< ၁ ဓမ္မရာဇဝင် 21 >

1 ဒါ​ဝိဒ်​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ဟိ​မ​လက်​ရှိ ရာ နော​ဗ​မြို့​သို့​သွား​၏။ အ​ဟိ​မ​လက်​သည် ကြောက်​လန့်​တုန်​လှုပ်​လျက် ဒါ​ဝိဒ်​အား​လာ ရောက်​တွေ့​ဆုံ​ပြီး​လျှင်``သင်​သည်​အ​ဘယ် ကြောင့်​တစ်​ကိုယ်​တည်း​ဤ​အ​ရပ်​သို့​လာ ပါ​သ​နည်း'' ဟု​မေး​၏။
Potem je David prišel v Nob, k duhovniku Ahimélehu in Ahiméleh se je bal ob srečanju z Davidom in mu je rekel: »Zakaj si sam in ni nikogar s teboj?«
2 ဒါ​ဝိဒ်​က``အ​ကျွန်ုပ်​သည်​ဘု​ရင့်​အ​မှု​တော်​ကို ထမ်း​ဆောင်​ရန်​ရောက်​ရှိ​လာ​ခြင်း​ဖြစ်​ပါ​သည်။ မင်း​ကြီး​က မိ​မိ​စေ​ခိုင်း​သည့်​အ​မှု​ကိစ္စ​ကို အ​ဘယ်​သူ့​အား​မျှ​မ​ပြော​ရန်​မှာ​ကြား လိုက်​ပါ​သည်။-
David je rekel duhovniku Ahimélehu: »Kralj mi je zapovedal opravilo in mi rekel: ›Naj noben človek ne izve karkoli o opravilu, s katerim te pošiljam in kaj sem ti zapovedal in svoje služabnike sem določil na takšen in takšen kraj.‹
3 ယ​ခု​ကိုယ်​တော်​၏​ထံ​တွင်​ရိက္ခာ​မည်​မျှ​ရှိ ပါ​သ​နည်း။ အ​ကျွန်ုပ်​အား​မုန့်​ငါး​လုံး​သို့ မ​ဟုတ်​ကိုယ်​တော့်​ထံ​၌​ရှိ​သော​အ​စား အ​စာ​တစ်​စုံ​တစ်​ခု​ကို​ပေး​ပါ'' ဟု​တောင်း​၏။
Zdaj torej kaj je pod tvojo roko? Daj mi pet hlebov kruha v roko ali kar je prisotnega.«
4 ယဇ်​ပု​ရော​ဟိတ်​က``ငါ​၏​ထံ​တွင်​မုန့်​ရိုး​ရိုး မ​ရှိ။ ရှေ့​တော်​မုန့်​သာ​လျှင်​ရှိ​၏။ သင့်​ငယ် သား​တို့​သည်​မ​ကြာ​သေး​မီ​အ​ခါ​က ကာ​မ​ရာ​ဂ​စပ်​ယှက်​မှု​မ​ပြု​ခဲ့​ကြ​ပါ​မူ သင်​သည်​ထို​မုန့်​ကို​ယူ​နိုင်​ခွင့်​ရှိ​ပါ​၏'' ဟု​ဆို​၏။
Duhovnik je Davidu odgovoril in rekel: » Tam ni običajnega kruha pod mojo roko, temveč je posvečen kruh, če so se vsaj mladeniči zadržali pred ženskami.«
5 ဒါ​ဝိဒ်​က``အ​ကျွန်ုပ်​၏​ငယ်​သား​တို့​သည်​ကာ​မ ရာ​ဂ​စပ်​ယှက်​မှု​နှင့်​ကင်း​လွတ်​ကြ​ပါ​၏။ သူ​တို့ သည်​သာ​မန်​ကိစ္စ​နှင့်​ခ​ရီး​ထွက်​သည့်​အ​ခါ​၌ ပင်​လျှင် ဘာ​သာ​ရေး​ကျင့်​ဝတ်​အ​ရ​သန့်​စင်​မှု ရှိ​အောင်​နေ​ထိုင်​ကြ​သည်​ဖြစ်​၍ ယ​ခု​ကဲ့​သို့ အ​ထူး​ကိစ္စ​နှင့်​ခ​ရီး​ထွက်​ချိန်​၌​ပို​၍​သန့် စင်​အောင်​နေ​ကြ​ပါ​သည်'' ဟု​ပြော​၏။
David je odgovoril duhovniku in mu rekel: »Resnično so bile ženske zadržane pred nami te tri dni, odkar sem prišel ven in posode mladeničev so svete in kruh je nekako običajen, da, kot bi bil ta dan posvečen v posodi.«
6 ထို့​ကြောင့်​ယဇ်​ပု​ရော​ဟိတ်​သည်​မိ​မိ​ထံ တွင်​အ​ခြား​မုန့်​လည်း​မ​ရှိ​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ထား​သည့်​ရှေ့​တော်​မုန့် ကို​ဒါ​ဝိဒ်​အား​ပေး​လေ​သည်။ ထို​မုန့်​ဟောင်း ကို​မုန့်​သစ်​ဖြင့်​အ​စား​ထိုး​ပူ​ဇော်​ရန်​ဖြစ် သည်။
Tako mu je duhovnik dal posvečenega kruha, kajti tam ni bilo kruha, razen hleba navzočnosti, kar je bilo vzeto izpred Gospoda, da se položi vroč kruh na dan, ko je bil ta vzet.
