< Jérémie 10 >

1 Ecoutez la parole que le Seigneur a dite sur vous, maison d’Israël.
အို ဣ​သ​ရေ​လ​ပြည်​သား​တို့၊သင်​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ဗျာ​ဒိတ် တော်​ကို နား​ထောင်​ကြ​လော့။
2 Voici ce que dit le Seigneur: N’apprenez pas les voies des nations, et ne redoutez pas les signes du ciel, que craignent les nations;
ကိုယ်​တော်​က``သင်​တို့​သည်​လူ​မျိုး​ခြား​တို့​၏ ကျင့်​စဉ်​ကို​မ​လိုက်​မ​လျှောက်​ကြ​နှင့်။ မိုး​ကောင်း​ကင်​တွင်​မြင်​ရ​သည့်​နိ​မိတ်​လက္ခ​ဏာ များ အ​တွက်​လူ​မျိုး​တ​ကာ​တို့​သည် ထိတ်​လန့်​ကြ​စေ​ကာ​မူ၊သင်​တို့​မ​ထိတ်​မ​လန့် ကြ​နှင့်။
3 Parce que les lois des peuples sont vaines; parce que l’œuvre de la main d’un ouvrier habile a coupé du bois de la forêt avec la hache.
ထို​သူ​တို့​၏​ဘာ​သာ​တ​ရား​သည်​အ​ချည်း​နှီး ဖြစ်​၏။ တော​၌​သစ်​ပင်​ခုတ်​လှဲ​ပြီး​လျှင်​ပန်း​ပု​ဆ​ရာ​သည် ဆူး​ဆောက်​ဖြင့်​ရုပ်​တု​ကို​ထု​လုပ်​၍၊
4 Elle l’a orné d’or et d’argent; elle en a joint les parties avec des clous et des marteaux, afin qu’il ne se désunisse pas.
ရွှေ​ငွေ​တို့​ဖြင့်​တန်​ဆာ​ဆင်​တတ်​၏။ ထို​နောက်​မ​လဲ​မ​ကျ​စိမ့်​သော​ငှာ​ယင်း​ကို သံ​မှို​စွဲ​၍​ထား​တတ်​ကြ​၏။
5 Ces œuvres ont été fabriquées en forme de palmier; elles ne parleront pas; on les portera, on les enlèvera, parce qu’elles ne peuvent marcher; ne les craignez donc pas, parce qu’elles ne peuvent faire ni mal ni bien.
ဤ​သို့​သော​ရုပ်​တု​များ​သည်​သ​ခွား​ခင်း​ရှိ စာ​ချောက်​ရုပ်​များ​နှင့်​တူ​၍​စ​ကား​မ​ပြော တတ်​ကြ။ သူ​တို့​သည်​လမ်း​မ​လျှောက်​နိုင်​သ​ဖြင့် သူ​တို့​ကို သယ်​ဆောင်​ပေး​ရ​ကြ​၏။ သူ​တို့​သည်​သင်​တို့​အား​ဘေး​ဥ​ပဒ်​ကို​လည်း ကောင်း၊ ကောင်း​ကျိုး​ကို​လည်း​ကောင်း​မ​ပေး​နိုင်​ကြ။ သင်​တို့​သည်​သူ​တို့​အား​မ​ကြောက်​ကြ​နှင့်'' ဟု​မိန့်​တော်​မူ​၏။
6 Il n’est pas de semblable à vous, Seigneur; vous êtes grand, vous, et grand est votre nom en puissance.
အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​နှင့်​တူ​သော ဘု​ရား တစ်​ဆူ​မျှ​မ​ရှိ​ပါ။ ကိုယ်​တော်​ရှင်​သည်​တန်​ခိုး​ကြီး​တော်​မူ​ပါ​၏။ နာ​မ​တော်​သည်​လည်း​ကြီး​မြတ်​၍​တန်​ခိုး အာ​နု​ဘော်​နှင့် ပြည့်​ဝ​ပါ​၏။
7 Qui ne vous craindra pas, ô roi des nations? car à vous est la gloire parmi tous les sages des nations, et dans tous leurs royaumes nul n’est semblable à vous.
