< Deutéronome 29 >

1 Voici les paroles de l’alliance que le Seigneur ordonna à Moïse de faire avec les enfants d’Israël dans la terre de Moab, outre l’autre alliance qu’il fit avec eux à Horeb.
ဤ ရွေ့ကား၊ ဟောရပ် အရပ်၌ ထာဝရဘုရား သည် ဣသရေလ အမျိုး နှင့် ပြု တော်မူသောပဋိညာဉ်မှတပါး၊ မောဘ ပြည် ၌ မောရှေ သည် ထို လူမျိုးနှင့် ပဋိညာဉ် ပြု စေခြင်းငှာ ၊ ထာဝရဘုရား မှာ ထားတော်မူသော ပဋိညာဉ် စကား တော် ဖြစ်သတည်း။
2 Moïse donc appela tout Israël et leur dit: Vous, vous avez vu tout ce qu’a fait le Seigneur devant vous dans la terre d’Egypte, à Pharaon, à tous ses serviteurs et à toute sa terre,
တဖန် မောရှေ သည် ဣသရေလ အမျိုးသားအပေါင်း တို့ကို ခေါ် ၍ ၊ ထာဝရဘုရား သည် အဲဂုတ္တု ပြည် မှာ ဖာရော ဘုရင်၌ ၎င်း၊ သူ ၏ကျွန် အပေါင်း တို့၌ ၎င်း၊ သူ ၏ပြည် တရှောက်လုံး ၌ ၎င်း ၊ သင် တို့မျက်မှောက် တွင် ပြု တော်မူသမျှ တည်းဟူသော၊
3 Les grandes épreuves qu’ont vues vos yeux, ces signes et ces prodiges considérables,
ကိုယ် မျက်စိ နှင့်မြင် သော အလွန် ကြီးစွာသော စုံစမ်း ခြင်းအမှု၊ အလွန် ကြီးသော နိမိတ် လက္ခဏာ၊ ထူးဆန်း သော တန်ခိုးများကို သင် တို့သည် မြင် ရကြပြီ။
4 Et le Seigneur ne vous a pas donné jusqu’au présent jour un cœur intelligent, des yeux voyants et des oreilles qui peuvent entendre.
သို့သော်လည်း နားလည် နိုင်သောနှလုံး ၊ မြင် နိုင်သော မျက်စိ ၊ ကြား နိုင်သော နား တို့ကို ယနေ့ တိုင်အောင် ထာဝရဘုရား သည် ပေး တော်မ မူသေး။
5 Il vous a conduits durant quarante ans à travers le désert: vos vêtements ne se sont pas usés, et la chaussure de vos pieds n’a pas été détruite de vétusté.
အနှစ် လေးဆယ် ပတ်လုံးသင် တို့ကို တော ၌ ငါပို့ဆောင် တော်မူပြီ။ သင် တို့အဝတ် သည် မ ဟောင်း မနွမ်း။ သင် တို့စီးသော ခြေနင်း လည်း မ ပျက်။
6 Vous n’avez pas mangé de pain, vous n’avez pas bu de vin et de cervoise, afin que vous sussiez que c’est moi qui suis le Seigneur votre Dieu.
သင်တို့သည် မုန့် ကိုမ စား။ စပျစ်ရည် နှင့် သေရည် သေရက်ကို မ သောက် ဘဲ နေသောကြောင့် ၊ ထာဝရဘုရား သည် သင် တို့၏ ဘုရားသခင် ဖြစ်ကြောင်းကို သိ ရ၏။
7 Et vous êtes venu en ce lieu, et Séhon, roi d’Hésébon, est sorti, ainsi que Og, roi de Basan, venant au-devant de nous pour le combat. Et nous les avons battus,
သင်တို့သည် ဤ အရပ် သို့ ရောက် သောအခါ ၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် ၊ ဗာရှန် ရှင်ဘုရင် ဩဃ တို့သည် ငါ တို့ကို စစ်တိုက် ခြင်းငှာ ထွက် လာသဖြင့် ၊ ငါတို့သည် သူ တို့ကို လုပ်ကြံ ၍၊
