< Fitowa 21 >
1 “Waɗannan su ne dokokin da za ka sa a gabansu.
၁``ဣသရေလအမျိုးသားတို့အား အောက်ဖော် ပြပါပညတ်ချက်တို့ကိုသတ်မှတ်ပေးလော့။-
2 “In ka sayi mutumin Ibraniyawa a matsayin bawa, zai bauta maka shekara shida. Amma a shekara ta bakwai, za ka’yantar da shi, yă tafi’yantacce, ba tare da ya biya kome ba.
၂ဟေဗြဲအမျိုးသားကျွန်တစ်ယောက်ကိုဝယ် လျှင် သူသည်ခြောက်နှစ်ကျွန်ခံစေရမည်။ သတ္တမ နှစ်သို့ရောက်သော်သူသည်ကြေးမပေးရဘဲ လွတ်လပ်ခွင့်ရရှိစေရမည်။-
3 In ya zo shi kaɗai, zai tafi’yantacce shi kaɗai; amma in yana da mata a lokacin da ya zo, za tă tafi tare da shi.
၃တစ်စုံတစ်ယောက်သည်ကျွန်ဖြစ်ပြီးမှအိမ် ထောင်ကျလျှင်၊ လွတ်မြောက်သည့်အခါသူ့ ဇနီးကိုခေါ်ဆောင်မသွားရ။ သို့ရာတွင်သူ သည်အိမ်ထောင်ရှိပြီးမှကျွန်ဖြစ်လာလျှင်၊ သူလွတ်မြောက်သည့်အခါသူ့ဇနီးလည်း လွတ်စေရမည်။-
4 In maigidansa ya yi masa aure, ta kuwa haifa masa’ya’ya maza ko mata, matan da’ya’yan, za su zama na maigidan, sai mutumin kaɗai zai tafi’yantacce.
၄သူ၏သခင်ကမိန်းမနှင့်စုံဖက်ပေးသဖြင့် သားသမီးများမွေးဖွားလျှင်၊ ထိုမိန်းမနှင့် သားသမီးတို့ကိုသခင်ပိုင်၏။ ထို့ကြောင့်သူ တစ်ယောက်တည်းသာလွတ်မြောက်စေရမည်။-
5 “Amma in bawan ya furta ya ce, ‘Ina ƙaunar maigidana, da matata, da’ya’yana, ba na so kuma in’yantu,’
၅သို့ရာတွင်ထိုကျွန်ကသူ၏သခင်၊ သူ၏ ဇနီးနှင့်သားသမီးတို့ကိုချစ်၍လွတ် မြောက်ခွင့်မယူလိုပါက၊-
6 dole maigidansa yă kai shi gaban alƙalai. Zai kai shi ƙofa ko madogarar ƙofa, yă huda kunnensa da basilla, sa’an nan zai zama bawansa duk tsawon kwanakinsa a duniya.
၆သခင်ကသူ့ကိုဘုရားရှိခိုးရာဌာနသို့ခေါ် ဆောင်ခဲ့ရမည်။ ထိုကျွန်အားတံခါးသို့မဟုတ် တံခါးတိုင်အထိခေါ်ဆောင်ပြီးလျှင် သူ၏နား ရွက်ကိုစူးဖြင့်ဖောက်ရမည်။ ထိုနောက်သူသည် သခင်ထံ၌တစ်သက်ပတ်လုံးကျွန်ခံရ မည်။
7 “In mutum ya sayar da’yarsa a matsayin baiwa, ba za a’yantar da ita kamar bawa ba.
၇``တစ်စုံတစ်ယောက်သောသူသည်သမီးကိုကျွန် အဖြစ်ရောင်းလျှင်၊ ထိုကျွန်မိန်းမသည်ကျွန် ယောကျာ်းတို့ကဲ့သို့လွတ်မြောက်ခွင့်မရနိုင်။-
8 In ba tă gamshi maigida wanda ya zaɓe ta domin kansa ba, dole yă bari a fanshe ta. Ba shi da dama yă sayar da ita ga baƙi, tun da yake bai kyauta mata ba.