လူ​မျိုး​တ​ကာ​တို့​၏​ဘု​ရင်​ဖြစ်​တော်​မူ​သော ကိုယ်​တော်​ရှင်​အား​အ​ဘယ်​သူ​သည် မ​ကြောက်​ရွံ့​မ​ရို​သေ​ဘဲ​နေ​ပါ​မည်​နည်း။ ကိုယ်​တော်​အား​ကြောက်​ရွံ့​ရို​သေ​ထိုက်​ပါ​၏။ လူ​မျိုး​တ​ကာ​တို့​တွင်​ရှိ​သော​ပ​ညာ​ရှိ အ​ပေါင်း​တို့​တွင်​လည်း​ကောင်း၊ သူ​တို့​၏​ဘု​ရင်​ရှိ​သ​မျှ​တို့​တွင်​လည်း​ကောင်း၊ ကိုယ်​တော်​ရှင်​နှင့်​တူ​သူ​တစ်​ဦး​တစ်​ယောက်​မျှ မ​ရှိ​ပါ။
8 Tous également seront reconnus insensés et stupides; c’est une doctrine vaine que leur bois.
သူ​တို့​အ​ပေါင်း​သည်​ထုံ​ထိုင်း​မိုက်​မဲ​ကြ ပါ​၏။ သစ်​သား​ရုပ်​များ​က​သူ​တို့​အား​အ​ဘယ် အ​မှု​အ​ရာ​ကို သွန်​သင်​ပေး​နိုင်​ပါ​မည်​နည်း။
9 On apporte de l’argent enveloppé de Tharsis et de l’or d’Ophaz, ouvrage d’un artisan, et de la main d’un ouvrier en airain; l’hyacinthe et la pourpre sont leur vêtement; tout cela est un ouvrage d’artisans.
သူ​တို့​ကိုး​ကွယ်​သည့်​ရုပ်​တု​များ​သည်​တာရှု ပြည်​မှ ထွက်​သည့်​ငွေ​နှင့်​လည်း​ကောင်း၊ ဥ​ဖတ်​မြို့​မှ​ထွက်​သည့်​ရွှေ​နှင့်​လည်း​ကောင်း မွမ်း​မံ​ထား​သ​ဖြင့်၊ အ​နု​ပ​ညာ​သည်​တို့​၏​လက်​ရာ​ဖြစ်​ပေ​သည်။ ထို​ရုပ်​တု​များ​သည်​ကျွမ်း​ကျင်​သူ​ယက်​ကန်း သည်​တို့၊ ယက်​လုပ်​ထား​သော​ခ​ရမ်း​ရောင်​ထည်၊ အ​ပြာ​ရောင်​ထည်​တို့​ဖြင့်​တန်​ဆာ​ဆင်​၍ ထား​၏။
10 Mais le Seigneur est le vrai Dieu; lui-même est le Dieu vivant et le roi éternel; par son indignation la terre sera ébranlée, et les nations ne soutiendront pas sa menace.
၁၀သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​မူ​ကား စစ်​မှန်​သော​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၊ထာ​ဝ​ရ​ဘု​ရင်​ဖြစ်​တော် မူ​ပါ​၏။ ကိုယ်​တော်​အ​မျက်​ထွက်​တော်​မူ​သော​အ​ခါ ကမ္ဘာ​မြေ​ကြီး​သည်​တုန်​လှုပ်​ပါ​၏။ လူ​မျိုး​တ​ကာ​တို့​သည်​အ​မျက်​တော်​အရှိန်​ကို မ​ခံ​မ​ရပ်​နိုင်​ကြပါ။
11 Ainsi donc tu leur diras: Que les dieux qui n’ont pas fait les deux et la terre disparaissent de la terre et de ce qui est sous le ciel.
