< ၁ ဓမ္မရာဇဝင် 5 >
1 ၁ ဖိလိတ္တိအမျိုးသားတို့သည်ပဋိညာဉ်သေတ္တာ တော်ကိုသိမ်းယူကြပြီးလျှင် ဧဗနေဇာမြို့ မှမိမိတို့နေထိုင်ရာအာဇုတ်မြို့သို့ပင့်ဆောင် ကာ၊-
Filistejci so vzeli Božjo skrinjo in jo iz Eben Ezerja prinesli v Ašdód.
2 ၂ ဒါဂုန်ဘုရားကျောင်းအတွင်းရှိဒါဂုန်ရုပ်တု အနီးတွင်ထားကြ၏။-
Ko so Filistejci vzeli Božjo skrinjo, so jo prinesli v Dagónovo hišo in jo postavili poleg Dagóna.
3 ၃ နောက်တစ်နေ့နံနက်စောစော၌ဒါဂုန်ရုပ်တု သည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော် ရှေ့တွင် မှောက်လျက်လဲကျနေသည်ကိုအာဇုတ် မြို့သားတို့မြင်ရကြ၏။ သို့ဖြစ်၍သူတို့သည် ထိုရုပ်တုကိုထူပြီးလျှင်တစ်ဖန်မူရင်းနေ ရာတွင်ပြန်ထားကြ၏။-
Ko so tisti iz Ašdóda naslednji dan zgodaj vstali, glej, Dagón je bil zvrnjen dol k zemlji, na svoj obraz, pred Gospodovo skrinjo. In prijeli so Dagóna in ga ponovno postavili na njegovo mesto.
4 ၄ နောက်တစ်နေ့နံနက်စောစော၌ထိုရုပ်တုသည် ပဋိညာဉ်သေတ္တာတော်၏ရှေ့တွင်တစ်ဖန်မှောက် လျက်လဲကျနေသည်ကိုမြင်ရကြပြန်၏။ ယခုအကြိမ်၌မူရုပ်တု၏ဦးခေါင်းနှင့် လက်နှစ်ဖက်စလုံးပင်ပြတ်၍ တံခါးဝ အနီးသို့ရောက်ရှိနေလေသည်။ ရုပ်တု၏ ကိုယ်လုံးသာလျှင်ကျန်ရစ်ခဲ့၏။-
Ko so naslednji dan zgodaj zjutraj vstali, glej, Dagón je bil zvrnjen na svojem obrazu na tleh pred Gospodovo skrinjo, in Dagónova glava in obe dlani njegovih rok so bili odsekani na pragu. Samo Dagónov trup mu je preostal.
5 ၅ (ထို့ကြောင့်ဒါဂုန်ဘုရားယဇ်ပုရောဟိတ် များ၊ ဒါဂုန်ဘုရားကျောင်းကိုဝင်ထွက်ကြ သောအာဇုတ်မြို့သားများသည် ကျောင်းတံခါး ခုံကိုယနေ့တိုင်အောင်မနင်းဘဲကျော်၍ သွားကြ၏။)
Zato niti Dagónovi duhovniki niti kdorkoli, ki pride v Dagónovo hišo, do današnjega dne, ne stopajo na Dagónov prag v Ašdódu.
6 ၆ ထာဝရဘုရားသည်အာဇုတ်မြို့သားတို့ အား ပြင်းစွာဒဏ်ခတ်တော်မူသဖြင့်ကြောက် လန့်တုန်လှုပ်စေတော်မူ၏။ ကိုယ်တော်သည် ထိုမြို့သားတို့နှင့်ပတ်ဝန်းကျင်ရှိလူတို့ အားအနာစိမ်းများပေါက်စေခြင်းအား ဖြင့်ဒဏ်ခတ်တော်မူ၏။-
Toda Gospodova roka je bila težka nad tistimi iz Ašdóda in uničeval jih je in jih udaril s hemoroídi, torej Ašdód in njegova mesta.
