< Yohanna 10 >

1 “Gaskiya nake gaya muku, mutumin da bai shiga inda ake ajiye garken tumaki ta ƙofa ba, amma ya hau ta katanga, ɓarawo ne, ɗan fashi kuma.
သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား သိုး​ခြံ​ထဲ​သို့​တံ​ခါး​ပေါက် က​မ​ဝင်​ဘဲ အ​ခြား​နည်း​ဖြင့်​ကျော်​ဝင်​သူ သည်​သူ​ခိုး​ဋ္ဌား​ပြ​ဖြစ်​၏။-
2 Mutumin da ya shiga ta ƙofa makiyayin tumakinsa ne.
တံ​ခါး​ပေါက်​က​ဝင်​သူ​မူ​ကား​သိုး​ထိန်း​ဖြစ်​၏။-
3 Mai gadin yakan buɗe wa makiyayin ƙofa, tumakin kuma sukan saurari muryarsa. Yakan kira tumakinsa da suna, yă kuma fid da su waje.
သိုး​ထိန်း​အား​တံ​ခါး​စောင့်​သည်​တံ​ခါး​ဖွင့်​၍ ပေး​တတ်​၏။ သိုး​တို့​သည်​သူ​၏​အ​သံ​ကို​နား ထောင်​တတ်​ကြ​၏။ သူ​သည်​သိုး​တို့​ကို​နာ​မည် ဖြင့်​ခေါ်​၍​သိုး​ခြံ​မှ​ထုတ်​ဆောင်​တတ်​၏။-
4 Sa’ad da ya fitar da dukan nasa waje, sai ya ja gabansu, tumakinsa kuma sukan bi shi domin sun san muryarsa.
သိုး​တို့​ကို​ထုတ်​ပြီး​လျှင်​သိုး​တို့​၏​အ​ရှေ့​က ဦး​ဆောင်​၍​သွား​တတ်​၏။ သိုး​တို့​သည်​သူ့​အ​သံ ကို​သိ​သ​ဖြင့်​နောက်​က​လိုက်​ကြ​၏။-
5 Amma ba za su taɓa bin baƙo ba; sai dai ma su guje masa don ba su san muryar baƙo ba.”
သိုး​တို့​သည်​သူ​စိမ်း​၏​နောက်​သို့​မူ​လိုက်​လိမ့်​မည် မ​ဟုတ်။ သူ​စိမ်း​၏​အ​သံ​ကို​မ​သိ​သ​ဖြင့်​သူ့ ထံ​မှ​ထွက်​ပြေး​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
6 Yesu ya yi musu wannan misali, amma ba su fahimci abin da yake faɗa musu ba.
သ​ခင်​ယေ​ရှု​သည်​ဤ​ပုံ​ဥ​ပ​မာ​ကို​ထို​သူ​တို့ အား​မိန့်​တော်​မူ​သော်​လည်း သူ​တို့​သည်​ပုံ​ဥ​ပ​မာ တော်​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​နား​မ​လည်​ကြ။
7 Saboda haka Yesu ya sāke cewa, “Gaskiya nake gaya muku, ni ne ƙofar tumakin.
ထို့​ကြောင့်​တစ်​ဖန်​သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန် သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​သည်​သိုး​တို့​ဝင် သော​တံ​ခါး​ပေါက်​ဖြစ်​၏။-
8 Duk waɗanda suka riga ni zuwa ɓarayi ne,’yan fashi kuma, amma tumakin ba su saurare su ba.
ငါ့​ရှေ့​တွင်​ရောက်​ရှိ​လာ​သူ​အား​လုံး​သည်​သူ​ခိုး ဋ္ဌား​ပြ​များ​ဖြစ်​ကြ​၏။ သို့​ရာ​တွင်​သိုး​တို့​သည် ထို​သူ​တို့​၏​စ​ကား​ကို​နား​မ​ထောင်​ကြ။-
