်း​ချ​ပြီး​လျှင် မြို့​ပတ်​လည်​တွင်​မြေ က​တုတ်​များ​ကို​ဖို့​လုပ်​၏။-
V devetem letu njegovega kraljevanja, v desetem mesecu, na deseti dan meseca se je pripetilo, da je prišel babilonski kralj Nebukadnezar, on in vsa njegova vojska, zoper Jeruzalem in so se utaborili zoper njega in vsenaokrog so zoper njega zgradili bojne stolpe.
2 ထို​နောက်​ဇေ​ဒ​ကိ​၏​နန်း​စံ​တစ်​ဆယ့်​တစ်​နှစ် မြောက်​တိုင်​အောင် မြို့​ကို​ဝိုင်း​ထား​၏။-
In mesto je bilo oblegano do enajstega leta kralja Sedekíja.
3 ထို​နှစ်​စ​တုတ္ထ​လ​ကိုး​ရက်​နေ့​၌​အ​စာ​ရေ​စာ လွန်​စွာ​ခေါင်း​ပါး​မှု​ကြောင့် မြို့​သူ​မြို့​သား​တို့ တွင်​စား​စ​ရာ​အ​လျှင်း​မ​ရှိ​ကြ​တော့​ပေ။-
Na deveti dan četrtega meseca je lakota prevladala v mestu in tam ni bilo kruha za ljudstvo dežele.
4 ထို​အ​ခါ​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည်​မြို့​ကို ဗာ​ဗု​လုန်​တပ်​သား​များ​ဝိုင်း​ရံ​လျက်​ရှိ​သော် လည်း မြို့​ရိုး​ကို​ဖောက်​၍​ညဥ့်​အ​ခါ​ထွက်​ပြေး ကြ​၏။ သူ​တို့​သည်​ဘု​ရင့်​ဥ​ယျာဉ်​တော်​လမ်း အ​တိုင်း​သွား​ပြီး​လျှင် မြို့​ရိုး​နှစ်​ထပ်​အ​ကြား ရှိ​တံ​ခါး​ပေါက်​မှ​ထွက်​၍​ယော်​ဒန်​ချိုင့်​ဝှမ်း ဘက်​သို့​ပြေး​ကြ​၏။-
Mesto je bilo predrto in vsi bojevniki so ponoči zbežali po poti velikih vrat med dvema zidovoma, kar je ob kraljevem vrtu (Kaldejci so bili zoper mesto vsenaokoli) in kralj je odšel po poti proti ravnini.
5 သို့​ရာ​တွင်​ဗာ​ဗု​လုန်​တပ်​မ​တော်​သား​တို့​သည် ဇေ​ဒ​ကိ​မင်း​ကို​လိုက်​၍​ဖမ်း​ကြ​ရာ ယေ​ရိ​ခေါ မြို့​အ​နီး​ရှိ​လွင်​ပြင်​တွင်​မိ​လေ​သည်။ ဇေ​ဒ​ကိ ၏​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည်​ကား​မိ​မိ​တို့ အ​ရှင်​ကို​စွန့်​၍​ထွက်​ပြေး​ကြ​၏။-
Kaldejska vojska je zasledovala kralja in ga dohitela na ravninah Jerihe in vsa njegova vojska se je razbežala proč od njega.
6 ရန်​သူ​တို့​သည်​ဇေ​ဒ​ကိ​အား​နေ​ဗု​ခဒ်​နေ​ဇာ မင်း​ရှိ​ရာ​ရိ​ဗ​လ​မြို့​သို့​ခေါ်​ဆောင်​သွား​ကြ ရာ နေ​ဗု​ခဒ်​နေ​ဇာ​သည်​ထို​အ​ရပ်​၌​ပင်​စီ​ရင် ချက်​ချ​မှတ်​လေ​သည်။-
Tako so vzeli kralja in ga privedli gor k babilonskemu kralju v Riblo in nad njim izrekli sodbo.
7 ဇေ​ဒ​ကိ​၏​သား​များ​ကို​ဖ​ခင်​၏​မျက်​မှောက်​၌ ကွပ်​မျက်​ပြီး​လျှင် ဇေ​ဒ​ကိ​၏​မျက်​စိ​များ​ကို ဖောက်​၍​သူ့​အား​သံ​ကြိုး​များ​ဖြင့်​ချည်​နှောင် ကာ​ဗာ​ဗု​လုန်​ပြည်​သို့​ဖမ်း​ဆီး​သွား​လေ သည်။
Pred njegovimi očmi so usmrtili Sedekíjeve sinove in Sedekíju iztaknili oči, ga zvezali z okovi iz brona in ga odvedli v Babilon.