7 ၇ သူတို့သည်ထိုအခြင်းအရာကိုတွေ့မြင် ကြသောအခါ``ဣသရေလအမျိုးသား တို့ကိုးကွယ်သောဘုရားသည်ငါတို့နှင့် ငါတို့၏ဒါဂုန်ဘုရားအားဒဏ်ခတ်တော်မူ လေပြီ။ ပဋိညာဉ်သေတ္တာတော်ကိုဤအရပ် တွင်ငါတို့ဆက်လက်ထားရှိ၍ဖြစ်တော့ မည်မဟုတ်'' ဟုဆိုကြ၏။-
Ko so možje iz Ašdóda videli, da je bilo tako, so rekli: »Skrinja Izraelovega Boga naj ne ostane z nami, kajti njegova roka je boleče nad nami in nad našim bogom Dagónom.«
8 ၈ ထို့ကြောင့်သူတို့သည်ဖိလိတ္တိဘုရင်ငါးပါး တို့ထံစေတမန်များလွှတ်၍ဖိတ်ခေါ်ပြီး လျှင်``ဣသရေလအမျိုးသားတို့ကိုးကွယ် သောဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုငါ တို့အဘယ်သို့ပြုရကြမည်နည်း'' ဟုမေး ကြ၏။ ဘုရင်တို့က``ဂါသမြို့သို့ပင့်ဆောင်သွား ကြလော့'' ဟုဆိုသဖြင့်ပဋိညာဉ်သေတ္တာ တော်ကိုအခြားဖိလိတ္တိမြို့တစ်မြို့ဖြစ် သောဂါသမြို့သို့ပင့်ဆောင်သွားကြ၏။-
Zato so poslali in k sebi zbrali vse filistejske kneze ter rekli: »Kaj naj storimo s skrinjo Izraelovega Boga?« Odgovorili so: »Naj bo skrinja Izraelovega Boga prenesena v Gat.« In tja so prenesli skrinjo Izraelovega Boga.
9 ၉ သို့ရာတွင်ထိုအရပ်သို့သေတ္တာတော်ရောက်ရှိ ပြီးနောက် ထာဝရဘုရားသည်ထိုမြို့ကိုလည်း ဒဏ်ခတ်တော်မူပြန်သဖြင့် လူတို့သည်ထိတ်လန့် ကြကုန်၏။ ကိုယ်တော်သည်ကြီးငယ်မရွေးမြို့ သူမြို့သားအပေါင်းတို့အားအနာစိမ်းများ ပေါက်စေခြင်းအားဖြင့်ဒဏ်ခတ်တော်မူ၏။-
To je bilo tako, da potem, ko so jo odnesli, je bila Gospodova roka zoper mesto z zelo velikim uničenjem in udaril je može iz mesta, tako male, kakor velike in imeli so hemoroíde v svojih skritih delih.
10 ၁၀ သို့ဖြစ်၍သူတို့သည်ပဋိညာဉ်သေတ္တာတော်ကို အခြားဖိလိတ္တိမြို့တစ်မြို့ဖြစ်သောဧကြုန်မြို့ သို့ပို့လိုက်ကြ၏။ ထိုမြို့သို့သေတ္တာတော်ရောက် ရှိသောအခါလူတို့က``သူတို့သည်ငါတို့ ရှိသမျှကိုသတ်ရန်ဣသရေလအမျိုးသား တို့ကိုးကွယ်သည့်ဘုရား၏ပဋိညာဉ်သေတ္တာ တော်ကိုငါတို့ထံသို့ပင့်ဆောင်လာကြလေ ပြီ'' ဟုဟစ်အော်ကြကုန်၏။-
Zato so Božjo skrinjo poslali v Ekrón. Pripetilo se je, ko je Božja skrinja prišla v Ekrón, da so Ekrónci zavpili, rekoč: »K nam so privedli skrinjo Izraelovega Boga, da ubije nas in naše ljudstvo.«
11 ၁၁ ထို့ကြောင့်သူတို့သည်ဖိလိတ္တိဘုရင်အပေါင်း တို့အား တစ်ဖန်ဖိတ်ခေါ်ပြီးလျှင်``ဣသရေလ အမျိုးသားတို့၏ပဋိညာဉ်သေတ္တာတော်ကို ယင်း၏မူရင်းအရပ်သို့ပြန်ပို့လိုက်ကြပါ။ သို့မှသာလျှင်ငါတို့နှင့်တကွငါတို့၏အိမ် ထောင်စုသားများသည်သေဘေးမှကင်းလွတ် ကြပါလိမ့်မည်'' ဟုဆိုကြ၏။ ဘုရားသခင် သည်သူတို့အားပြင်းထန်စွာဒဏ်ခတ်တော် မူသည်ဖြစ်၍တစ်မြို့လုံးပင်ကြောက်လန့် တုန်လှုပ်လျက်နေကြ၏။-
Tako so poslali in zbrali skupaj vse filistejske kneze in rekli: »Pošljite proč skrinjo Izraelovega Boga in naj ponovno gre na svoj kraj, da ne ubije nas in našega ljudstva, « kajti tam je bilo v vsem mestu smrtonosno uničenje. Božja roka je bila tam zelo težka.
12 ၁၂ သေဘေးနှင့်လွတ်သောသူများပင်လျှင် အနာစိမ်းများပေါက်ကြသဖြင့် လူတို့သည် မိမိတို့၏ဘုရားများအားကူမရန်ဟစ် အော်လျှောက်ထားကြ၏။
Možje, ki niso umrli, so bili udarjeni s hemoroídi in krik mesta je šel gor do neba.