9 Ni ne ƙofar; duk wanda ya shiga ta wurina zai sami ceto. Zai riƙa shiga yă fita yă kuwa sami wurin kiwo.
ငါ​သည်​တံ​ခါး​ပေါက်​ဖြစ်​၏။ ထို​တံ​ခါး​ပေါက် ဖြင့်​ဝင်​သူ​သည် ဘေး​နှင့်​ကင်း​လွတ်​၍​ဝင်​ထွက် သွား​လာ​လျက်​ကျက်​စား​ရာ​ကို​တွေ့​ရ​လိမ့်​မည်။-
10 Ɓarawo yakan zo don yă yi sata ne kawai da kisa da kuma ɓarna. Ni kuwa na zo ne don su sami rai, su kuma same shi a yalwace.
၁၀သူ​ခိုး​သည်​ခိုး​ယူ​သတ်​ဖြတ်​ဖျက်​ဆီး​ရန်​သာ လာ​၏။ ငါ​မူ​ကား​သင်​တို့​အ​သက်​ရှင်​ကြ​စေ​ရုံ မျှ​သာ​မ​က ကြွယ်​ဝ​ပြည့်​စုံ​သော​အ​သက်​ကို ရှင်​နိုင်​ကြ​စေ​ရန်​လာ​သ​တည်း။
11 “Ni ne makiyayi mai kyau. Makiyayi mai kyau yakan ba da ransa domin tumakin.
၁၁``ငါ​သည်​သိုး​ထိန်း​ကောင်း​ဖြစ်​၏။ သိုး​ထိန်း​ကောင်း သည်​သိုး​များ​အ​တွက် အ​သက်​ကို​စွန့်​တတ်​၏။-
12 Wanda aka ɗauko haya ba shi ne makiyayi mai tumakin ba. Saboda haka sa’ad da ya ga kyarkeci yana zuwa, sai yă sheƙa da gudu yă bar tumakin. Sai kyarkecin yă kai wa garken hari, yă kuma watsar da su.
၁၂သူ​ငှား​သည်​သိုး​ထိန်း​မ​ဟုတ်။ သိုး​ရှင်​လည်း​မ​ဟုတ် သ​ဖြင့် ဝံ​ပု​လွေ​လာ​သည်​ကို​မြင်​လျှင် သိုး​တို့​ကို စွန့်​၍​ထွက်​ပြေး​တတ်​၏။ သို့​ဖြစ်​၍​ဝံ​ပု​လွေ​သည် သိုး​တို့​ကို​ကိုက်​ဖမ်း​၍​က​စဥ့်​က​ရဲ​ဖြစ်​စေ တတ်​၏။-
13 Mutumin yakan gudu don shi ɗan haya ne kawai, bai kuwa damu da tumakin ba.
၁၃သူ​ငှား​သည်​သူ​ငှား​ဖြစ်​သည့်​အ​လျောက် သိုး​တို့ ကို​ဂ​ရု​မ​စိုက်​ဘဲ​ထွက်​ပြေး​တတ်​၏။-
14 “Ni ne makiyayi mai kyau; na san tumakina, tumakina kuma sun san ni,
၁၄ငါ​သည်​သိုး​ထိန်း​ကောင်း​ဖြစ်​၏။ ခ​မည်း​တော်​သည် ငါ့​ကို​သိ​တော်​မူ​၍ ငါ​သည်​လည်း​ခ​မည်း​တော် ကို​သိ​သ​ကဲ့​သို့ ငါ​သည်​သိုး​တို့​ကို​သိ​၍​သိုး တို့​သည်​လည်း​ငါ့​ကို​သိ​ကြ​၏။ ငါ​သည်​သိုး​များ အ​တွက်​အ​သက်​ကို​စွန့်​၏။-
15 kamar yadda Uba ya san ni, ni kuma na san Uba, ina kuwa ba da raina domin tumakin.