၁၁(အ​ချင်း​လူ​တို့၊ ကမ္ဘာ​မြေ​ကြီး​နှင့်​မိုး​ကောင်း​ကင် ကို​မ​ဖန်​ဆင်း​သည့်​ဘု​ရား​များ​သည်​မိုး​ကောင်း ကင်​အောက်​မှ​လည်း​ကောင်း၊ ကမ္ဘာ​မြေ​ကြီး​ပေါ်​မှ လည်း​ကောင်း​ကွယ်​ပျောက်​မည်​ဖြစ်​ကြောင်း​ထို သူ​တို့​အား​ပြော​ကြား​ရ​ကြ​မည်။)
12 C’est le Seigneur qui fait la terre dans sa puissance, qui prépare le globe dans sa sagesse, et étend les cieux par sa prudence.
၁၂ထာ​ဝ​ရ​ဘု​ရား​သည်​တန်​ခိုး​တော်​အား​ဖြင့် ပ​ထ​ဝီ​မြေ​ကြီး​ကို​ဖြစ်​ပေါ်​စေ​တော်​မူ၏။ ဉာဏ်​ပ​ညာ​တော်​ဖြင့်​လော​က​ဋ္ဌာတ်​ကို ဖန်​ဆင်း​တော်​မူ​၍ အ​သိ​ပ​ညာ​တော်​ဖြင့်​မိုး​ကောင်း​ကင်​ကို ဖြန့်​ကြက်​တော်​မူ​၏။
13 À sa voix il met une quantité d’eaux dans le ciel, et il élève les nuées des extrémités de la terre; les éclairs, il les résout en pluie, et il fait sortir les vents de ses trésors.
၁၃ကိုယ်​တော်​အ​မိန့်​ပေး​တော်​မူ​သော​အ​ခါ​မိုး ကောင်း​ကင် အ​ထက်​ရှိ​ရေ​တို့​သည်​အ​သံ​မြည်​ဟည်း​ကြ​၏။ ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​စွန်း​မှ မိုး​တိမ်​များ​ကို​တက်​စေ​တော်​မူ​၏။ မိုး​ရွာ​လျက်​နေ​စဉ်​လျှပ်​စစ်​များ​ကို​ပြက်​စေ တော်​မူ​၍ မိ​မိ​သို​လှောင်​ထား​ရာ​မှ​လေ​ကို​လည်း တိုက်​ခတ်​စေ​တော်​မူ​၏။
14 Tout homme est devenu insensé par sa propre science; tout artisan a été confondu par son image taillée au ciseau, parce que c’est une chose fausse qu’il a fondue, et la vie n’y est pas.
၁၄ဤ​အ​ခြင်း​အ​ရာ​ကို​မြင်​ခြင်း​ကြောင့် လူ​အ​ပေါင်း​တို့​သည်​ထုံ​ထိုင်း​၍​အ​သိ​ဉာဏ် ကင်း​မဲ့​သူ​များ​ဖြစ်​လာ​ရ​ကြ​လေ​သည်။ ပန်း​တဉ်း​ဆ​ရာ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​သွန်း​လုပ်​သည့်​ဘု​ရား​များ​မှာ အ​စစ်​အ​မှန်​မ​ဟုတ်​သ​ဖြင့်​စိတ်​ပျက် ရကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ရုပ်​တု​များ​တွင် အ​သက်​မ​ရှိ​သော​ကြောင့်​တည်း။
15 Ce sont des choses vaines, un ouvrage digne de risée; au temps de sa visite elles périront.
၁၅ယင်း​တို့​သည်​အ​ချည်း​နှီး​သက်​သက်​ဖြစ်​၍ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သာ​လျှင်​ဖြစ်​ပေ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ရန် ကြွ​လာ​တော်​မူ​သော​အ​ခါ ယင်း​တို့​ကို​ဖျက်​ဆီး​ပစ်​တော်​မူ​လိမ့်​မည်။
16 Il n’est pas semblable à ces choses, celui qui est la part de Jacob; car celui qui a formé toutes choses, c’est lui-même, et Israël est la verge de son héritage; et le Seigneur des armées est son nom.
