< יְחֶזְקֵאל 33 >
וַיְהִ֥י דְבַר־יְהוָ֖ה אֵלַ֥י לֵאמֹֽר׃ | 1 |
၁ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
בֶּן־אָדָ֗ם דַּבֵּ֤ר אֶל־בְּנֵֽי־עַמְּךָ֙ וְאָמַרְתָּ֣ אֲלֵיהֶ֔ם אֶ֕רֶץ כִּֽי־אָבִ֥יא עָלֶ֖יהָ חָ֑רֶב וְלָקְח֨וּ עַם־הָאָ֜רֶץ אִ֤ישׁ אֶחָד֙ מִקְצֵיהֶ֔ם וְנָתְנ֥וּ אֹת֛וֹ לָהֶ֖ם לְצֹפֶֽה׃ | 2 |
၂ကိုယ်တော်က``တိုင်းပြည်တစ်ပြည်ကိုငါသည် စစ်ဘေးအန္တရာယ်ဆိုက်ရောက်စေသောအခါ ထိုပြည်၌အဘယ်သို့ဖြစ်သည်ကိုသင်၏ အမျိုးသားတို့အားပြောပြလော့။ ပြည်သူ ပြည်သားတို့သည်မိမိတို့အထဲမှလူ တစ်ယောက်ကိုကင်းစောင့်အဖြစ်ဖြင့်ရွေး ချယ်ရကြ၏။-
וְרָאָ֥ה אֶת־הַחֶ֖רֶב בָּאָ֣ה עַל־הָאָ֑רֶץ וְתָקַ֥ע בַּשּׁוֹפָ֖ר וְהִזְהִ֥יר אֶת־הָעָֽם׃ | 3 |
၃သူသည်ရန်သူချဉ်းကပ်လာသည်ကိုမြင် လျှင် လူအပေါင်းတို့အားတံပိုးခရာမှုတ် ၍အချက်ပေးရ၏။-
וְשָׁמַ֨ע הַשֹּׁמֵ֜עַ אֶת־ק֤וֹל הַשּׁוֹפָר֙ וְלֹ֣א נִזְהָ֔ר וַתָּ֥בוֹא חֶ֖רֶב וַתִּקָּחֵ֑הוּ דָּמ֥וֹ בְרֹאשׁ֖וֹ יִֽהְיֶֽה׃ | 4 |
၄အကယ်၍တစ်စုံတစ်ယောက်သောသူသည် ယင်းသို့အချက်ပေးသံကိုကြားလျက်နှင့် ဂရုမစိုက်ဘဲနေပါမူရန်သူသည်လာ ၍သူ့ကိုဋ္ဌားဘေးသင့်စေလျှင် ထိုသူအသက် ဆုံးရှုံးရမှုသည်သူ၏အပြစ်ပင်ဖြစ်၍ သူ့ သွေးသည်သူ၏ခေါင်းပေါ်ရောက်လေပြီ။-
אֵת֩ ק֨וֹל הַשּׁוֹפָ֤ר שָׁמַע֙ וְלֹ֣א נִזְהָ֔ר דָּמ֖וֹ בּ֣וֹ יִֽהְיֶ֑ה וְה֥וּא נִזְהָ֖ר נַפְשׁ֥וֹ מִלֵּֽט׃ | 5 |
၅သူသေရသည်မှာသူ၏ချို့ယွင်းမှုကြောင့် သူ့သွေးသည်သူ၏ခေါင်းပေါ်ရောက်ရပေ မည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော်သူသည် သတိပေးချက်ကိုဂရုမစိုက်ခဲ့သော ကြောင့်ဖြစ်၏။ အကယ်၍ဂရုစိုက်မည် ဆိုပါကသူသည်သေဘေးမှလွတ် မြောက်နိုင်၏။-
