< 2 Korintiyawa 5 >
1 Yanzu mun san cewa in an hallaka tentin duniyan nan da muke ciki, muna da wani gini daga Allah, madawwamin gida a sama, wanda ba da hannuwan mutum ne suka gina shi ba. (aiōnios )
၁ငါတို့၏နေအိမ်ဖြစ်သည့်ကိုယ်ခန္ဓာတည်း ဟူသောယာယီတဲသည်ပျက်လျှင် ကောင်းကင် ဘုံတွင်ဘုရားသခင်ကိုယ်တော်တိုင်ဖန်ဆင်း တော်မူသောနိစ္စထာဝရနေအိမ်ကို ငါတို့ အားပေးသနားတော်မူမည်ဖြစ်ကြောင်းငါ တို့သိကြ၏။- (aiōnios )
2 Kafin nan muna nishi, da marmari a yi mana sutura da gidanmu na sama,
၂ဤယာယီတဲတွင်နေထိုင်စဉ်ကောင်းကင်ဘုံ အိမ်ကိုအလွန်တောင့်တသဖြင့် ငါတို့သည် ညည်းတွားလျက်နေကြ၏။-
3 don sa’ad da aka yi mana sutura, ba za a same mu tsirara ba.
၃ယင်းသို့ကောင်းကင်ဘုံအိမ်ကိုရရှိသောအခါ ငါတို့သည်ကိုယ်ခန္ဓာမဲ့ဖြစ်မည်မဟုတ်။-
4 Sa’ad da muke zaune a cikin jikin nan na duniya, nishi muke domin matsuwar da muke sha, ba domin muna so mu rabu da jikinmu na wannan duniya ba ne, sai dai don so muke yi a suturta mu da na Sama, domin mai rai ya shafe mai mutuwa.
၄ရုပ်ကိုယ်ခန္ဓာတွင်နေရသဖြင့်ငါတို့ညည်းတွား ကြ၏။ ယင်းသို့ညည်းတွားကြခြင်းမှာမိမိတို့ ၏ရုပ်ကိုယ်ခန္ဓာကိုပယ်ရှားပစ်လို၍မဟုတ်။ သေ ကြေပျက်စီးတတ်သောအရာကိုထာဝစဉ် အသက်ရှင်သည့်အရာသို့ပြောင်းလဲစေရန် ကောင်းကင်ဘုံကိုယ်ခန္ဓာကိုရရှိလို၍ဖြစ် ပေသည်။-
5 Allah ne ya yi mu domin wannan, ya kuma ba mu Ruhu a matsayin abin ajiya, yana kuma tabbatar da abin da zai zo nan gaba.
၅ဤသို့ပြောင်းလဲစေရန်ငါတို့ကိုပြင်ဆင် ပေးသောအရှင်ကားဘုရားသခင်ပေတည်း။ ငါတို့ခံစားစေရန်ကိုယ်တော်၏ဆုကျေးဇူး အပေါင်းအတွက် အာမခံချက်အဖြစ်ဖြင့် ဝိညာဉ်တော်ကိုငါတို့အားပေးတော်မူပြီ။
6 Saboda haka, kullum muna da tabbaci mun kuma san cewa, muddin muna a duniya cikin jikin nan, ana raba mu da Ubangiji.
၆သို့ဖြစ်၍ငါတို့သည်အစဉ်ရဲရင့်သောစိတ်ရှိ ကြပေသည်။ ဤကိုယ်ခန္ဓာနေအိမ်၌ရှိနေသမျှ ကာလပတ်လုံးငါတို့သည်သခင်ဘုရား၏ အိမ်တော်နှင့်ဝေးကွာလျက်ရှိကြ၏။-
7 Rayuwa bangaskiya muke, ba ta ganin ido ba.
၇ငါတို့၏ဘဝအတွက်ယုံကြည်ခြင်းသည် အဋ္ဌိကဖြစ်၏။ မျက်စိဖြင့်မြင်ခြင်းသည် အဋ္ဌိကမဟုတ်။-
8 Ina cewa muna da tabbaci, za mu fi so mu rabu da jikin nan, mu kuma kasance a sama tare da Ubangiji.
၈ငါတို့သည်ရဲရင့်သောစိတ်ရှိ၍ဤကိုယ်ခန္ဓာ နေအိမ်ကိုစွန့်ခွာပြီးလျှင် သခင်ဘုရားနှင့် အတူနေထိုင်ရန်ပို၍လိုလားကြ၏။-
9 Saboda haka, niyyarmu ita ce, mu gamshe shi, ko muna a duniya cikin jikin nan, ko ba mu nan.
၉ငါတို့သည်ဤအရပ်၌ရှိသည်ဖြစ်စေ၊ ထို အရပ်၌ရှိသည်ဖြစ်စေငါတို့ကိုစိတ်တော် နှင့်တွေ့ရန်အထူးသဖြင့်လိုလားကြ၏။-
10 Gama dole dukanmu mu bayyana a gaban kujerar shari’ar Kiristi, domin kowannenmu yă karɓi ladan aikin da ya yi a wannan jiki, ko mai kyau ne ko marar kyau.
