< 1 Timoti 1 >
1 Bulus, manzon Kiristi Yesu ta wurin umarnin Allah Mai Cetonmu da kuma na Yesu Kiristi begenmu,
၁ငါတို့၏ကယ်တင်ရှင်ဘုရားသခင်နှင့်ငါ တို့မျှော်လင့်ရာဖြစ်သောခရစ်တော်ယေရှု၏ အမိန့်တော်အရ ခရစ်တော်ယေရှု၏တမန် တော်အဖြစ်ခန့်ထားခြင်းခံရသောငါ ပေါလုထံမှ၊
2 Zuwa ga Timoti ɗana na gaske cikin bangaskiya. Alheri, jinƙai da kuma salama daga Allah Uba da Kiristi Yesu Ubangijinmu, su kasance tare da kai.
၂ယုံကြည်ခြင်းအားဖြင့်ငါ၏သားစစ်ဖြစ် သောတိမောသေထံသို့စာရေးလိုက်ပါသည်။ သင်သည်အဖဘုရားသခင်နှင့်ငါတို့အရှင် ခရစ်တော်ယေရှုထံတော်မှ ကျေးဇူးတော်၊ ကရုဏာတော်နှင့်ငြိမ်သက်ခြင်းကိုခံစား ရပါစေသတည်း။
3 Kamar yadda na gargaɗe ka sa’ad da zan je Makidoniya, ka zauna can Afisa domin ka umarci waɗansu mutane kada su koyar da ƙa’idodin ƙarya nan gaba
၃မာကေဒေါနိပြည်သို့ငါထွက်ခွာစဉ်အခါ က သင့်အားငါမှာကြားခဲ့သည်အတိုင်း ဧဖက် မြို့တွင်ဆက်လက်နေထိုင်စေလို၏။ လူအချို့ တို့သည်မိစ္ဆာအယူဝါဒများကိုဟောပြော သွန်သင်လျက်ရှိကြပေသည်။ မကုန်မဆုံးနိုင် သောဒဏ္ဍာရီများနှင့်ဆွေစဉ်မျိုးဆက်စာရင်း များကို အပတ်တကုတ်အားထုတ်လေ့လာ တတ်သူတို့အား ထိုအမှုတို့ကိုရပ်စဲကြ စေရန်ပြောကြားလော့။ ထိုအမှုအရာများ သည်အငြင်းပွားမှုများကိုသာလျှင်ပြုစု ပေးတတ်၏။ ဘုရားသခင်၏အကြံအစည် တော်ကိုအကျိုးမပြုတတ်။ ယုံကြည်ခြင်း အားဖြင့်သာလျှင် ထိုအကြံအစည်တော် ကိုသိနိုင်လေသည်။-
4 ko su ba da kansu ga tatsuniyoyi da ƙididdigar asali marar iyaka. Waɗannan suna kawo faɗa a maimakon aikin Allah wanda yake ta wurin bangaskiya.
၄
5 Maƙasudin wannan umarnin dai ƙauna ce, wadda take zuwa daga zuciya mai tsabta da lamiri mai kyau da kuma sahihiyar bangaskiya.
၅ဤသို့ပညတ်ရခြင်းအကြောင်းမှာသန့်စင် သောမေတ္တာ၊ ကြည်လင်သောသြတ္တပ္ပစိတ်နှင့် စစ်မှန်သောယုံကြည်ခြင်းကိုနှိုးဆွပေး လို၍ဖြစ်၏။-
6 Waɗansu sun bauɗe daga waɗannan al’amura, suka koma ga maganganu marasa ma’ana.
၆လူအချို့တို့သည်ဆိုခဲ့သောသဘောမျိုးကို မကျင့်ဘဲ အကျိုးမဲ့ပြောဆိုငြင်းခုံမှုများ ပြု၍လမ်းလွဲသွားကြပြီ။-
7 So suke su zama malaman doka, ba tare da fahimtar abin da suke faɗa ba, balle abubuwan da suke ta nacewa a kai.
၇ထိုသူတို့သည်မိမိတို့ပြောဆိုသောစကား များကိုသော်လည်းကောင်း၊ မိမိတို့ပိုင်နိုင်စွာ ပြောဆိုသည့်အကြောင်းအရာများကိုသော် လည်းကောင်းနားမလည်ကြ။ သို့နှင့်လည်းသူ တို့သည်ဘုရားသခင်၏ပညတ်ဆိုင်ရာ နည်းပြဆရာများလုပ်လိုသေး၏။