וְ֠הַצֹּפֶה כִּֽי־יִרְאֶ֨ה אֶת־הַחֶ֜רֶב בָּאָ֗ה וְלֹֽא־תָקַ֤ע בַּשּׁוֹפָר֙ וְהָעָ֣ם לֹֽא־נִזְהָ֔ר וַתָּב֣וֹא חֶ֔רֶב וַתִּקַּ֥ח מֵהֶ֖ם נָ֑פֶשׁ ה֚וּא בַּעֲוֹנ֣וֹ נִלְקָ֔ח וְדָמ֖וֹ מִיַּֽד־הַצֹּפֶ֥ה אֶדְרֹֽשׁ׃ ס | 6 |
၆သို့ရာတွင်အကယ်၍ကင်းစောင့်သည်ရန်သူ လာသည်ကိုမြင်လျက်နှင့် အချက်ပေးတံပိုး ခရာကိုမမှုတ်ဘဲနေခဲ့သော် ရန်သူလွန်လာ ၍တစ်စုံတစ်ယောက်သတ်ဖြတ်ခံရလျှင်ထို သူသည်မိမိအပြစ်ကြောင့်သေရသော်လည်း ထိုသို့သေဆုံးသူ၏သွေးအတွက်ကင်းစောင့် မှာတာဝန်ရှိစေမည်။''
וְאַתָּ֣ה בֶן־אָדָ֔ם צֹפֶ֥ה נְתַתִּ֖יךָ לְבֵ֣ית יִשְׂרָאֵ֑ל וְשָׁמַעְתָּ֤ מִפִּי֙ דָּבָ֔ר וְהִזְהַרְתָּ֥ אֹתָ֖ם מִמֶּֽנִּי׃ | 7 |
၇``အချင်းလူသား၊ ယခုငါသည်သင့်အား ဣသရေလအမျိုးသားတို့အတွက် ကင်း စောင့်အဖြစ်ဖြင့်ခန့်ထားမည်။ သင်သည်ငါ ၏သတိပေးချက်များကိုသူတို့အား ဆင့်ဆိုရမည်။-
בְּאָמְרִ֣י לָרָשָׁ֗ע רָשָׁע֙ מ֣וֹת תָּמ֔וּת וְלֹ֣א דִבַּ֔רְתָּ לְהַזְהִ֥יר רָשָׁ֖ע מִדַּרְכּ֑וֹ ה֤וּא רָשָׁע֙ בַּעֲוֹנ֣וֹ יָמ֔וּת וְדָמ֖וֹ מִיָּדְךָ֥ אֲבַקֵּֽשׁ׃ | 8 |
၈အကယ်၍ငါကဆိုးယုတ်သူတစ်စုံတစ် ယောက်အားသေရလိမ့်မည်ဟုဆိုလျှင် သင် သည်ထိုသူအသက်မသေစေရန်သူ၏ အပြုအမူပြောင်းလဲဖို့သတိပေးရမည်။ မပေးဘဲနေပါမူသူသည်အပြစ်ကူး လွန်သူအဖြစ်ဖြင့်ပင်သေလိမ့်မည်။ ထို အခါငါသည်ထိုသေဆုံးသူ၏သွေး အတွက်သင့်မှာတာဝန်ရှိစေမည်။-
וְ֠אַתָּה כִּֽי־הִזְהַ֨רְתָּ רָשָׁ֤ע מִדַּרְכּוֹ֙ לָשׁ֣וּב מִמֶּ֔נָּה וְלֹא־שָׁ֖ב מִדַּרְכּ֑וֹ ה֚וּא בַּעֲוֹנ֣וֹ יָמ֔וּת וְאַתָּ֖ה נַפְשְׁךָ֥ הִצַּֽלְתָּ׃ ס | 9 |
၉အကယ်၍သင်သည်ဆိုးယုတ်သူအားသတိ ပေးသော်လည်း သူသည်ဒုစရိုက်ကိုပြုမြဲ ပြုကာအပြစ်ကူးလွန်သူအဖြစ်ဖြင့်ပင် လျှင်သေသည်ဆိုပါမူ သင်၏အသက်ချမ်း သာရာရလိမ့်မည်''ဟုမိန့်တော်မူ၏။
