< קֹהֶלֶת 10 >
זְב֣וּבֵי מָ֔וֶת יַבְאִ֥ישׁ יַבִּ֖יעַ שֶׁ֣מֶן רֹוקֵ֑חַ יָקָ֛ר מֵחָכְמָ֥ה מִכָּבֹ֖וד סִכְל֥וּת מְעָֽט׃ | 1 |
၁အထုံသမားလုပ် သော နံ့သာ ဆီကို သေ သော ယင်ကောင် သည် နံ စေသကဲ့သို့၊ အနည်းငယ် သောအမိုက် သည် ပညာ နှင့်ဂုဏ် အသရေထင်ရှား သောသူကို ထိုအတူ ဖြစ်စေတတ်၏။
לֵ֤ב חָכָם֙ לִֽימִינֹ֔ו וְלֵ֥ב כְּסִ֖יל לִשְׂמֹאלֹֽו׃ | 2 |
၂ပညာရှိ သောသူ၏ နှလုံး သည် မိမိ လက်ျာ လက် ၌ ရှိ၏။ မိုက် သောသူ၏နှလုံး မူကား ၊ မိမိ လက်ဝဲ လက်၌ ရှိ၏။
וְגַם־בַּדֶּ֛רֶךְ כְּשֶׁהַסָּכָל (כְּשֶׁסָּכָ֥ל) הֹלֵ֖ךְ לִבֹּ֣ו חָסֵ֑ר וְאָמַ֥ר לַכֹּ֖ל סָכָ֥ל הֽוּא׃ | 3 |
၃မိုက် သောသူသည်လမ်း ၌ သွား စဉ်တွင်ပင် သတိ လစ် ၍ ၊ ငါသည် လူမိုက် ဖြစ်၏ဟု ခပ်သိမ်း သောသူတို့အား ပြော တတ်၏။
אִם־ר֤וּחַ הַמֹּושֵׁל֙ תַּעֲלֶ֣ה עָלֶ֔יךָ מְקֹומְךָ֖ אַל־תַּנַּ֑ח כִּ֣י מַרְפֵּ֔א יַנִּ֖יחַ חֲטָאִ֥ים גְּדֹולִֽים׃ | 4 |
၄မင်း သည် သင့် ကို စိတ်ဆိုး လျှင် ၊ ကိုယ် နေသင့်ရာ အရပ် မှ မ ရွေ့ နှင့်။ သည်းခံ ခြင်းသည် ကြီး သောအပြစ် ကို ဖြေ တတ်၏။
יֵ֣שׁ רָעָ֔ה רָאִ֖יתִי תַּ֣חַת הַשָּׁ֑מֶשׁ כִּשְׁגָגָ֕ה שֶׁיֹּצָ֖א מִלִּפְנֵ֥י הַשַּׁלִּֽיט׃ | 5 |
၅မင်း မှားယွင်း ခြင်းအားဖြင့် ဖြစ် တတ်သော ၊ နေ အောက် ၌ ငါမြင် ရသောအမှု ဆိုးဟူမူကား၊
נִתַּ֣ן הַסֶּ֔כֶל בַּמְּרֹומִ֖ים רַבִּ֑ים וַעֲשִׁירִ֖ים בַּשֵּׁ֥פֶל יֵשֵֽׁבוּ׃ | 6 |
၆မိုက် သောသူတို့သည် မြင့် သောအရပ်၊ သူဌေး တို့ သည် နိမ့် သောအရပ်၌ ထိုင် ရသောအမှု၊
רָאִ֥יתִי עֲבָדִ֖ים עַל־סוּסִ֑ים וְשָׂרִ֛ים הֹלְכִ֥ים כַּעֲבָדִ֖ים עַל־הָאָֽרֶץ׃ | 7 |
၇ကျွန် တို့သည် မြင်း ကိုစီး၍ မှူးမတ် တို့သည် ကျွန် ကဲ့သို့ မြေ ပေါ် မှာ ခြေဖြင့်သွား ရသောအမှုကို ငါမြင် လေပြီ။