8 ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​၏​နန်း​စံ​တစ် ဆယ့်​ကိုး​နှစ်၊ ပဉ္စ​မ​လ၊ ခု​နစ်​ရက်​နေ့​၌​မင်း​ကြီး ၏​အ​တိုင်​ပင်​ခံ​ဖြစ်​သူ​တပ်​မှူး​နေ​ဗု​ဇာ​ရ​ဒန် သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ချီ​တက်​၍၊-
V petem mesecu, na sedmi dan meseca, kar je devetnajsto leto babilonskega kralja Nebukadnezarja, je prišel Nebuzaradán, poveljnik straže, služabnik babilonskega kralja, do Jeruzalema.
9 ဗိ​မာန်​တော်၊ နန်း​တော်​နှင့်​ယေ​ရု​ရှ​လင်​မြို့​ရှိ အ​ရေး​ပါ​အ​ရာ​ရောက်​သူ​အ​ပေါင်း​တို့​၏​နေ အိမ်​များ​ကို​မီး​ရှို့​လေ​သည်။-
Požgal je Gospodovo hišo, kraljevo hišo, vse jeruzalemske hiše in hišo vsakega velikega človeka je požgal z ognjem.
10 ၁၀ သူ​၏​တပ်​သား​တို့​သည်​မြို့​ရိုး​ကို​ဖြို​ချကြ​၏။-
In vsa vojska Kaldejcev, ki je bila s poveljnikom straže, je naokoli porušila jeruzalemske zidove.
11 ၁၁ ထို​နောက်​နေ​ဗု​ဇာ​ရ​ဒန်​သည်​မြို့​ထဲ​တွင်​ကျန် ရှိ​နေ​သေး​သူ​များ၊ ကြွင်း​ကျန်​သော​အ​တတ် ပ​ညာ​သည်​များ​နှင့် ဗာ​ဗု​လုန်​ဘု​ရင်​ဘက်​သို့ ကူး​ဝင်​လာ​သူ​များ​အား​ဗာ​ဗု​လုန်​ပြည်​သို့ ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​၏။-
Torej ostanek ljudstva, ki so ostali v mestu in ubežnike, ki so s preostankom množice pobegnili proč k babilonskemu kralju, je Nebuzaradán, poveljnik straže, odvedel proč.
12 ၁၂ သို့​ရာ​တွင်​ဆင်း​ရဲ​သား​အ​ချို့​တို့​ကို​မူ​ယု​ဒ ပြည်​တွင် စ​ပျစ်​ဥ​ယျာဉ်​များ​နှင့်​လယ်​ယာ​များ တွင်​အ​လုပ်​လုပ်​စေ​ရန်​ထား​ခဲ့​လေ​သည်။
Toda poveljnik straže je pustil revne iz dežele, da bi bili obrezovalci trte in poljedelci.
13 ၁၃ ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​ဗိ​မာန်​တော်​ရှိ ကြေး​ဝါ​တိုင်​ကြီး​များ၊ ကြေး​ဝါ​လှည်း​များ၊ ကြေး​ဝါ​ရေ​ကန်​ကြီး​ကို​အ​စိတ်​စိတ်​အ​မြွှာ မြွှာ​ချိုး​ဖဲ့​ပြီး​လျှင် ကြေး​ဝါ​မှန်​သ​မျှ​ကို ဗာ​ဗု​လုန်​ပြည်​သို့​ယူ​ဆောင်​သွား​ကြ​၏။-
Bronasta stebra, ki sta bila v Gospodovi hiši, podstavke in bronasto morje, ki je bilo v Gospodovi hiši, so Kaldejci razbili na koščke in bron od tega odnesli v Babilon.
14 ၁၄ သူ​တို့​သည်​ယဇ်​ပလ္လင်​သန့်​ရှင်း​ရေး​အ​တွက်​အ​သုံး ပြု​သည့် တူ​ရွင်း​ပြား​များ၊ ပြာ​ခွက်​များ​မီး​ခွက် များ​ကို​တိုက်​ချွတ်​ပြင်​ဆင်​ရာ​၌​အ​သုံး​ပြု​သည့် တန်​ဆာ​ပ​လာ​များ၊ ယဇ်​ကောင်​သွေး​ခံ​ခွက်​ဖ​လား များ၊ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ခွက်​ဖ​လား​များ​နှင့် ဗိ​မာန်​တော်​အ​တွင်း​ကိုး​ကွယ်​ဝတ်​ပြု​ရာ​၌​အ​သုံး ပြု​သည့် အ​ခြား​ကြေး​ဝါ​ပစ္စည်း​အ​သုံး​အ​ဆောင် များ​ကို​လည်း​ယူ​ဆောင်​သွား​ကြ​၏။-
Lonce, lopate, utrinjala, žlice in vse posode iz brona, s katerimi so služili, so odnesli proč.