וְאַתָּ֣ה בֶן־אָדָ֗ם אֱמֹר֙ אֶל־בֵּ֣ית יִשְׂרָאֵ֔ל כֵּ֤ן אֲמַרְתֶּם֙ לֵאמֹ֔ר כִּֽי־פְשָׁעֵ֥ינוּ וְחַטֹּאתֵ֖ינוּ עָלֵ֑ינוּ וּבָ֛ם אֲנַ֥חְנוּ נְמַקִּ֖ים וְאֵ֥יךְ נִֽחְיֶֽה׃ | 10 |
၁၀ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။ ကိုယ်တော်က``အချင်း လူသား'' ``ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာသင်တို့က`ငါတို့သည်မိမိ တို့အပြစ်များ၊ မိမိတို့ပြုသောအမှားများ ဖြင့်ဝန်လေးပင်ပန်းလျက်ရှိကြ၏။ ငါတို့ သည်အားလျော့နွမ်းနယ်လျက်နေကြ၏။ အဘယ်သို့လျှင်ငါတို့အသက်ရှင်နိုင် ကြပါမည်နည်း' ဟုဆိုကြ၏။-
אֱמֹ֨ר אֲלֵיהֶ֜ם חַי־אָ֣נִי ׀ נְאֻ֣ם ׀ אֲדֹנָ֣י יְהוִ֗ה אִם־אֶחְפֹּץ֙ בְּמ֣וֹת הָרָשָׁ֔ע כִּ֣י אִם־בְּשׁ֥וּב רָשָׁ֛ע מִדַּרְכּ֖וֹ וְחָיָ֑ה שׁ֣וּבוּ שׁ֜וּבוּ מִדַּרְכֵיכֶ֧ם הָרָעִ֛ים וְלָ֥מָּה תָמ֖וּתוּ בֵּ֥ית יִשְׂרָאֵֽל׃ פ | 11 |
၁၁ငါအရှင်ထာဝရဘုရားသည်အသက်ရှင် တော်မူသောဘုရားဖြစ်တော်မူသည်နှင့် အညီ ငါမိန့်တော်မူသည်ကားအပြစ်ကူး လွန်သူတစ်စုံတစ်ယောက်သေသည်ကိုမ မြင်လို ထိုသူအပြစ်ကူးလွန်မှုကိုရပ်စဲ ၍အသက်ရှင်သည်ကိုသာလျှင်တွေ့မြင် လိုသည်။ အချင်းဣသရေလအမျိုးသား တို့၊ သင်တို့ပြုလျက်ရှိသည့်အပြစ်ဒု စရိုက်ကိုရပ်စဲကြလော့။ ရပ်စဲသောသင် တို့သည်အဘယ်ကြောင့်သေချင်ကြ သနည်း။
וְאַתָּ֣ה בֶן־אָדָ֗ם אֱמֹ֤ר אֶל־בְּנֵֽי־עַמְּךָ֙ צִדְקַ֣ת הַצַּדִּ֗יק לֹ֤א תַצִּילֶ֙נּוּ֙ בְּי֣וֹם פִּשְׁע֔וֹ וְרִשְׁעַ֤ת הָֽרָשָׁע֙ לֹֽא־יִכָּ֣שֶׁל בָּ֔הּ בְּי֖וֹם שׁוּב֣וֹ מֵֽרִשְׁע֑וֹ וְצַדִּ֗יק לֹ֥א יוּכַ֛ל לִֽחְי֥וֹת בָּ֖הּ בְּי֥וֹם חֲטֹאתֽוֹ׃ | 12 |