၈သခင်ကထိုမိန်းမကိုမနှစ်သက်သဖြင့် မယားအဖြစ်မပေါင်းလိုလျှင်၊ သူ့ဖခင်က သူ့ကိုပြန်၍ရွေးယူစေရမည်။ သခင်သည် ဝတ္တရားပျက်ကွက်သဖြင့်ကျွန်မကိုအခြား အမျိုးသားများလက်သို့ရောင်းခွင့်မရှိစေ ရ။-
9 In ya zaɓe ta domin ɗansa, dole yă ba ta duk damar da’ya ta mace take da shi.
၉တစ်စုံတစ်ယောက်သောသူသည်မိမိဝယ်သော ကျွန်မကိုသူ၏သားနှင့်စုံဖက်ပေးလျှင်၊ ထို မိန်းမကိုသမီးကဲ့သို့ပြုစုထားရမည်။-
10 In ya auri wata mace, ba zai hana wa baiwar abinci da sutura ba, ba kuma zai ƙi kwana da ita ba.
၁၀တစ်စုံတစ်ယောက်သောသူသည်ဒုတိယမိန်းမ တစ်ယောက်နှင့်စုံဖက်လျှင် ပထမဇနီးသည် အစားအစာ၊ အဝတ်အထည်နှင့်အခွင့် အရေးတို့ကိုယခင်အတိုင်းရရှိစေရ မည်။-
11 In bai tanada mata waɗannan abubuwa uku ba, sai tă tafi’yantacciya, babu biyan kome.
၁၁အဆိုပါဝတ္တရားများပျက်ကွက်ခဲ့လျှင်သူ သည်ငွေအလျော်မတောင်းဘဲ ထိုမိန်းမကို လွတ်မြောက်ခွင့်ပေးရမည်။
12 “Duk wanda ya bugi mutum har ya kashe shi, lalle a kashe shi.
၁၂``လူတစ်ယောက်ကိုရိုက်နှက်၍ သေစေသူအား သေဒဏ်ခံစေရမည်။-
13 Amma in ba da nufin yă kashe shi ba, sai dai in Allah ne ya nufa haka, to, sai mutumin yă tsere zuwa inda zan nuna muku.
၁၃သေစေရန်မရည်ရွယ်ဘဲနှင့်မတော်တဆ သတ်မိလျှင် သတ်သောသူသည်ငါသတ်မှတ် ပေးမည့်လုံခြုံရာအရပ်သို့ရှောင်တိမ်းနေ နိုင်၏။-
14 Amma in mutumin ya yi dabara har ya kashe wani mutum da gangan, sai a ɗauke shi daga bagadena a kashe shi.
၁၄သို့ရာတွင်ဒေါသထွက်၍သေစေရန်ရည်ရွယ် ချက်ဖြင့် လူတစ်ယောက်ကိုသတ်သောသူသည်၊ ငါ၏ယဇ်ပလ္လင်၌ပင်ခိုလှုံနေစေကာမူ သူ့အားဆွဲထုတ်၍သေဒဏ်ခံစေရမည်။
15 “Duk wanda ya bugi mahaifinsa ko mahaifiyarsa, dole a kashe shi.
၁၅``မိဘကိုရိုက်နှက်သောသူအား သေဒဏ် ခံစေရမည်။
16 “Duk wanda ya saci mutum ya sayar da shi, ko kuwa aka iske shi a hannunsa, lalle kashe shi za a yi.
၁၆``လူတစ်ယောက်ကိုရောင်းစားရန်ဖြစ်စေ၊ မိမိ ထံ၌ကျွန်စေစားရန်ဖြစ်စေအဋ္ဌမ္မဖမ်းဆီး သူအားသေဒဏ်ခံစေရမည်။
17 “Duk wanda ya la’anta mahaifinsa ko mahaifiyarsa, dole a kashe shi.
၁၇``မိဘကိုကျိန်ဆဲသောသူအားသေဒဏ်ခံ စေရမည်။
18 “Idan mutane suka yi faɗa, ɗayan ya jefa ɗayan da dutse, ko ya naushe shi amma bai mutu ba, sai dai ya yi ta jiyya,
၁၈``လူအချင်းချင်းခိုက်ရန်ဖြစ်ပွားရာ၌တစ် ယောက်သောသူက အခြားတစ်ယောက်အား ကျောက်ခဲနှင့်ဖြစ်စေ၊ လက်သီးနှင့်ဖြစ်စေ ဒဏ်ရာရစေသော်လည်း အသက်မသေဘဲ၊ အကယ်၍အရိုက်ခံရသူသည်အိပ်ရာထဲ ၌နေရလျှင်သော်လည်းကောင်း၊-
19 idan mutumin ya sāke tashi ya yi tafiya ko da yana dogarawa da sanda ne, wanda ya buge shi zai kuɓuta, sai dai zai biya diyyar lokacin da ya ɓata masa, yă kuma lura da shi, har yă warke sarai.