15 ၁၅ သူ​တို့​သည်​မီး​ကျီး​ခဲ​များ​သယ်​ယူ​ရာ​၌ အ​သုံး​ပြု​သည့် ခွက်​ငယ်​က​လေး​များ​နှင့်​အိုး ကင်း​များ​အ​ပါ​အ​ဝင်​ရွှေ​သို့​မ​ဟုတ်​ငွေ​ဖြင့် ပြီး​သည့်​ပစ္စည်း​မှန်​သ​မျှ​ကို​လည်း​ယူ​ဆောင် သွား​ကြ​သည်။-
Ponve za žerjavico, skledice in takšne stvari, ki so bile zlate v zlatu in srebrne v srebru, je poveljnik straže odnesel proč.
16 ၁၆ ဗိ​မာန်​တော်​အ​တွက်​ရှော​လ​မုန်​မင်း​ပြု​လုပ်​ခဲ့ သော​ကြေး​ဝါ​ပစ္စည်း​များ​ဖြစ်​သည့်​တိုင်​ကြီး​နှစ်​လုံး၊ လှည်း​များ​နှင့်​ရေ​စည်​ကြီး​တို့​သည်​ချိန်​တွယ်​၍ မ​ရ​အောင်​ပင်​လေး​လံ​ပေ​သည်။-
Dva stebra, eno morje in podstavke, ki jih je Salomon naredil za Gospodovo hišo. Brona vseh teh posod je bilo brez teže.
17 ၁၇ ထို​တိုင်​ကြီး​နှစ်​လုံး​မှာ​ဆင်​တူ​ဖြစ်​၍​တစ်​တိုင် လျှင် နှစ်​ဆယ့်​ခု​နစ်​ပေ​မြင့်​လေ​သည်။ ယင်း​တို့ ကို​အ​မြင့်​လေး​ပေ​ခွဲ​ရှိ​ကြေး​ဝါ​တိုင်​ထိပ်​အုပ် များ​တပ်​ဆင်​ထား​၏။ ထို​တိုင်​ထိပ်​အုပ်​တို့​၏​ပတ် လည်​တွင် ကြေး​ဝါ​ကွန်​ရွက်​နှင့်​ကြေးဝါ​သ​လဲ သီး​များ​ဖြင့်​ချယ်​လှယ်​၍​ထား​သ​တည်း။
Višina enega stebra je bila osemnajst komolcev in kapitel na njem je bil iz brona. Višina kapitela tri komolce, in spleteno delo in granatna jabolka na kapitelu naokoli vsa iz brona. Podobno tem je imel drugi steber s pletenim delom.
18 ၁၈ ထို့​အ​ပြင်​တပ်​မှူး​နေ​ဗု​ဇာ​ရ​ဒန်​သည် ယဇ် ပု​ရော​ဟိတ်​မင်း​စ​ရာ​ယ၊ သူ​၏​လက်​ထောက် ဇေ​ဖ​နိ​နှင့်​အ​ခြား​အ​ရေး​ကြီး​သည့် ဗိ​မာန် တော်​အ​ရာ​ရှိ​သုံး​ဦး​တို့​ကို​လည်း​ကောင်း၊-
Poveljnik straže je vzel Serajája, vélikega duhovnika in Cefanjája, drugega duhovnika in tri čuvaje vrat
19 ၁၉ ယု​ဒ​တပ်​မှူး​ဟောင်း၊ မင်း​ကြီး​၏​အ​တိုင်​ပင်​ခံ အ​မတ်​ငါး​ဦး၊ တပ်​မ​တော်​မှတ်​တမ်း​ထိန်း​လက် ထောက်​တပ်​မှူး​နှင့်​အ​ခြား​အ​ရေး​ပါ​အရာ ရောက်​သူ​လူ​ခြောက်​ဆယ်​တို့​ကို​လည်း​ကောင်း ယေ​ရု​ရှ​လင်​မြို့​မှ​ဖမ်း​ဆီး​၍၊-
in iz mesta je vzel častnika, ki je bil postavljen nad bojevniki in pet mož izmed tistih, ki so bili v kraljevi prisotnosti, ki so bili najdeni v mestu in glavnega pisarja vojske, ki je nabiral ljudstvo dežele in šestdeset mož izmed ljudstva dežele, ki so bili najdeni v mestu.
