< Kanawailua 3 >
1 A LAILA haliu ae la kakou, a pii aku la ma ke alanui o Basana; a hele mai la o Oga ke alii o Basana e ku e ia kakou, oia a me kona poe kanaka a pau i ke kaua ma Ederei.
၁ထိုအခါ ငါတို့သည်လှည့် ၍ ၊ ဗာရှန် ပြည်သို့ ခရီး သွား ကြ၏။ ဗာရှန် ရှင်ဘုရင် ဩဃ သည်လည်း မိမိ လူ အပေါင်း တို့နှင့်တကွ ဧဒြိ အရပ်မှာ စစ်တိုက် ခြင်းငှါ ချီ လာ၏။
2 Olelo mai o Iehova ia'u, Mai makau ia ia: no ka mea, e hoolilo ana au ia ia, a me kona poe kanaka a pau, a me kona aina, iloko o kou lima; a e hana aku oe ia ia e like me kau i hana aku ai ia Sihona i ke alii o ka Anion, ka mea i noho ma Hesebona.
၂ထာဝရဘုရား ကလည်း ၊ သူ့ ကိုမ ကြောက် နှင့်။ သူ နှင့်တကွ သူ ၏ လူ အပေါင်း တို့ကို၎င်း ၊ သူ့ မြေ ကို၎င်း၊ သင့် လက် ၌ ငါအပ် ပေးမည်။ ဟေရှဘုန် မြို့နေ အာမောရိ ရှင်ဘုရင် ရှိဟုန် ကို ပြု သကဲ့သို့ ဤ မင်းကိုလည်း ပြု ရ မည်ဟု ငါ့ အား မိန့် တော်မူ၏။
3 A hoolilo mai hoi o Iehova ko kakou Akua ia Oga ke alii o Basana, a me kona poe kanaka a pau iloko o ko kakou lima: a luku aku la kakou ia ia, aole i hookoeia kekahi mea nona.
၃ထိုသို့ ငါ တို့ဘုရား သခင်ထာဝရဘုရား သည်၊ ဗာရှန် ရှင်ဘုရင် ဩဃ နှင့် သူ ၏လူ အပေါင်း တို့ကို ငါ တို့လက် ၌ အပ် တော်မူသဖြင့် ၊ တယောက်မျှ မ ကြွင်း စေခြင်းငှါ လုပ်ကြံ ကြ၏။
4 A lawe iho la kakou i kona mau kulanakauhale a pau i kela manawa; aole i koe ko kulanakauhale i lawe ole ia e kakou, he kanaono kulanakauhale, na wahi a pau o Aregoba, ke aupuni o Oga ma Basana,
၄ထိုအခါ ငါတို့သည် မြို့ ခြောက်ဆယ် နှင့် ပြည့်စုံ သော အာဂေါဘ တိုင်း ၊ ဗာရှန် ရှင်ဘုရင်ဩဃ မင်း၏ နိုင်ငံ ကို၊ တမြို့ မျှ မ ကြွင်းစေခြင်းငှါ တိုက်ယူ ကြ၏။
5 A ua paa neia mau kulanakauhale a pau i na pa pohaku kiekie, a me na ipuka a me na kaola; a he nui loa na kulanakauhale e ae, aole i paa i ka pa pohaku.
၅ထို မြို့ ရှိသမျှ တို့သည် မြင့် သောမြို့ရိုး ၊ မြို့တံခါး များ၊ ကန့်လန့်ကျင် များနှင့် ခိုင်ခံ့သော မြို့ ဖြစ်သတည်း။ ထိုမှတပါး များစွာ သော ရွာ တို့ကိုလည်း တိုက်ယူ၍ ရှင်းရှင်းဖျက်ဆီး ကြ၏။
6 A luku loa aku la kakou ia lakou, e like me kakou i luku aku ai ia Sihona ke alii o Hesebona, luku aku la i na kanaka, i na wahine me na kamalii o na kulanakauhale a pau.