၁၀အဘယ်ကြောင့်ဆိုသော်ငါတို့အားလုံးသည် တရားစီရင်ခြင်းကိုခံရန် ခရစ်တော်၏တရား ပလ္လင်တော်ရှေ့သို့ရောက်ရှိရကြမည်ဖြစ်သော ကြောင့်တည်း။ ကိုယ်ခန္ဓာနေအိမ်၌ရှိနေစဉ်ပြု ကျင့်ခဲ့သည့်ကောင်းမှုမကောင်းမှုများအတွက် ထိုက်သင့်ရာအကျိုးအပြစ်ကိုငါတို့အသီး သီးခံရကြလတ္တံ့။
11 To, da yake mun san ko mene tsoron Ubangiji yake, muna ƙoƙari mu rinjaye mutane. Yadda muke kuwa, yana sane a sarari ga Allah, ina kuma fata yana nan a sarari a lamirinku.
၁၁ငါတို့သည်အဘယ်ကြောင့်သခင်ဘုရားအား ကြောက်ရွံ့ရကြောင်းကိုသိသဖြင့် လူတို့အား တိုက်တွန်းနှိုးဆော်၏။ ငါတို့၏အကြောင်းကို ဘုရားသခင်အကြွင်းမဲ့သိတော်မူ၏။ သင် တို့သည်လည်းစိတ်နှလုံးထဲကငါ့အကြောင်း ကိုလည်း ကောင်းစွာသိကြလိမ့်မည်ဟုငါ မျှော်လင့်၏။-
12 Ba ƙoƙari muke mu yabe kanmu a gare ku ba ne, sai dai muna ba ku damar yin taƙama da mu ne, don ku sami amsar da za ku ba wa waɗanda suke taƙama da abin da ake gani ne, a maimakon abin da yake cikin zuciya.
၁၂ဤသို့ဆိုရာ၌ငါတို့သည်တစ်ဖန်မိမိတို့ ကိုယ်ကိုဂုဏ်ဖော်လို၍မဟုတ်။ ငါတို့အပေါ် တွင်သင်တို့ဂုဏ်ယူဝါကြွားနိုင်ခွင့်ရရှိကြ စေရန်သာဖြစ်၏။ သို့မှသာလျှင်လူ၏အကျင့် စာရိတ္တကိုမထောက်ဘဲ ပြင်ပအဆင်းသဏ္ဌာန် ကိုသာထောက်၍ ဂုဏ်ယူဝါကြွားတတ်သူတို့ ၏စကားကိုသင်တို့ပြန်လည်ချေပနိုင် ကြပေမည်။-
13 In hankalinmu a taɓe yake, ai, saboda Allah ne, in kuwa cikin hankalinmu muke, ai, saboda ku ne.
၁၃ငါတို့သည်ရူးသွပ်လေပြီလော။ ရူးသွပ်လျှင် ဘုရားသခင်အဖို့ဖြစ်၏။ အကယ်၍မရူး မသွပ်လျှင်လည်းသင်တို့အဖို့ဖြစ်၏။-
14 Ƙaunar Kiristi a gare mu, ita take mallakarmu, saboda haka mun tabbata, da yake wani ya mutu saboda dukan mutane, ashe kuwa, mutuwarsu ce dukansu.
၁၄တစ်ယောက်သောသူသည်လူအပေါင်းတို့ အတွက်အသေခံသဖြင့် လူအပေါင်းတို့ သည်ထိုသူနှင့်အတူအသေခံကြကြောင်း ကိုငါတို့ယခုသိကြပြီဖြစ်၍ ငါတို့ကို ခရစ်တော်၏မေတ္တာတော်သည်အုပ်စိုးလေ ပြီ။-
15 Ya kuwa mutu ne saboda dukan mutane, domin kada waɗanda suke rayuwa kada su yi zaman ganin dama a nan gaba, sai dai su yi zaman wannan da ya mutu saboda su, aka kuma tashe shi saboda su.