20 ၂၀ ဗာ​ဗု​လုန်​ဘု​ရင်​ရှိ​ရာ​ဟာ​မတ်​ပြည်​ရိ​ဗ​လ မြို့​သို့​ခေါ်​ဆောင်​သွား​ရာ​မင်း​ကြီး​သည် ထို​မြို့ တွင်​သူ​တို့​အား​ဒဏ်​ပေး​ပြီး​မှ​ကွပ်​မျက်​လိုက်​၏။ သို့​ဖြစ်​၍​ယု​ဒ​ပြည်​သူ​တို့​သည်​တိုင်း​တစ်​ပါး သို့​ပြည်​နှင်​ဒဏ်​ခံ​ရ​ကြ​လေ​သ​တည်း။
Nebuzaradán, poveljnik straže, je te vzel in jih privedel k babilonskemu kralju v Riblo
21 ၂၁
in babilonski kralj jih je udaril in jih usmrtil v Ribli, v Hamátovi deželi. Tako je bil Juda odveden proč iz svoje dežele.
22 ၂၂ ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ရှာ​ဖန် ၏​မြေး၊ အ​ဟိ​ကံ​၏​သား၊ ဂေ​ဒ​လိ​အား​ယု​ဒ ဘု​ရင်​ခံ​အ​ဖြစ်​ခန့်​ထား​ပြီး​လျှင် ဗာ​ဗု​လုန် ပြည်​သို့​ဖမ်း​သွား​ခြင်း​မ​ခံ​ရ​ကြ​သူ​တို့ အား​အုပ်​ချုပ်​စေ​၏။-
Glede ljudstva, ki je preostalo v Judovi deželi, ki jih je babilonski kralj Nebukadnezar pustil, celo nad njimi je postavil Gedaljája, sina Ahikáma, sina Šafána, vladarja.
23 ၂၃ ဤ​အ​ကြောင်း​ကို​ကြား​သိ​ကြ​သော​အ​ခါ အ​ညံ့​မ​ခံ​အ​ရှုံး​မ​ပေး​ခဲ့​ကြ​သူ​ယု​ဒ​တပ်​မှူး များ​နှင့်​စစ်​သူ​ရဲ​တို့​သည် မိ​ဇ​ပါ​မြို့​ရှိ​ဂေ​ဒ​လိ ထံ​ဝင်​ရောက်​လာ​ကြ​၏။ ထို​တပ်​မှူး​များ​မှာ နာ​သနိ​၏​သား​ဣ​ရှ​မေ​လ၊ ကာ​ရာ​၏​သား ယော​ဟ​နန်၊ နေ​တော​ဖတ်​မြို့​သား​တာ​နု​မက် ၏​သား​စ​ရာ​ယ​နှင့်​မာ​ခ​သိ​မြို့​သား​ယေ ဇ​နိ​တို့​ဖြစ်​ကြ​၏။-
Ko so vsi poveljniki vojsk, oni in njihovi možje, slišali, da je babilonski kralj postavil Gedaljája za voditelja, so prišli h Gedaljáju v Micpo. Celo Netanjájev sin Jišmaél, Karéahov sin Johanán, Serajá, sin Tanhúmeta Netófčana in Maahčánov sin Jaazanjá, oni in njihovi možje.
24 ၂၄ ဂေ​ဒ​လိ​က​သူ​တို့​အား``သင်​တို့​သည်​ဗာ​ဗု​လုန် အ​ရာ​ရှိ​တို့​အား ကြောက်​ရွံ့​စ​ရာ​မ​လို​ကြောင်း ငါ​က​တိ​ပြု​၏။ ဤ​ပြည်​တွင်​နေ​ထိုင်​၍​ဗာ​ဗု​လုန် ဘု​ရင်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​ကြ​ပါ​လျှင် သင်​တို့​ချမ်း​သာ​ရ​လိမ့်​မည်'' ဟု​ပြော​၏။
Gedaljá je prisegel njim in njihovim možem ter jim rekel: »Ne bojte se biti služabniki Kaldejcem. Prebivajte v deželi in služite babilonskemu kralju in z vami bo dobro.«
25 ၂၅ သို့​ရာ​တွင်​သတ္တမ​လ​သို့​ရောက်​သော​အ​ခါ​မင်း မျိုး​မင်း​နွယ်​ဖြစ်​သူ ဧ​လိ​ရှ​မာ​၏​မြေး၊ နာ​သ​နိ ၏​သား၊ ဣ​ရှ​မေ​လ​သည်​လူ​တစ်​ကျိပ်​နှင့်​မိ​ဇ​ပါ မြို့​သို့​သွား​ပြီး​လျှင် ဂေ​ဒ​လိ​ကို​လုပ်​ကြံ​လေ သည်။ သူ​သည်​ဂေ​ဒ​လိ​နှင့်​အ​တူ​ရှိ​နေ​သည့် ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့် ဗာ​ဗု​လုန် အ​မျိုး​သား​တို့​ကို​လည်း​သတ်​ဖြတ်​လိုက်​၏။-
Toda pripetilo se je v sedmem mesecu, da je prišel Jišmaél, Netanjájev sin, Elišamájev sin, iz kraljevega semena in deset mož z njim in udaril Gedaljája, da je umrl in Jude in Kaldejce, ki so bili z njim v Micpi.