၆ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် ကို ပြု သကဲ့သို့ ၊ အရပ်ရပ် ၌ ယောက်ျား မိန်းမ သူငယ် တို့ကို သုတ်သင် ပယ်ရှင်းကြ၏။
7 Aka, o na holoholona a pau a me ka waiwai pio o na kulanakauhale, lawe mai la kakou ia mea no kakou.
၇တိရစ္ဆာန် များ၊ မြို့ ရွာ၌ လက်ရဥစ္စာ များ ရှိသမျှ တို့ ကို ကိုယ် ဘို့ သိမ်းယူ ကြ၏။
8 A lawe aku la kakou i kela manawa, mailoko mai o na lima o ua mau alii elua la o ka Amora, i ka aina ma keia aoao o Ioredane, mai ke kahawai o Arenona a hiki i ka mauna o Heremona;
၈ထိုအခါ အာနုန် မြစ် မှစ၍ ဟေရမုန် တောင် တိုင်အောင် ၊ ယော်ဒန် မြစ်အရှေ့ ဘက်၌ ရှိ သောမြေ ကို ငါတို့သည် သိမ်းယူ ကြ၏။
9 (Kapa aku la ko Sidona i Heremona, o Siriona; a kapa aku la ka Amora ia, o Senira; )
၉ဟေရမုန် တောင်ကို ဇိဒုန် လူတို့သည် စိရုန် ဟူ၍၎င်း ၊ အာမောရိ လူတို့သည် ရှုနိရ ဟူ၍၎င်း ခေါ်ဝေါ် ကြ၏။
10 O na kulanakauhale a pau o ka papu, a me Gileada a pau, a me Basana a pau, a hiki i Saleka a me Ederei, na kulanakauhale o ke aupuni o Oga i Basana.
၁၀ချိုင့်၌ ရှိသမျှ သောမြို့ တို့နှင့် ဂိလဒ် ပြည် တရှောက်လုံး ၊ ဩဃ မင်း၏ နိုင်ငံ အဝင်၊ သာလက မြို့၊ ဧဒြိ မြို့တိုင်အောင် ဗာရှန် ပြည်တရှောက်လုံး ကို သိမ်းယူကြ၏။
11 No ka mea, o Oga ke alii o Basana wale no i koe o na kanaka nunui; aia hoi, o kona wahi moe, he wahi moe hao: aole anei ia ma Rabata no na mamo a Amona? Eiwa no kubita o kona loihi, a eha kubita o kona laula, ma ka ke kanaka kubita.
၁၁အလွန်ကြီးမားသော လူမျိုးမှ ဆင်းသက်သော ဗာရှန် ရှင်ဘုရင် ဩဃ တယောက်တည်း သာ ကျန်ကြွင်း ၏။ လူ အတောင် အားဖြင့် အလျား ကိုး တောင် ၊ အနံ လေး တောင် ရှိသောသူ ၏ သံ ခုတင် သည် အမ္မုန် ပြည် ရဗ္ဗတ် မြို့ ၌ ရှိသည်မဟုတ်လော။
12 A o keia aina i lilo mai ai ia kakou i kela manawa, mai Aroera ma ke kahawai o Arenona, a me ka hapalua o ka mauna o Gileada, a me ko laila mau kulanakauhale, o ka'u ia i haawi aku ai no ka Reubena a me ka Gada.
၁၂ထိုအခါ ငါတို့သိမ်းယူ သောမြေ ကို၊ အာနုန် မြစ် နား တွင်ရှိသော အာရော် မြို့မှစ၍ ဂိလဒ် တောင် တဝက် တိုင်အောင် ၊ မြို့ များနှင့်တကွ ရုဗင် အမျိုးသား၊ ဂဒ် အမျိုးသား တို့အား ငါပေး ၏။
13 A o ke koena o Gileada a me Basana a pau, ke aupuni o Oga, o ka'u ia i haawi aku ai no ka ohana hapa a Manase: o ka aina a pau o Aregoba a me Basana a pau, oia ka i kapaia, he aina o na kanaka nunui.
၁၃ဂိလဒ် တောင်တဝက် နှင့် ဩဃ မင်းအစိုးရသောနိုင်ငံအဝင်၊ အလွန် ကြီးမားသော လူမျိုးနေရာ ဟူ၍ခေါ်ဝေါ် သော အာဂေါဘ တိုင်း ၊ ဗာရှန် ပြည် တပြည်လုံး ကို မနာရှေ အမျိုးသား တဝက် အား ငါပေး ၏။
14 Lawe aku la o Iaira ke keiki a Manase i ka aina a pau o Aregoba a hiki i ka mokuna o Gesuri, a me Maakati; a kapa aku la ia lakou ma kona inoa iho, o Basanahavotaiaira, a hiki i keia la.