၁၂``အချင်းလူသား၊ သူတော်ကောင်းအပြစ် ကူးလွန်သောအခါသူပြုခဲ့သောကောင်း မှုများကသူ့ကိုကယ်လိမ့်မည်မဟုတ် ကြောင်း ဣသရေလအမျိုးသားတို့အား ပြောကြားလော့။ အကယ်၍ဆိုးညစ်သူ သည်မိမိ၏ဆိုးညစ်မှုကိုရပ်စဲလိုက်ပါ မူသူသည်အပြစ်ဒဏ်ကိုခံရတော့မည် မဟုတ်။ သူတော်ကောင်းသည်အပြစ်ကူး လွန်သောအခါသူသည်အသက်ချမ်း သာရာရမည်မဟုတ်။-
בְּאָמְרִ֤י לַצַּדִּיק֙ חָיֹ֣ה יִֽחְיֶ֔ה וְהֽוּא־בָטַ֥ח עַל־צִדְקָת֖וֹ וְעָ֣שָׂה עָ֑וֶל כָּל־צִדְקֹתָיו֙ לֹ֣א תִזָּכַ֔רְנָה וּבְעַוְל֥וֹ אֲשֶׁר־עָשָׂ֖ה בּ֥וֹ יָמֽוּת׃ | 13 |
၁၃ငါသည်သူတော်ကောင်းအားအသက်ရှင်စေ မည်ဟုကတိပေးထားသော်လည်း သူသည် မိမိပြုခဲ့သောကောင်းမှုကိုအားကိုးကာ အပြစ်စ၍ကူးလွန်သည်ဆိုပါမူ ငါသည် သူပြုခဲ့သောအဘယ်ကောင်းမှုကိုမျှသတိ ရလိမ့်မည်မဟုတ်။ သူသည်မိမိ၏အပြစ် ကြောင့်သေရမည်ဖြစ်၏။-
וּבְאָמְרִ֥י לָֽרָשָׁ֖ע מ֣וֹת תָּמ֑וּת וְשָׁב֙ מֵֽחַטָּאת֔וֹ וְעָשָׂ֥ה מִשְׁפָּ֖ט וּצְדָקָֽה׃ | 14 |
၁၄အကယ်၍ငါသည်ဆိုးယုတ်သူအားသေရ လိမ့်မည်ဟုသတိပေးသဖြင့် သူသည်မိမိ ၏အပြစ်ဒုစရိုက်ကိုရပ်စဲကာမှန်ရာ ကောင်းရာကိုပြုကျင့်လျှင်၊-
חֲבֹ֨ל יָשִׁ֤יב רָשָׁע֙ גְּזֵלָ֣ה יְשַׁלֵּ֔ם בְּחֻקּ֤וֹת הַֽחַיִּים֙ הָלַ֔ךְ לְבִלְתִּ֖י עֲשׂ֣וֹת עָ֑וֶל חָי֥וֹ יִֽחְיֶ֖ה לֹ֥א יָמֽוּת׃ | 15 |
၁၅ဥပမာအားဖြင့်မိမိအပေါင်ခံထားသည့် ပစ္စည်း၊ ခိုးဝှက်ထားသည့်ဥစ္စာတို့ကိုပြန်၍ ပေးအပ်ပြီးလျှင်အပြစ်ကူးလွန်မှုကို ရပ်စဲကာအသက်ရှင်စေတတ်သောပြဋ္ဌာန်း ချက်တို့ကိုစောင့်ထိန်းသည်ဆိုအံ့၊ ထိုသူ သည်မသေဘဲအသက်ရှင်လိမ့်မည်။-
כָּל־חַטֹּאתָיו֙ אֲשֶׁ֣ר חָטָ֔א לֹ֥א תִזָּכַ֖רְנָה ל֑וֹ מִשְׁפָּ֧ט וּצְדָקָ֛ה עָשָׂ֖ה חָי֥וֹ יִֽחְיֶֽה׃ | 16 |
၁၆သူကူးလွန်ခဲ့သည့်အပြစ်များကိုလည်း ငါသည်ဖြေလွှတ်မည်။ မှန်ရာကောင်းရာကို ပြုကျင့်သည့်အတွက်သူသည်အသက်ရှင် လိမ့်မည်။
וְאָמְרוּ֙ בְּנֵ֣י עַמְּךָ֔ לֹ֥א יִתָּכֵ֖ן דֶּ֣רֶךְ אֲדֹנָ֑י וְהֵ֖מָּה דַּרְכָּ֥ם לֹֽא־יִתָּכֵֽן׃ | 17 |
