< ၁ ဓမ္မရာဇဝင် 11 >

1 နောက်​တစ်​လ​ခန့်​ကြာ​သော​အ​ခါ အမ္မုန်​ဘု​ရင် နာ​ဟတ်​သည်​စစ်​သည်​အ​လုံး​အ​ရင်း​နှင့်​ဂိ​လဒ် ပြည်​ယာ​ဗက်​မြို့​သို့​ချီ​တက်​လာ​၏။ သူ​တို့​သည် မြို့​ကို​ဝိုင်း​ရံ​ထား​သ​ဖြင့် ယာ​ဗက်​မြို့​သား​တို့ က​နာ​ဟတ်​အား``အ​ကျွန်ုပ်​တို့​နှင့်​မ​ဟာ​မိတ် စာ​ချုပ်​ချုပ်​ဆို​ပါ​က အ​ကျွန်ုပ်​တို့​သည်​အ​ရှင် ၏​သစ္စာ​တော်​ကို​ခံ​ယူ​ပါ​မည်'' ဟု​လျှောက် ထား​ကြ​၏။
وَزَحَفَ نَاحَاشُ الْعَمُّونِيُّ عَلَى يَابِيشَ جِلْعَادَ وَحَاصَرَهَا، فَقَالَ أَهْلُ يَابِيشَ لِنَاحَاشَ: «وَقِّعْ مَعْنَا مُعَاهَدَةً فَنُصْبِحَ عَبِيداً لَكَ»١
2 နာ​ဟတ်​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တစ် ရပ်​လုံး​အ​သ​ရေ​ပျက်​စေ​ရန် သင်​တို့​၏​ညာ မျက်​စိ​ရှိ​သ​မျှ​ကို​ဖောက်​ပစ်​ခွင့်​ပေး​မှ​သာ ငါ​သည်​သင်​တို့​နှင့်​မ​ဟာ​မိတ်​စာ​ချုပ်​ချုပ် ဆို​နိုင်​မည်'' ဟု​ဆို​၏။
فَأَجَابَهُمْ: «حَسَناً، وَلَكِنْ بِشَرْطِ أَنْ أَقْلَعَ الْعَيْنَ الْيُمْنَى لِكُلِّ وَاحِدٍ مِنْكُمْ، فَيُصْبِحَ ذَلِكَ عَاراً عَلَى كُلِّ إِسْرَائِيلَ».٢
3 ယာ​ဗက်​မြို့​သား​ခေါင်း​ဆောင်​များ​က``ဣ​သ​ရေ​လ ပြည်​တစ်​လျှောက်​လုံး​သို့​တ​မန်​များ​စေ​လွှတ်​၍ သ​တင်း​ပေး​ပို့​နိုင်​ရန်​အ​ကျွန်ုပ်​တို့​အား​ခု​နစ် ရက်​မျှ​အ​ခွင့်​ပေး​ပါ။ အ​ကယ်​၍​အ​ကျွန်ုပ်​တို့ အား​ကူ​မ​မည့်​သူ​မ​ရှိ​ပါ​က​အ​ရှင့်​ထံ​တွင် အ​ညံ့​ခံ​ပါ​မည်'' ဟု​လျှောက်​ကြ​၏။
فَقَالَ لَهُ زُعَمَاءُ يَابِيشَ: «أَمْهِلْنَا سَبْعَةَ أَيَّامٍ، نَبْعَثُ فِيهَا رُسُلاً إِلَى جَمِيعِ أَرَاضِي إِسْرَائِيلَ طَالِبِينَ النَّجْدَةَ، فَإِنْ لَمْ يُغِثْنَا أَحَدٌ، نُذْعِنْ لِشَرْطِكَ».٣
4 စေ​တ​မန်​တို့​သည်​ရှော​လု​နေ​ထိုင်​ရာ​ဂိ​ဗာ မြို့​သို့​ရောက်​ရှိ​လာ​လျက် ထို​သ​တင်း​ကို​ပြော ကြား​ကြ​သော​အ​ခါ လူ​တို့​သည်​စိတ်​ပျက် အား​လျော့​လျက်​ငို​ကြွေး​ကြ​ကုန်​၏။-