၁၄မနာရှေ အမျိုးသား ယာဣရ သည်၊ အာဂေါဘ တိုင်း တတိုင်းလုံး ကို ဂေရှုရ ရွာ ၊ မာခါ ရွာအထိ သိမ်းယူ ပြီးမှ ၊ ယနေ့ တိုင်အောင် မိမိ အမည် ကို လိုက် ၍ ဗာရှန် ဟာဝုတ် ယာဣရ ပြည်ဟု သမုတ် လေ၏။
15 A haawi aku la au ia Gileada no Makira.
၁၅ဂိလဒ် မြို့ကိုကား ၊ မာခိရ အမျိုးသားတို့အား ငါပေး ၏။
16 A haawi aku au no ka Reubena a me ka Gada, mai Gileada a hiki i ke kahawai o Arenona, iwaena o ke awawa, ka mokuna a hiki i ke kahawai o laboka, oia hoi ka mokuna o na mamo a Amoua.
၁၆ရုဗင် အမျိုးသား၊ ဂဒ် အမျိုးသားတို့အား လည်း ၊ ဂိလဒ် မြို့မှ အာနုန် မြစ် တိုင်အောင် ၊ မြစ် ကွေ့သော မြေ နှင့်တကွ ၊ အမ္မုန် ပြည် အပိုင်း အခြားဖြစ်သော ယဗ္ဗုတ် မြစ် တိုင်အောင် မြေတရှောက်လုံးကို၎င်း၊
17 O ka papu hoi a me Ioredane, a o ka mokuna, mai Kinereta a hiki i ke kai o ka papu, oia ka moanakai ma ke kumu o Pisega ma ka hikina.
၁၇လွင်ပြင် နှင့်တကွ ယော်ဒန် မြစ်နား၊ ဂင်္နေသရက် အရပ်မှ လွင်ပြင် နှင့်ဆိုင်သော သောဒုံ အိုင် အရှေ့ ၊ အာဇုတ် ပိသဂါ မြို့တိုင်အောင် ၊ မြေတရှောက်လုံးကို၎င်းငါပေး၏။
18 Kauoha aku la au ia oukou i kela manawa, i aku la, Ua haawi mai o Iehova ko oukou Akua i keia aina ia oukou e lilo no oukou: o oukou ka poe koa ke hele me ke kahiko i ke kaua imua o ko oukou poe hoahanau, o na mamo a Iseraela.
၁၈ထိုအခါ ငါက၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် ဤ မြေ ကို သင် တို့အား အပိုင် ပေး တော်မူပြီ။ သို့ရာတွင်စစ်တိုက် တတ်သော သူအပေါင်း တို့သည် လက်နက်ကိုကိုင်၍၊ သင် တို့ညီအစ်ကို ဣသရေလ အမျိုးသား တို့ရှေ့ မှာ ကူး သွားရကြမည်။
19 Aka, o ka oukou wahine a me ka oukou kamalii, a me na holoholona a oukou, (ua ike au, he nui na holoholona a oukou, ) e noho lakou ma na kulanakauhale a'u i haawi aku ai no oukou:
၁၉
20 A i ka manawa a Iehova e hoomaha mai ai i ko oukou poe hoahanau, e like me ia oukou. a lilo no lakou ka aina a Iehova ko oukou Akua i haawi mai ai ia lakou ma kela aoao o Ioredane; alaila e hoi hou mai oukou, o kela kanaka keia kanaka i kona aina a'u i haawi aku ai no oukou.
၂၀ထာဝရဘုရား သည် သင် တို့အားချမ်းသာ ပေးတော်မူသည်နည်းတူ ၊ ညီအစ်ကို တို့အား ပေးတော်မ မူမှီတိုင်အောင်၎င်း၊ ယော်ဒန် မြစ်တဘက် ၌ သင် တို့၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော မြေ ကို သူ တို့သည်မသိမ်း မယူမှီတိုင်အောင်၎င်း၊ သင် တို့မယား ၊ သား သူငယ် များ၊ တိရစ္ဆာန် များတို့သည် ငါပေး သော မြို့ တို့၌ နေ ရကြမည်။ သင် တို့တွင် တိရစ္ဆာန် များစွာ ရှိသည် ကိုငါသိ ၏။ အမှုပြီးမှငါပေး နှင့်သည်အတိုင်း၊ သင်တို့ရှိသမျှသည်အသီးအသီး ပိုင်ထိုက် သောမြေသို့ ပြန်လာ ရကြမည်ဟု သင် တို့အား ငါမှာ ထား၏။
21 Kauoha aku la hoi au ia Iosua i kela manawa, i aku la, Ua ike kou maka i na mea a pau a Iehova ko oukou Akua i hana mai ai i keia mau alii elua: pela o Iehova e hana aku ai i na aupuni a pau au e hele ai.