၁၇``သို့ရာတွင်သင်၏အမျိုးသားချင်းတို့က ထာဝရဘုရားသည် ဖြောင့်မတ်စွာမစီရင် ဟုဆိုကြ၏။ သူတို့သာလျှင်ဖြောင့်မတ် စွာမပြုကြ။-
בְּשׁוּב־צַדִּ֥יק מִצִּדְקָת֖וֹ וְעָ֣שָׂה עָ֑וֶל וּמֵ֖ת בָּהֶֽם׃ | 18 |
၁၈သူတော်ကောင်းသည်ကောင်းမှုကိုရပ်စဲ၍ မကောင်းမှုကိုပြုသောအခါ ထိုမကောင်း မှုအတွက်သူသည်သေရလိမ့်မည်။-
וּבְשׁ֤וּב רָשָׁע֙ מֵֽרִשְׁעָת֔וֹ וְעָשָׂ֥ה מִשְׁפָּ֖ט וּצְדָקָ֑ה עֲלֵיהֶ֖ם ה֥וּא יִֽחְיֶֽה׃ | 19 |
၁၉ဆိုးယုတ်သူသည်အပြစ်ဒုစရိုက်ကိုစွန့် လွှတ်၍မှန်ရာကောင်းရာကိုပြုကျင့်သော အခါ အသက်ရှင်ခွင့်ကိုရရှိလိမ့်မည်။-
וַאֲמַרְתֶּ֕ם לֹ֥א יִתָּכֵ֖ן דֶּ֣רֶךְ אֲדֹנָ֑י אִ֧ישׁ כִּדְרָכָ֛יו אֶשְׁפּ֥וֹט אֶתְכֶ֖ם בֵּ֥ית יִשְׂרָאֵֽל פ | 20 |
၂၀သို့ရာတွင်အချင်းဣသရေလအမျိုး သားတို့၊ သင်တို့ကထာဝရဘုရားပြု သောအမှုသည်မဖြောင့်မတ်ဟုဆိုကြ ၏။ ငါသည်သင်တို့ပြုသောအမှုကိုထောက် ၍ သင်တို့အားတရားစီရင်မည်'' ဟုမိန့် တော်မူ၏။
וַיְהִ֞י בִּשְׁתֵּ֧י עֶשְׂרֵ֣ה שָׁנָ֗ה בָּעֲשִׂרִ֛י בַּחֲמִשָּׁ֥ה לַחֹ֖דֶשׁ לְגָלוּתֵ֑נוּ בָּא־אֵלַ֨י הַפָּלִ֧יט מִירוּשָׁלִַ֛ם לֵאמֹ֖ר הֻכְּתָ֥ה הָעִֽיר׃ | 21 |
၂၁ငါတို့ပြည်နှင်ဒဏ်ခံသောတစ်ဆယ့်နှစ်နှစ် မြောက်၊ ဒသမလ၊ လဆန်းငါးရက်နေ့၌ ယေရုရှလင်မြို့မှလွတ်မြောက်လာသူတစ် ယောက်သည်လာ၍ငါ့အားယေရုရှလင် မြို့ရန်သူလက်သို့ကျရောက်သွားသည့် အကြောင်းကိုပြောပြ၏။-
וְיַד־יְהוָה֩ הָיְתָ֨ה אֵלַ֜י בָּעֶ֗רֶב לִפְנֵי֙ בּ֣וֹא הַפָּלִ֔יט וַיִּפְתַּ֣ח אֶת־פִּ֔י עַד־בּ֥וֹא אֵלַ֖י בַּבֹּ֑קֶר וַיִּפָּ֣תַח פִּ֔י וְלֹ֥א נֶאֱלַ֖מְתִּי עֽוֹד׃ פ | 22 |
