< יְשַׁעְיָהוּ 64 >
၁ကိုယ်တော်သည် မိုဃ်းကောင်းကင် ကို ဖွင့်လှစ် ၍၊ ဆင်းသက် တော်မူပါစေသော။ ရှေ့ တော်၌ တောင် တို့သည် လှုပ် ကြပါစေသော။
כִּקְדֹ֧חַ אֵ֣שׁ הֲמָסִ֗ים מַ֚יִם תִּבְעֶה־אֵ֔שׁ לְהֹודִ֥יעַ שִׁמְךָ֖ לְצָרֶ֑יךָ מִפָּנֶ֖יךָ גֹּויִ֥ם יִרְגָּֽזוּ׃ | 2 |
၂မီး သည်အမှိုက် ကို လောင် သကဲ့သို့ ၎င်း၊ ရေ ကိုဆူ စေသကဲ့သို့၎င်း ဖြစ်ပါစေသော။ သို့ဖြစ်လျှင်၊ ကိုယ်တော် ၏ ရန်သူ တို့သည် နာမ တော်ကို သိ ၍၊ ရှေ့ တော်၌ လူ အမျိုးမျိုးတို့သည် တုန်လှုပ် ကြပါလိမ့်မည်။
בַּעֲשֹׂותְךָ֥ נֹורָאֹ֖ות לֹ֣א נְקַוֶּ֑ה יָרַ֕דְתָּ מִפָּנֶ֖יךָ הָרִ֥ים נָזֹֽלּוּ׃ | 3 |
၃အကျွန်ုပ်တို့ မြော်လင့် သည်ထက်၊ အံ့ဘွယ် သော အမှုတို့ကို ပြု တော်မူသောအခါ ၊ ဆင်းသက် တော်မူ၍ တောင် တို့သည် ရှေ့ တော်၌ လှုပ် ကြပါ၏။
וּמֵעֹולָ֥ם לֹא־שָׁמְע֖וּ לֹ֣א הֶאֱזִ֑ינוּ עַ֣יִן לֹֽא־רָאָ֗תָה אֱלֹהִים֙ זוּלָ֣תְךָ֔ יַעֲשֶׂ֖ה לִמְחַכֵּה־לֹֽו׃ | 4 |
၄ကိုယ်တော် ကို မြော်လင့် သောသူတို့အဘို့အလိုငှါ ကျေးဇူးပြု တော်မူသောဘုရား၊ ကိုယ်တော် မှတပါး အခြားသော ဘုရား သခင်ကို ကမ္ဘာဦး မှစ၍ အဘယ်သူမျှမ ကြား မ သိ ပါ။ နားဖြင့်မကြား၊ မျက်စိ ဖြင့်မ မြင် စဖူးပါ။
פָּגַ֤עְתָּ אֶת־שָׂשׂ֙ וְעֹ֣שֵׂה צֶ֔דֶק בִּדְרָכֶ֖יךָ יִזְכְּר֑וּךָ הֵן־אַתָּ֤ה קָצַ֙פְתָּ֙ וַֽנֶּחֱטָ֔א בָּהֶ֥ם עֹולָ֖ם וְנִוָּשֵֽׁעַ׃ | 5 |
၅ဝမ်းမြောက် သောစိတ်နှင့် ဖြောင့်မတ် စွာကျင့် သောသူ၊ တရား တော်လမ်းတို့၌ ကိုယ်တော် ကို အောက်မေ့ သောသူတို့နှင့် ကိုယ်တော်သည် မိဿဟာယဖွဲ့တော်မူ ၏။ ထိုလမ်းတို့မှ အကျွန်ုပ်တို့သည် အစဉ် လွှဲ တတ် သောကြောင့်အမျက် ထွက်တော်မူ၏။ ကယ်တင် ခြင်းသို့ ရောက်ရကြပါ မည်လော။
וַנְּהִ֤י כַטָּמֵא֙ כֻּלָּ֔נוּ וּכְבֶ֥גֶד עִדִּ֖ים כָּל־צִדְקֹתֵ֑ינוּ וַנָּ֤בֶל כֶּֽעָלֶה֙ כֻּלָּ֔נוּ וַעֲוֹנֵ֖נוּ כָּר֥וּחַ יִשָּׂאֻֽנוּ׃ | 6 |
၆အကျွန်ုပ် တို့ရှိသမျှ သည် စင်ကြယ် ခြင်းမရှိပါ။ ပြုဘူးသမျှ သောကုသိုလ် ကောင်းမှုတို့သည် ညစ်သော အဝတ် နှင့်တူ ကြပါ၏။ အကျွန်ုပ် တို့ ရှိသမျှ သည် သစ်ရွက် ကဲ့သို့ ညှိုးနွမ်း လျက် ရှိ၍၊ ကိုယ် အပြစ် တို့သည် လေ ကဲ့သို့ အကျွန်ုပ် တို့ကို တိုက် သွားပါပြီ။