7 (ရှော​လု​၏​သိုး​ထိန်း​မှူး​ဖြစ်​သူ​ဧ​ဒုံ​ပြည် သား​ဒေါ​ဂ​သည် ထို​နေ့​၌​ဘာ​သာ​ရေး​ကျင့် ဝတ်​အ​ရ​သန့်​စင်​မှု​မင်္ဂ​လာ​ပြု​ရန်​အ​တွက် ထို​အ​ရပ်​သို့​ရောက်​ရှိ​နေ​ခိုက်​ဖြစ်​သ​တည်း။)
Torej nek mož izmed Savlovih služabnikov se je ta dan zadrževal tam pred Gospodom in njegovo ime je bilo Doég, Edómec, glavni izmed črednikov, ki so pripadali Savlu.
8 ဒါ​ဝိဒ်​က​အ​ဟိ​မ​လက်​အား``ကိုယ်​တော်​ထံ တွင်​လှံ​သော်​လည်း​ကောင်း၊ ဋ္ဌား​သော်​လည်း ကောင်း​ရှိ​ပါ​သ​လော။ ဘု​ရင်​အ​မိန့်​တော်​ကြောင့် အ​ကျွန်ုပ်​သည်​အ​လျင်​စ​လို​ထွက်​ခွာ​လာ​ခဲ့ ရ​သ​ဖြင့် ဋ္ဌား​လက်​နက်​တစ်​စုံ​တစ်​ရာ​ကို​မျှ ယူ​ဆောင်​ရန်​အချိန်​မ​ရ​ပါ'' ဟု​ဆို​လျှင်၊
David je rekel Ahimélehu: »In ali ni tukaj pod tvojo roko sulica ali meč? Kajti s seboj nisem prinesel niti svojega meča niti svojih orožij, ker je kraljev posel zahteval naglico.«
9 အ​ဟိ​မ​လက်​က``ငါ့​မှာ​ဧ​လာ​ချိုင့်​ဝှမ်း​တွင် သတ်​ဖြတ်​ခဲ့​သည့်​ဖိ​လိတ္တိ​အ​မျိုး​သား​ဂေါ လျတ်​၏​ဋ္ဌား​ရှိ​ပါ​၏။ ထို​ဋ္ဌား​ကို​ပ​ဋိ​ညာဉ် သေတ္တာ​တော်​၏​နောက်​တွင်​အ​ဝတ်​နှင့်​ပတ်​၍ ထား​ပါ​၏။ သင်​အ​လို​ရှိ​လျှင်​ယူ​ပါ​လေ။ ဤ​အ​ရပ်​တွင်​အ​ခြား​လက်​နက်​မ​ရှိ​ပါ'' ဟု​ပြန်​ပြော​၏။ ထို​အ​ခါ​ဒါ​ဝိဒ်​က``ထို​ဋ္ဌား​ထက်​ကောင်း သည့်​ဋ္ဌား​အ​ဘယ်​မှာ​မျှ​မ​ရှိ​ပါ။ ယင်း​ကို အ​ကျွန်ုပ်​အား​ပေး​ပါ​လော့'' ဟု​ဆို​၏။
Duhovnik je rekel: »Meč Filistejca Goljata, ki si ga umoril v dolini Elá, glej, ta je tukaj, za efódom zavit v oblačilo. Če hočeš vzeti tega, ga vzemi, kajti nobenega drugega ni, razen tega tukaj.« David je rekel: »Nobenega ni podobnega temu; daj mi ga.«
10 ၁၀ ထို​နေ့​၌​ဒါ​ဝိဒ်​သည်​ရှော​လု​ထံ​မှ​တိမ်း ရှောင်​ကာ ဂါ​သ​ဘု​ရင်​အာ​ခိတ်​မင်း​ထံ​သို့ သွား​၏။-
David se je vzdignil in tisti dan iz strahu pred Savlom pobegnil in šel k Ahíšu, kralju v Gatu.