၁၅
16 Ina da waɗansu tumaki da ba na wannan garken ba ne. Dole ne in kawo su su ma. Za su saurari muryata, za su kasance garke guda ɗaya, makiyayi guda kuma.
၁၆ဤ​သိုး​ခြံ​သို့​မ​ဝင်​သည့်​အ​ခြား​သိုး​များ​ကို လည်း​ငါ​ပိုင်​သေး​၏။ ထို​သိုး​တို့​ကို​ငါ​ဆောင်​သွင်း ရ​ဦး​မည်။ သူ​တို့​သည်​ငါ့​စ​ကား​ကို​နား​ထောင် ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​သိုး​အုပ်​တစ်​အုပ်၊ သိုး​ထိန်း တစ်​ပါး​တည်း​ဖြစ်​လိမ့်​မည်။
17 Abin da ya sa Ubana yake ƙaunata ke nan, domin ina ba da raina, in ɗauko shi kuma.
၁၇``ငါ​သည်​အ​သက်​ကို တစ်​ဖန်​ပြန်​လည်​ရ​ရှိ​စေ ရန် ကိုယ့်​အ​သက်​ကို​စွန့်​သော​ကြောင့်​ခ​မည်း​တော် သည်​ငါ့​ကို​ချစ်​တော်​မူ​၏။-
18 Ba mai karɓe mini rai, ina dai ba da shi. Ina da iko in ba da shi, ina da iko in ɗauko shi kuma. Wannan umarni kuwa daga wurin Ubana na karɓo shi.”
၁၈အ​ဘယ်​သူ​မျှ​ငါ့​အသက်​ကို​စွန့်​စေ​သည်​မ​ဟုတ်။ ငါ့​အ​လို​အ​လျောက်​စွန့်​ခြင်း​ဖြစ်​၏။ ငါ့​မှာ အ​သက်​ကို​စွန့်​ပိုင်​ခွင့်၊ ပြန်​ယူ​ပိုင်​ခွင့်​ရှိ​၏။ ဤ သို့​ပြု​ရန်​ခ​မည်း​တော်​က​ငါ့​အား​စေ​ခိုင်း တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။
19 Saboda waɗannan kalmomi fa, sai ɓaraka ta sāke shiga cikin Yahudawa.
၁၉ဤ​သို့​မိန့်​တော်​မူ​သော​ကြောင့်​လူ​တို့​သည် စိတ် သ​ဘော​ကွဲ​လွဲ​သွား​ကြ​ပြန်​၏။-
20 Da yawa daga cikinsu suka ce, “Yana da aljani, yana kuma hauka. Don me za ku saurare shi?”
၂၀လူ​အ​ချို့​တို့​က ``ဤ​သူ​သည်​နတ်​မိစ္ဆာ​စွဲ​ကပ် သော​သူ​ရူး​ဖြစ်​၏။ အ​ဘယ်​ကြောင့်​သူ့​စ​ကား ကို​သင်​တို့​နား​ထောင်​ကြ​သ​နည်း'' ဟု​ဆို​ကြ ၏။
21 Amma waɗansu suka ce, “Kai, waɗannan kalmomi ba na mai aljani ba ne. Anya, aljani yana iya buɗe idanun makaho?”
၂၁သို့​ရာ​တွင်​အ​ခြား​သူ​တို့​က ``နတ်​မိစ္ဆာ​စွဲ​ကပ်​သူ သည် ဤ​သို့​သော​စ​ကား​ကို​မ​ပြော​မ​ဆို​နိုင်​ရာ။ နတ်​မိစ္ဆာ​စွဲ​ကပ်​သူ​သည်​အ​ဘယ်​သို့​လျှင် မျက်​မ မြင်​များ​ကို​မျက်​စိ​မြင်​စေ​နိုင်​ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။