၂၂ထိုသူမရောက်မီညနေချမ်းအချိန်၌ ထာဝရဘုရား၏တန်ခိုးတော်သည် ငါ့ကို လွှမ်းမိုး၍နေ၏။ နောက်တစ်နေ့နံနက်ထို သူရောက်ရှိလာချိန်၌ စကားပြောနိုင်စွမ်း ရည်ကိုငါ့အားပြန်၍ပေးတော်မူ၏။ သို့ ဖြစ်၍ငါသည်တိတ်ဆိတ်စွာမနေရ တော့ဘဲစကားပြောနိုင်၏။
וַיְהִ֥י דְבַר־יְהֹוָ֖ה אֵלַ֥י לֵאמֹֽר׃ | 23 |
၂၃ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
בֶּן־אָדָ֗ם יֹ֠שְׁבֵי הֶחֳרָב֨וֹת הָאֵ֜לֶּה עַל־אַדְמַ֤ת יִשְׂרָאֵל֙ אֹמְרִ֣ים לֵאמֹ֔ר אֶחָד֙ הָיָ֣ה אַבְרָהָ֔ם וַיִּירַ֖שׁ אֶת־הָאָ֑רֶץ וַאֲנַ֣חְנוּ רַבִּ֔ים לָ֛נוּ נִתְּנָ֥ה הָאָ֖רֶץ לְמוֹרָשָֽׁה׃ ס | 24 |
၂၄ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ ပြည်ရှိပျက်စီးယိုယွင်းနေသောမြို့များတွင် နေထိုင်သူတို့က`အာဗြဟံသည်လူတစ်ဦး မျှသာဖြစ်သော်လည်းဤပြည်တစ်ပြည်လုံး ကိုအပိုင်ရရှိခဲ့၏။ ယခုငါတို့သည်ကား အရေအတွက်အားဖြင့်များသည်ဖြစ်၍ဤ ပြည်ကိုငါတို့အပိုင်ရကြပြီ' ဟုပြောဆို နေကြ၏။
לָכֵן֩ אֱמֹ֨ר אֲלֵיהֶ֜ם כֹּֽה־אָמַ֣ר ׀ אֲדֹנָ֣י יְהֹוִ֗ה עַל־הַדָּ֧ם ׀ תֹּאכֵ֛לוּ וְעֵינֵכֶ֛ם תִּשְׂא֥וּ אֶל־גִּלּוּלֵיכֶ֖ם וְדָ֣ם תִּשְׁפֹּ֑כוּ וְהָאָ֖רֶץ תִּירָֽשׁוּ׃ | 25 |
၂၅``သူတို့အားငါအရှင်ထာဝရဘုရားမိန့် တော်မူသည်ကား သင်တို့သည်အမဲသားနှင့် အတူသွေးကိုလည်းစားကြ၏။ ရုပ်တုများ ကိုဝတ်ပြုရှိခိုးကြ၏။ လူ၏အသက်ကို သတ်ကြ၏။ သို့ပါလျက်ဤပြည်ကိုသင်တို့ အပိုင်ရပြီဟုအဘယ်ကြောင့်ထင်မှတ် ကြသနည်း။-
עֲמַדְתֶּ֤ם עַֽל־חַרְבְּכֶם֙ עֲשִׂיתֶ֣ן תּוֹעֵבָ֔ה וְאִ֛ישׁ אֶת־אֵ֥שֶׁת רֵעֵ֖הוּ טִמֵּאתֶ֑ם וְהָאָ֖רֶץ תִּירָֽשׁוּ׃ ס | 26 |
၂၆သင်တို့သည်မိမိတို့၏ဋ္ဌားကိုအားကိုး ကြ၏။ သင်တို့အကျင့်များသည်လည်းစက် ဆုပ်ဖွယ်ကောင်း၏။ လူတိုင်းပင်သူတစ်ပါး ၏အိမ်ရာကိုပြစ်မှားကြ၏။ သို့ပါလျက် ဤပြည်ကိုသင်တို့အပိုင်ရပြီဟုအဘယ် ကြောင့်ထင်မှတ်ကြသနည်း။