وَعِنْدَمَا وَصَلَ رُسُلُ يَابِيشَ إِلَى جِبْعَةِ شَاوُلَ، وَأَطْلَعُوا الشَّعْبَ عَلَى الأَمْرِ، عَلا بُكَاءُ الشَّعْبِ.٤
5 ထို​အ​ချိန်​၌​ရှော​လု​သည်​မိ​မိ​၏​နွား​များ နှင့်​အ​တူ လယ်​တော​မှ​ပြန်​လည်​ရောက်​ရှိ​လာ ကာ``အ​ကြောင်း​ကား​အ​ဘယ်​သို့​နည်း။ လူ အ​ပေါင်း​တို့​သည်​အ​ဘယ်​ကြောင့်​ငို​ကြွေး နေ​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။ လူ​တို့​သည် ယာ​ဗက်​မြို့​မှ​စေ​တ​မန်​တို့​ယူ​ဆောင်​လာ သော​သ​တင်း​ကို​သူ့​အား​ပြော​ကြား​ကြ​၏။-
وَفِيمَا هُمْ كَذَلِكَ، أَقْبَلَ شَاوُلُ مِنَ الْحَقْلِ يَقُودُ أَمَامَهُ الْبَقَرَ، فَتَسَاءَلَ: «مَا بَالُ الشَّعْبِ يَبْكِي؟» فَرَوَوْا لَهُ خَبَرَ أَهْلِ يَابِيشَ،٥
6 ထို​သ​တင်း​ကို​ရှော​လု​ကြား​ရ​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည် သူ ၏​အ​ပေါ်​သို့​သက်​ရောက်​တော်​မူ​သ​ဖြင့် သူ​သည်​ပြင်း​စွာ​အ​မျက်​ထွက်​ကာ၊-
فَحَلَّ عَلَيْهِ رُوحُ اللهِ عِنْدَمَا سَمِعَ الْخَبَرَ وَثَارَ غَضَبُهُ.٦
7 နွား​နှစ်​ကောင်​ကို​ယူ​၍​အပိုင်း​ပိုင်း​ခုတ်​ဖြတ် လျက် စေ​တ​မန်​တို့​အား​ဣ​သ​ရေ​လ​ပြည် တစ်​လျှောက်​လုံး​သို့​ယူ​ဆောင်​သွား​စေ​ပြီး လျှင်``စစ်​ပွဲ​ဝင်​ရန်​ရှော​လု​နှင့်​ရှ​မွေ​လ​တို့ နောက်​သို့​မ​လိုက်​သူ​မှန်​သ​မျှ​၏​နွား​များ သည် ဤ​နည်း​အ​တိုင်း​ခုတ်​ဖြတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်'' ဟု​သ​တိ​ပေး​စေ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​ကို​ကြောက်​သ​ဖြင့် တ​ညီ​တ​ညွတ် တည်း​ထွက်​လာ​ကြ​၏။-
وَأَخَذَ ثَوْرَيْنِ قَطَّعَهُمَا إِلَى أَجْزَاءَ وَزَّعَهَا عَلَى كُلِّ أَرْجَاءِ إِسْرَائِيلَ بِيَدِ رُسُلٍ قَائِلاً: «هَكَذَا يَحْدُثُ لِبَقَرِ كُلِّ مَنْ يَتَخَلَّفُ عَنِ الْخُرُوجِ وَرَاءَ شَاوُلَ وَوَرَاءَ صَمُوئِيلَ». فَطَغَى رُعْبُ الرَّبِّ عَلَى قُلُوبِهِمْ، وَالْتَفُّوا حَوْلَ شَاوُلَ كَرَجُلٍ وَاحِدٍ.٧