၁၅ကိုယ်တော်သည်လူအပေါင်းတို့အတွက် အသေခံခြင်းမှာလူတို့သည်အသက်ရှင်စဉ် ကိုယ်ကျိုးအတွက်ဆက်လက်၍အသက်မရှင် ကြတော့ဘဲ မိမိတို့အတွက်အသက်ကိုစွန့် တော်မူပြီးနောက်သေခြင်းမှရှင်ပြန်ထမြောက် တော်မူသောအရှင်၏အဖို့အသက်ရှင်ကြ စေရန်ဖြစ်ပေသည်။
16 Saboda haka, daga yanzu zuwa nan gaba, ba mu ƙara ɗaukan wani mutum bisa ga ganin duniya ba. Ko da yake a dā, mun ɗauki Kiristi haka, amma yanzu mun daina yin haka.
၁၆သို့ဖြစ်၍ငါတို့သည်ယခုမှစ၍အဘယ်သူ ကိုမျှလူတို့စံနှုန်းအရအကဲမဖြတ်ကြ တော့ပေ။ ယခင်အခါကခရစ်တော်အားလူ တို့စံနှုန်းအရ ငါတို့အကဲဖြတ်ခဲ့ကြသော် လည်းယခုအခါ၌ထိုသို့မပြုတော့ပြီ။-
17 Saboda haka, duk wanda yake cikin Kiristi, sabuwar halitta ce, tsohon al’amari ya shuɗe, sabon ya zo!
၁၇ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းရှိသူသည် သတ္တဝါသစ်ဖြစ်၏။ သူသည်ဘဝဟောင်းကိုစွန့် ၍ဘဝသစ်သို့ဝင်စားပြီ။-
18 Duk wannan kuwa daga Allah ne, wanda ya sulhunta mu da kansa ta wurin Kiristi, ya kuma ba mu hidimar sulhu,
၁၈ဤအမှုခပ်သိမ်းကိုဘုရားသခင်ပြုတော် မူ၏။ ဘုရားသခင်သည်ငါတို့အား မိမိ၏ ရန်သူများအဖြစ်မှမိတ်ဆွေများအဖြစ် သို့ခရစ်တော်အားဖြင့်ပြောင်းလဲစေတော်မူ ပြီးလျှင် အခြားသူတို့သည်လည်းမိမိ၏ မိတ်ဆွေများဖြစ်လာစေရန်ဆောင်ရွက်သည့် တာဝန်ကိုငါတို့အားပေးအပ်တော်မူ၏။-
19 wato, Allah ya sulhunta duniya zuwa kansa ta wurin Kiristi, ba ya lissafta zunuban mutane a kansu. Ya kuma danƙa mana saƙon sulhu.
၁၉ငါတို့ဟောပြောသောတရားမှာဘုရားသခင် သည်ခရစ်တော်အားဖြင့်လူသားအပေါင်းတို့ အား မိမိ၏မိတ်ဆွေများဖြစ်စေတော်မူခြင်း ဆိုင်ရာတရားဖြစ်၏။ ကိုယ်တော်သည်လူသား တို့၏အပြစ်ဒုစရိုက်များကိုမှတ်ထားတော် မမူ။ လူသားတို့အားမိမိ၏မိတ်ဆွေများ ဖြစ်စေတော်မူခြင်းတည်းဟူသောတရား ကိုငါတို့အားပေးအပ်တော်မူပေသည်။
20 Saboda haka, mu jakadu ne na Kiristi, sai ka ce Allah kansa yake magana ta wurinmu. Muna roƙonku a madadin Kiristi. Ku sulhuntu da Allah.
၂၀သို့ဖြစ်၍ငါတို့သည်ခရစ်တော်၏သံတမန် အဖြစ်နှင့်သင်တို့အားမေတ္တာရပ်ခံ၏။ ဘုရား သခင်ကိုယ်တော်တိုင်ပင်လျှင်ငါတို့မှတစ်ဆင့် သင်တို့ကိုမေတ္တာရပ်သကဲ့သို့သင်တို့အား မေတ္တာရပ်ခံ၏။ သင်တို့သည်ဘုရားသခင်၏ ရန်သူများအဖြစ်မှမိတ်ဆွေများအဖြစ် သို့ပြောင်းလဲကြပါဟူ၍ခရစ်တော်၏ ကိုယ်စားငါတို့တောင်းပန်၏။-
21 Shi da bai san zunubi ba, Allah ya mai da shi kamar hadayar zunubi saboda mu, domin mu sami adalcin Allah ta wurinsa.
၂၁ခရစ်တော်သည်အပြစ်ကင်းတော်မူသော အရှင်ဖြစ်သည်။ သို့ရာတွင်ငါတို့သည်ခရစ် တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက်ဘုရား သခင်ကဲ့သို့ကောင်းမြတ်နိုင်ကြစေရန် ဘုရား သခင်သည်ခရစ်တော်အားငါတို့အတွက် ကြောင့်ငါတို့ကဲ့သို့အပြစ်ရှိသူဖြစ်စေ တော်မူ၏။