< Esra 6 >
1 Da befahl der König Darius, daß man im Urkundenhause, wo die Schätze zu Babel aufbewahrt wurden, suchen solle.
၁ထိုအခါ ဒါရိ မင်းကြီး အမိန့် တော်နှင့် ဗာဗုလုန် မြို့ ဘဏ္ဍာ တော်ထား ရာစာ တိုက် ၌ ရှာဖွေ ကြ၏။
2 Da fand man zu Achmeta, im Schloß, das in der Provinz Medien liegt, eine Rolle, darin war folgende Denkwürdigkeit niedergeschrieben:
၂မေဒိ ပြည် ၊ အာခမေသ မြို့၊ နန်းတော် ၌ စာလိပ် ကို တွေ့ ၍ ၊ စာလိပ် ၌ ပါသောစကားဟူမူကား၊
3 «Im ersten Jahre des Königs Kores befahl der König Kores betreffs des Hauses Gottes zu Jerusalem: Das Haus soll gebaut werden zu einer Stätte, wo man Opfer darbringt. Sein Grund soll tragfähig sein, seine Höhe sechzig Ellen und seine Breite auch sechzig Ellen;
၃ယဇ် ပူဇော် ရာ အိမ် တော်ကိုတည် စေ။ တိုက်မြစ် ကို ခိုင်ခံ့ စွာချထားစေ။ အမြင့် အတောင် ခြောက် ဆယ်၊ အနံ အတောင် ခြောက် ဆယ်ရှိ၍၊
4 drei Reihen Quadersteine und eine Reihe Balken; und die Kosten sollen von des Königs Haus bestritten werden.
၄ကြီး သောကျောက် တန်း သုံး ဆင့်၊ အသစ် သော သစ်သား တန်း တဆင့်နှင့် အထပ်ထပ်တည်စေ။ စရိတ် များ ကိုလည်း ဘဏ္ဍာ တော်ထဲက ထုတ်၍ပေး စေ။
5 Dazu soll man die goldenen und silbernen Geräte des Hauses Gottes, welche Nebukadnezar aus dem Tempel zu Jerusalem zu genommen und gen Babel gebracht hat, zurückgeben, damit sie wieder in den Tempel zu Jerusalem an ihren Ort gebracht werden und im Hause Gottes verbleiben.»
၅ယေရုရှလင် မြို့၏ ဗိမာန် တော်ထဲက နေဗုခဒ်နေဇာ ထုတ် ၍ ဘုရား သခင်၏အိမ် တော်နှင့် ဆိုင်သော်လည်း၊ ဗာဗုလုန် မြို့သို့ ဆောင် ခဲ့သော ရွှေ တန်ဆာငွေ တန်ဆာ တို့ကို ပြန်ပေး စေ။ ယေရုရှလင် မြို့၏ ဗိမာန် တော်သို့ ပို့၍ အလုံးစုံတို့ကို ဘုရား အိမ် တော်ထဲ တွင် မိမိ တို့နေရာ ၌ ထားစေဟု ကုရု မင်းကြီး သည် နန်းစံပဌမ နှစ် တွင် ၊ ယေရုရှလင် မြို့၏ ဘုရား အိမ် တော်အမှု မှာ အမိန့် တော်ရှိ၏။
6 «So haltet euch nun ferne von ihnen, du, Tatnai, Landpfleger jenseits des Stromes, und du, Setar-Bosnai, und eure Genossen von Apharsach, die ihr jenseits des Stromes seid!
၆သို့ဖြစ်၍၊ မြစ် အနောက် ဘက် မြို့ဝန် တာတနဲ ၊ ရှေသာဗောဇနဲ နှင့် သင် တို့အပေါင်း အဘော်တည်း ဟူသောမြစ် အနောက် ဘက်၌နေသော အဖာသသက် လူတို့၊ ထွက်သွား ကြ။
7 Lasset sie arbeiten an diesem Hause Gottes; der Landpfleger von Juda und die Ältesten der Juden sollen das Haus Gottes an seiner Stätte bauen!
