< Daniyel 10 >

1 A shekara ta uku ta Sairus sarkin Farisa, sai aka ba wa Daniyel (wanda ake kira Belteshazar) wahayi. Saƙon kuwa gaskiya ce wadda take tattare da babban yaƙi. Fahimtar saƙon ya zo masa a cikin wahayi.
ပေရသိ ရှင်ဘုရင် ကုရု နန်းစံသုံး နှစ် တွင် ၊ ဗေလတရှာဇာ အမည် ဖြင့် သမုတ် သော ဒံယေလ သည် ဗျာဒိတ် တော်ကိုခံရ ၏။ ထိုဗျာဒိတ် တော်စကား မှန် ပေ၏။ ကြီးစွာ သော စစ်တိုက် ခြင်းနှင့် ဆိုင်ပေ၏။ သူသည် ထိုစကား ကို နားလည် ၏။ မြင်ရသောရူပါရုံ သဘောကိုလည်း ရိပ်မိ၏။
2 A wannan lokaci ni Daniyel na yi makoki har na sati uku.
ထို ကာလ ၌ ငါ ဒံယေလ သည် အရက် နှစ်ဆယ် တရက် တိုင်တိုင်ခြိုးခြံစွာကျင့် လျက်နေ၏။
3 Ban ci abinci mai kyau ba; ba nama ko ruwa inabin da ya shiga bakina; kuma ba na amfani da man shafawa gaba ɗaya har sai da sati nan uku suka wuce.
အရက် နှစ်ဆယ် တရက်မ စေ့ မှီမြိန် သော မုန့် ကိုမ စား ။ အမဲသား နှင့် စပျစ်ရည် ကိုမ မြည်း ။ ဆီ လိမ်းခြင်းကိုလည်း အလျှင်းမပြု။
4 A rana ta ashirin da huɗu ga watan farko, a sa’ad da nake tsaye a bakin babban kogi, Tigris,
ပဌမ လ နှစ် ဆယ် လေး ရက် နေ့၌ ငါ သည် ဟိဒကေလ မြစ် ကြီး အနားမှာရှိ စဉ်၊
5 na ɗaga kaina na duba sai ga wani mutum tsaye sanye da rigar lilin, ya yi ɗamara da zinariya zalla daga Ufaz kewaye da ƙugunsa.
မျှော် ကြည့်၍ ပိတ်ချော နှင့် ဥဖတ် ရွှေစင် ခါးပန်း ကို ဝတ် စည်းလျက် ရှိသောလူ တဦး ကို မြင် ၏။
6 Jikinsa kamar lu’ulu’u yake, fuskarsa kuma kamar walƙiya, idanunsa kamar harshen wuta, hannuwansa da ƙafafunsa kamar gogaggiyar tagulla, muryarsa kuma kamar amon babban taron jama’a.
သူ ၏ ကိုယ် သည် ကျောက် မျက်ရွဲကဲ့သို့ ဖြစ်၏။ သူ့ မျက်နှာ သည်လည်း လျှပ်စစ် ကဲ့သို့ ထင်၏။ သူ့ မျက်စိ သည်လည်း မီးခွက် ကဲ့သို့ ဖြစ်၏။ သူ့ လက် ခြေ တို့သည် ဦးသစ်သော ကြေးဝါ အရောင်အဆင်းရှိ၏။ သူ့ စကား သံ သည် များစွာ သော လူစုအသံ နှင့် တူ၏။
7 Ni, Daniyel, kaɗai ne na ga wahayin; mutanen da suke tare da ni ba su gani ba, amma wata irin babbar razana ta auko musu har suka gudu suka ɓuya.
ထိုဗျာဒိတ် ရူပါရုံကို ငါ ဒံယေလ တယောက် တည်း မြင် ရ၏။ ငါ နှင့်အတူ ပါသောလူ တို့သည် မ မြင် ရကြ။ သူတို့သည် အလွန် ကြောက်ရွံ့ တုန်လှုပ်ခြင်းသို့ ရောက် သဖြင့် ပုန်းရှောင် ၍ နေခြင်းငှါ ပြေး ကြ၏။
8 Sai aka bar ni ni kaɗai, ina juyayi wannan babban wahayi, ba ni da sauran ƙarfi, fuskata ta yamutse kuma ba ni da sauran ƙarfi.