26 ၂၆ ထို​အ​ခါ​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​ကို​ကြောက် သော​ကြောင့် ဆင်း​ရဲ​ချမ်း​သာ​သူ​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​သည် တပ်​မ​တော်​အ​ရာ​ရှိ​များ နှင့်​အ​တူ​အီ​ဂျစ်​ပြည်​သို့​ထွက်​ပြေး​ကြ​၏။
Vse ljudstvo, tako mali kakor veliki in poveljniki vojsk, so vstali in prišli v Egipt, kajti bali so se Kaldejcev.
27 ၂၇ ဗာ​ဗု​လုန်​ဘု​ရင်​ဧဝိ​လ​မေ​ရော​ဒက်​သည်​မိ​မိ နန်း​တက်​တော်​မူ​သော​နှစ်​၌ ယု​ဒ​ဘု​ရင်​ယေ​ခေါ နိ​အား​အ​ကျဉ်း​ထောင်​မှ​လွှတ်​သော​အား​ဖြင့် က​ရု​ဏာ​ပြ​တော်​မူ​၏။ ယေ​ခေါ​နိ​အ​ကျဉ်း ကျ​ပြီး​နောက် သုံး​ဆယ့်​ခု​နစ်​နှစ်​မြောက်​ဒွါ ဒ​သ​မ​လ​နှစ်​ဆယ့်​ခု​နစ်​ရက်​နေ့​၌​ဤ​သို့ ဖြစ်​ပျက်​သ​တည်း။-
Pripetilo se je v sedemintridesetem letu ujetništva Judovega kralja Jojahína, v dvanajstem mesecu, na sedemindvajseti dan meseca, da je babilonski kralj Evíl Merodáh, v letu, ko je začel kraljevati, povzdignil glavo Judovega kralja Jojahína iz ječe
28 ၂၈ ဧ​ဝိ​လ​မေ​ရော​ဒက်​သည်​ယေ​ခေါ​နိ​အား​ကြင်​နာ စွာ​ဆက်​ဆံ​၍ ဗာ​ဗု​လုန်​ပြည်​တွင်​ပြည်​နှင်​ဒဏ်​သင့် လျက်​နေ​သော အ​ခြား​ဘု​ရင်​များ​ထက်​ပို​၍​ချီး မြှင့်​မြှောက်​စား​တော်​မူ​၏။-
in prijazno govoril z njim in njegov prestol postavil nad prestol kraljev, ki so bili z njim v Babilonu
29 ၂၉ သို့​ဖြစ်​၍​ယေ​ခေါ​နိ​သည်​ထောင်​အဝတ်​များ​ကို​လဲ ခွင့်​ရ​လျက် မိ​မိ​အ​သက်​ရှည်​သ​မျှ​ကာ​လ​ပတ် လုံး​မင်း​ကြီး​နှင့်​အ​တူ​ပွဲ​တော်​တည်​ခွင့်​ကို​ရ​ရှိ လေ​သည်။-
in zamenjal njegove jetniške obleke in on je nenehno jedel kruh pred njim, vse dni svojega življenja.
30 ၃၀ မိ​မိ​လို​အပ်​သ​လို​သုံး​စွဲ​နိုင်​ရန်​နေ့​စဉ်​မှန်​မှန် အ​သုံး​စ​ရိတ်​ကို​လည်း တစ်​သက်​လုံး​ရ​ရှိ​၏။ ဋ္ဌမ္မ​ရာ​ဇ​ဝင်​စ​တုတ္ထ​စောင်​ပြီး​၏။
Njegova renta mu je bila dana od kralja, nenehna renta, dnevna mera za vsak dan, vse dni njegovega življenja.

< ၄ ဓမ္မရာဇဝင် 25 >