၁၉ထ၍တောင်ဝှေးဖြင့်လမ်းလျှောက်နိုင်လျှင် သော်လည်းကောင်း၊ ထိုသူကိုအပြစ်ဒဏ် မစီရင်ရ၊ ထိုသူအလုပ်ပျက်သည့်အချိန် အတွက် ဒဏ်ရာရစေသူကလျော်ကြေးကို ပေး၍၊ အနာပျောက်ကင်းသည့်အချိန်အထိ ဒဏ်ရာရသူအားတာဝန်ယူစောင့်ရှောက် ရမည်။
20 “In mutum ya dūke bawansa ko baiwarsa da sanda, sai bawan ko baiwar ta mutu saboda dūkan, dole a hukunta shi,
၂၀``တစ်စုံတစ်ယောက်သောသူသည် ကျွန်ယောကျာ်း ကိုဖြစ်စေ၊ ကျွန်မိန်းမကိုဖြစ်စေတုတ်နှင့် ရိုက်သဖြင့်၊ ထိုကျွန်သေလျှင်ထိုသူသည် အပြစ်ဒဏ်ကိုခံစေရမည်။-
21 amma ba za a hukunta shi ba, in bawan ko baiwar ta tashi, bayan kwana ɗaya ko biyu, tun da bawan ko baiwar mallakarsa ne.
၂၁သို့ရာတွင်ထိုကျွန်သည်တစ်ရက်နှစ်ရက်မျှ နာလျက်မသေလျှင်၊ ထိုသူကိုအပြစ်ဒဏ် မစီရင်ရ။ အဘယ်ကြောင့်ဆိုသော်ကျွန်ဟူ သည်မှာသခင်ပိုင်ပစ္စည်းမျှသာဖြစ်သော ကြောင့်တည်း။
22 “Idan mutum biyu suna faɗa, har suka yi wa mace mai ciki rauni, har ya sa ta yi ɓari, amma wani lahani bai same ta ba, za a ci wa wanda ya yi mata raunin tara bisa ga yadda mijinta ya yanka za a biya, in dai abin da ya yanka ya yi daidai da abin da alƙalai suka tsara.
၂၂``လူတို့အချင်းချင်းခိုက်ရန်ဖြစ်ပွားနေစဉ် ကိုယ်ဝန်ဆောင်မိန်းမကိုထိခိုက်မိသဖြင့် ကိုယ် ဝန်ပျက်သော်လည်းဒဏ်ရာမရစေလျှင်၊ ထိ ခိုက်နာကျင်စေသောသူကထိုမိန်းမ၏လင် ယောကျာ်းတောင်းဆိုသမျှလျော်ကြေးကို တရားသူကြီးများ၏သဘောတူညီချက် ဖြင့်ပေးရမည်။-
23 Amma in akwai rauni mai tsanani, sai a ɗauki rai a maimakon rai,
၂၃သို့ရာတွင်မိန်းမအားအနာတရဖြစ်စေလျှင် အသက်အစားအသက်၊-
24 ido don ido, haƙori don haƙori, hannu don hannu, ƙafa don ƙafa,
၂၄မျက်စိအစားမျက်စိ၊ သွားအစားသွား၊ လက်အစားလက်၊ ခြေအစားခြေ၊-
25 ƙuna don ƙuna, rauni don rauni, ƙujewa don ƙujewa.
၂၅မီးလောင်ခြင်းအစားမီးလောင်ခြင်း၊ ထိရှ ခြင်းအစားထိရှခြင်း၊ ဒဏ်ရာအစားဒဏ် ရာကိုခံစေရမည်။
26 “In mutum ya bugi bawa ko baiwa a ido, har idon ya lalace, dole yă’yantar da shi ko ita, maimakon ido.
၂၆``သခင်ကကျွန်ယောကျာ်းသို့မဟုတ်ကျွန်မိန်းမ ၏မျက်စိကိုရိုက်သဖြင့် မျက်စိပျက်လျှင်မျက်စိ အတွက်လျော်ကြေးအဖြစ်ကျွန်ကိုလွတ်မြောက် ခွင့်ပေးစေ။-
27 In kuma ya fangare haƙorin bawa ko baiwa, dole yă’yantar da bawan ko baiwar, a maimakon haƙorin.
၂၇သခင်ကကျွန်ကိုရိုက်၍ကျွန်၏သွားကျိုးလျှင် သွားအတွက်လျော်ကြေးအဖြစ်ကျွန်ကိုလွတ် မြောက်ခွင့်ပေးစေ။
28 “In bijimi ya kashe namiji ko ta mace, dole a jajjefe bijimin har yă mutu, ba za a kuma ci namansa ba. Amma mai bijimin ba shi da laifi.