ငါ မူကား၊ တယောက် တည်းနေရစ် ၍ ထို ကြီးစွာ သော ရူပါရုံ ကိုမြင် ရလျှင် ၊ ခွန်အား လျော့၍ မျက်နှာ ပျက် လျက်၊ ကိုယ်၌ အစွမ်း သတ္တိအလျှင်းမ ရှိ ဖြစ်လေ၏။
9 Sai na ji yana magana, da ina sauraronsa, sai na shiga barci mai nauyi, na kuwa fāɗi rubda ciki.
သို့ရာတွင် ၊ ထိုသူ ၏ စကား သံ ကို ငါကြား ၏။ ကြား သောအခါ မြေ ပေါ် မှာပြပ်ဝပ် ၍ မိန်းမော တွေဝေလျက်နေ၏။
10 Sai hannu ya taɓa ni ya sa makyarkyata a hannuna da ƙafafuna.
၁၀ထိုအခါ လက် တဘက်သည်ငါ့ ကို ကြွ ၍ ၊ ငါ သည် ဒူး နှင့် လက်ဝါး ဖြင့် ထောက် လျက်နေရ၏။
11 Sai ya ce, “Daniyel, kai ne wanda ake ƙauna sosai, ka yi lura da kyau game da kalmomin da zan yi maka magana a kansu, ka tashi yanzu, gama an aiko ni a gare ka.” Sa’ad da ya faɗa mini haka, sai na tashi a tsaye ina rawan jiki.
၁၁သူကလည်း၊ အလွန် ချစ်အပ်သောသူ၊ ဒံယေလ ၊ ငါ့စကား ကို နားလည် အံ့သောငှါမတ်တတ် နေလော့။ သင် ရှိရာသို့ ငါ့ကိုစေလွှတ် တော်မူ၍ ယခု ငါလာပြီဟု ဆိုလျှင်၊ ငါသည်တုန်လှုပ် မတ်တတ် နေ၏။
12 Sai ya ci gaba da cewa, “Kada ka ji tsoro, Daniyel. Gama tun daga ran da ka fara sa zuciya ga neman ganewa, ka kuma ƙasƙantar da kanka a gaban Allahnka, an ji addu’arka, amsar addu’arka ce ta kawo ni.
၁၂ထိုအခါ သူကလည်း၊ အချင်းဒံယေလ ၊ မ ကြောက် နှင့်။ သင် သည် နားလည် ခြင်းငှါ ၎င်း ၊ သင် ၏ ဘုရား ရှေ့ မှာ ကိုယ်ကိုကိုယ်ဆုံးမ ခြင်းငှါ ၎င်း ၊ စိတ် ပြဌာန်း သော ပဌမ နေ့ မှစ၍ သင် ၏ စကား ကိုကြား တော်မူပြီ။ ထိုစကား ကြောင့် လည်း ငါ ရောက် လာပြီ။
13 Amma mai mulkin masarautar Farisa ya tsare ni har kwana ashirin da ɗaya. Sai da Mika’ilu, ɗaya daga cikin manya shugabanni, ya zo ya taimake ni, saboda an tsare ni a can tare da sarkin Farisa.
၁၃ပေရသိ နိုင်ငံ ကို အစိုးရသောမင်း မူကား ၊ အရက် နှစ် ဆယ်တရက် ပတ်လုံးငါ့ ကို ဆီးတား၏။ နောက်တခါ အမြတ်ဆုံးသော မင်း စုထဲက မိက္ခေလ သည် ငါ့ ကို အကူ လာ ၍၊ ငါသည်လည်း ထိုအရပ်၌ ပေရသိ မင်းကြီး တို့ထံမှာ ဆိုင်းလင့် ၍ နေရ၏။
14 Yanzu na zo domin in bayyana maka abin da zai faru da mutanenka nan gaba, gama wahayin ya shafi lokacin da bai riga ya zo ba ne.”
၁၄ယခုမူကား ၊ နောင် ကာလ တွင် သင် ၏ အမျိုးသား ချင်းတို့၌ ဖြစ် လတံ့သော အမှုအရာတို့ကို သင် သည် နားလည် စေခြင်းငှါ ငါရောက် လာပြီ။ ဤဗျာဒိတ် ရူပါရုံသည် တာရှည်သောကာလ နှင့် ဆိုင်ပေ၏ဟု ငါ့ အား ပြောဆို ၏။
15 Yayinda yake faɗin mini haka, sai na sunkuyar da kaina ƙasa shiru, ba magana.
၁၅ထိုသို့ ပြောဆို ပြီးမှ ၊ ငါသည် ဦးညွတ်ပြပ်ဝပ်၍ စကား မပြောနိုင်ပဲနေ၏။
16 Sai wani wanda ya yi kama da mutum ya taɓa leɓunana, na kuma buɗe bakina sai na fara magana. Na ce wa wannan da yake tsaye a gabana, “Na cika da azaba saboda wannan wahayi, ranka yă daɗe, ina kuma neman taimako.