8 ရှော​လု​သည်​သူ​တို့​အား​ဗေ​ဇက်​မြို့​တွင် စု​ရုံး​စေ​ရာ ဣ​သ​ရေ​လ​ပြည်​မှ​လူ​သုံး သိန်း​နှင့်​ယု​ဒ​ပြည်​မှ​လူ​သုံး​သောင်း​ရ​ရှိ သ​တည်း။-
وَأَحْصَاهُمْ شَاوُلُ فِي بَازَقَ فَبَلَغَ عَدَدُهُمْ ثَلاثَ مِئَةِ أَلْفٍ، فَضْلاً عَنْ ثَلاثِينَ أَلْفاً مِنْ رِجَالِ يَهُوذَا.٨
9 ထို​သူ​တို့​က​ယာ​ဗက်​မြို့​မှ​လာ​သော​စေ တ​မန်​တို့​အား``ငါ​တို့​သည်​နက်​ဖြန်​မွန်း မ​တည့်​မီ​သင်​တို့​မြို့​သား​များ​အား​ကယ် ဆယ်​မည်​ဖြစ်​ကြောင်း သူ​တို့​အား​ပြော​ကြား ကြ​လော့'' ဟု​မှာ​ကြား​လိုက်​၏။ ထို​သ​တင်း ကို​ရ​သော​အ​ခါ​ယာ​ဗက်​မြို့​သား​တို့​သည် အ​တိုင်း​ထက်​အ​လွန်​ဝမ်း​မြောက်​ကြ​ကုန်​၏။-
وَقَالُوا لِلرُّسُلِ الْوَافِدِينَ: «أَخْبِرُوا أَهْلَ يَابِيشَ أَنَّ غَداً، عِنْدَ اشْتِدَادِ حَرِّ الشَّمْسِ، يَتِمُّ خَلاصُكُمْ». وَعِنْدَمَا عَادَ الرُّسُلُ وَأَخْبَرُوا أَهْلَ يَابِيشَ عَمَّهُمُ الْفَرَحُ.٩
10 ၁၀ သူ​တို့​သည်​နာ​ဟတ်​အား``အ​ကျွန်ုပ်​တို့​သည် အ​ရှင့်​ထံ​တွင် နက်​ဖြန်​အ​ညံ့​ခံ​ကြ​ပါ​မည်။ အ​ကျွန်ုပ်​တို့​အား​အ​ရှင်​ပြု​လို​ရာ​ပြု​နိုင် ပါ​သည်'' ဟု​လျှောက်​ကြ​၏။
فَقَالَ أَهْلُ يَابِيشَ لِلْعَمُّونِيِّينَ: «غَداً نَخْرُجُ إِلَيْكُمْ مُسْتَسْلِمِينَ لِتَصْنَعُوا بِنَا مَا يَطِيبُ لَكُمْ».١٠
11 ၁၁ နောက်​တစ်​နေ့​နံ​နက်​၌​ရှော​လု​သည်​မိ​မိ ၏​လူ​တို့​ကို​သုံး​တပ်​ခွဲ​ပြီး​လျှင် အ​ရုဏ် တက်​ချိန်​၌ ရန်​သူ​တပ်​စ​ခန်း​ကို​အ​တင်း ဝင်​၍​တိုက်​ခိုက်​ရာ​မွန်း​တည့်​ချိန်​ရောက်​သော် အမ္မုန်​အ​မျိုး​သား​တို့​ကျ​ဆုံး​ကြ​ကုန်​၏။ မ​သေ​ဘဲ​ကြွင်း​ကျန်​နေ​သူ​တို့​သည်​လည်း တ​ကွဲ​တ​ပြား​ကိုယ်​လွတ်​ရုန်း​၍​ထွက်​ပြေး ကြ​လေ​သည်။
وَفِي صَبَاحِ الْيَوْمِ التَّالِي قَسَمَ شَاوُلُ جَيْشَهُ إِلَى ثَلاثِ فِرَقٍ، وَهَجَمُوا عَلَى مُعَسْكَرِ الْعَمُّونِيِّينَ عِنْدَ الْفَجْرِ وَأَعْمَلُوا فِيهِمْ تَقْتِيلاً حَتَّى اشْتَدَّ حَرُّ النَّهَارِ. وَالَّذِينَ نَجَوْا مِنْهُمْ تَشَتَّتُوا حَتَّى لَمْ يَبْقَ مِنْهُمُ اثْنَانِ مَعاً.١١