၁၆ယာ​ကုပ်​၏​ဘု​ရား​သ​ခင်​ကား​ရုပ်​တု​များ ကဲ့​သို့​မ​ဟုတ်။ ကိုယ်​တော်​သည်​အ​ရာ​ခပ်​သိမ်း​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ဖြစ်​၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​မိ​မိ​ကိုယ်​ပိုင် လူ​မျိုး​တော်​အ​ဖြစ်​ရွေး​ချယ်​ထား​တော်​မူ လေ​ပြီ။ ကိုယ်​တော်​၏​နာ​မ​တော်​ကား​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။
17 Rassemble de la terre ta confusion, toi qui restes assiégée;
၁၇ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ သင်​တို့​အား​ရန်​သူ များ​ဝိုင်း​ရံ​လျက်​ရှိ​ကြ​၏။ ဤ​မြို့​မှ​ထွက် ခွာ​ရန်​သင်​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​စု​သိမ်း ကြ​လော့။-
18 Parce que voici ce que dit le Seigneur: Voilà que moi je jetterai au loin les habitants de cette terre cette fois; et je les affligerai, de telle sorte qu’on les saisira.
၁၈သင်​တို့​အား​လောက်​လွှဲ​မှ​လောက်​စာ​လုံး​ကို​ပစ် သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား ဤ​ပြည်​မှ​ပယ်​ထုတ်​တော်​မူ​လိမ့်​မည်။ သင်​တို့ သည်​အ​ဖမ်း​ခံ​ရ​သော​ကြောင့်​စိတ်​ပျက်​ကြ လိမ့်​မည်။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏။
19 Malheur à moi, à cause de ma ruine; ma plaie est très grave. Mais moi j’ai dit: Ce mal vient entièrement de moi, et je le supporterai.
၁၉ယေ​ရု​ရှ​လင်​မြို့​သား​တို့​က``ငါ​တို့​သည် ပြင်း​ပြ​စွာ ဝေ​ဒ​နာ​ခံ​ရ​ကြ​ပါ​ပြီ။ ငါ​တို့​၏​အ​နာ​များ​သည်​ပျောက်​လိမ့်​မည် မ​ဟုတ်​ပါ။ သို့​ရာ​တွင်​ဝေ​ဒ​နာ​ကို​ခံ​နိုင်​လိမ့်​မည်​ဟု ငါ​တို့​ထင်​မှတ်​ခဲ့​ကြ​ပါ​သည်​တ​ကား။
20 Mon tabernacle a été dévasté, mes cordages ont été rompus; mes fils sont sortis de mon enceinte, et n’existent pas; il n’y a personne qui tende désormais ma tente et dresse mes pavillons.
၂၀ငါ​တို့​၏​တဲ​များ​သည်​ယို​ယွင်း​ပျက်​စီး​လျက်၊ ယင်း​တို့​ကို​ဆွဲ​ထား​သည့်​ကြိုး​များ​သည်​လည်း ပြတ်​၍​သွား​လေ​ပြီ။ ငါ​တို့​၏​သား​သ​မီး​အား​လုံး​ပင်​ငါ​တို့​ထံ​မှ ထွက်​ခွာ​သွား​ကြ​ပါ​ပြီ။ ငါ​တို့​၏​တဲ​များ​ကို​တစ်​ဖန်​ပြန်​၍​ထိုး​ပေး​မည့် သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ​တော့​ပါ။ တဲ​ကန့်​လန့်​ကာ​များ​ကို​လည်း​တပ်​ဆင်​ပေး​မည့် သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ​တော့​ပါ'' ဟု ဟစ်​အော်​ကြ​၏။
21 Parce que les pasteurs ont agi en insensés, et qu’ils n’ont pas cherché le Seigneur; à cause de cela ils ont été sans intelligence, et tout leur troupeau a été dispersé.