၇ထိုဘုရား ၏အိမ် တော်တည်ခြင်း အမှု ကိုမဆီး မတားကြနှင့်။ ယုဒ မြို့ဝန် နှင့် ယုဒ အမျိုး အသက် ကြီးသူတို့ သည် ထိုအိမ် တော်ကို မိမိ နေရာ ၌ တည် ပါလေစေ၊
8 Auch ist von mir befohlen worden, wie ihr diesen Ältesten Judas behilflich sein sollt, damit sie dieses Haus Gottes bauen können: man soll aus des Königs Gütern von den Steuern jenseits des Stromes diesen Leuten die Kosten genau erstatten und ihnen kein Hindernis in den Weg legen.
၈ထိုမှတပါး၊ သင်တို့သည် ထို ဘုရား ၏ အိမ် တော် တည် ခြင်းအမှုကို ယုဒ အမျိုးအသက် ကြီးသူတို့နှင့် ကူညီ ရမည်အကြောင်း၊ သူတို့သည် အဆီး အတားမ ရှိစေခြင်းငှါ ၊ မြစ် အနောက် ဘက်၌ ခံသောအခွန် တော်တည်း ဟူသောဘဏ္ဍာ တော်ထဲက အိမ်တော်တည်စရာစရိတ် ကို ချက်ခြင်း ထုတ်ပေး ရမည်အကြောင်းငါ အမိန့် တော်ရှိ၏။
9 Und wenn sie junge Stiere oder Widder oder Lämmer bedürfen zu Brandopfern für den Gott des Himmels, oder Weizen, Salz, Wein und Öl nach Angabe der Priester zu Jerusalem, so soll man ihnen täglich die Gebühr geben, ohne Verzug;
၉ထိုမှတပါး၊ သူတို့သည် မွှေးကြိုင်သောယဇ်တို့ကို ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်အား ပူဇော်၍၊
10 damit sie dem Gott des Himmels Opfer lieblichen Geruchs darbringen und für das Leben des Königs und seiner Kinder beten.
၁၀ရှင် ဘုရင်အသက် ၊ ဆွေ တော်မျိုးတော်တို့၏ အသက်အဘို့ ဆုတောင်း စေခြင်းငှါ ၊ သူတို့လိုချင်သမျှ ယေရုရှလင် မြို့ ယဇ်ပုရောဟိတ် တို့ စီရင် သည်အတိုင်း ၊ ကောင်းကင် ဘုံ၏အရှင် ဘုရား သခင်အား မီး ရှို့ရာယဇ် ပူဇော်စရာဘို့ နွား ၊ သိုး ထီး၊ သိုး သငယ်၊ စပါး၊ ဆား ၊ စပျစ်ရည် ၊ ဆီ တို့ကိုနေ့တိုင်း အစဉ် မပြတ်ပေး စေ။
11 Es ist auch von mir Befehl gegeben worden, daß, wenn irgend ein Mensch dieses Gebot übertritt, man von seinem Hause einen Balken nehmen und aufrichten und ihn daran hängen soll; und sein Haus soll deswegen zu einem Misthaufen gemacht werden.
၁၁၎င်း နည်း အကြင် သူသည် ဤ အမိန့် တော်ကို ငြင်းဆန် လျှင်၊ ထိုသူ ၏အိမ် မှ သစ် တိုင်ကို နှုတ် ယူ၍ စိုက် ပြီးမှသူ့ ကိုလည်း ဆွဲချ စေ။ သူ့ အိမ် ကိုလည်း နောက်ချေး ပုံဖြစ် စေဟု ငါ အမိန့် တော်ရှိ၏။
12 Der Gott aber, dessen Name alldort wohnt, stürze alle Könige und Völker, welche ihre Hand ausstrecken, dieses Haus Gottes in Jerusalem zu ändern oder zu zerstören! Ich, Darius, habe solches befohlen; es soll genau ausgeführt werden.»