8 Mun san cewa doka tana da kyau in an yi amfani da ita yadda ya kamata.
၈ပညတ်တရားကိုအသုံးပြုသင့်သည်အတိုင်း အသုံးပြုလျှင် ပညတ်တရားသည်ကောင်းမြတ် ကြောင်းကိုငါတို့သိကြ၏။-
9 Mun kuma san cewa an yi doka ba domin masu adalci ba sai dai masu tawaye, da marasa biyayya, da marasa bin Allah, da masu zunubi, da marasa tsarkaka, da masu saɓon Allah, da masu kashe iyaye maza da mata, da masu kisankai,
၉သို့ရာတွင်တရားဥပဒေများကိုလူကောင်း တို့အတွက်မဟုတ်။ တရားလက်လွတ်စည်းမဲ့ ကမ်းမဲ့ကျင့်ကြံသူများ၊ ပြစ်မှုကူးလွန်သူ များ၊ ဘုရားကိုမကြည်ညိုသူများ၊ အပြစ် ကူးသူများ၊ ဘာသာတရားကိုင်းရှိုင်းမှု မရှိသူများ၊ အဖကိုသတ်သူများနှင့် အမိကိုသတ်သူများ၊ သူသတ်သမားများ၊-
10 da masu zina da kuma da maza masu kwana da maza, ko mata masu kwana da mata, da masu cinikin bayi da masu ƙarya da kuma masu shaidar ƙarya, da kuma duk wani abin da ya saɓa wa sahihiyar koyarwa,
၁၀အကျင့်စာရိတ္တပျက်ပြားသူများ၊ လိင်တူ ချင်းကာမဆက်ဆံတတ်သူများ၊ ပြန်ပေး ဆွဲသူများ၊ လိမ်လည်ပြောဆိုတတ်သူများ၊ မမှန်သောသက်သေကိုခံတတ်သူများနှင့် မှန်ကန်သောအယူဝါဒနှင့် ဆန့်ကျင်၍ပြု လုပ်တတ်သူများအတွက်သာလျှင် ပြဋ္ဌာန်း ထားခြင်းဖြစ်ကြောင်းငါတို့သိမှတ်ရကြ ပေမည်။-
11 da take bisa ga bishara mai ɗaukaka ta Allah mai albarka, wadda ya danƙa mini.
၁၁ဤသွန်သင်ချက်သည်ဘုန်းအသရေနှင့်ပြည့် ဝ၍ မင်္ဂလာရှိတော်မူသောဘုရားသခင်ထံ တော်မှလာသည့်သတင်းကောင်းအတိုင်းဖြစ် ပေသည်။ ထိုသတင်းကောင်းကိုကြေညာရန် ငါ့အားပေးအပ်တော်မူ၏။
12 Na gode wa Kiristi Yesu Ubangijinmu, wanda ya ba ni ƙarfi, saboda ya amince da ni, har ya sa ni aikinsa.
၁၂ငါသည်ဤအမှုတော်ကိုဆောင်ရွက်နိုင်ရန် ငါ့အားခွန်အားကိုပေးတော်မူသော ငါတို့ အရှင်ခရစ်တော်ယေရှု၏ကျေးဇူးတော်ကို ချီးမွမ်း၏။ ငါသည်ယခင်ကကိုယ်တော်အား ပုတ်ခတ်ပြောဆိုခဲ့သူ၊ ညှဉ်းပန်းနှိပ်စက်ခဲ့သူ၊ စော်ကားခဲ့သူဖြစ်သော်လည်းကိုယ်တော်သည် ငါ့အားထိုက်တန်သူဟုမှတ်ယူတော်မူလျက် ဤအလုပ်တာဝန်ကိုအပ်နှင်းတော်မူသော ကြောင့်ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း ၏။ ထိုစဉ်အခါကငါသည်ကိုယ်တော်ကို ယုံကြည်သူမဟုတ်သဖြင့် မသိနားမလည် သည့်အတွက် ယင်းသို့ပြုကျင့်မိခဲ့ခြင်းဖြစ်၏။ ထို့ကြောင့်ကိုယ်တော်သည်ငါ့အားကရုဏာ ထားတော်မူပေသည်။-
13 Ko da yake a dā ni mai saɓo da mai tsanantawa da kuma mai rikici ne, aka nuna mini jinƙai saboda na yi haka cikin jahilci ne da kuma rashin bangaskiya.
၁၃
14 An zubo mini alherin Ubangijinmu a yalwace, tare da bangaskiya da ƙaunar da take cikin Kiristi Yesu.
၁၄ငါတို့သခင်ဘုရားသည်မိမိ၏ကြွယ်ဝသော ကျေးဇူးတော်ကိုငါ့အပေါ်သို့သွန်းလောင်း တော်မူ၍ ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝ တည်းဖြစ်ခြင်းအားဖြင့်ငါတို့ရရှိသည့် ယုံကြည်ခြင်းနှင့်ချစ်ခြင်းကိုငါ့အား ပေးတော်မူ၏။-
15 Ga wata magana tabbatacciya wadda ta cancanci cikakkiyar karɓa. Kiristi Yesu ya zo duniya domin ceton masu zunubi, wanda nake mafi muni a cikinsu.