8 Et nous avons pris leur terre, et nous l’avons remise, pour la posséder, à Ruben, à Gad et à la demi-tribu de Manassé.
သူ တို့ပြည် ကို သိမ်းယူ ပြီးမှ ၊ ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် ၌ ပေး လေ၏။
9 Gardez donc les paroles de cette alliance, et accomplissez-les, afin que vous compreniez tout ce que vous faites.
သို့ဖြစ်၍ သင်တို့ပြု လေရာရာ ၌ အောင် နိုင်မည် အကြောင်း ဤ ပဋိညာဉ် စကား တို့ကို စောင့်ရှောက် ၍ ကျင့် ကြလော့။
10 Vous êtes tous aujourd’hui devant le Seigneur votre Dieu, vos princes, vos tribus, les anciens et les docteurs, tout le peuple d’Israël,
၁၀သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင် နှင့် ယနေ့ ပြု တော်မူသော သစ္စာ ကို သင် သည်ခံ ၍၊ သင် ၏ဘုရားသခင် ထာဝရဘုရား နှင့် ပဋိညာဉ် ပြုခြင်းငှာ ၎င်း၊
11 Vos enfants et vos femmes, et l’étranger qui demeure avec vous dans le camp, excepté ceux qui coupent le bois, et ceux qui portent l’eau,
၁၁သင့်ကို ကိုယ်တော်၏ လူမျိုးအရာ၌ ယနေ့ခန့်ထား တော်မူစေခြင်းငှာ၎င်း၊
12 Afin que tu entres dans l’alliance du Seigneur ton Dieu, et dans le serment que te fait aujourd’hui le Seigneur ton Dieu,
၁၂အထက်က မိန့်တော်မူ၍၊ သင် ၏အဘ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ကျိန်ဆို တော်မူသည်အတိုင်း ၊ သင် ၏ဘုရားသခင် ဖြစ် တော်မူစေခြင်းငှာ ၎င်း၊
13 Afin qu’il se suscite en toi un peuple, et que lui-même soit ton Dieu, comme il t’a dit, et comme il a juré à tes pères, Abraham, Isaac et Jacob.
၁၃သင် တို့အမျိုးအနွယ် ၏ အကဲအမှူး၊ အသက်ကြီး သူ၊ မင်းအရာရှိ၊ ဣသရေလ အမျိုးယောက်ျား ၊ မိန်းမ ၊ သူငယ် ၊ ထင်း ခုတ် သောသူ၊ ရေ ခပ် သောသူမှစ၍ တပ် ၌ ရှိသမျှသောသူ တို့သည် သင် တို့ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ယနေ့ ရပ် နေကြ၏။
14 Et ce n’est pas pour vous seuls que moi, je fais cette alliance et je confirme ces serments,
၁၄ထိုမှတပါး ဤ ပဋိညာဉ် ၊ ဤ သစ္စာ ကို သင် တို့နှင့် သာ ငါ ပြု သည်ထက်မ က၊
15 Mais c’est pour tous ceux qui sont présents, et pour tous ceux qui sont absents.
၁၅ငါ တို့ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ယနေ့ ရပ် နေသောသူတို့ နှင့်၎င်း၊ ငါ တို့တွင် ယနေ့ မ ပါ သော သူတို့ နှင့် ၎င်း ငါပြု၏။
16 Car vous, vous savez de quelle manière nous avons habité dans la terre d’Egypte, et de quelle manière nous avons passé au milieu des nations, et qu’en les traversant,
၁၆သင် တို့သည် အဲဂုတ္တု ပြည် ၌ ပေါင်းဘော် သောသူ၊ ခရီးသွား ၍ လမ်း ၌ တွေ့ကြုံသော လူမျိုး တို့ကို သင်တို့သိ ကြ၏။
17 Vous avez vu leurs abominations et leurs ordures, c’est-à-dire leurs idoles, du bois, de la pierre, de l’argent et de l’or, qu’ils adoraient.