၁၂ယေရုရှလင် မြို့၏ ဘုရား အိမ် တော်ကို ကျိုးပဲ့ပျက်စီး စေခြင်းငှါ ပြုသောရှင် ဘုရင်နှင့် ဆင်းရဲသားအပေါင်းတို့ကို၊ ထိုအရပ်၌ နာမ တော်တည် စေသော ဘုရား သခင်သည် ဖျက်ဆီး တော်မူပါစေသော။ ငါ ဒါရိ သည် အမိန့် တော်ကိုပေး၏။ အမိန့်တော်အတိုင်း အလျင် အမြန် ပြု စေဟု ပေးလိုက်သတည်း။
13 Da befolgten Tatnai, der Landpfleger jenseits des Stromes, und Setar-Bosnai und ihre Genossen genau [den Befehl], welchen der König Darius gesandt hatte.
၁၃ထိုအခါ ဒါရိ မင်းကြီး ပေး လိုက်သော အမိန့်တော် အတိုင်း ၊ မြစ် အနောက် ဘက် မြို့ဝန် တာတနဲ ၊ ရှေသာဗောဇနဲ နှင့် သူ တို့အပေါင်း အဘော်တို့သည် အလျင် အမြန် ပြု ကြ၏။
14 Und die Ältesten der Juden bauten weiter, und es gelang ihnen durch die Weissagung der Propheten Haggai und Sacharja, des Sohnes Iddos. Also bauten sie und vollendeten es nach dem Befehl des Gottes Israels und nach dem Befehl des Kores und Darius und Artasastas, der Könige von Persien.
၁၄ယုဒ အမျိုးအသက် ကြီးသူတို့သည် တည်ဆောက် ၍ ၊ ပရောဖက် ဟဂ္ဂဲ နှင့် ဣဒေါ သား ဇာခရိ ဟော သော အားဖြင့် ၊ အကြံ ထမြောက်ကြ၏။ ဣသရေလ အမျိုး၏ ဘုရား သခင် အမိန့် တော်နှင့် ပေရသိ ရှင် ဘုရင်ကုရု မင်း၊ ဒါရိ မင်း အမိန့် တော်အတိုင်း တည်ဆောက် ၍ လက်စသတ် ကြ၏။
15 Sie vollendeten aber das Haus am dritten Tage des Monats Adar, das war im sechsten Jahre der Regierung des Königs Darius.
၁၅ဒါရိ မင်းကြီး နန်းစံ ခြောက် နှစ် ၊ အာဒါ လ သုံး ရက် နေ့တွင် အိမ် တော်သည် ပြီးပြည့်စုံ ၏။
16 Und die Kinder Israel, die Priester, die Leviten und der Rest der Kinder der Gefangenschaft feierten die Einweihung des Hauses Gottes mit Freuden
၁၆ဣသရေလ အမျိုးသား၊ ယဇ်ပုရောဟိတ် ၊ လေဝိ သားအစရှိသော သိမ်း သွားခြင်းကိုခံ ဘူးသော အမျိုးသားချင်းရှိသမျှတို့သည် ဘုရား သခင်၏ အိမ် တော် ကိုဝမ်းမြောက် သောစိတ်နှင့် အနုမောဒနာ ပွဲခံကြ၏။
17 und brachten zur Einweihung dieses Hauses Gottes hundert Stiere dar, zweihundert Widder, vierhundert Lämmer, und zum Sündopfer für ganz Israel zwölf Ziegenböcke, nach der Zahl der Stämme Israels.