22 Bikin Miƙawa a Urushalima ya kewayo, lokacin sanyin hunturu ne kuwa.
၂၂ထို​အ​ချိန်​၌​ယေ​ရု​ရှ​လင်​မြို့​တွင် ဗိ​မာန်​တော်​ကို ဆက်​ကပ်​သည့်​ပွဲ​တော်​ကျ​ရောက်​လျက်​ရှိ​၏။ ထို အ​ခါ​ကား​ဆောင်း​ရာ​သီ​ဖြစ်​၏။-
23 Sai ga Yesu a filin haikali yana zagawa a Shirayin Solomon,
၂၃သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​ရှိ​ရှော​လ​မုန် မုခ်​တွင် စင်္ကြံ​သွား​လျက်​နေ​တော်​မူ​၏။-
24 sai Yahudawa suka taru kewaye da shi, suka ce masa, “Har yaushe za ka bar mu da shakka? In kai ne Kiristin, ka faɗa mana a fili mana.”
၂၄ထို​အ​ခါ​လူ​တို့​သည်​ကိုယ်​တော်​ကို​ဝန်း​ရံ​လျက် ``သင်​သည်​အ​ဘယ်​မျှ​ကြာ​အောင်​အ​ကျွန်ုပ်​တို့ အား​စိတ်​ဒွိ​ဟ​ဖြစ်​စေ​ပါ​မည်​နည်း။ အ​ကယ်​၍ သင်​သည်​မေ​ရှိ​ယ​ဖြစ်​ပါ​လျှင် အ​ကျွန်ုပ်​တို့​အား အ​တည့်​အ​လင်း​ပြော​ပါ​လော့'' ဟု​ဆို​ကြ​၏။
25 Yesu ya amsa ya ce, “Na faɗa muku, amma ba ku gaskata ba. Ayyukan da nake yi cikin sunan Ubana su suke nuna ko wane ne ni.
၂၅သ​ခင်​ယေ​ရှု​က ``သင်​တို့​အား​ငါ​ပြော​ပြီး​ဖြစ် ၏။ သို့​ရာ​တွင်​သင်​တို့​မ​ယုံ​ကြ။ ခ​မည်း​တော်​ခွင့် ပြု​တော်​မူ​ချက်​အ​ရ​ငါ​ပြု​သည့်​အ​မှု​အ​ရာ များ​က ငါ့​အ​ကြောင်း​ကို​သက်​သေ​ခံ​လျက်​ရှိ​၏။-
26 Amma ba ku gaskata ba domin ku ba tumakina ba ne.
၂၆သင်​တို့​သည်​ငါ​၏​သိုး​များ​မ​ဟုတ်​သ​ဖြင့် ငါ့​ကို​မ​ယုံ​ကြ။-
27 Tumakina sukan saurari muryata; na sansu, suna kuma bi na.
၂၇ငါ​၏​သိုး​တို့​သည်​ငါ့​စ​ကား​ကို​နား​ထောင်​ကြ ၏။ ငါ​သည်​သူ​တို့​ကို​သိ​၍​သူ​တို့​သည်​လည်း ငါ့ နောက်​သို့​လိုက်​ကြ​၏။-
28 Ina ba su rai madawwami, ba za su taɓa hallaka ba; ba kuma mai ƙwace su daga hannuna. (aiōn g165, aiōnios g166)
၂၈ငါ​သည်​သူ​တို့​အား​ထာ​ဝ​ရ​အ​သက်​ကို​ပေး​သည် ဖြစ်​၍ သူ​တို့​သည်​သေ​ခြင်း​နှင့်​အ​စဉ်​မ​ပြတ်​ကင်း လွတ်​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ​သူ​တို့​ကို​ငါ့ လက်​မှ​လု​ယူ​၍​မ​ရ​နိုင်။- (aiōn g165, aiōnios g166)