12 ၁၂ ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က ရှ​မွေ​လ​အား``ရှော​လု​သည်​အ​ကျွန်ုပ်​တို့​၏ ဘု​ရင်​မ​ဖြစ်​ထိုက်​ဟု​ဆို​သော​သူ​တို့​အ​ဘယ် မှာ​ရှိ​ပါ​သ​နည်း။ သူ​တို့​ကို​အ​ကျွန်ုပ်​တို့​လက် သို့​ပေး​အပ်​ပါ။ သူ​တို့​အား​အ​ကျွန်ုပ်​တို့ အ​ဆုံး​စီ​ရင်​ကြ​ပါ​မည်'' ဟု​လျှောက်​ကြ​၏။
وَقَالَ بَنُو إِسْرَائِيلَ: «أَيْنَ هَؤُلاءِ الَّذِينَ تَسَاءَلُوا: أَيَمْلِكُ شَاوُلُ عَلَيْنَا؟ سَلِّمُوهُمْ لَنَا فَنَقْتُلَهُمْ».١٢
13 ၁၃ သို့​ရာ​တွင်​ရှော​လု​က``ဤ​နေ့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ထာ​ဝ​ရ​ဘု​ရား​ကယ်​ဆယ် တော်​မူ​သော​နေ့​ဖြစ်​၏။ ယ​နေ့​အ​ဘယ်​သူ​ကို မျှ​မ​သတ်​ရ'' ဟု​ဆို​၏။-
فَقَالَ شَاوُلُ: «لا يُقْتَلُ أَحَدٌ فِي هَذَا الْيَوْمِ، لأَنَّ الرَّبَّ قَدْ صَنَعَ الْيَوْمَ خَلاصاً فِي إِسْرَائِيلَ».١٣
14 ၁၄ ရှ​မွေ​လ​က​လည်း``ငါ​တို့​အ​ပေါင်း​သည်​ဂိ​လ ဂါ​လ​မြို့​သို့​သွား​၍​ရှော​လု​အား ငါ​တို့ ဘု​ရင်​အ​ဖြစ်​ဖြင့်​ထပ်​မံ​ကြွေး​ကြော်​တင် မြှောက်​ကြ​ကုန်​အံ့'' ဟု​ဆို​၏။-
وَقَالَ صَمُوئِيلُ لِلشَّعْبِ: «هَيَّا نَذْهَبْ إِلَى الْجِلْجَالِ لِنُجَدِّدَ هُنَاكَ عَهْدَ الْمَلِكِ».١٤
15 ၁၅ သို့​ဖြစ်​၍​သူ​တို့​အား​လုံး​ပင်​ဂိ​လ​ဂါ​လ မြို့​သို့​သွား​ပြီး​လျှင် သန့်​ရှင်း​ရာ​ဌာ​န​တော် တွင်​ရှော​လု​အား​ဘု​ရင်​အ​ဖြစ်​ကြွေး​ကြော် တင်​မြှောက်​ကြ​လေ​သည်။ သူ​တို့​သည်​မိတ် သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော်​ကြ​၏။ ရှော​လု​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး​သည် လည်း​ပျော်​ပွဲ​ရွှင်​ပွဲ​ကို​ဆင်​နွှဲ​ကြ​၏။
فَتَوَجَّهَ الشَّعْبُ إِلَى الْجِلْجَالِ، وَمَلَّكُوا هُنَاكَ شَاوُلَ أَمَامَ الرَّبِّ، وَقَرَّبُوا ذَبَائِحَ سَلامٍ فِي حَضْرَةِ الرَّبِّ. وَغَمَرَتِ الْفَرْحَةُ شَاوُلَ وَسَائِرَ رِجَالِ إِسْرَائِيلَ.١٥

< ၁ ဓမ္မရာဇဝင် 11 >