וְאֵין־קֹורֵ֣א בְשִׁמְךָ֔ מִתְעֹורֵ֖ר לְהַחֲזִ֣יק בָּ֑ךְ כִּֽי־הִסְתַּ֤רְתָּ פָנֶ֙יךָ֙ מִמֶּ֔נּוּ וַתְּמוּגֵ֖נוּ בְּיַד־עֲוֹנֵֽנוּ׃ | 7 |
၇နာမ တော်ကို ပဌနာ ပြုသောသူ၊ ကိုယ်တော် ကို မှီဝဲ ခြင်းငှါ ကိုယ်ကိုကိုယ်နှိုးဆော် သော သူတယောက်မျှ မရှိပါ။ အကြောင်း မူကား၊ မျက်နှာ တော်ကိုလွှဲ ၍ အကျွန်ုပ် တို့ကို ဒုစရိုက် အပြစ်အားဖြင့် ဆုံးရှုံး စေတော်မူပြီ။
וְעַתָּ֥ה יְהוָ֖ה אָבִ֣ינוּ אָ֑תָּה אֲנַ֤חְנוּ הַחֹ֙מֶר֙ וְאַתָּ֣ה יֹצְרֵ֔נוּ וּמַעֲשֵׂ֥ה יָדְךָ֖ כֻּלָּֽנוּ׃ | 8 |
၈သို့ရာတွင် အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် တို့ အဘ ဖြစ်တော်မူ၏။ အကျွန်ုပ် တို့သည် အိုးမြေ ဖြစ်ပါ၏။ ကိုယ်တော် သည် အကျွန်ုပ် တို့၏ အိုးထိန်း ဖြစ်တော်မူ၏။ အကျွန်ုပ် တို့ရှိသမျှ သည် လက် တော်နှင့် ဖန်ဆင်း သောအရာ ဖြစ်ပါ၏။
אַל־תִּקְצֹ֤ף יְהוָה֙ עַד־מְאֹ֔ד וְאַל־לָעַ֖ד תִּזְכֹּ֣ר עָוֹ֑ן הֵ֥ן הַבֶּט־נָ֖א עַמְּךָ֥ כֻלָּֽנוּ׃ | 9 |
၉အိုထာဝရဘုရား ၊ ပြင်းစွာအမျက် ထွက်တော် မ မူပါနှင့်။ ပြစ်မှားမိသော အပြစ် တို့ကို အစဉ် မပြတ်အောက်မေ့ တော်မ မူပါနှင့်။ ကြည့်ရှု တော်မူပါ။ အကျွန်ုပ် တို့ ရှိသမျှ သည် ကိုယ်တော် ၏ လူ ဖြစ်ကြပါ၏။
עָרֵ֥י קָדְשְׁךָ֖ הָי֣וּ מִדְבָּ֑ר צִיֹּון֙ מִדְבָּ֣ר הָיָ֔תָה יְרוּשָׁלַ֖͏ִם שְׁמָמָֽה׃ | 10 |
၁၀သန့်ရှင်း သောမြို့ တော်တို့သည် တော ဖြစ် ကြ ပါပြီ။ ဇိအုန် တောင်လည်း တော ဖြစ် ပါပြီ။ ယေရုရှလင် မြို့ လည်းပျက်စီး ပါပြီ။
בֵּ֧ית קָדְשֵׁ֣נוּ וְתִפְאַרְתֵּ֗נוּ אֲשֶׁ֤ר הִֽלְל֙וּךָ֙ אֲבֹתֵ֔ינוּ הָיָ֖ה לִשְׂרֵ֣פַת אֵ֑שׁ וְכָל־מַחֲמַדֵּ֖ינוּ הָיָ֥ה לְחָרְבָּֽה׃ | 11 |
၁၁ကိုယ်တော် ကို ဘိုးဘေး တို့ချီးမွမ်း ရာအရပ် ၊ အကျွန်ုပ် တို့၏ သန့်ရှင်း တင့်တယ် သော ဗိမာန် တော်ကို မီး လောင် ပါပြီ။ အကျွန်ုပ် တို့နှစ်သက် ဘွယ်သောအရာရှိသမျှ တို့ သည် သုတ်သင် ပယ်ရှားလျက်ရှိ ကြပါ၏။
הַעַל־אֵ֥לֶּה תִתְאַפַּ֖ק יְהוָ֑ה תֶּחֱשֶׁ֥ה וּתְעַנֵּ֖נוּ עַד־מְאֹֽד׃ ס | 12 |
၁၂အိုထာဝရဘုရား ၊ ဤ အမှုတို့ကို သည်းခံ တော်မူမည် လော၊ အောင့် လျက်နေ၍ အကျွန်ုပ် တို့ကို အလွန် ဆင်းရဲ စေတော်မူမည်လော။