29 Ubana, wanda ya ba ni su, ya fi duka girma, ba mai ƙwace su daga hannun Ubana.
၂၉သူ​တို့​ကို​ငါ့​အား​ပေး​သ​နား​တော်​မူ​သော ခ​မည်း​တော်​သည်​ခပ်​သိမ်း​သော​သူ​တို့​ထက် ကြီး​မြတ်​တော်​မူ​၏။ သို့​ဖြစ်​၍​မည်​သူ​မျှ​သိုး တို့​ကို​ခ​မည်း​တော်​၏​လက်​မှ​မ​လု​မ​ယူ​နိုင်။-
30 Da ni da Uba ɗaya ne.”
၃၀ခ​မည်း​တော်​နှင့်​ငါ​သည်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။
31 Sai Yahudawa suka sāke ɗebo duwatsu don su jajjefe shi,
၃၁ထို​အ​ခါ​လူ​တို့​သည်​ကိုယ်​တော်​ကို​ပေါက်​ရန် ခဲ​များ​ကို​ကောက်​ပြန်​၏။-
32 amma Yesu ya ce musu, “Na nuna muku ayyukan alheri masu yawa da Uba ya aiko ni in yi, a kan wanne kuke so ku jajjefe ni?”
၃၂သ​ခင်​ယေ​ရှု​က ``ခ​မည်း​တော်​စေ​ခိုင်း​တော်​မူ သ​ဖြင့် ငါ​သည်​ကောင်း​မြတ်​သော​အ​မှု​များ ကို​ပြု​ခဲ့​၏။ ၎င်း​အ​မှု​များ​အ​နက်​အ​ဘယ် အ​မှု​ကြောင့်​ငါ့​အား​သင်​တို့​ခဲ​နှင့်​ပေါက်​လို ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
33 Yahudawa suka amsa suka ce, “Ai, ba don wani daga cikin waɗannan ayyukan alheri ne muke so mu jajjefe ka ba, amma don saɓon da kake yi, kai da kake mutum kawai, kana mai da kanka Allah.”
၃၃သူ​တို့​က ``ကောင်း​မြတ်​သော​အ​မှု​တစ်​စုံ​တစ်​ရာ ကို​သင်​ပြု​သော​ကြောင့်​ခဲ​နှင့်​ပေါက်​မည်​မ​ဟုတ်။ သင်​သည်​လူ​စင်​စစ်​ဖြစ်​ပါ​လျက်​ဘု​ရား​ယောင် ဆောင်​ကာ ဘု​ရား​သ​ခင်​အား​ပြစ်​မှား​သည့်​စ​ကား ကို​ပြော​သော​ကြောင့်​ခဲ​နှင့်​ပေါက်​မည်'' ဟု​ဆို ကြ​၏။
34 Yesu ya amsa musu ya ce, “Ba a rubuce yake a cikin Dokarku ba cewa, ‘Na ce ku alloli ne’?
၃၄သ​ခင်​ယေ​ရှု​က ``ငါ​တို့​ပ​ညတ်​ကျမ်း​တွင် ဘု​ရား သ​ခင်​က `သင်​တို့​သည်​ဘု​ရား​များ​ဖြစ်​ကြ​၏' ဟု ဖော်​ပြ​ထား​လေ​သည်။-
35 Mun dai san Nassi ba ya ƙarya, In har ya kira su waɗanda maganar Allah ta zo musu, ‘alloli,’
၃၅ကျမ်း​စာ​တော်​ဖော်​ပြ​သည့်​အ​ရာ​များ​သည် အ​စဉ် မှန်​ကန်​ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။ ဘု​ရား​သ​ခင် က​မိ​မိ​၏​တ​ရား​တော်​ကို​ကြား​နာ​ရ​သူ​တို့​အား `ဘု​ရား​များ' ဟု​ဖော်​ပြ​သည်။-
36 to, game da wanda Uba ya keɓe a matsayin nasa ne ya kuma aiko shi duniya. Don me kuke ce saɓo nake, domin na ce, ‘Ni Ɗan Allah ne?’