၂၈``နွားတစ်ကောင်သည်လူတစ်ယောက်ကိုဦးချိုဖြင့် ဝှေ့သတ်လျှင် ထိုနွားကိုကျောက်ခဲနှင့်ပစ်သတ်ရ မည်။ ထိုနွား၏အသားကိုမစားရ။ သို့ရာတွင် နွားပိုင်ရှင်ကိုအပြစ်ဒဏ်မပေးရ။-
29 In, har an san bijimin da wannan hali, an kuma yi wa mai shi gargaɗi, amma bai ɗaura shi ba, har ya kashe namiji ko ta mace, za a jajjefe bijimin tare da mai shi, har su mutu.
၂၉အကယ်၍နွားသည်လူကိုဝှေ့တတ်ကြောင်း နွား ပိုင်ရှင်အားသတိပေးပါလျက်နှင့်ချည်နှောင် ၍မထားသောကြောင့် လူတစ်ယောက်ကိုဝှေ့ သတ်ခဲ့လျှင်ထိုနွားကိုကျောက်ခဲနှင့်ပစ်၍ သတ်ရမည်။ နွားရှင်ကိုလည်းသေဒဏ်ပေးရ မည်။-
30 Amma fa, in an bukace shi yă biya, zai biya don yă fanshi ransa ta wurin biyan abin da aka aza masa.
၃၀အကယ်၍နွားပိုင်ရှင်သည်မိမိအသက် ချမ်းသာရန်အတွက်လျော်ကြေးပေးခွင့် ရလျှင် တောင်းဆိုသမျှလျော်ကြေးကိုပေး ဆောင်ရမည်။-
31 Wannan doka ta shafi batun bijimin da ya kashe ɗa ko’ya.
၃၁နွားသည်ယောကျာ်းကလေးသို့မဟုတ်မိန်း ကလေးတစ်ဦးကိုဝှေ့သတ်လျှင် ထိုနည်း အတိုင်းစီရင်ရမည်။-
32 In bijimin ya kashe bawa ko baiwa, mai shi zai biya shekel talatin na azurfa wa maigidan bawan, a kuma a jajjefe bijimin.
၃၂နွားသည်ကျွန်ယောကျာ်းသို့မဟုတ်ကျွန်မိန်းမ တစ်ဦးကိုဝှေ့သတ်လျှင် နွားပိုင်ရှင်ကကျွန် ပိုင်ရှင်အားငွေသားသုံးဆယ်လျော်ကြေးပေး ဆောင်ရမည်။ နွားကိုလည်းကျောက်ခဲနှင့်ပစ် သတ်ရမည်။
33 “In mutum ya bar rami a buɗe, ko ya haƙa rami bai kuma rufe ba, sai saniya ko jaki ya fāɗi a ciki,
၃၃``လူတစ်ဦးသည်တွင်းတူး၍မဖုံးဘဲထား သဖြင့် နွားသို့မဟုတ်မြည်းတစ်ကောင်ထိုတွင်း သို့ကျလျှင်၊-
34 Mai ramin zai biya rashin da aka yi wa mai shi, matacciyar saniyan ko jakin, zai zama na mai ramin.
၃၄ပိုင်ရှင်အားတိရစ္ဆာန်အသေကောင်အတွက် လျော်ကြေးပေးဆောင်၍တိရစ္ဆာန်အသေ ကောင်ကိုပိုင်စေ။-
35 “In bijimin mutum ya raunana bijimin wani, har ya mutu, sai mutanen biyu su sayar da mai ran, su raba kuɗin daidai, haka ma su yi da mai ran.
၃၅လူတစ်ဦး၏နွားကအခြားလူတစ်ဦး၏နွား ကိုဝှေ့သတ်လျှင် အသက်ရှင်သောနွားကိုရောင်း ၍နွားပိုင်ရှင်နှစ်ဦးကငွေကိုခွဲဝေယူရမည်။ နွားသေ၏အသားကိုလည်းခွဲဝေယူရကြ မည်။-
36 Amma fa, in tun can, an san bijimin yana da wannan halin faɗa, duk da haka mai shi bai ɗaura shi ba, dole mai shi yă biya, dabba domin dabba, matacciyar dabbar kuwa tă zama nasa.
၃၆သို့ရာတွင်နွားပိုင်ရှင်ကမိမိ၏နွားသည်ဝှေ့ တတ်ကြောင်းကိုသိလျက်နှင့် ချည်နှောင်၍မ ထားခဲ့လျှင်နွားသေအတွက်နွားတစ်ကောင် ကိုအစားလျော်၍နွားသေကိုပိုင်စေ။