11 ၁၁ ဘု​ရင့်​မှူး​မတ်​တို့​က``ဤ​ဒါ​ဝိဒ်​ဆို​သူ​သည် ဣ​သ​ရေ​လ​ဘု​ရင်​ပင်​မ​ဟုတ်​ပါ​လော။ အ​မျိုး သ​မီး​တို့​သည်​က​ခုန်​ကာ`ရှော​လု​သတ်​သူ အ​ထောင်​ထောင်၊ ဒါ​ဝိဒ်​သတ်​သူ​အ​သောင်း သောင်း' ဟု​သူ​၏​အ​ကြောင်း​ကို​သီ​ချင်း​ဆို ခဲ့​ကြ​သည်​မ​ဟုတ်​ပါ​လော'' ဟု​လျှောက် ထား​ကြ​၏။
Ahíševi služabniki so mu rekli: » Ali ni to David, kralj dežele? Ali niso prepevale druga drugi o njem v plesih, rekoč: ›Savel je umoril svoje tisoče, David pa svoje deset tisoče?‹«
12 ၁၂ ထို​သူ​တို့​၏​စ​ကား​ကို​ဒါ​ဝိဒ်​နှ​လုံး​သွင်း​၍ အာ​ခိတ်​မင်း​အား​အ​လွန်​ကြောက်​ရွံ့​သော ကြောင့်၊-
David si je te besede položil v svoje srce in se boleče bal Ahíša, kralja iz Gata.
13 ၁၃ ရူး​သွပ်​ဟန်​ဆောင်​လျက်​သူ​တို့​၏​ရှေ့​တွင် အ​ရူး​ကဲ့​သို့​ပြု​ပြီး​လျှင် တံ​ခါး​ရွက်​ပေါ် တွင်​ရေး​ခြစ်​၍​နေ​၏။ မိ​မိ​၏​မုတ်​ဆိတ်​ပေါ် မှာ​သွား​ရည်​ယို​ကျ​စေ​၏။-
Pred njimi je spremenil svoje obnašanje in v njihovih rokah se je hlinil zmešanega in praskal po vhodih velikih vrat in si svojo slino pustil izlivati na svojo brado.
14 ၁၄ သို့​ဖြစ်​၍​အာ​ခိတ်​မင်း​သည်​မှူး​မတ်​တို့ အား``ကြည့်​လော့၊ ဤ​သူ​သည်​သူ​ရူး​ဖြစ်​ပါ သည်​တ​ကား။ သူ့​အား​သင်​တို့​အ​ဘယ်​ကြောင့် ငါ့​ထံ​သို့​သွင်း​ကြ​သ​နည်း။-
Potem je Ahíš rekel svojim služabnikom: »Glejte no! Vidite, človek je zmešan. Zakaj ste ga torej privedli k meni?
15 ၁၅ ငါ့​ထံ​တွင်​ရူး​သွပ်​သူ​နည်း​ပါး​နေ​သော​ကြောင့် လော။ ငါ​၏​နန်း​တော်​ထဲ​မှာ​ငါ့​အား​အ​နှောင့် အ​ယှက်​ပေး​ရန် အ​ဘယ်​ကြောင့်​အ​ရူး​ကို​သွင်း ကြ​သ​နည်း'' ဟု​မိန့်​တော်​မူ​၏။
Mar potrebujem zmešanih ljudi, da ste pripeljali tega pajdaša, da igra norca v moji prisotnosti? Ali naj ta pajdaš pride v mojo hišo?«

< ၁ ဓမ္မရာဇဝင် 21 >