၂၁ထိုအခါ ယောရှု ကိုလည်း၊ သင် ၏ဘုရား သခင်ထာဝရဘုရား သည် ဤ ရှင်ဘုရင် နှစ်ပါး ၌ ပြု တော်မူသော အမှု အလုံးစုံ ကို သင်သည် ကိုယ်တိုင်မြင် ရပြီ။ ထိုအတူ၊ ထာဝရဘုရား သည် သင်ရောက်သမျှသောတိုင်း နိုင်ငံတို့၌ ပြု တော်မူလိမ့်မည်။
22 Mai makau oukou ia lakou; no ka mea, o Iehova ko oukou Akua, oia ke kaua mai no oukou.
၂၂ထိုသူ တို့ကို မ ကြောက် နှင့်။ သင် ၏ဘုရား သခင်ထာဝရဘုရား သည် သင့် ဘက် ၌ စစ်ကူ တော်မူမည်ဟု ငါမှာထားလေ၏။
23 A noi aku la au ia Iehova i kela manawa, i aku la,
၂၃ထိုအခါ ထာဝရဘုရား ကို ငါတောင်းပန် သည် ကား၊
24 E Iehova ke Akua, ua hoomaka ae nei oe e hoike i kau kauwa i kou mana, a me kou lima ikaika: no ka mea, owai ke Akua iloko o ka lani, a me ka honua, e hiki ia ia ke hana e like me kau mau hana, a me kou ikaika?
၂၄အိုအရှင် ထာဝရဘုရား ၊ ကိုယ်တော် သည် ကိုယ်တော် ကျွန် အား တန်ခိုး အာနုဘော်တော်ကို၎င်း၊ အားကြီး သော လက် တော်ကို၎င်း ပြ စ ပြုတော်မူပြီ။ ကိုယ်တော် စီရင် ၍ တန်ခိုး တော်ကို ပြသည်အတိုင်း ၊ ကောင်းကင် မြေကြီး ပေါ် မှာအဘယ် မည်သော ဘုရား ပြု နိုင်ပါ သနည်း။
25 Ke noi aku nei au, e ae mai oe ia'u e hele aku au e ike i ka aina maikai ma kela aoao o Ioredane, i kela kuahiwi maikai o Lebanona.
၂၅အကျွန်ုပ်သည် ယော်ဒန် မြစ်တဘက် သို့ ကူး ၍၊ ထို ကောင်းမွန် သောပြည် နှင့် လေဗနုန် တောင်မှစ၍ တင့်တယ် သော တောင် များကို မြင် ရမည်အကြောင်း အခွင့်ပေးတော်မူပါဟု တောင်းပန်သော်လည်း၊
26 Aka, ua huhu mai o Iehova ia'u no oukou, aole i hoolohe mai ia'u: a i mai la o Iehova ia'u, Ua oki; mai olelo hou mai oe ia'u i keia mea.
၂၆ထာဝရဘုရား သည် သင် တို့အတွက် ငါ့ ကို အမျက် ထွက်တော်မူသောကြောင့် ၊ ငါ့ စကားကို နားထောင် တော်မ မူ။ ထာဝရဘုရား ကလည်း ၊ တန် တော့၊ ဤ အမှု နှင့် ဆိုင်သော စကားကို နောက် တဖန် မ လျှောက် နှင့်။
27 E pii aku oe maluna pono o Pisega, a e nana aku kou maka ma ke komohana, a ma ke kukuluakau, a ma ke kukuluhema, a ma ka hikina, a e ike me kou mau maka; no ka mea, aole oe e hele ma kela kapa o Ioredane nei.
၂၇ပိသဂါ တောင်ထိပ် ပေါ်သို့ တက် ပြီးလျှင် ၊ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် လေးမျက်နှာသို့မြော် ၍ ထို ပြည်ကို ကြည့်ရှု လော့။ ယော်ဒန် မြစ်ကို မ ကူး ရ။
28 Aka, e kauoha oe ia Iosua, e hoeueu aku, a e hooikaika aku ia ia; no ka mea, oia ke hele aku imua o keia poe kanaka, a nana no lakou e hoonoho ma ka aina au i ike ai.
၂၈သို့ရာတွင် ယောရှု ကိုမှာ ခဲ့၍ အား ပေးလော့။ မစ ထောက်ပင့်လော့။ သူ သည် ဤ လူမျိုး ရှေ့ မှာသွား ၍ ၊ သင်မြင် ရသော ပြည် ကို အမွေခံ စေရမည်ဟု ငါ့အား မိန့်တော်မူ၏။
29 A noho iho la kakou ma ke awawa e ku pono ana i Bete-peora.
၂၉ထိုသို့ ငါတို့သည် ဗက်ပေဂုရ မြို့တဘက် ၌ ရှိသောချိုင့် တွင် နေ ရကြ၏။