၁၇သူ တို့၌ ရှိသော စက်ဆုပ်ရွံရှာ ဘွယ်သော သစ်သား ရုပ်တု ၊ ကျောက် ရုပ်တု၊ ရွှေ ရုပ်တု၊ ငွေ ရုပ်တုတို့ကို မြင် ကြပြီ။
18 Que s’il y avait parmi vous un homme ou une femme, une famille ou une tribu dont le cœur est aujourd’hui détourné du Seigneur notre Dieu, en sorte qu’il aille et qu’il serve les nations, et qui soit parmi vous une racine produisant du fiel et de l’amertume;
၁၈ငါ တို့ဘုရားသခင် ထာဝရဘုရား ထံ တော်မှ လွှဲရှောင် ချင်သော သဘော ရှိလျက် ၊ ထို လူမျိုး တို့၏ ဘုရား များထံသို့ သွား ၍ ဝတ်ပြု သောယောက်ျား ၊ မိန်းမ ၊ အဆွေ အမျိုးတစုံတယောက်သည် သင် တို့တွင် ပါမည်ဟူ၍၎င်း၊ ခါး စွာသောအသီး၊ ဒေါန ကို သီး တတ်သော အပင်မြစ် သည် သင် တို့တွင် ပေါက်မည်ဟူ၍၎င်း၊
19 Et que quand il aura entendu les paroles de ce serment, il se flatte en lui-même, disant: La paix sera avec moi, et je marcherai dans la perversité de mon cœur: alors que la racine bien abreuvée consume celle qui a soif,
၁၉ထိုသို့သောသူသည် ဤ ကျိန် ခြင်းစကား ကို ကြား သောအခါ ၊ စိတ် ခိုင်မာ သည်အတိုင်း ၊ ငါကျင့်၍ ရေငတ် ခြင်းအပေါ်၌ ယစ်မူးခြင်းကို ထပ်ဆင့်သော်လည်း၊ ချမ်းသာ ရမည်ဟုစိတ် ထဲမှာ ကိုယ်ကိုကိုယ်ကောင်းကြီး ပေးမည်ဟူ၍၎င်း စိုးရိမ်စရာရှိ၏။
20 Et que le Seigneur ne lui pardonne point; mais que sa fureur et son zèle contre cet homme jettent la fumée la plus épaisse; que toutes les malédictions qui sont écrites dans ce livre s’arrêtent sur lui; que le Seigneur efface son nom de dessous le ciel.
၂၀ထိုသူ ကို ထာဝရဘုရား နှမြော တော်မ မူ။ အပြစ် ရှိသည်ဟု ထင်လွယ်သောစိတ်၊ အမျက် တော်အရှိန် မီးခိုး ထွက်၍ ဤ ကျမ်းစာ ၌ ရေးထား သော အမင်္ဂလာ ရှိသမျှ တို့ သည် ထိုသူ အပေါ် မှာ တည် နေကြလိမ့်မည်။ ထာဝရဘုရား သည် သူ ၏အမည် ကို မိုဃ်း ကောင်းကင်အောက် ၌ ချေ တော်မူလိမ့်မည်။
21 Et qu’il l’extermine pour jamais de toutes les tribus d’israël, selon les malédictions, qui sont contenues dans le livre de cette loi et de l’alliance.
၂၁ဤ ပညတ္တိ ကျမ်းစာ ၌ ရေးထား သော ပဋိညာဉ် အမင်္ဂလာ ရှိသမျှ တို့နှင့်အညီ ၊ ထိုသူကို ဣသရေလ အမျိုးအနွယ် အပေါင်း တို့ထဲက ၊ ထာဝရဘုရား နှုတ်၍ အပြစ် ပေးဘို့ရာ ခွဲထား တော်မူလိမ့်မည်။
22 Et la génération suivante et les enfants qui naîtront successivement, et les étrangers qui seront venus de loin, voyant les plaies de cette terre et les infirmités dont l’aura affligée le Seigneur,
၂၂သူ့ နေရာအရပ်၌ ထာဝရဘုရား ဒဏ်ခတ် တော်မူသော၊
23 En la brûlant par le soufre et par l’ardeur du sel, de sorte qu’elle ne soit plus semée, et qu’elle ne pousse plus aucune verdure, à l’exemple de la ruine de Sodome et de Gomorrhe, d’Adama et de Séboïm, que le Seigneur renversa dans sa colère et sa fureur,
၂၃အနာရောဂါ ဘေးဥပဒ် တို့ကို၎င်း၊ ထာဝရဘုရား သည်ဒေါသ အမျက် တော်ထွက်၍ မှောက်လှန် တော်မူသော သောဒုံ မြို့၊ ဂေါမောရ မြို့၊ အာဒမာ မြို့၊ ဇေဘိုင် မြို့တို့ပြိုပျက် ရာကဲ့သို့ ၊ တပြည်လုံး ကိုကန့် နှင့် မီးကျွမ်းလောင် သောဆား သက်သက်ဖြစ်၍၊ မျိုးစေ့မ ကြဲ ၊ အသီးအနှံမ သီး ၊ မြက်ပင် မ ပေါက် ကြောင်းကို၎င်း၊ သင် တို့နောက်မှာ ဖြစ်လတံ့ သော သင် တို့အမျိုးသား ၊ ဝေး သောအရပ် မှ လာ သော တပါးအမျိုးသား တို့သည်မြင် ကြသောအခါ၊
24 Et toutes les nations diront: Pourquoi le Seigneur a-t-il fait ainsi à cette terre? qu’est-ce que cette immense colère de sa fureur?