כֹּֽה־תֹאמַ֨ר אֲלֵהֶ֜ם כֹּה־אָמַ֨ר אֲדֹנָ֣י יְהוִה֮ חַי־אָנִי֒ אִם־לֹ֞א אֲשֶׁ֤ר בֶּֽחֳרָבוֹת֙ בַּחֶ֣רֶב יִפֹּ֔לוּ וַֽאֲשֶׁר֙ עַל־פְּנֵ֣י הַשָּׂדֶ֔ה לַחַיָּ֥ה נְתַתִּ֖יו לְאָכְל֑וֹ וַאֲשֶׁ֛ר בַּמְּצָד֥וֹת וּבַמְּעָר֖וֹת בַּדֶּ֥בֶר יָמֽוּתוּ׃ | 27 |
၂၇``ပျက်စီးယိုယွင်းလျက်ရှိသောမြို့များတွင် နေထိုင်ကြသူတို့သည်သတ်ဖြတ်ခြင်းခံရ ကြလိမ့်မည်ဖြစ်ကြောင်း၊ ငါအရှင်ထာဝရ ဘုရားသည်အသက်ရှင်တော်မူသောဘုရား အမှန်ပင်ဖြစ်သည့်အတိုင်းသူတို့အားသတိ ပေးလိုက်ကြောင်းပြောကြားလော့။ ကျေးလက် တို့တွင်နေထိုင်သူများသည်တောတိရစ္ဆာန် တို့၏အစာဖြစ်ရကြလိမ့်မည်။ တောင်များ၊ လိုဏ်ဂူများတွင်ပုန်းအောင်းနေကြသူတို့ သည်ရောဂါကြောင့်သေရကြလိမ့်မည်။-
וְנָתַתִּ֤י אֶת־הָאָ֙רֶץ֙ שְׁמָמָ֣ה וּמְשַׁמָּ֔ה וְנִשְׁבַּ֖ת גְּא֣וֹן עֻזָּ֑הּ וְשָֽׁמְמ֛וּ הָרֵ֥י יִשְׂרָאֵ֖ל מֵאֵ֥ין עוֹבֵֽר׃ | 28 |
၂၈ငါသည်ထိုပြည်ကိုလူသူဆိတ်ငြိမ်ရာ အရပ်ဖြစ်စေမည်။ ပြည်သူတို့ဂုဏ်ယူဝါ ကြွားရာဖြစ်သည့်တန်ခိုးအာဏာသည် လည်းဆိတ်သုဉ်းသွားလိမ့်မည်။ မည်သူမျှ ဖြတ်သန်းသွားလာမှုမပြုနိုင်လောက်အောင် ဣသရေလတောင်တို့သည်တောရိုင်းဖြစ် လိမ့်မည်။-
וְיָדְע֖וּ כִּֽי־אֲנִ֣י יְהוָ֑ה בְּתִתִּ֤י אֶת־הָאָ֙רֶץ֙ שְׁמָמָ֣ה וּמְשַׁמָּ֔ה עַ֥ל כָּל־תּוֹעֲבֹתָ֖ם אֲשֶׁ֥ר עָשֽׂוּ׃ ס | 29 |
၂၉ငါသည်လူတို့အားအပြစ်များအတွက်ဒဏ် ခတ်၍ သူတို့၏ပြည်ကိုလူသူဆိတ်ငြိမ်ရာ အရပ်ဖြစ်စေသောအခါ ငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသူတို့သိရှိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