၁၆ထိုအခါ လူ သား ၏ သဏ္ဌာန် ရှိသောသူတဦးသည် ငါ့ နှုတ် ကို လက်နှင့်တို့ လျှင် ၊ ငါသည်နှုတ် ကို ဖွင့် ၍ ပြော ရသောအခွင့်ကို ရပြီးလျှင် ၊ အကျွန်ုပ် ၏သခင် ၊ ဗျာဒိတ် ရူပါရုံကြောင့် အကျွန်ုပ်သည် ပြင်းစွာသော ဝေဒနာ ကို ခံရ၍၊ ကိုယ်၌ ခွန်အား အလျှင်းမ ရှိပါ။
17 Yaya ni bawanka zan iya magana da kai, ranka yă daɗe? Ƙarfina ya ƙare kuma ina numfashi da ƙyar.”
၁၇ကိုယ်တော် ကျွန် သည် ကိုယ်တော် အရှင်နှင့် အဘယ်သို့ စကားပြော နိုင် ပါအံ့နည်း။ ယခုပင် အကျွန်ုပ် ကိုယ်၌ ခွန်အား အလျှင်းမ ရှိပါ။ အကျွန်ုပ် အသက် လည်း ကုန်ပါပြီဟု ငါ့ ရှေ့ မှာ ရပ် နေသောသူအား ငါလျှောက် ၏။
18 Har yanzu wannan wanda yana kama da mutum ya taɓa ni ya kuma ba ni ƙarfi.
၁၈နောက် တဖန် လူ သဏ္ဌာန် ရှိသောသူသည် လာ၍ ငါ့ ကို လက်နှင့်တို့ လျက် အားပေး ပြီးလျှင် ၊
19 Ya kuma ce, “Kada ka ji tsoro, ya kai mutumin da ake fahariya, salama a gare ka! Ka ƙarfafa yanzu; ka yi ƙarfin hali.” Sa’ad da ya yi magana da ni, sai na samu ƙarfi na ce, “Ka yi magana ranka yă daɗe, tun da yake ka sa na sami ƙarfi.”
၁၉အလွန် ချစ်အပ်သောသူ၊ မ ကြောက် နှင့်။ ငြိမ်သက် ခြင်းရှိပါစေ။ အားရှိ လော့။ ခွန်အား နှင့်ပြည့်စုံလော့ ဟု ဆို၏။ ထိုသို့ဆိုပြီးမှခွန်အားကို ငါရ၍၊ အကျွန်ုပ်၏ သခင်၊ မိန့်တော်မူပါ။ အကျွန်ုပ်ကို ခွန်အားပေးတော်မူပြီ ဟု လျှောက်၏။
20 Sai ya ce mini, “Ka san abin da ya kawo ni gare ka? Ba da jimawa ba zan koma in yi yaƙi da mai mulkin Farisa, kuma idan na tafi, mai mulkin Hellenawa zai taso;
၂၀ထိုသူကလည်း၊ ငါသည် သင် ရှိရာသို့ လာ ရသော အကြောင်းကို နားလည် သလော။ ပေရသိ မင်း ကို စစ်တိုက် အံ့သောငှါ ယခု ငါပြန် သွားရမည်။ ငါ သွား ပြီး သည်နောက်၊ တဖန် ဟေလသ မင်း သည် ပေါ်လာ လိမ့်မည်။
21 amma da farko zan faɗa maka abin da aka rubuta a cikin Littafin Gaskiya (Babu wanda ya taimake ni yaƙi da waɗannan sai dai Mika’ilu, sarkinku.
၂၁သို့ရာတွင် သမ္မာ ကျမ်းစာ၌ မှတ်သား သော အမှုအရာကို ငါပြ ဦးမည်။ ဤ အမှုတို့တွင် သင် တို့၏ မင်း မိက္ခေလ မှတပါး ငါ့ ဘက်မှာ နေသောသူမ ရှိ။

< Daniyel 10 >