၂၄ထာဝရဘုရား သည် ဤ ပြည် ၌ အဘယ်ကြောင့် ဤသို့ ပြု တော်မူသနည်း။ ဤ ပြင်းစွာ သော အမျက် တော် အရှိန် ကား၊ အဘယ်သို့ နည်းဟု လူ အမျိုးမျိုး တို့သည် မေးမြန်း ကြလျှင်၊
25 Et on leur répondra: Parce qu’ils ont abandonné l’alliance du Seigneur, qu’il a faite avec leurs pères, quand il les a retirés de la terre d’Egypte;
၂၅သူတပါးတို့က၊ ထိုသူ တို့၏ ဘိုးဘေး တို့ ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရား သည် သူ တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သောအခါ ၊ သူ တို့နှင့် ဖွဲ့ တော်မူသော ပဋိညာဉ် ကို သူတို့သည် စွန့် ကြသောကြောင့် ၎င်း၊
26 Et qu’ils ont servi des dieux étrangers, qu’ils les ont adorés, des dieux qu’ils ne connaissaient pas et auxquels ils n’appartenaient pas;
၂၆အထက်ကသူ တို့မ သိ ၊ သူ တို့အား အဘယ်အရာ ကိုမျှ မ ပေး သော အခြား တပါးသော ဘုရား တို့အား ဝတ်ပြု ကိုးကွယ် ကြသောကြောင့်၎င်း၊
27 C’est pour cela que la fureur du Seigneur s’est irritée contre cette terre, afin qu’il amenât sur elle toutes les malédictions qui sont écrites dans ce livre;
၂၇ဤ မည်သောကျမ်းစာ ၌ ရေး ထားသော အမင်္ဂလာ ရှိသမျှ တို့ကို ဤ ပြည် ၌ သင့်ရောက် စေခြင်းငှာ ၊ ထာဝရဘုရား သည် အမျက် တော်ထွက် သဖြင့်၊
28 Et il les a chassés de leur terre dans sa colère, dans sa fureur et dans sa plus grande indignation, et il les a jetés dans une terre étrangère, comme il est entièrement prouvé aujourd’hui.
၂၈ပြင်းစွာသော ဒေါသ အမျက် အရှိန်အားကြီး လျက် သူ တို့ပြည် ထဲက သူ တို့ကို နှုတ်ပယ် ၍ ၊ ယနေ့ တိုင်အောင် အခြား တပါးသောပြည် သို့ နှင်ထုတ် တော်မူသည် ဟု ပြန်ပြောကြလိမ့်မည်။
29 Les choses cachées sont au Seigneur notre Dieu, celles qui sont manifestes, à nous et à nos enfants à jamais, afin que nous accomplissions toutes les paroles de cette loi.
၂၉မ ထင်ရှားသောအရာတို့သည်၊ ငါ တို့ဘုရားသခင် ထာဝရဘုရား ၏ အငန်းအတာဖြစ်ကြ၏။ ဘော်ပြ တော်မူသောအရာတို့သည် ကာလ အစဉ်မပြတ် ငါ တို့နှင့် ငါ တို့သားသမီး များတို့၏ အငန်းအတာဖြစ်၍၊ ဤ ပညတ် တရားစကား အလုံးစုံ တို့ကို စောင့်ရှောက် ရမည်အကြောင်း တည်း။

< Deutéronome 29 >