၂၁ငါ​က``ငါ​တို့​၏​ခေါင်း​ဆောင်​များ​သည်​မိုက်​မဲ သူ​များ​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​၏​ပို့​ဆောင်​လမ်း​ပြ​မှု​ကို မ​တောင်း​မ​ခံ​ကြ။ သို့​ဖြစ်​၍​သူ​တို့​သည်​အ​ကြံ​မ​အောင်​ကြ​ဘဲ ငါ​တို့ အ​မျိုး​သား​များ​သည်​ပျံ့​လွင့်​၍​သွား​ရ ကြ​ခြင်း​ဖြစ်​၏။
22 Voici qu’une voix retentissante vient, ainsi qu’un grand tumulte, de la terre de l’aquilon, pour faire des cités de Juda une solitude, et une demeure de dragons.
၂၂နား​ထောင်​ကြ​လော့။ သ​တင်း​တစ်​ရပ်​ရောက်​ရှိ​လာ​လေ​ပြီ။ မြောက်​အ​ရပ်​တွင်​ထ​ကြွ​လှုပ်​ရှား​မှု​ဖြစ်​ပေါ် နေ​သည်။ သူ​တို့​သည်​ယု​ဒ​မြို့​တို့​ကို​ခွေး​အ​များ​ခို အောင်း​ရာ လူ​သူ​ကင်း​မဲ့​ရာ​အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​လိမ့် မည်'' ဟု​ဆို​၏။
23 Je sais, Seigneur, qu’à l’homme n’appartient pas sa voie, et qu’il n’est pas de l’homme de marcher et de diriger ses pas.
၂၃အို ထာ​ဝ​ရ​ဘု​ရား၊အ​ဘယ်​သူ​မျှ​မိ​မိ​၏ ကံ​ကြမ္မာ​ကို ဖန်​တီး​၍​မ​ရ​ကြောင်း​ကျွန်​တော်​မျိုး​သိ ပါ​၏။ အ​ဘယ်​သူ​မျှ​မိ​မိ​ဘ​ဝ​ကို​အ​စိုး​မ​ရ​ပါ။
24 Châtiez-moi, Seigneur, mais cependant dans votre justice, et non dans votre fureur, de peur que vous ne me réduisiez au néant.
၂၄အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​၏​လူ​မျိုး​တော် အား ဆုံး​မ​ပဲ့​ပြင်​တော်​မူ​ပါ။ သို့​ရာ​တွင်​ကျွန်​တော်​မျိုး​တို့​အ​ပေါ်​တွင် တ​ရား​မျှ​တ​စွာ​ပြု​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​အ​မျက်​ထွက်​တော်​မူ​ချိန်​၌ ကျွန်​တော်​မျိုး​တို့​အား​ပြင်း​ထန်​စွာ​ဆုံး​မ ပဲ့​ပြင်​တော်​မူ ပါ​လျှင်​ကျွန်​တော်​မျိုး​တို့​အ​ကျိုး​နည်း​ရ ပါ​လိမ့်​မည်။
25 Répandez votre indignation sur les nations qui ne vous ont pas connu, et sur les provinces qui n’ont pas invoqué votre nom; parce qu’elles ont mangé Jacob, et l’ont dévoré, et l’ont consumé, et ont dissipé sa gloire.
၂၅ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို​အ​သိ​အ​မှတ် မ​ပြု​သူ၊ ကိုယ်​တော်​ရှင်​အား​ပစ်​ပယ်​သူ​တို့​အ​ပေါ် အ​မျက်​တော်​ကို​သွန်း​လောင်း​တော်​မူ​ပါ။ သူ​တို့​သည်​ယာ​ကုပ်​အ​မျိုး​အား​သတ်​ဖြတ်​ကြ ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​အား​အ​ကုန်​အ​စင်​သုတ်​သင် ပယ်​ရှင်း​၍ ကျွန်​တော်​မျိုး​တို့​ပြည်​ကို​လည်း​ယို​ယွင်း​ပျက်​စီး စေ​ကြ​ပါ​ပြီ။

< Jérémie 10 >