חֹפֵ֥ר גּוּמָּ֖ץ בֹּ֣ו יִפֹּ֑ול וּפֹרֵ֥ץ גָּדֵ֖ר יִשְּׁכֶ֥נּוּ נָחָֽשׁ׃ | 8 |
၈တွင်း ကို တူး သောသူသည် ထို တွင်းထဲသို့ ကျ လိမ့်မည်။ ခြံ ကိုဖျက် သောသူသည် မြွေ ကိုက် ခြင်းကိုခံရလိမ့်မည်။
מַסִּ֣יעַ אֲבָנִ֔ים יֵעָצֵ֖ב בָּהֶ֑ם בֹּוקֵ֥עַ עֵצִ֖ים יִסָּ֥כֶן בָּֽם׃ | 9 |
၉ကျောက် တို့ကို ရွှေ့ သောသူသည် ဖိ ခြင်းကိုခံရလိမ့်မည်။ ထင်း ခုတ် သောသူသည်လည်း ရှန လိမ့်မည်။
אִם־קֵהָ֣ה הַבַּרְזֶ֗ל וְהוּא֙ לֹא־פָנִ֣ים קִלְקַ֔ל וַחֲיָלִ֖ים יְגַבֵּ֑ר וְיִתְרֹ֥ון הַכְשֵׁ֖יר חָכְמָֽה׃ | 10 |
၁၀ပုဆိန် တုံး သောအခါ မ သွေး ဘဲနေလျှင် သာ၍အားထုတ် ရမည်။ ပညာ သည် အမှုဆောင် ရသောအခွင့် ကိုပေး ၍ ကျေးဇူး ကြီး၏။
אִם־יִשֹּׁ֥ךְ הַנָּחָ֖שׁ בְּלֹוא־לָ֑חַשׁ וְאֵ֣ין יִתְרֹ֔ון לְבַ֖עַל הַלָּשֹֽׁון׃ | 11 |
၁၁မြွေ သည် ပြုစား ခြင်းကိုမ ခံ။ ကိုက် မိလျှင် အလမ္ပယ် သမား ကျေးဇူး မ ရှိ။
דִּבְרֵ֥י פִי־חָכָ֖ם חֵ֑ן וְשִׂפְתֹ֥ות כְּסִ֖יל תְּבַלְּעֶֽנּוּ׃ | 12 |
၁၂ပညာရှိ သောသူ၏စကား သည် လျောက်ပတ် ၏။ မိုက် သောသူ၏ နှုတ် မူကား သူ့ ကိုယ်ကိုမျို တတ်၏။
תְּחִלַּ֥ת דִּבְרֵי־פִ֖יהוּ סִכְל֑וּת וְאַחֲרִ֣ית פִּ֔יהוּ הֹולֵל֖וּת רָעָֽה׃ | 13 |
၁၃သူ ၏စကား အစ သည် မိုက် ခြင်း၊ အဆုံး သည် အပြစ် ပြုတတ်သော ရူး ခြင်းဖြစ်၏။
וְהַסָּכָ֖ל יַרְבֶּ֣ה דְבָרִ֑ים לֹא־יֵדַ֤ע הָאָדָם֙ מַה־שֶׁיִּֽהְיֶ֔ה וַאֲשֶׁ֤ר יִֽהְיֶה֙ מֵֽאַחֲרָ֔יו מִ֖י יַגִּ֥יד לֹֽו׃ | 14 |
၁၄မိုက် သောသူသည် စကား များ တတ်၏။ သို့သော်လည်းဖြစ် လတံ့သောအရာ ကို လူ သည်မ ပြော နိုင်ရာ။ လူ နောက် ၌ အဘယ်သို့ဖြစ်လတံ့သည်ကို အဘယ်သူပြောနိုင်သနည်း။