၃၆ခ​မည်း​တော်​သည်​ငါ့​ကို​ရွေး​ချယ်​၍ ဤ​လော​က သို့​စေ​လွှတ်​တော်​မူ​၏။ သို့​ဖြစ်​၍ `ငါ​သည်​ဘု​ရား သ​ခင်​၏​သား​တော်​ဖြစ်​သည်' ဟု​ဆို​သော​အ​ခါ ငါ​သည်​ဘု​ရား​သ​ခင်​အား​ပြစ်​မှား​သည့်​စ​ကား ကို​ပြော​သည်​ဟု​အ​ဘယ်​သို့​လျှင်​သင်​တို့​ဆို နိုင်​ကြ​သ​နည်း။-
37 In ba ayyukan da Ubana yake yi ne nake yi ba, to, kada ku gaskata ni.
၃၇ခ​မည်း​တော်​၏​အ​မှု​တော်​များ​ကို​ငါ​မ​ဆောင် ရွက်​လျှင် ငါ့​အား​မ​ယုံ​ကြည်​ကြ​နှင့်။-
38 Amma in su nake yi, ko ba ku gaskata ni ba, to, ku gaskata ayyukan, don ku sani, ku kuma gane, Uban yana cikina, ni kuma ina cikin Uban.”
၃၈ဆောင်​ရွက်​လျှင်​မူ​ကား​ငါ့​ကို​မ​ယုံ​သော်​လည်း ငါ​၏​ဆောင်​ရွက်​ချက်​များ​ကို​ယုံ​ကြ​လော့။ သို့ မှ​သာ​လျှင်​ခ​မည်း​တော်​သည်​ငါ​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ရှိ​တော်​မူ​လျက် ငါ​သည်​လည်း ခ​မည်း​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​သည် ကို သင်​တို့​သိ​မြင်​နား​လည်​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
39 Sai suka sāke yin ƙoƙari su kama shi, amma ya kuɓuce musu.
၃၉ထို​အ​ခါ​သူ​တို့​သည်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန် ကြိုး​စား​ကြ​ပြန်​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည် ရှောင်​တိမ်း​၍​ကြွ​သွား​တော်​မူ​၏။
40 Sa’an nan Yesu ya sāke koma ƙetaren Urdun inda dā Yohanna yake baftisma. A can ya zauna
၄၀ကိုယ်​တော်​သည်​ယော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း​ရှိ ယ​ခင်​ယော​ဟန်​ဗတ္တိ​ဇံ​င်္မဂ​လာ​ပေး​ရာ​အ​ရပ် သို့​ပြန်​လည်​ကြွ​သွား​တော်​မူ​၍​ထို​အ​ရပ် တွင်​နေ​တော်​မူ​၏။-
41 mutane da yawa suka zo wurinsa. Suka ce, “Ko da yake Yohanna bai yi wani abin banmamaki ba, duk abubuwan da Yohanna ya faɗa game da mutumin nan gaskiya ne.”
၄၁လူ​အ​များ​အ​ပြား​ပင်​အ​ထံ​တော်​သို့​လာ ကြ​၏။ သူ​တို့​က ``ယော​ဟန်​သည်​အ​ဘယ်​အံ့ ဖွယ်​နိ​မိတ်​လက္ခ​ဏာ​ကို​မျှ​မ​ပြ​ခဲ့။ သို့​ရာ တွင်​ဤ​သူ​အ​ကြောင်း​နှင့်​ပတ်​သက်​၍​ယော​ဟန် ပြော​သ​မျှ​မှန်​ပေ​၏'' ဟု​ဆို​ကြ​၏။-
42 A nan kuwa mutane da yawa suka gaskata da Yesu.
၄၂သို့​ဖြစ်​၍​ထို​အ​ရပ်​တွင်​လူ​အ​မြောက်​အမြား ပင် ကိုယ်​တော်​ကို​ယုံ​ကြည်​လာ​ကြ​၏။

< Yohanna 10 >