၁၅ဤလောကသို့ခရစ်တော်ယေရှုကြွလာတော် မူသည်မှာအပြစ်ကူးသူတို့အား ကယ်တင်ရန် ဖြစ်၏ဟူသောစကားသည်သစ္စာစကားဖြစ်၍ ခြွင်းချက်မရှိလက်ခံယုံကြည်ရပေမည်။ ငါ သည်အပြစ်ကူးသူတို့တွင်အဆိုးဆုံးဖြစ်၏။-
16 Amma saboda wannan dalilin ne aka nuna mini jinƙai domin ta wurina, mafi zunubi duka, Kiristi Yesu yă iya bayyana matuƙar haƙurinsa a matsayin misali ga waɗanda za su gaskata shi su kuma sami rai madawwami. (aiōnios )
၁၆သို့ရာတွင်ဘုရားသခင်သည်ငါ့ကိုကရုဏာ ထားတော်မူ၏။ ယင်းသို့ထားတော်မူခြင်းမှာ နောင်အခါ၌ခရစ်တော်ကိုယုံကြည်ကာ ထာဝရအသက်ရရှိကြမည့်သူတို့ အတွက်ပုံစံဖြစ်စေရန် ခရစ်တော်ယေရှု သည်ခပ်သိမ်းသောခန္တီတော်ကိုအပြစ်ကူး သူတို့တွင် အဆိုးဆုံးဖြစ်သူငါ့အား ပြတော်မူသောကြောင့်ပင်ဖြစ်သတည်း။- (aiōnios )
17 Bari girma da ɗaukaka su tabbata har abada abadin ga Sarki madawwami, wanda ba ya mutuwa, wanda ba a ganinsa, wanda kuma shi ne kaɗai Allah! Amin. (aiōn )
၁၇ထာဝရဘုရင်ဖြစ်တော်မူသော၊ သင်္ခါရ သဘောတရားနှင့်ကင်းတော်မူသော၊ လူ တို့မျက်စိဖြင့်မမြင်နိုင်သော၊ တစ်ဆူတည်း ရှိတော်မူသောဘုရားသခင်သည်ကမ္ဘာ အဆက်ဆက်ဂုဏ်အသရေနှင့်ဘုန်းအာနု ဘော်တော်ရှိတော်မူစေသတည်း။ အာမင်။ (aiōn )
18 Timoti, ɗana, na ba ka wannan umarni bisa ga annabce-annabcen da aka yi a dā game da kai, domin ta wurin binsu ka iya yin yaƙi mai kyau,
၁၈ငါ့သားတိမောသေ၊ အခါတစ်ပါးကသင့်ကို ရည်စူး၍ပရောဖက်တို့ဟောကြားကြသည့် အတိုင်း ငါသည်ဤအလုပ်တာဝန်ကိုသင့်အား ပေးအပ်၏။ ကောင်းစွာတိုက်ခိုက်ရန်ထိုပရောဖက် တို့ဟောကြားခဲ့သည့်စကားများကိုလက်နက် သဖွယ်အသုံးပြုလော့။-
19 kana riƙe da bangaskiya da kuma lamiri mai kyau. Gama waɗansu mutane, saboda ƙin kasa kunne ga lamirinsu, suka lalatar da bangaskiyarsu.
၁၉သင်၌ယုံကြည်ခြင်းနှင့်ကြည်လင်သောသြတ္တပ္ပ စိတ်ရှိစေလော့။ အချို့သောသူတို့သည်သြတ္တပ္ပ စိတ်၏နှိုးဆော်မှုကိုနားမထောင်သဖြင့် မိမိ တို့၏ယုံကြည်ခြင်းကိုပျက်ပြယ်စေကြ၏။-
20 Cikinsu kuwa akwai Himenayus da Alekzanda, waɗanda na miƙa ga Shaiɗan don su horo su bar yin saɓo.
၂၀ထိုသူတို့အထဲတွင်ဟုမေနဲနှင့်အာလေ ဇန္ဒြုတို့လည်းပါကြ၏။ သူတို့သည်ဘုရား သခင်အားပြစ်မှားပြောဆိုမှုကိုမပြုရန် သင်ခန်းစာရစေအံ့ငှာ ငါသည်သူတို့ကို စာတန်၏လက်သို့ပေးအပ်လိုက်လေပြီ။