עֲמַ֥ל הַכְּסִילִ֖ים תְּיַגְּעֶ֑נּוּ אֲשֶׁ֥ר לֹֽא־יָדַ֖ע לָלֶ֥כֶת אֶל־עִֽיר׃ | 15 |
၁၅မြို့ သို့ သွား သောလမ်းကို မ သိ သောသူကဲ့သို့မိုက် သောသူသည် ကြိုးစား အားထုတ်သော်လည်း ၊ သူတပါး တို့ကို ပင်ပန်း စေတတ်၏။
אִֽי־לָ֣ךְ אֶ֔רֶץ שֶׁמַּלְכֵּ֖ךְ נָ֑עַר וְשָׂרַ֖יִךְ בַּבֹּ֥קֶר יֹאכֵֽלוּ׃ | 16 |
၁၆ငယ်သား အစိုးရ ၍ မှူးမတ် များအချိန်မဲ့နံနက် စောစောစားသောက် တတ်သောပြည် သည် အမင်္ဂလာ ရှိ၏။
אַשְׁרֵ֣יךְ אֶ֔רֶץ שֶׁמַּלְכֵּ֖ךְ בֶּן־חֹורִ֑ים וְשָׂרַ֙יִךְ֙ בָּעֵ֣ת יֹאכֵ֔לוּ בִּגְבוּרָ֖ה וְלֹ֥א בַשְּׁתִֽי׃ | 17 |
၁၇မင်းသား အစိုးရ ၍ ၊ မှူးမတ် တို့သည် လွန်ကျူး စွာ မ စားမသောက်ဘဲ၊ အချိန်တန် မှအားဖြည့် ခြင်းငှါ သာ၊ စားသောက် တတ်သော ပြည် သည် မင်္ဂလာ ရှိ၏။
בַּעֲצַלְתַּ֖יִם יִמַּ֣ךְ הַמְּקָרֶ֑ה וּבְשִׁפְל֥וּת יָדַ֖יִם יִדְלֹ֥ף הַבָּֽיִת׃ | 18 |
၁၈အလွန်ပျင်းရိ ခြင်းအားဖြင့် အိမ်သည် ဆွေးမြေ့ တတ်၏။ လက် နှင့်မ ပြုပြင်ဘဲနေလျှင် အိမ် မိုးယို တတ်၏။
לִשְׂחֹוק֙ עֹשִׂ֣ים לֶ֔חֶם וְיַ֖יִן יְשַׂמַּ֣ח חַיִּ֑ים וְהַכֶּ֖סֶף יַעֲנֶ֥ה אֶת־הַכֹּֽל׃ | 19 |
၁၉ပျော်မွေ့ ခြင်းငှါ ပွဲ ကိုလုပ် တတ်၏။ စပျစ်ရည် သည်လည်း ရွှင်လန်း စေတတ်၏။ ငွေ မူကား ၊ အရာရာ ၌ နိုင် တတ်၏။
גַּ֣ם בְּמַדָּֽעֲךָ֗ מֶ֚לֶךְ אַל־תְּקַלֵּ֔ל וּבְחַדְרֵי֙ מִשְׁכָּ֣בְךָ֔ אַל־תְּקַלֵּ֖ל עָשִׁ֑יר כִּ֣י עֹ֤וף הַשָּׁמַ֙יִם֙ יֹולִ֣יךְ אֶת־הַקֹּ֔ול וּבַ֥עַל הַכְּנָפַיִם (כְּנָפַ֖יִם) יַגֵּ֥יד דָּבָֽר׃ | 20 |
၂၀ရှင် ဘုရင်ကို စိတ် ဖြင့် မျှ မ ကျိန်ဆဲ နှင့်။ လူကြီး ကို အိပ် ခန်း ထဲ ၌မ ကျိန်ဆဲ နှင့်။ မိုဃ်း ကောင်းကင်၌ ကျင်လည်သော ငှက် သည် ထိုအသံ ကို ဆောင်သွား လိမ့်မည်။ ပျံ တတ်သော အကောင်သည် ထိုအမှုကို ဘော်ပြ လိမ့်မည်။