וְאַתָּ֣ה בֶן־אָדָ֔ם בְּנֵ֣י עַמְּךָ֗ הַנִּדְבָּרִ֤ים בְּךָ֙ אֵ֣צֶל הַקִּיר֔וֹת וּבְפִתְחֵ֖י הַבָּתִּ֑ים וְדִבֶּר־חַ֣ד אֶת־אַחַ֗ד אִ֤ישׁ אֶת־אָחִיו֙ לֵאמֹ֔ר בֹּֽאוּ־נָ֣א וְשִׁמְע֔וּ מָ֣ה הַדָּבָ֔ר הַיּוֹצֵ֖א מֵאֵ֥ת יְהוָֽה׃ | 30 |
၃၀ထာဝရဘုရားက``အချင်းလူသား၊ သင် ၏အမျိုးသားတို့သည်မြို့တံတိုင်းများ အနီး၌သော်လည်းကောင်း၊ မိမိတို့အိမ် တံခါးဝများ၌သော်လည်းကောင်း တွေ့ဆုံ မိကြသောအခါသင်၏အကြောင်းကို ပြောဆိုနေကြ၏။ သူတို့ကထာဝရ ဘုရားအဘယ်သို့အမိန့်တော်ရှိသည်ကို ယခုငါတို့သွား၍နားထောင်ကြကုန် အံ့'' ဟု အချင်းချင်းပြောဆိုကြ၏။-
וְיָב֣וֹאוּ אֵ֠לֶיךָ כִּמְבוֹא־עָ֞ם וְיֵשְׁב֤וּ לְפָנֶ֙יךָ֙ עַמִּ֔י וְשָֽׁמְעוּ֙ אֶת־דְּבָרֶ֔יךָ וְאוֹתָ֖ם לֹ֣א יַֽעֲשׂ֑וּ כִּֽי־עֲגָבִ֤ים בְּפִיהֶם֙ הֵ֣מָּה עֹשִׂ֔ים אַחֲרֵ֥י בִצְעָ֖ם לִבָּ֥ם הֹלֵֽךְ׃ | 31 |
၃၁သို့ဖြစ်၍ငါ၏လူမျိုးတော်သည်သင်ပြန် ကြားရန် ရှိသည့်အမိန့်တော်ကိုနားထောင် ရန်သင့်ရှေ့သို့စုရုံးလာကြ၏။ သို့ရာတွင် သူတို့သည်သင်ပြောသည့်အတိုင်းမလုပ် ကြ။ ချစ်ဖွယ်သောစကားများပြောဆိုနေ ကြသော်လည်းလောဘစိတ်အတိုင်းကျင့် ကြံကြ၏။-
וְהִנְּךָ֤ לָהֶם֙ כְּשִׁ֣יר עֲגָבִ֔ים יְפֵ֥ה ק֖וֹל וּמֵטִ֣ב נַגֵּ֑ן וְשָֽׁמְעוּ֙ אֶת־דְּבָרֶ֔יךָ וְעֹשִׂ֥ים אֵינָ֖ם אוֹתָֽם׃ | 32 |
၃၂သူတို့အဖို့မှာသင်သည်အချစ်သီချင်း များကိုသီဆိုတီးမှုတ်ဖြေဖျော်သူကဲ့ သို့ဖြစ်ပေသည်။ သူတို့သည်သင်ပြောသမျှ သောစကားတို့ကိုနားထောင်ကြသော်လည်း တစ်လုံးတစ်ပါဒကိုမျှမလိုက်နာကြ။-
וּבְבֹאָ֑הּ הִנֵּ֣ה בָאָ֔ה וְיָ֣דְע֔וּ כִּ֥י נָבִ֖יא הָיָ֥ה בְתוֹכָֽם׃ ס | 33 |
၃၃သို့ရာတွင်သင်၏ဟောကြားချက်မှန်သမျှ သည်မှန်ကန်လာရမည်ဖြစ်သည့်အတိုင်း အကောင်အထည်ပေါ်လာသောအခါ မိမိ တို့အလယ်တွင်ပရောဖက်တစ်ပါးရောက် ရှိနေကြောင်းသူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။