၁၇ထိုအိမ် တော်၏ အနုမောဒနာ ပွဲတွင် နွား တရာ ၊ သိုး ထီးနှစ် ရာ၊ သိုး သငယ်လေး ရာ ကို၎င်း၊ ဣသရေလ အမျိုး တဆယ် နှစ် မျိုးအလိုက် အမျိုးသားအပေါင်း တို့၏ အပြစ် ဖြေရာ ယဇ်တည်းဟူသောဆိတ် ထီး တဆယ် နှစ်ကောင် ကို၎င်း၊ ယဇ်ပူဇော်ကြ၏။
18 Und sie bestellten die Priester nach ihren Abteilungen und die Leviten nach ihren Ordnungen, zum Dienste Gottes, der zu Jerusalem ist, wie im Buche Moses geschrieben steht.
၁၈မောရှေ ကျမ်းစာ ၌ ပါသည်အတိုင်း ၊ ယေရုရှလင် မြို့၌ ဘုရား ဝတ် ကို ပြုစေခြင်းငှါ ၊ ယဇ် ပုရောဟိတ်အသီးအသီးတို့ကို၎င်း၊ သင်းဖွဲ့ သော လေဝိ သားတို့ကို၎င်းခန့် ထားကြ၏။
19 Und die Kinder der Gefangenschaft hielten das Passah am vierzehnten Tage des ersten Monats.
၁၉သိမ်း သွားခြင်းကို ခံရသောအမျိုးသား တို့သည် ပဌမ လ တဆယ် လေး ရက်နေ့တွင် ပသခါ ပွဲကိုလည်း ခံ ကြ ၏။
20 Denn die Priester und die Leviten hatten sich gereinigt wie ein Mann, so daß sie alle rein waren, und sie schächteten das Passah für alle Kinder der Gefangenschaft und für ihre Brüder, die Priester, und für sich selbst.
၂၀ယဇ်ပုရောဟိတ် နှင့် လေဝိ သားတို့သည် တညီ တညွတ်တည်း ကိုယ်ကိုသန့်ရှင်း စေ၍၊ အလုံးစုံ တို့သည် သန့်ရှင်း သဖြင့် ၊ မိမိ တို့အဘို့ မှစ၍ပေါက်ဘော် ချင်း ယဇ်ပုရောဟိတ် တို့အဘို့ နှင့် သိမ်း သွားခြင်းကိုခံရသောအမျိုးသား အပေါင်း တို့အဘို့ ပသခါ သိုးသငယ်ကိုသတ် ကြ ၏။
21 Und die Kinder Israel, die aus der Gefangenschaft zurückgekommen waren, und alle, die sich von der Unreinigkeit der Heiden im Lande abgesondert und sich ihnen angeschlossen hatten, um den HERRN, den Gott Israels, zu suchen, aßen es
၂၁သိမ်း သွားခြင်းကိုခံသော လူစုထဲက ထွက်လာ သော ဣသရေလ အမျိုးသား များ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ကို ရှာ လိုသောငှါ ၊ တပါး အမျိုးသား နေရာ အရပ် အညစ် အကြေးကို ပယ်ရှား သော သူများအပေါင်း တို့သည် ပသခါပွဲကိုစား ၍၊
22 und hielten das Fest der ungesäuerten Brote sieben Tage lang mit Freuden; denn der HERR hatte sie fröhlich gemacht und das Herz des Königs von Assyrien ihnen zugewandt, so daß ihre Hände gestärkt wurden im Werke am Hause Gottes, des Gottes Israels.
၂၂ခုနစ် ရက် ပတ်လုံးဝမ်းမြောက် သောစိတ် နှင့် အဇုမ ပွဲ ကိုလည်း ခံ ကြ၏။ အကြောင်း မူကား၊ ထာဝရဘုရား သည် ဝမ်းမြောက် သောအခွင့်ကိုပေး တော်မူ၏။ ဣသရေလ အမျိုး၏ ဘုရား သခင်ဗိမာန် တော် တည်ဆောက် ခြင်းအမှု မှာ ၊ အာရှုရိ ရှင်ဘုရင် မစ မည် အကြောင်း ၊ စိတ် နှလုံးတော်ကို သူ တို့ဘက် သို့ ကူး စေ တော်မူ၏။